HUAWEI nova 10 SE

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
HUAWEI nova 10 SE
HUAWEI nova 10 SE
Be inspired, Be nova

108 MP High-Res Portrait Camera1 | 66 W HUAWEI SuperCharge2 | 4500 mAh Big Battery3

Product Highlights
HUAWEI nova 10 SE product highlights

Star Orbit Ring

HUAWEI nova 10 SE product highlights

Camera1

HUAWEI nova 10 SE product highlights

6.67-inch OLED

HUAWEI nova 10 SE product highlights

Lightweight and Thin Design

HUAWEI nova 10 SE product highlights HUAWEI nova 10 SE product highlights

Big Battery3

HUAWEI nova 10 SE product highlights HUAWEI nova 10 SE product highlights

HUAWEI SuperCharge2

DESIGN

Attractive

at First Glance

Star Orbit Ring of Ravishing Beauty

မီးရောင်အောက်မှာလင်းလက်တောက်ပနေမယ့် ဂန္ဓဝင်ဆန်တဲ့ ကြယ်ပတ်လမ်းပုံစံအဝိုင်းကတော့ ကင်မရာရဲ့ဒီဇိုင်းကို အများနှင့်မတူပဲတမူထူးခြားနေစေမှာပါ။ သူ့ရဲ့ပြောင်မြောက်တဲ့ Lens တွေကလည်း စင်္ကြာဝဠာကြီးရဲ့အလှကို မျက်ဝါးထင်ထင်မြင်တွေ့ရသလို ခံစားရစေမှာဖြစ်ပါတယ်။

HUAWEI nova 10 SE Star Orbit Ring
Three Dazzling Colours

Starry Flash Craft ကလည်း ဖုန်းရဲ့အနောက်ဖက်ကို ဘဝင်ခိုက်စေမယ့်အမြင်နှင့် ခံစားမှုရရှိအောင်စွမ်းဆောင်ပေးမှာဖြစ်ပြီး Crystal Clear Matte Effect ကလည်း ချောမွတ်တောက်ပြောင်နေအောင် ထပ်မံစွမ်းဆောင်ပေးဦးမှာပါ။ ဒါ့အပြင်ဂန္ဓဝင်ဆန်တဲ့ nova လိုဂိုကလည်း ဖုန်းနောက်ခြမ်းမျက်နှာပြင်နှင့်လိုက်ဖက်စွာ လှပနေမှာပဲဖြစ်ပါတယ်။

HUAWEI nova 10 SE colors
Starry Silver:

ရွှေရောင်နှင့် ငွေရောင်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက သင့်ကို နည်းပညာနှင့် အနုပညာတို့ပေါင်းစပ်ထားတဲ့အနာဂတ်ကို ပို့ဆောင်ပေးသွားမှာပါ။

HUAWEI nova 10 SE colors
Mint Green:

အလင်းရဲ့အလှနှင့် တောက်ပကျော့ရှင်းတဲ့အစိမ်းရောင်တို့ရဲ့ ပေါင်းစပ်မှုက နုပျိုတဲ့စွမ်းအင်ကိုအဆုံးမရှိပေးစွမ်းမှာပဲဖြစ်ပါတယ်။

HUAWEI nova 10 SE colors
Starry Black:

အနက်ရောင်နှင့် ရွှေရောင်တို့ရဲ့ရောစပ်မှုနဲ့အတူ ဆန်းကြယ်မှုများကိုတွေ့မြင်ရမှာဖြစ်ပြီး စွဲလမ်းစေမယ့်အလန်းစားအရာများကို ဖန်တီးပေးမှာပဲဖြစ်ပါတယ်။

Easy to Get a Hold of

HUAWEI nova 10 SE မှာတော့ ကြီးမားတဲ့ဘက်ထရီနှင့် Screen ကို ကျစ်လစ်စွာတပ်ဆင်ထားပြီး သေးငယ်ပေမယ့်အစွမ်းထက်ကြောင်း အားလုံးကိုပြသခဲ့ပါတယ်။ 7.39 mm အထူ5 သာရှိတာကြောင့် သင့်ရဲ့အိပ်ကပ်ထဲမှာ အလွယ်တကူထည့်ထားနိုင်သလို လက်ဖြင့်ကိုင်ရလည်းလွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်။

Thinness

7.39 mm

HUAWEI nova 10 SE lightweight thin design
HUAWEI nova 10 SE lightweight thin design
HUAWEI nova 10 SE lightweight thin design
HUAWEI nova 10 SE OLED display
HUAWEI nova 10 SE OLED display
Vibrant OLED Display

6.67-inch OLED HUAWEI FullView Display4 ကတော့ အံ့ဩဖွယ်ကောင်းတဲ့ Resolution နှင့် အရောင်ကို အဆုံးစွန်အထိပို့ဆောင်ပေးမှာပါ။ ဒါ့အပြင် 91.85% screen-to-body ratio6 ရှိတဲ့ မျက်နှာပြင်ကလည်း Power ကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းပေးမှာပဲဖြစ်ပါတယ်။ 90 Hz refresh rate7 နှင့် 270 Hz touch sampling rate7 တို့ရဲ့ပေါင်းစပ်မှုက ပိုမိုချောမွေ့ကောင်းမွန်တဲ့ ကြည့်ရှုမှုအတွေ့အကြုံကို ပေးစွမ်းမှာဖြစ်ပါတယ်။ HUAWEI nova 10 SE မှာတော့ P3 colour gamut ကြောင့်သင့်ရဲ့ Content များကို ပိုမိုအသက်ဝင်စေမှာဖြစ်ပါတယ်။

Immersive Viewing on a Flat-Edge Screen

HUAWEI nova 10 SE မှာတော့ flat-edge display ပါဝင်တာကြောင့် (၃) ဘက်လုံးမှာရှိတဲ့ ultra-narrow bezel များနှင့်အတူ မြင်ကွင်းကိုပိုမိုကျယ်ပြန့်အောင် ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ ရိုးရှင်းတဲ့မျဉ်းများနှင့် ကွန်တိုတို့‌ကြောင့် သေသပ်တောင့်တင်းသောအမြင်ကို ရရှိစေမှာပဲဖြစ်ပါတယ်။

HUAWEI nova 10 SE flat-edge screen
Customisable Always-On Display

သင့်ဖုန်းရဲ့မျက်နှာပြင်ကို လိုသလိုပြောင်းလဲနိုင်မယ့်နည်းပညာအသစ်ကတော့ Always On Display ပါ။ သူကတော့ သင့်ဖုန်းမျက်နှာပြင်ပိတ်ထားချိန်မှာ သင့်ကိုအချိန်၊ ဘက်ထရီနှင့် အခြားအရေးကြီးအကြောင်းအရာများကို ပြသပေးမှာပဲဖြစ်ပါတယ်။

CAMERA

108 MP

High-Res Portrait Camera1,
Putting Beauty on Full Display

High-Res Main Camera

108 MP

Ultra-Wide Depth Camera

8 MP

Macro Camera

2 MP

Upgraded 108 MP Camera System,
Your Next-Level Master

HUAWEI nova 10 SE raw domain fusion algorithm

Multi-frame fusion algorithm in RAW domain:

Pixel-level imaging processing algorithm နှင့် Multi-frame synthesis နည်းပညာနှင့်အတူ ဓာတ်ပုံရဲ့အရည်အသွေးကိုထိန်းညှိပေးပြီး Board တစ်လျောက်ရှိ Noise များကိုလျော့ချပေးပါတယ်။ Dark သို့မဟုတ် Backlighting ကဲ့သို့ အလင်းအမှောင်မတူညီတဲ့ပတ်ဝန်းကျင်များမှာ သက်ဆိုင်ရာ Algorithm ဖြင့်အလိုအလျောက်ချိတ်ဆက်ပြီး Portrait နှင့် Snapshot များကို တောက်ပနေဖို့သေချာစေမှာပဲဖြစ်ပါတယ်။

9-in-1 Pixel Binning:

ပိုမိုလင်းသော သို့မဟုတ် မှောင်သော ပတ်ဝန်းကျင်များမှာ ပိုမိုအဆင်ပြေစေရန် Lighting Dynamic Range ကို ချဲ့ထားတာကြောင့် ဆံပင်၊ အသားအရောင်နှင့် အခြားအသေးစိတ်ကျတဲ့အရာများကိုရရှိနိုင်ရန်အတွက် ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။

f/1.9 Aperture:

ဝင်ရောက်လာတဲ့အလင်းရောင်ပမာဏနှင့် Field ရဲ့အနက်ကို ပိုမိုမြှင့်တင်ပေးပြီး လက်တွေ့ဆန်တဲ့ နောက်ခံဝါးခြင်းကိုပြုလုပ်ပေးကာ အဓိကဇာတ်ကောင်ကို အထူးပြုပြသပေးမှာဖြစ်ပါတယ်။
HUAWEI nova 10 SE 108MP high-res portrait

High-Res Portrait: 108 MP main camera ကတော့ ဖုန်းကို သူမတူတဲ့ Resolution နှင့် Photosensitivity ရရှိအောင်အားဖြည့်ပေးပြီး အထူးသဖြင့်အရင်ကသတိမထားမိတဲ့ အသေးစိတ်အချက်အလက်တွေကို ပိုမိုထင်ရှားစေမှာဖြစ်ပါတယ်။

HUAWEI nova 10 SE HDR portrait

HDR Portrait: အနောက်ဖက်မှာ ပိုမိုစူးရှတောက်ပတဲ့ Backlit scene များကို အလိုအလျောက်သိရှိစေပြီး ပိုမိုကောင်းမွန်သောအလင်းရရှိရန်စွမ်းဆောင်ပေးကာ သင့်မျက်နှာကိုပြသဖို့အတွက် Contrast ကို ထိန်းညှိပေးမှာပဲဖြစ်ပါတယ်။

HUAWEI nova 10 SE night portrait

Night Portrait: Multi-frame noise cancellation algorithm ကတော့ Noise များကိုလျော့ချပေးပြီး ကြည်လင်မှုကို ပိုမိုအဆင့်မြင့်တင်ထားသည့်အတွက် ပုံရိပ်တစ်ခုလုံးကို ပိုမိုလင်းလက်နေစေမှာဖြစ်ပါတယ်။

A Perfect Photo,
Just a Touch Away
HUAWEI nova 10 SE AI Snapshot

AI Snapshot: သင့်ရဲ့တန်ဖိုးရှိအခိုက်အတန့်များအား
ဆုံးရှုံးမသွားခင်အမိအရဖမ်းယူလိုက်ပါ။

HUAWEI nova 10 SE selfie

Selfie: သင့်ကို သင့်ရဲ့အကောင်းဆုံးအနေအထားမှာ အမိအရဖမ်းယူလိုက်ပါ။

HUAWEI nova 10 SE ultra wide angle shot

Ultra Wide Angle Shot: Frame
အတွင်းဝင်ဆံ့အောင် ပိုမိုချဲ့ထွင်လိုက်ပါ။

HUAWEI nova 10 SE bokeh portrait

Bokeh Portrait: နောက်ခံကိုဝါးပြီး Focus
ကို အဓိကပုံရိပ်များအားပြသဖို့အတွက်ပြောင်းရွှေ့ပေးမှာဖြစ်ပါတယ်။

Shoot Fun Vlogs with Little Effort

Front / Rear Dual-View Video: မြင်ကွင်းနှစ်မျိုးရရှိစေရန် Screen ကို ခွဲခြားပြီး အကြောင်းအရာကုန်စင်ကို ဖော်ပြလိုက်ပါ။

Ultra-wide Angle Video: ပိုမိုကျယ်ပြန့်တဲ့ရှုခင်းများကို ရိုက်ကူးနိုင်ရန် မြင်ကွင်းကိုချဲ့ထွင်လိုက်ပါ။ ဒါမှမဟုတ် အုပ်စုလိုက် Selfie Video များမှာ သူငယ်ချင်းများကို ပိုမို၀င်ဆံ့အောင်ပြုလုပ်လိုက်ပါ။

PERFORMANCE

Just Relax and

Enjoy More

* Image simulated for illustrative purpose, for reference only.

Get a Boost?
Won't Keep You Waiting Long

ဖုန်းနှင့်အတူပါဝင်တဲ့ 66W HUAWEI SuperCharge2 Charger နှင့် အားသွင်းကြိုးတို့က ၁၀ မိနစ်အားသွင်းရုံ8 နဲ့ ၄ နာရီကြာ ဗီဒီယိုထုတ်လွှင့်ခြင်းကိုပြုလုပ်နိုင်မှာဖြစ်ပြီး ၃၈ မိနစ်သာကြာမြင့်ချိန်မှာ ဖုန်းကို အားအပြည့်သွင်းနိုင်မှာကြောင့် သင့်ကိုအိမ်နှင့်ဝေးရာ9 မှာ လွတ်လပ်စွာမျောလွင့်နိုင်စေမှာဖြစ်ပါတယ်။

A Battery that's Built to Last

ဖုန်းမှာပါဝင်တဲ့ 4500 mAh battery3 ကတော့ ပါဝါစားပိုမိုသက်သာစေမှာဖြစ်ပြီး Smart Power Management နည်းပညာဖြင့် အဆင့်မြှင့်တင်ထားတာကြောင့် အားအပြည့်သွင်းရုံနဲ့ ဗီဒီယိုများကို ၁၂ နာရီကြာကြည့်ရှုနိုင်မှာဖြစ်ပြီး မိုးလင်းမှမိုးချုပ်အထိ စိတ်ကြိုက်အသုံးပြုပေမယ့်လည်း ပို10 နေဦးမှာပဲဖြစ်ပါတယ်။

HUAWEI nova 10 SE 4500mah battery

EMUI

Safe, Smooth,
and Seamless

Super Device: Collaboration Made Easy

Control Panel ထဲရှိ device icon များကို ဆွဲယူပြီး သင့်ရဲ့ Vision၊ Earphones နှင့် Wearable များကိုချိတ်ဆက်ကာ နားဆင်ခြင်း၊ ကြည့်ရှုခြင်းနှင့် ဖတ်ရှုခြင်းများကို အဆုံးမရှိ11 ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

HUAWEI nova 10 SE super device
HUAWEI nova 10 SE privacy
Your Data and Privacy Under
Lock and Key

ပိုမိုထိရောက်တဲ့ Permission Alert များကို Microphone၊ Location၊ Camera နှင့် အခြားအဓိက Feature များအတွက်ရရှိစေမှာဖြစ်ပါတယ်။

Smart Folder

ကြီးမားတဲ့ Folder များကတော့ သင့်ကိုနှစ်သက်ရာ App များအား ပိုမိုလွယ်ကူစွာသိမ်းဆည်းရန်နှင့် ဖွင့်လှစ်ရန်အတွက်ကူညီပေးမှာဖြစ်ပါတယ်။ Icon ကိုသာထိပြီးဖွင့်လိုက်ပါ။

HUAWEI nova 10 SE smart folder
  1. အနောက်ဖက်ရှိ Main Camera သည် 108 MP camera ဖြစ်သည်။ 108 MP portrait photography ကို HIGH-RES mode တွင် ခံစားနိုင်သည်။ အမှန်တကယ်ပစ္စည်းအားမှီငြမ်းပါ။
  2. 66 W သည် အဆုံးစွန်သောအားသွင်းနှုန်းဖြစ်ပြီး သတ်မှတ်ထားသော 66 W HUAWEI SuperCharge charger နှင့် ကြိုးတို့ကိုအသုံးပြုမှသာ ရရှိနိုင်မည်ဖြစ်သည်။ အမှန်တကယ်အားသွင်းစွမ်းရည်သည် ပြောင်းလဲနိုင်ပါသည်။
  3. ဘက်ထရီရဲ့ Typical Capicity သည် 4500 mAh ဖြစ်ပြီး Rated Capicity သည် 4400 mAh ဖြစ်သည်။
  4. Screen သည် ထောင့်မှန်စတုဂံပုံစံကိုမှန်းဆပြီး ထောင့်ဖြတ်တိုင်းတာလျှင် 6.67 လက်မရှိသည်။ အမှန်တကယ်မျက်နှာပြင်သည် လုံးဝန်းသောထောင့်စွန်းတွေကြောင့် ပြသထားသောအရွယ်အစားထက် ပိုမိုသေးငယ်နေနိုင်ပါသည်။
  5. ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှ ရရှိခြင်းဖြစ်သည်။ ဖုန်း၏အနက်သည် ထပ်မံဖြည့်စွက်ထားသည့် Camera ၏အထူပါဝင်ခြင်းမရှိပါ။ အမှန်တကယ် Dimension နှင့် အလေးချိန်သည် ပစ္စည်းရဲ့ Specification၊ ထုတ်လုပ်မှုပုံစံနှင့် တိုင်းတာခြင်းနည်းလမ်းတို့ကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
  6. ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှရရှိခြင်းဖြစ်သည်။ တိုင်းတာခြင်းသည် မြင်နိုင်သောမျက်နှာပြင်နှင့် သူ၏အရွယ်အစားတို့အပေါ်တွင်အချိုးကျသည်။ အမှန်တကယ့်ပစ္စည်းသည် ကွဲပြားနေနိုင်ပါသည်။
  7. HUAWEI nova 10 SE သည် 90 Hz screen refresh rate နှင့် 270 Hz touch sampling rate အထိထောက်ပံ့ပေးသည်။ Screen refresh rate နှင့် touch sampling rate တို့သည် App နှင့် ဂိမ်းတို့အပေါ်တွင်လိုက်၍ပြောင်းလဲနိုင်ပါသည်။
  8. အားသွင်းခြင်းနှင့် ဘက်ထရီသက်တမ်းဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှ ရရှိခြင်းဖြစ်သည်။ အပူချိန်နှင့် စိုထိုင်းမှုတို့ကို တိကျတဲ့ပမာဏတွင်ထားပြီး 3% မှစ၍ ဖုန်းတွင်ပါသော HUAWEI SuperCharge charger နှင့် အားသွင်းကြိုးတို့ကို အသုံးပြု၍ ဖုန်း Screen ပိတ်ထားချိန်မှာအားသွင်းခြင်း၊ Wi-Fi network ချိတ်ဆက်ထားတဲ့အခါ ၄ နာရီကြာ ဗီဒီယိုအတိုထုတ်လွှင့်ခြင်းတို့ကိုထောက်ပံ့ပေးခြင်း၊ Screen အလင်းရောင်ကို 150 nits တွင်ထားရှိခြင်း၊ အသံနှုန်းအား အလယ်အလတ်အနေအထားတွင်ထားရှိခြင်း၊ Short Video Streaming app များမှလွဲ၍ အခြား App များအားပိတ်ထားခြင်း စသည့်အခြေအနေများတွင် ၁၀ မိနစ်ခန့်အားသွင်းပြီး စမ်းသပ်ထားခြင်းဖြစ်သည်။ အမှန်တကယ်ဘက်ထရီသက်တမ်းသည် ပစ္စည်း၊ အသုံးပြုသည့်အလေ့အကျင့်၊ ပတ်ဝန်းကျင်တို့ကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
  9. ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှရရှိခြင်းဖြစ်သည်။ အမှန်တကယ်အားသွင်းနှုန်းသည် ပစ္စည်း၊ အသုံးပြုသည့်အလေ့အကျင့်၊ ပတ်ဝန်းကျင်တို့ကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
  10. ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှရရှိခြင်းဖြစ်သည်။ အမှန်တကယ်ဘက်ထရီသက်တမ်းသည် ပစ္စည်း၊ အသုံးပြုသည့်အလေ့အကျင့်၊ ပတ်ဝန်းကျင်တို့ကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
  11. ယခု Function သည် HUAWEI device အချို့တွင်သာ အသုံးပြု၍ ရနိုင်မည်ဖြစ်သည်။ Device သည် Wi-Fi နှင့် Bluetooth တို့ကိုဖွင့်ကာ တူညီသည့် HUAWEI account ဖြင့်ဝင်ရောက်ရန်လိုအပ်သည်။ သင့်ဖုန်းနှင့် ယခင်ကချိတ်ဆက်ဖူးသော Device များသည် Trusted Device များအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး Super Device အောက်တွင်တည်ရှိမည်ဖြစ်သည်။ ယခု Feature ကို ထောက်ပံ့ပေးမည့် Device model များနှင့် Software version များကို ပိုမိုသိရှိလိုပါက HUAWEI Customer Service ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
  12. * The videos are for illustrative purpose. Product colour, shape, interface and functions are for reference only. The actual product may vary.
consumer.huawei.com မှ ထွက်ခွာမည်
ယခု Link ကိုနှိပ်ပါက သင့်အနေနဲ့ Third-Party website တစ်ခုသို့ရောက်ရှိသွားမည်ဖြစ်သည်။ ဤ Third Party website သည် Huawei ၏ထိန်းချုပ်မှုအောက်တွင်မရှိသလို သက်ဆိုင်ခြင်းလည်းမရှိပါ။
ထွက်မည် ဆက်ရန်