HUAWEI P40 Pro

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
huawei p40 pro kv back
huawei p40 pro kv front

ဓာတ်ပုံနှင့် ဗီဒီယိုများကို အချိန်မရွေး၊ နေရာမရွေးရိုက်ကူးခြင်းအားဖြင့် သင့်အတွေးအမြင်များကို Ultra Vision Leica Quad ကင်မရာနှင့် ထုတ်ဖော်လိုက်ပါ။ မြန်နှုန်းနှင့် ပါဝါပိုင်းဆိုင်ရာ အတွေ့အကြုံကို နောက်ဆုံးပေါ် Kirin 990 5G ချစ်ပ်ဆက် ဖြင့် ပြောင်းလဲလိုက်ပါ။ အသစ်တီထွင်လိုက်သည့် ဒီဇိုင်းသည် သင့်စက္ခုပသာဒနှင့် အလုပ်တွင်ကျယ်မှုကြောင့် ဖြစ်ရသည့် သက်သောင့်သက်သာဖြစ်မှုကို မြှင့်တင်ပေးပါသည်။ ပစ္စုပ္ပန်နှင့် အနာဂတ်ကို HUAWEI P40 Pro ဖြင့် စူးစမ်းရှာဖွေလိုက်ပါ။

huawei p40 pro design touch and feel

ကြည့်ပါ၊ ထိတွေ့ပါ၊ ခံစားပါ
ရင်ခုန်စိတ်လှုပ်ရှားမှု

huawei p40 pro quad curve overflow display

အံ့ဖွယ်စီးဆင်းမှုအလှက သင့်လက်ထဲမှာပါ

ရေတံခွန်စီးဆင်းကျလာသည့် အလှတရားနဲ့ ဖြစ်တည်မှုအလား ခံစားစေနိုင်မည့် Quad-Curve Overflow Display1 သည် မျက်နှာပြင်ထောင့်စွန်းတိုင်းကို အတားအဆီးမရှိ ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါသည်။ ထို့အပြင် 90 Hz refresh rate ဖြင့် စွဲမက်ဖွယ်ကောင်းသည့် မြင်ကွင်းကိုလည်း ခံစားနိုင်ပါမည်။ အလယ်ဖရိမ်နှင့် ဘေးအကာဘောင်များသည် လှပသည့် အမြင်၊ ပြေပြစ်သည့် အထိအတွေ့များဖြင့် တင့်တယ်လှပါသည်။

ကြော့ရှင်းမှုရဲ့အနက်ကိုဖမ်းဆုပ်လိုက်ပါ

သဘာဝရဲ့စစ်မှန်တဲ့ အရောင်တွေကို ကိုယ်စားပြုတဲ့ Deep Sea Blue (ပင်လယ်ပြာရောင်) နဲ့ Silver Frost (ငွေရောင်နှင်းခဲအရောင်) တွေကို HUAWEI P40 Pro မှာ မြင်တွေ့ခံစားနိုင်မှာပဲဖြစ်ပါတယ်။ အလင်းယိုင်စေသည့် အရောင်မှိုင်းနှင့်ပေါင်းစပ်တဲ့ အခါမှာတော့ ထည်ဝါခန့်ညားမှုနှင့်စိတ်အေးချမ်းမှုကို ရရှိစေမှာပဲဖြစ်ပါတယ်။

ကမ္ဘာကြီးကို စူးစမ်းရှာဖွေကြည့်ပါ။ ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်လမ်းလေးများကို ဖန်တီးကြည့်ပါ

ဘဝကို မရပ်မနားစူးစမ်းရှာဖွေပါ။ ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်လမ်းလေးများကို မရပ်မနားဖန်တီးကြည့်ပါ။ တစ်စုတစ်စည်းတည်း စနစ်ဖြင့် လုပ်ဆောင်သည့် Ultra Vision Leica Penta / Quad / Triple ကင်မရာနှင့်သာဆိုလျှင် မိမိရိုက်ကူးမည့် အရာဝတ္ထုသည် နီးနီးဝေးဝေး၊ နေ့ညမရွေးရိုက်ကူးနိုင်ရန် အမြဲအရန်သင့်ရှိပါသည်။ မျက်စိရှေ့ရောက်လာသည်များကို ရိုက်ကူးပြီး သင့်ခံစားချက်ကို ထုတ်ဖော်လိုက်ပါ။

huawei p40 pro rear main camera
huawei p40 pro rear cine camera
huawei p40 pro rear telephoto camera
huawei p40 pro rear 3d depth sensing camera
huawei p40 pro leica quad camera stage

50 MP Ultra Vision Camera

1/1.28 လက်မရှိ Ultra Vision Sensor
RYYB အရောင်စစ်ထုတ်မှု အစဉ်
Octa PD Autofocus
ကြည်လင်ပြတ်သားမှုအရှိဆုံးဖြစ်ရန်အတွက် အလင်းများများပေးပြီး အနုစိတ်ရိုက်ကူးပါ။

12 MP Telephoto Camera

5x Optical Zoom2
10x Hybrid Zoom3
50x Max Zoom
အသေးစိတ်ကို လေ့လာကြည့်ရန်

40 MP Ultra Wide Cine Camera

1/1.54 inch sensor
Ultra Low-light video
Ultra Slow-motion video
Telephoto video
4K Time lapse video
အမျိုးမျိုးသော Features များနှင့် Cinematic video camera

3D Depth Sensing ကင်မရာ

အချိန်နှင့်တစ်ပြေးညီ အကွာအဝေးထောက်လှမ်းမှု
ကျွမ်းကျင်သူအဆင့် အဝါးစနစ် အထူးပြုလုပ်ချက်များကို ဖန်တီးယူပါ။

တစ်နေကုန်၊ မြင်ကွင်းပြည့်၊ ကြည်လင်ပြတ်သားမှုအပြည့်

ယခုစမတ်ဖုန်းများတွင် ပစ်ဇယ်အမြင့်ဆုံး 2.44 μm နှင့် 1/1.28လက်မရှိသည့် ထိပ်တန်းအာရုံခံ စနစ်ပါရှိနေပါပြီ။ RYYB အရောင်စစ်ထုတ်မှုကို အသုံးပြုထားသောကြောင့် လုံလောက်သော အလင်းရောင် ရရှိစေမည့် အပြင် မြင့်မားသော အလင်းအမှောင်ချန်ညှိမှု အဆင့်ပါရှိပြီး ဒစ်ဂျစ်တယ်ဆေးသားကြမ်းမှုကိုပါ လျှော့ချပေးပါသည်။ 4-in-1 ပစ်ဇယ် ဘင်းနင်း နှင့် Octa PD Autofocus ဆုံချက်တို့ပံ့ပိုးပါရှိသည့် 50 MP ပင်မကင်မရာသည် ရိုက်ကွင်းနေရာနှင့် အလင်းအမှောင်မည်သို့ပင်ရှိစေကာမူ ကြည်လင်ပြတ်သားမှုအရှိဆုံး ပုံများကို အသေးစိတ်လက္ခဏာအတိအကျနှင့် ရိုက်ကူးပေးပါသည်။ အဆင့်မြှင့်ထားသည့် ISP နှင့် NPU တို့ဖြင့် လည်ပတ်သည့် HUAWEI XD Fusion Engine သည် သတင်းအချက်အလက်များစွာကို လျင်မြန်စွာ စီမံဆောင်ရွက်နိုင်စွမ်းရှိသလို နေ့ညမရွေး ရိုက်ကူးသည့် ဓာတ်ပုံတစ်ပုံချင်းစီအတွက် ပစ်ဇယ်ပမာဏကို ထူးခြားလှသည့် ကြည်လင်ပြတ်သားမှုမျိုးဖြင့် တိုးတက်ကောင်းမွန်စေနိုင်ပါသည်။

huawei p40 pro super sensor
 
အသေးစိတ်ကို mouse ဖြင့်ရွေ့ကြည့်ရန်
အသေးစိတ်ကို နှိပ်၍ကြည့်ရန်
huawei p40 pro super definition daylight sample photo
huawei p40 pro super definition daylight sample photo

အစိတ်အပိုင်းတိုင်းမှာ အံ့ဖွယ်တစ်ရပ်စီရှိတယ်

အသေးစိတ်လက္ခဏာများကို မိမိမျက်စိနှင့်တပ်အပ်မြင်ရသည့်အလား ထည်ဝါလှသည့် မြင်ကွင်းကို 50 MP ပင်မကင်မရာနှင့်အတူ ခံစားကြည့်ပါ။ ဖရိမ်၏ မည်သည့်အပိုင်းကိုမဆိုချဲ့လိုက်ခြင်းအားဖြင့် ရွှန်းစိုပြီး မျက်နှာပြင်အနုစိတ်လက္ခဏာများစွာပေါ်လွင်လှသည့် နောက်ထပ်ပုံကောင်းတစ်ပုံကို ရိုက်ယူလိုက်ပါ။

အသေးစိတ်ကို mouse ဖြင့်ရွေ့ကြည့်ရန်
အသေးစိတ်ကို နှိပ်၍ကြည့်ရန်
huawei p40 pro super definition low light sample photo
huawei p40 pro super definition low light sample photo

အလင်းနည်းနည်းဖြည့်ရုံနှင့်ပင် သင့်စိတ်ကြိုက်ကြည်လင်ပြတ်သားမှုကို ရရှိနိုင်မှာပါ

HUAWEI Ultra Vision Sensor နှင့်သာဆိုလျှင် လမိုက်ညဖြစ်စေကာမူ အလင်းအမှောင်ကောင်းကောင်းပေးပြီး အရောင်ကြည်လင်ပြတ်သားကာ ဆေးသားသိပ်မကြမ်းလှသည့် သင့်ဓာတ်ပုံကို ယုံကြည်မှုရှိလှသည့် သင့်အပြုံး၊ သင်ဝတ်ဆင်ထားသည့် ဆန်းပြားလှသည့် ဝတ်စုံအား ပေါ်လွင်သွားစေနိုင်မည့် ရိုက်ချက်မျိုးဖြင့် ရင်သပ်ရှုမောလောက်စရာ ညကောင်းကင်ကို နောက်ခံပြုကာ ရိုက်ကူးပေးနိုင်ပါပြီ။

မြင်တွေ့နေသာ အနီးအဝေးရှုထောင့်မျိုးစုံကို
ကြည်လင်ပြတ်သားစွာတွေ့မြင်နိုင်ခြင်း

SuperZoom ပယ်ရီစကုပ်ဒီဇိုင်းသည် ကျစ်လစ်သိပ်သည်းသည့် ကိုယ်ထည်တွင် မှန်ဘီလူးများစွာထည့်ထားသည့် ဒီဇိုင်းအဖြစ် လူသိများပါသည်။ ထို့ကြောင့်လည်း မျက်စိရှေ့မှသည် မျက်ကွယ်ရာအထိရှိနေသော မြင်ကွင်းထဲမှ အရာဝတ္ထုများကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ပါမည်။ အသစ်တီထွင်ဆန်းသစ်လိုက်သည့် RYYB အာရုံခံ စနစ်သည် ဖျော့တော့တော့အလင်းရောင်ဖြစ်နေစေကာမူ အံ့ဖွယ်ကြည်လင်ပြတ်သားမှုမျိုးကို ၄၀%4 ပိုမိုဆောင်ကျဉ်းပေးပါသည်။ ပိုကောင်းအောင် လုပ်ဆောင်ထားသည့် AIS နှင့် OIS ပေါင်းစပ်မှုကြောင့် Zoom အချုံ့အချဲ့လုပ်နိုင်သည့် စွမ်းဆောင်ရည်ကို ပြိုင်စံကင်းသည့် XX025 အထိ ရရှိစေပါသည်။

huawei p40 pro zoom telephoto sample
Wide
5x
10x

ငြိမ်ငြိမ်ကိုင်ပါ။ မျက်စိဖြင့်မမြင်နိုင်သော အသေးစိတ်လက္ခဏာများကို ကြည့်ကြည့်ပါ။

ရှေ့တိုးပြီး ကြည့်စရာပင် မလိုပါ။ ပုံရိပ်ကြည်လင်ပြတ်သားမှုမြင့်မားခြင်း၊ တိကျသည့် ကောက်ကြောင်းရှိခြင်း၊ အရောင်မှန်ခြင်းတို့ကြောင့် အရာရာတိုင်းကို အနီးကပ်ဆွဲယူကြည့်ရှု၍ ရစေပါသည်။ သင်အကြိုက်ဆုံးအဆိုတော်၏ တစ်လက်ကိုင်ဂစ်တာ၊ မြစ်တစ်ဘက်ကမ်းရှိ သတိပေးဆိုင်းဘုတ်ပါ စာသားနှင့် အားကစားသမားတစ်ယောက်၏ မျက်နှာပေါ်ရှိ အပြုံးမျက်ရည်များကိုပင် မြင်နိုင်ပါလိမ့်မည်။ ဤအသေးစိတ်လက္ခဏာအားလုံးကို မြင်ရရန် ထိုက်တန်ပါသည်။

huawei p40 pro zoom 1x huawei p40 pro zoom 1x huawei p40 pro zoom 1x

သင်အပါအဝင် လူတိုင်းလူတိုင်းအတွက် AI Portrait Studio

Ultra Vision ပင်မကင်မရာနှင့် အဆင့်ဆင့်ပြောင်းလဲလာသည့် AI အယ်ဂိုရစ်သမ်တို့၏ အကျိုးကျေးဇူးကြောင့် HUAWEI P40 Pro သည် ပတ်ဝန်းကျင်များနှင့် လူများကို ၄၅%5 ပိုမို တိတိကျကျ ဆန်းစစ်လေ့လာပြီး အကန့်လိုက်ခွဲထုတ်ပေးနိုင်ခဲ့ပါပြီ။ ပစ်ဇယ်ပမာဏကို မြှင့်တင်ပေးသည့်အတွက် ကောင်းမွန်သော အလင်းပေးမှု၊ သဘာဝဆန်သော အသွေးအရောင်နှင့် တိကျပြတ်သားသော အသေးစိတ်လက္ခဏာများကို မူရင်းမပြတ် ထိန်းသိမ်းပေးပါသည်။ အရည်အသွေးမြင့် အလှပုံများကို မည်သူ့အတွက်မဆို၊ မည်သည့်အချိန်တွင်မဆို၊ မည်သည့်ရှုခင်းတွင်မဆို ရိုက်ယူရန် အစဉ်အသင့်ဖြစ်နေပါစေ။

huawei p40 pro ai portrait
huawei p40 pro pure background potrait

ရှင်းသန့်သော နောက်ခံတွင် သင့်သဘာဝအသားအရောင်ကို ပြန်လည်ဖော်ထုတ်ကြည့်ပါ။

huawei p40 pro close up portrait

အနီးကပ်ဆိုပါက မျက်ခုံးများနှင့် ဆံချည်မျှင်များပါ ထင်းနေပါလိမ့်မည်။

huawei p40 pro telephoto portrait
huawei p40 pro telephoto portrait

အလှပဆုံးပုံရိပ်တွေကို ဘယ်ကိုပဲရောက်ရောက် ရိုက်ကူးပုံဖော်နိုင်မှာပါ။

huawei p40 pro backlit hdr portrait

မျက်နှာလင်းနေစေရန် အလင်းကို အနေတော်ပေးပါ။

huawei p40 pro lowlight portrait

အမှောင်ထဲက သင့်အပြုံးသည် ရင်သပ်ရှုမောလောက်စရာဖြစ်သည်။

huawei p40 pro group portrait

အားလုံးကထိပ်တန်းအဆင့်မှာပါ။

ဆွဲဆောင်မှုအရှိဆုံး ဓာတ်ပုံကို သာသာယာယာဖန်တီးပုံဖော်ကြည့်ပါ

အသစ်ထွက်ရှိသည့် အော်တို ဆုံချက်ပါရှိသော 32 MP အဆင့်မြင့် ရှေ့ကင်မရာနှင့် IR အကွာအဝေး ကင်မရာတို့သည် အဝါးစနစ် အထူးပြုလုပ်ချက်ပါရှိသော ဆဲလ်ဖီကောင်းတစ်ပုံကို ထုတ်လုပ်နိုင်စေရန် အနီးကပ်လုပ်ဆောင်ကြပါသည်။ အလင်းပေးမှု၊ အသားအရောင်နှင့် မျက်နှာပြင်အနုစိတ်လက္ခဏာများကို ဉာဏ်ရည်တုနည်းပညာဖြင့် ပိုကောင်းအောင် ဖော်ဆောင်ထားသည့်အတွက် ပိုတိကျပြီး ဆဲလ်ဖီပုံများရိုက်ကူးချင်စိတ်ကို ဖြစ်ပေါ်စေပါသည်။

huawei p40 pro front camera high quality sample photo
huawei p40 pro front camera close up selfie

ဆုံချက်ကို လင်းလက်တောက်ပသည့် သင့်မျက်လုံးပေါ်အရချိန်ပါ။

huawei p40 pro front camera lowlight selfie

အလင်းရောင်အနည်းငယ်မျှရှိရုံဖြင့် သဘာဝကျပြီးတိကျသည့်အရောင်များကို ပြသပေးနိုင်မှာပါ။

huawei p40 pro front camera groufie

အလှပဆုံးပုံရိပ်တွေကိုဖမ်းယူပေးနိုင်တဲ့ Multi-focus ကြောင့် groufie ရိုက်တဲ့အခါမှာ အားလုံးကိုပျော်ရွှင်မှုအပြည့်ပေးနိုင်မှာပါ။

ပဉ္စလက်ဆန်ဆန်ဖန်တီးပေးသည့် AI

HUAWEI Golden Snap
AI ပျော်စရာအကောင်းဆုံးအခိုက်အတန့်6

AI ရွေ့လျားမှုဆိုင်ရာ အလ်ဂိုရစ်သမ်သည် ကိုယ်နေဟန်ထားနှင့် မျက်နှာအမူအရာများကို ထောက်လှမ်းပြီး မှတ်သားထားပေးပါသည်။အဲဒါက 4K လှုပ်ရှားမှုရုပ်ပုံတစ်ပုံဖြစ် စေပီးနောက် Gallery Edit လုပ်ဆောင်ချက်ကအကောင်းဆုံးလှုပ်ရှားနေသည့် အခိုက်အတန့်တွင် ဓာတ်ပုံကို ၁ပုံမှ ၃ပုံအထိ ရိုက်ကူးရန် အကြံပြုပါသည်။7

HUAWEI Golden Snap
ဖြတ်သွားဖြတ်လာကို AI ဖြင့် ဖယ်ထုတ်ခြင်း6

Gallery Edit ရဲ့ AI စွမ်းဆောင်ရည်က ဖရိမ်များစွာကိုတစ်ခုတည်းပေါင်းစပ်ခြင်းဖြင့်ရွေ့လျားမှုကိုကူညီဖယ်ရှားပေးသည်။ထို့ကြောင့်သင်သည်ရှင်းလင်းသောနောက်ခံနှင့်လုံး၀တည်ငြိမ်သောfocusကိုရနိုင်သည်။8

HUAWEI Golden Snap
ရောင်ပြန်ကို AI ဖြင့် ဖယ်ထုတ်ခြင်း6

အလင်းပြန်မှုကြောင့် ဓာတ်ပုံကောင်းတစ်ပုံမပျက်စီးပါစေနှင့်။ ဓာတ်ပုံပြခန်းသို့သွားပါ၊ တည်းဖြတ်နိုင်စွမ်းရှိသည့် AI သည် သီးခြားအလွှာကို ဖယ်ထုတ်ပေးခြင်းအားဖြင့် ပြင်ဆင်နိုင်အောင် ထောက်ကူပေးပါလိမ့်မည်။7

ဇာတ်လမ်းကို သင်ဆုံးဖြတ်ပါ။ ကျွန်ုပ်တို့က ရိုက်ကူးပေးပါမည်။

အသစ်တီထွင်ဆန်းသစ်ထားသည့် RYYB အာရုံခံစနစ်နှင့် 16-in-1 sedecimpixel fusion technology တို့ပါဝင်သည့် 40 MP ရှိ ပရော်ဖက်ရှင်နယ်သုံးအဆင့်ရှိသည့် မြင်ကွင်းကျယ် ရုပ်ရှင်ကင်မရာသည် ရုပ်ရှင်ဗီဒီယိုများအား တီထွင်ဖန်တီးနိုင်စွမ်းကို ပွင့်ထွက်လာစေနိုင်ပါသည်။ ရုပ်ရှင်ဆိုင်ရာ လုပ်ဆောင်ချက်များစွာ ပါရှိသဖြင့် ရီဆိုလူးရှင်း မြင့် 4K 60 fps ဗီဒီယိုများကို ရှေ့ကင်မရာနှင့်ရော၊ နောက်ကင်မရာနှင့်ပါ မှတ်တမ်းတင်ရိုက်ကူးနိုင်သည်။ အကောင်းဆုံးသော တဒင်္ဂ အခိုက်အတန့်လေးများနှင့် ဘဝ၏ငြိမ်သက်အေးချမ်းမှုကို အမိအရရိုက်ကူးနိုင်သည် သို့မဟုတ် ဖြစ်စဉ်ဖြစ်ရပ်များကို မတူညီသော နည်းလမ်းများဖြင့် ပြောပြနိုင်ရန်အတွက် အဝေးတစ်နေရာကို Zoom ချုံ့ချဲ့ပြုလုပ်ပြီး ရိုက်ကူးနိုင်ပါသည်။

နှစ်သက်ပျော်ရွှင်ဖွယ် ညချမ်းကို အမှတ်တရမှတ်တမ်းတင်ဖြစ်ပါစေ

အရည်အသွေးမြင့်ဗီဒီယိုကို လင်းသည်ဖြစ်စေ၊ မှောင်သည်ဖြစ်စေ မှတ်တမ်းတင်ရိုက်ကူးလိုက်ပါ။ သင့် ညချမ်းဘဝကို ရိုက်ကူးသည်ဖြစ်စေ၊ နေဝင်ချိန် ကမ်းခြေတွင် ကလေးများဆော့ကစားနေသည်ကို စောင့်ကြည့်သည်ဖြစ်စေ၊ ဖြစ်စဉ်ဖြစ်ရပ်တိုင်းကို သင့်မျက်စိရှေ့တွင် ဖြစ်သွားသည့်အတိုင်း မှတ်တမ်းတင်ထားရှိပါမည်။ ဖြစ်စဉ်တစ်ခုကို ISO 51200 အထိ ကြည်လင်ပြတ်သားစွာ ဖမ်းယူရိုက်ကူးနိုင်ပါမည်။

လက်တုန်နေမှာကိုစိုးရိမ်နေတာလား။ ပူစရာမလိုတော့ပါဘူး။

ဖုန်းကို ကိုင်ပြီး မျက်စိရှေ့ကရှုခင်းကို zoom ဆွဲလိုက်ပါ။ HUAWEI AIS နှင့် OIS အသစ်နှင့်သာဆိုလျှင် အဝေးမှဖြစ်နေစေကာမူ မည်သည့်ဖြစ်စဉ်ကိုမဆို ကြည်လင်ပြတ်သားစွာနှင့် တည်ငြိမ်စွာ ဖမ်းယူရိုက်ကူးနိုင်ပါသည်။

မိမိကြားလိုသည့် စကားဝိုင်းကို နားထောင်ကြည့်ပါ

စကားပြောနေသူပါမည်၊ သီချင်းဆိုနေသူပါမည်။ ကင်မရာရိုက်သည်နှင့် အသံပါဝင်လာမည်။ သင်နားထောင်လိုသည့် စကားဝိုင်းကို ဇူမ်း9 ဆွဲပြီး အသံကျယ်ကျယ်နားထောင်ကြည့်ပါ။7

ဆဲလ်ဖီမှ ဗဲလ်ဖီသို့

ယခုအခါ ရှေ့ကင်မရာရှိ 4K ဗီဒီယိုလုပ်ဆောင်ချက်ဖြင့် အလွန့်အလွန်ကြည်လင်ပြတ်သားသည့် ဆဲလ်ဖီဗီဒီယိုများကို မှတ်တမ်းတင်ရိုက်ကူးနိုင်ပါပြီ။ သင့် 4K vlog ကို စတင်ပြီး နေ့စဉ်ကြုံတွေ့ရသည်များကို မျှဝေရန် အစဉ်အသင့်ပြင်ထားပါ။

လေယာဉ်စီးချိန်ကိုပါ အမိအရရိုက်ကူးပါ

7680 fps ရှိသည့် စူပါအနှေးပြကွက် ဗီဒီယိုနှင့်သာဆိုလျှင် အချိန်ကိုနှေးအောင် စွမ်းဆောင်နိုင်သည့် မျက်လှည့်ပညာရှင်တစ်ယောက်ကဲ့သို့ လှည့်စားရင်းဖြင့် အဖိုးတန်အခိုက်အတန့်တိုင်းကို ပျော်ရွှင်စွာခံစားလိုက်ပါ။

အချိန်၏အနှစ်သာရကို အမိအရ ဖမ်းယူရိုက်ကူးလှည့်ပါ

4K နှင့် မြင်ကွင်းကျယ်ရှုထောင့်မှတ်တမ်းတင်ရိုက်ကူးမှုကို ပံ့ပိုးပေးထားသည့် ကျွမ်းကျင်ပညာရှင်အဆင့် အမြန်ရစ်ဗီဒီယို လုပ်ဆောင်ချက်သည် အခိုက်အတန့်တစ်ခုချင်းစီကို စက္ကန့်ပိုင်းအတွင်း အမှတ်တရရှိသွားစေပါသည်။

အဖြစ်အပျက်တစ်ခု ၊ ရှုထောင့် ၂မျိုး

အနောက်ကင်မရာနှစ်ခုက ရိုက်ကူးနေစဉ်မှာ တစ်ပြိုင်နက်တည်း အလုပ်လုပ်ပြီးမြင်ကွင်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်ရနေစဉ်မှာပဲ အဓိကကျတဲ့ အပိုင်းကို ပိုမိုအာရုံစိုက်နိုင်စေမှာပါ။ HUAWEI Dual-View Video နဲ့ အဖြစ်အပျက်တစ်ခုတည်းကို ကွဲပြားတဲ့ ရှုထောင့်တွေကနေ မှတ်တမ်းတင်ရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။

စစ်မှန်သည့် အတွေ့အကြုံအတွက် အဆုံးစွန်အထိ စွမ်းဆောင်ရည်

5G SoC10နှင့် Kirin 990 5G ချစ်ပ်ဆက် တို့ပေါင်းစပ်ထားသည့် ကမ္ဘာ့ပထမဆုံး အလွန်လျင်မြန်သော မြန်နှုန်းကို လက်ခံကြိုဆိုလိုက်ပါ။ 7nm+ EUV နည်းပညာရပ်နှင့် အသစ်တီထွင်လိုက်သော CPU တည်ဆောက်ပုံများကြောင့် HUAWEI P40 Pro သည် လွန်စွာပင် အလုပ်တွင်ကျယ်ပြီး စနစ်ပိုင်းဆိုင်ရာတွင်လည်း ပြေပြစ်ပါသည်။ အဆင့်မြှင့်တင်ထားသည့် ISP နှင့် dual core NPU ရှိ အဆင့်မြင့် AI ဉာဏ်ရည်တုနည်းပညာများနှင့် လည်ပတ်လုပ်ဆောင်သော ပြိုင်စံကင်း Mali-G76 MC16 GPU ရုပ်ပုံစီမံခန့်ခွဲမှုပညာ၏ ဂရပ်ဖစ်စွမ်းဆောင်ရည်ပြောင်မြောက်မှုမှာလည်း သြချလောက်စရာဖြစ်သည်။

HUAWEI P40 Pro kirin 990 5G SoC
 

နိုင်နိုင်နင်းနင်းကစားရင်းဖြင့် ဂိမ်းထဲတွင် စီးမြောလိုက်ပါ

အဆင့်မြှင့်တင်ထားသည့် ပုံရိပ်အင်ဂျင်သည် ပုံရိပ်ဖရိမ်များကို ပါဝါ သုံးစွဲမှု လျော့ပြီး ပြေပြေပြစ်ပြစ်အသုံးပြုနိုင်စေရန်အတွက် ဉာဏ်ရည်တုဖြင့် လုပ်ဆောင်ပေးပါသည်။ 90 Hz ဖြင့် ရင်သပ်ရှုမောလောက်စရာ ပြသချက်တွင် 90 fps ဂိမ်းဆော့ရာတွင် ကွာခြားချက်အမှန်ကို မျက်ဝါးထင်ထင်မြင်ရပါမည်။ ယခုအခါ ဖရိမ်ကွက်ပိုများလာသည့်အတွက် အကူးအပြောင်းပိုမိုပြေပြစ်လာပြီး ရုပ်မှာ ပိုတည်ငြိမ်လာသည်။ အပူစီးကူးမှုကို ထိထိရောက်ရောက်ဟန့်တားနိုင်ရန်အတွက် 3D ဂရပ်ဖီနီ ဖလင်၏ ပြိုင်စံကင်း SuperCool အအေးပေးစနစ်ကို အလွန်ပါးလွှာသည့် VC ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားသဖြင့် အပူလွန်ကဲသည့် ပြဿနာအတွက် မစိုးရိမ်ပါနှင့်။

huawei p40 pro immersive gaming
huawei p40 pro 4k livestream
4K တိုက်ရိုက်ထုတ်လွှင့်မှု

ကွန်ရက်မြန်နှုန်းအမြင့်နှင့် နှောင့်နှေးကြန့်ကြာချိန်နည်းမှုတို့ကြောင့် 4K တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည်လင်ပြတ်သားစွာနှင့် ပြေပြစ်စွာ ခံစားကြည့်ရှုနိုင်ပါပြီ။

huawei p40 pro dual sim esim
SIM ကတ်နှစ်ကတ်နှင့် e-SIM11

ချန်နယ်သုံးမျိုးထဲမှ နှစ်မျိုးကို မိမိလိုအပ်ချက်အပေါ် အခြေခံပြီး ရွေးချယ်ပါ။ ကွန်ရက်ချိတ်ဆက်မှုနှင့် ခေါ်ဆိုမှုကို တပြိုင်တည်းလုပ်ဆောင်ကြည့်ပါ။

huawei p40 pro wifi 6 plus
Wi-Fi 6 Plus

အင်တိုက်အားတိုက်ရှိလှသည့် ကျဉ်းမြောင်းသော လှိုင်းခွင် နည်းပညာရပ်ကို အသုံးပြုထားသော Wi-Fi 6 Plus ဖွင့်ထားသော ဖုန်းသည် နံရံနှင့် ကြမ်းပြင်များကို ပိုမို၍ထွင်းဖောက်ဝင်ရောက်နိုင်လာပါသည်။ မြန်နှုန်း 160 MHz ကိုပံ့ပိုးပေးသည့်အတွက် အသင့်ဆုံးအမြန်နှုန်းကို 2.4 Gbps အထိမြှင့်ပေးပါသည်။12

huawei p40 pro 5g network icon
ကွန်ရက်ကိုက်ညီမှု

2G/3G/4G/5G၊ SA & NSA ကွန်ရက်တည်ဆောက်ပုံများနှင့် ခေတ်ရေစီးကြောင်းတွင် အသုံးအများဆုံး ကြိမ်နှုန်းကို ပံ့ပိုးပေးထားသဖြင့် ကမ္ဘာတစ်ခွင် ခရီးဆန့်၍ ရစေပါသည်။13

ဆက်လုပ်ပါ၊ ပါဝါပြည့်ဝသည့် နေ့ရက်များကို ခံစားကြည့်ပါ

huawei p40 pro battery power

အသစ်တီထွင်ဆန်းသစ်လိုက်သည့် CPU တည်ဆောက်ပုံသည် မြင့်မားသည့် ပါဝါစွမ်းရည်ကို ဆောင်ကျဉ်းပေးပါသည်။ AI ခန့်ခွဲမှုယန္တရားကလည်း 4200 mAh14 ကို ပိုမိုအကျိုးရှိစွာ အသုံးချခြင်းအားဖြင့် စွမ်းဆောင်မှုကို တိုးတက်ကောင်းမွန်စေသလို အလုပ်လုပ်နိုင်မည့် အချိန်ကိုလည်း ကြာမြင့်စေပါသည်။

huawei p40 pro supercharge
huawei p40 pro wireless supercharge
huawei p40 pro wireless car charge
huawei p40 pro reverse wireless charge

40 W HUAWEI SuperCharge15

စိတ်အေးအေးထားပြီး ကော်ဖီသောက်နေပါ။ စလုပ်ရန်အသင့်ဖြစ်ချိန်တွင် သင့်ဖုန်းသည် အားပြည့်နေပါမည်။

27 W Wireless HUAWEI SuperCharge16

အလျင်မြန်ဆုံး၊ စိတ်အချရဆုံး အားသွင်းစနစ်ကို ရယူခံစားကြည့်ပါ။ သင်လိုအပ်သည့် အချိန်တွင် ပြန်ယူလိုက်ပါ။

27 W HUAWEI SuperCharge၊ ကြိုးမဲ့ ကား အားသွင်းကိရိယာ17

ကားမောင်းနေချိန်တွင် အလွယ်တကူနှင့် အမြန်အားသွင်းနိုင်ပါသည်။ သင့်အချိန်ကို ကောင်းစွာအသုံးချပါ။

Reverse Charge18

အနီးအနားတွင် သင့်ချစ်သူရှိနေပါက ပါဝါမျှသုံး၍ရသည်။

နေရာတိုင်းမှာ ကာကွယ်မှ ဘေးအန္တရာယ်စိတ်ချရ

အခမဲ့ဆိုးလ်များ အတွက် တည်ဆောက်ပေးခဲ့သည့် IP6819

ရုတ်တရက်ရွာချသော မိုးစက်များ သို့မဟုတ် အမှတ်မထင်ဖိတ်စဉ်မှုများမှ ကာကွယ်ပေးထားသည့်အတွက် စိတ်ချလက်ချဖြင့် စူးစမ်းလေ့လာပြီး စွန့်စားခန်းဖွင့်ပါ။ သင့်စွမ်းအင်နှင့် တီထွင်နိုင်စွမ်းကို ထုတ်ဖော်ပြသလိုက်ပါ။

huawei p40 pro ip68 water and dust resistant

သင့်စကားဝှက်မှာ သင့်မျက်နှာပင်ဖြစ်သည်

မျက်နှာဖြင့် လော့ခ်ဖြေစနစ်သည် သင့်မျက်နှာရှိ သွင်ပြင်လက္ခဏာများကို တိတိကျထောက်လှမ်းပေးပြီး မျက်နှာပြင် လော့ခ်ကို ဖြည်နိုင်အောင် သို့မဟုတ် သီးသန့်အက်ပ်သို့ ဝင်ရောက်နိုင်အောင် ထောက်ကူပေးပါသည်။ ဝန်းကျင်လင်းနေစေကာမူ သို့မဟုတ် မှောင်မိုက်နေစေကာမူ အတည်ပြုခြင်းကို လျင်မြန်စွာ လုပ်ဆောင်နိုင်သဖြင့် အားကိုးရပါသည်။

huawei p40 pro face unlock
huawei p40 pro fingerprint verification

ထိမည်၊ စစ်ဆေးပြီး အတည်ပြုမည်

ဖုန်းကိုကောက်ကိုင်လိုက်ယုံနဲ့တပြိုင်နက်သင့်လက်‌ဗွေဖြင့်ဖွင့်လို့ရအောင်စစ်တဲ့နေရာကိုချဲ့ထားပါသည်။ အဲ့ဒါကအမြန်ဆုံးစစ်ဆေးမှုနဲ့တိကျမှုရှိတဲ့သဘာ၀အကျဆုံးနည်းလမ်းဖြစ်သည်။

သင်နှင့် တွေ့ကြည့်ပြီး သင့်ကိုမှတ်မိအောင်လုပ်ကာ သင့်အားကာကွယ်ပေးသွားပါမည်

သင့်လက်ဟန်များကို နားလည်စေရန်နှင့် ဆလိုက်ကို သင့်ဘက်က ထိန်းချုပ်နိုင်စေရန် သို့မဟုတ် စခရင်ရှော့(တ်)ပုံကို ဖုန်းထိစရာ မလိုဘဲ အပြီးသတ်ရိုက်ကူးနိုင်အောင် ထောက်ကူပေးနိုင်ရန်အတွက် လက်ဟန်အာရုံခံ စနစ်နှင့် dual NPU တို့က ပူးပေါင်းလုပ်ဆောင်ကြပါသည်။ ထို့ပြင် သင့်ဖုန်းကိုကြည့်သူရှိလာသည်နှင့် သီးသန့်အသိပေး အချက်ပြမှုကို အသေးစိတ်အချက်အလက်များမပါဘဲ ဖော်ပြပေးသွားမည်ဖြစ်သဖြင့် သင့်ကိုယ်ပိုင် အချက်အလက်ကို ကာကွယ်ပြီးဖြစ်ပါမည်။

huawei p40 pro gesture control privacy protection
huawei p40 pro gesture control privacy protection

ကာကွယ်စောင့်ရှောက်ပေးခြင်း

ထိုစနစ်၏ MICROKERNEL သည် ကမ္ဘာတစ်ဝမ်းရှိ သုံးစွဲသူ OS လုံခြုံရေးတွင် အမြင့်ဆုံး level ဖစ်သည့် CC EAL 5+ ကို ရရှိထားပြီး ငွေပေးချေခြင်း၊ အရေးကြီးအချက်အလက်များတို့ကို မပေါက်ကြားစေရန် ထိန်းသိမ်းရန် system ထဲတွင် လုပ်ဆောင်ပေးနေပါတယ်။

huawei p40 pro secured tee os and cc eal 5+

လုံလုံခြုံခြုံထားရှိသော အက်ပ်များ

HUAWEI AppGallery တွင် တင်ထားသည့် အက်ပ်တစ်ခုစီသည် လုံခြုံမှုရှိကြောင်း သေချာစေရန်အတွက် အက်ပ်သုံးသည့် စက်တိုင်းတွင် developer အချက်အလက်အတည်ပြုမှု ၊ အဆင့် 4 ဆင့်ပါ လုံခြုံရေးထောက်လှမ်းမှု၊ ဒေါင်းလုဒ်/ထည့်သွင်းမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများ၊ ကြိုတင်မှန်းဆ၍ရနိုင်သည့် ခြိမ်းခြောက်မှုများအတွက် ထိရောက်သည့် ကာကွယ်မှုဆိုင်ရာ လုပ်ဆောင်ချက်များပါဝင်သည့် ပြီးပြည့်စုံသော စနစ်ကို တည်ဆောက်ထားပါသည်။

huawei p40 pro secured app gallery
huawei p40 pro secured app gallery

ချောမွေ့လှသည့် AI Life

Multi-screen Collaboration နဲ့ တစ်ခုတည်းအဖြစ်လုပ်ဆောင်လိုက်ပါ။7

ဖုန်းကြားခံစနစ်ကို လက်ပ်တော့ပ်ထဲသို့ပေါင်းထည့်ထားခြင်းအားဖြင့် သင့်ဖုန်းရှိ ဖိုင်များကို သင့်လက်ပ်တော့ပ်အက်ပ်ကို သုံးပြီးဖွင့်ကာ တည်းဖြတ်နိုင်မည် သို့မဟုတ် မိုက်ခရိုဖုန်းစပီကာများနှင့် လက်ပ်တော့ပ်ရှိ ကင်မရာမှတစ်ဆင့် ဖုန်းခေါ်ဆိုမှုများကို တိုက်ရိုက်ပြုလုပ်နိုင်မည်။ ဆော့ဖ်ဝဲမှသည် ဟာ့ဒ်ဝဲပေါင်းထည့်ခြင်းအားဖြင့် တစ်ခုတည်းလိုဖြစ်ပြီး ပိုမိုကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။20

မျှဝေရလွယ်သွားပါပြီ7

မည်သည့်ကေဘယ်ကြိုး၊ အင်တာနက်ဒေတာ သို့မဟုတ် အက်ပ်ထည့်သွင်းမှုကိုမှ မလိုအပ်ပါ၊ HUAWEI Share ကို ရွေးချယ်ရုံဖြင့် သင့်ဖုန်း၊ လက်ပ်တော့၊ ကင်မရာ၊ ဒရုန်း သို့မဟုတ် ပရင်တာကြားရှိ ဖိုင်များကို လွယ်လင့်တကူဖြင့် အမြန်ဆုံးစတင်လွှဲပြောင်းနိုင်ပါမည်။ တစ်ချက်နှိပ်ရုံဖြင့် သင့်ဖုန်းမှ သီချင်းသံသည် စပီကာမှ ထွက်အောင် လုပ်နိုင်သလို Wi-Fi ကိုလည်း Router မှတစ်ဆင့် ချိတ်ဆက်နိုင်ပါမည်။21

တပြိုင်နက်တည်းအသုံးပြုနိုင်ခြင်း

App dock ကိုအသုံးပြုရန် screen တစ်ဖက်မှတစ်ခုကို slide လုပ်ပြီး multi-window22 ကို အသုံးပြုနိုင်ပါတယ်။ ဓာတ်ပုံတွေ message တွေအပြင် files တွေကိုပါ ရွေ့ပြောင်းအသုံးပြုနိုင်ပါတယ်။ ဂိမ်းဆော့နေရင်းဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်နေရင်းဖြစ်ဖြစ် Apps ထဲကထွက်စရာမလိုဘဲ message ပြန်နိုင်ပါတယ်။

ဆက်စပ်ပစ္စည်းများ

HUAWEI P40 Pro နှင့် အကောင်းဆုံးကိုက်ညီသည်များကို ရှာကြည့်ပါ။

လေ့လာရန်
huawei p40 pro accessories

HUAWEI P40 စီးရီး

huawei p40 comparison
huawei p40 comparison
huawei p40 plus comparison
HUAWEI P40
HUAWEI P40 Pro
HUAWEI P40 Pro+
Colour
  • Silver Frost
  • Blush Gold
  • Deep Sea Blue
  • Ice White
  • Black
  • Silver Frost
  • Blush Gold
  • Deep Sea Blue
  • Ice White
  • Black
  • White Ceramic
  • Black Ceramic
Dimensions and Weight

Width: 71.06 mm

Height: 148.9 mm

Depth: 8.5 mm

Weight: Approx. 175 g (including the battery)

*Product size, product weight, and related specifications are theoretical values only. Actual measurements between individual products may vary. All specifications are subject to the actual product.

Width: 72.6 mm

Height: 158.2 mm

Depth: 8.95 mm

Weight: Approx. 209 g (including the battery)

*Product size, product weight, and related specifications are theoretical values only. Actual measurements between individual products may vary. All specifications are subject to the actual product.

Width: 72.6 mm

Height: 158.2 mm

Depth: 9.0 mm

Weight: Approx. 226 g (including the battery)

*Product size, product weight, and related specifications are theoretical values only. Actual measurements between individual products may vary. All specifications are subject to the actual product.

Display
Size:

6.1 inches*

*With a rounded corners design on the display, the diagonal length of the screen is 6.1 inches when measured according to the standard rectangle (the actual viewable area is slightly smaller).

Colour:

16.7 million colours

Type:

OLED

Resolution:

FHD+ 2340 x 1080 Pixels*

*The resolution measured as a standard rectangle, with a rounded corners design, the effective pixels are slightly less.

Size:

6.58 inches*

*With a rounded corners design on the display, the diagonal length of the screen is 6.58 inches when measured according to the standard rectangle (the actual viewable area is slightly smaller).

Colour:

16.7 million colours

Type:

OLED, up to 90 Hz frame refresh rate

Resolution:

2640 x 1200 Pixels*

*The resolution measured as a standard rectangle, with a rounded corners design, the effective pixels are slightly less.

Size:

6.58 inches*

*With a rounded corners design on the display, the diagonal length of the screen is 6.58 inches when measured according to the standard rectangle (the actual viewable area is slightly smaller).

Colour:

16.7 million colours

Type:

OLED, up to 90 Hz frame refresh rate

Resolution:

2640 x 1200 Pixels*

*The resolution measured as a standard rectangle, with a rounded corners design, the effective pixels are slightly less.

Processor
HUAWEI Kirin 990 5G CPU:

Octa-core

2 x Cortex-A76 Based 2.86 GHz + 2 x Cortex-A76 Based 2.36 GHz + 4 x Cortex-A55 1.95 GHz

GPU:

16-Core Mali-G76

NPU:

Dual Big Core + Tiny Core NPUs (Neural-network Processing Unit)

HUAWEI Kirin 990 5G CPU:

Octa-core

2 x Cortex-A76 Based 2.86 GHz + 2 x Cortex-A76 Based 2.36 GHz + 4 x Cortex-A55 1.95 GHz

GPU:

16-Core Mali-G76

NPU:

Dual Big Core + Tiny Core NPUs (Neural-network Processing Unit)

HUAWEI Kirin 990 5G CPU:

Octa-core

2 x Cortex-A76 Based 2.86 GHz + 2 x Cortex-A76 Based 2.36 GHz + 4 x Cortex-A55 1.95 GHz

GPU:

16-Core Mali-G76

NPU:

Dual Big Core + Tiny Core NPUs (Neural-network Processing Unit)

Memory
8 GB RAM + 128 GB ROM*

*The available internal storage may be smaller as part of the internal storage is occupied by software. Actual memory space may change due to application updates, user operations, and other related factors.


External Memory Support:
NM SD Card, up to 256 GB
*sold separately

8 GB RAM + 256 GB ROM*

*The available internal storage may be smaller as part of the internal storage is occupied by software. Actual memory space may change due to application updates, user operations, and other related factors.


External Memory Support:
NM SD Card, up to 256 GB
*sold separately

8 GB RAM + 512 GB ROM*

*The available internal storage may be smaller as part of the internal storage is occupied by software. Actual memory space may change due to application updates, user operations, and other related factors.


External Memory Support:
NM SD Card, up to 256 GB
*sold separately

Camera
Rear Camera:

50 MP Ultra Vision Camera (Wide Angle, f/1.9 aperture) + 16 MP Ultra-Wide Angle Camera (f/2.2 aperture) + 8 MP Telephoto Camera (f/2.4 aperture, OIS)

Autofocus Mode: Autofocus

Image stabilization: OIS + AIS

Zoom Mode: Digital Zoom, Optical Zoom, Hybrid Zoom

Video Recording: Support for 4K (3840 x 2160 pixels) 60fps video recording

Image Resolution: Support up to 8192 x 6144 pixels

Video Resolution: Support up to 3840 x 2160 pixels

Front Camera:

32 MP Selfie Camera (f/2.0 aperture), IR Camera

Video recording: Support for 4K (3840 x 2160 pixels) 60fps video recording

Image resolution: Support up to 6528 x 4896 pixels

Video resolution: Support up to 3840 x 2160 pixels


*The photo pixels may vary depending on the shooting mode.

*The actual image resolution may vary depending on the shooting mode.

Rear Camera:

50 MP Ultra Vision Camera (Wide Angle, f/1.9 aperture, OIS) + 40 MP Cine Camera (Ultra-Wide Angle, f/1.8 aperture) + 12 MP SuperSensing Telephoto Camera (f/3.4 aperture, OIS) + 3D Depth Sensing Camera

Autofocus mode: Autofocus

Image stabilization: OIS + AIS

Zoom Mode: Digital Zoom, Optical Zoom, Hybrid Zoom

Video recording: Support for 4K (3840 x 2160 pixels) 60fps video recording

Image resolution: Support up to 8192 x 6144 pixels

Video resolution: Support up to 3840 x 2160 pixels

Front Camera:

32 MP Selfie Camera (f/2.2 aperture) + Depth Camera*

Autofocus Mode: Autofocus

Video Recording: Support for 4K (3840 x 2160 pixels) 60fps video recording

Image resolution: Support up to 6528 x 4896 pixels

Video resolution: Support up to 3840 x 2160 pixels

*Depth Camera also support face unlock with IR.


*The photo pixels may vary depending on the shooting mode.

*The actual image resolution may vary depending on the shooting mode.

Rear Camera:

50 MP Ultra Vision Camera (Wide Angle, f/1.9 aperture, OIS) + 40 MP Cine Camera (Ultra-Wide Angle, f/1.8 aperture) + 8 MP SuperZoom Camera (10X Optical Zoom, f/4.4 aperture, OIS) + 8 MP Telephoto Camera (3X Optical Zoom, f/2.4 aperture, OIS) + 3D Depth Sensing Camera

Autofocus Mode: Autofocus

Image stabilization: OIS + AIS

Zoom Mode: Digital Zoom, Optical Zoom, Hybrid Zoom

Video Recording: Support for 4K (3840 x 2160 pixels) 60fps video recording

Image Resolution: Support up to 8192 x 6144 pixels

Video Resolution: Support up to 3840 x 2160 pixels


Front Camera:

32 MP Selfie Camera (f/2.2 aperture) + Depth Camera*

Autofocus Mode: Autofocus

Video recording: Support for 4K (3840 x 2160 pixels) 60fps video recording

Image resolution: Support up to 6528 x 4896 pixels

Video resolution: Support up to 3840 x 2160 pixels

*Depth Camera also support face unlock with IR.


*The photo pixels may vary depending on the shooting mode.

*The actual image resolution may vary depending on the shooting mode.

Battery
3800 mAh (Typical Value)

*The Battery Rated Capacity is 3700 mAh.

**Typical value. Actual capacity may vary slightly. This capacity is the nominal battery capacity. The actual battery capacity for each individual phone may be slightly above or below the nominal battery capacity.

***Non-removable battery. Removing the battery may cause damage to the device. To replace or repair the battery, please visit an authorized HUAWEI Service Centre.

4200 mAh (Typical Value)

*The Battery Rated Capacity is 4100 mAh.

**Typical value. Actual capacity may vary slightly. This capacity is the nominal battery capacity. The actual battery capacity for each individual phone may be slightly above or below the nominal battery capacity.

***Non-removable battery. Removing the battery may cause damage to the device. To replace or repair the battery, please visit an authorized HUAWEI Service Centre.

4200 mAh (Typical Value)

*The Battery Rated Capacity is 4100 mAh.

**Typical value. Actual capacity may vary slightly. This capacity is the nominal battery capacity. The actual battery capacity for each individual phone may be slightly above or below the nominal battery capacity.

***Non-removable battery. Removing the battery may cause damage to the device. To replace or repair the battery, please visit an authorized HUAWEI Service Centre.

Charging
HUAWEI SuperCharge (Max 22.5 W)

*HUAWEI SuperCharge cable and charger is required.

HUAWEI SuperCharge (Max 40 W)

*HUAWEI SuperCharge cable and charger is required.


Wireless HUAWEI SuperCharge (Max 27 W)

*Wireless chargers sold separately. To reach a maximum charging rate of 27 W, need to purchase HUAWEI SuperCharge Wireless Charger (Max 27 W) or HUAWEI SuperCharge Wireless Car Charger (Max 27 W)

HUAWEI SuperCharge (Max 40 W)

*HUAWEI SuperCharge cable and charger is required.


Wireless HUAWEI SuperCharge (Max 40 W)

*Wireless chargers sold separately. To reach a maximum charging rate of 40 W, need to purchase HUAWEI SuperCharge Wireless Charger Stand(Max 40 W) and HUAWEI 65 W Power Adapter.

  1. HUAWEI P40 Pro တွင် အစွန်းလေးဖက်စလုံးကွေးထားသည့် HUAWEI Quad-Curve Overflow Display တွင် အသုံးပြုသည့် screen သည် သတ်မှတ်ထားသည့်စံနှုန်းအတိုင်း ဈေးကွက်အမျိုးမျိုးမှ တင်သွင်းထားသည်။ နည်းပညာဆိုင်ရာကြောင့် screen display အတွေ့အကြုံသည် အနည်းငယ်ကွဲပြားနိုင်ပါသည်။
  2. HUAWEI P40 Pro သည် ဆုံချက်အလျား မှန်းခြေ 125 mm ရှိသည့် 5x ပုံရိပ်ကြီးသေးမရွေး ဇူးမ်ချိန်နိုင်မှုနယ်ကို ပံ့ပိုးပေးသည်။
  3. ကင်မရာများစွာပါရှိခြင်းကြောင့် အကောင်းဆုံးသော 10x နှစ်မျိုးစပ်ဇူးမ် အထူးပြုလုပ်ချက်များကို ပေးစွမ်းနိုင်ရန် အနီးကပ်လုပ်ဆောင်ပေးပါသည်။
  4. HUAWEI ဌာနတွင်း ဓာတ်ခွဲခန်းမှ RGGB sensor နှင့် နှိုင်းယှဉ်ပြီး ရရှိထားသော အချက်အလက် ဖြစ်ပါသည်။
  5. HUAWEI lab တွင် HUAWEI P30 Pro ဖြင့် နှိုင်းယှဉ်၍ စမ်းသပ်ထားသော အဖြေဖြစ်သည်။
  6. ဤ feature တွင် HOTA upgrade လိုအပ်သည်။
  7. အဆိုပါဗီဒီယိုသည် ရည်ညွန်းရန် ရည်ရွယ်ချက်သပ်သပ်ဖြင့် ထည့်သွင်းထားခြင်းဖြစ်ပါသည်။
  8. တည်းဖြတ် လုပ်ဆောင်ချက်သည် ဖရိမ်၏မည်သည့်အစွန်းမှမဆို ဖြတ်လာသည့် ဖြတ်သွားဖြတ်လာ 2 ယောက်ကိုသာ ဖယ်ထုတ်ပေးပါမည်။
  9. ဤလုပ်ဆောင်ချက်သည် 10x ဇူမ်းအတွင်းသာ အလုပ်လုပ်ပါသည်။
  10. ဤတွင် SoC ဆိုသည်မှာ မိုဒမ်းနှင့် အပလီကေးရှင်းပရိုဆက်ဆာများကို ပေါင်းစည်းထားသည့် မိုဘိုင်းချစ်ပ်အစုံလိုက်ဖြစ်ပြီး 7nm Plus EUV မှာမူ TSMC 7nm Plus အလွန်အမင်း ခရမ်းလွန်ရောင်ခြည် ကျောက်ပုံနှိပ် ထုတ်လုပ်မှု နည်းပညာဖြစ်သည်။
  11. eSIM အတွက် ကြိုးမဲ့ဝန်ဆောင်မှုပလန်လိုအပ်ပြီး မိုဘိုင်းကွန်ရက်ပလန်ကိုမူ နာနို SIM အသုံးပြုစရာ မလိုဘဲ ဖွင့်သုံးနိုင်ပါသည်။ eSIM ရရှိနိုင်မှုမှာ နိုင်ငံအလိုက်၊ ဆက်သွယ်ရေး ကယ်ရီယာအလိုက် ကွဲပြားနိုင်ပါသည်။ သင့်ဆက်သွယ်ရေး ကယ်ရီယာထံတွင် စုံစမ်းကြည့်ပါ။
  12. Testing data သည် Huawei lab မှရရှိသောအဖြေဖြစ်ပြီး နေရာဒေသအလိုက် ကွဲပြားနိုင်သည်။ Huawei Wi-Fi 6 Plus router လိုအပ်ပြီး Wi-Fi ၏အမြန်နှုန်းသည် သီအိုရီအရ အမြန်နှုန်းဖြစ်သည်။
  13. ဝန်ဆောင်မှုအရည်အသွေးသည် ဒေသတွင်း ဆက်သွယ်ရေး ကယ်ရီယာ၏ ကွန်ရက်ကိုလိုက်၍ ပြောင်းလဲနိုင်ပါသည်။
  14. ပုံမှန်တန်ဖိုး။ ဘက်ထရီက သတ်မှတ်ပေးလိုက်သည့် လုပ်ဆောင်နိုင်စွမ်းမှာ 4100 mAh ဖြစ်ပါသည်။
  15. အမြင့်ဆုံးပမာဏ
  16. Wireless chargers ကိုသီးသန့်ဝယ်ယူနိုင်သည်။ Maximum charging rate 27 W ရရှိနိုင်ရန် HUAWEI SuperCharge Wireless Charger (Max 27 W) ဝယ်ယူရန် လိုအပ်ပါသည်။
  17. Wireless chargers ကိုသီးသန့်ဝယ်ယူနိုင်သည်။ Maximum charging rate 27 W ရရှိနိုင်ရန် HUAWEI SuperCharge Wireless Charger (Max 27 W) ဝယ်ယူရန် လိုအပ်ပါသည်။
  18. ြိုးမဲ့ပြောင်းပြန် အားသွင်းခြင်း ကို ကြိုးမဲ့အားသွင်းစနစ်ပံ့ပိုးထားသော စက်အချို့တွင် အသုံးပြုနိုင်ပြီး ၎င်းကို HUAWEI ဌာနတွင်း ဓာတ်ခွဲခန်းများတွင် စမ်းသပ်ပြီးဖြစ်ပါသည်။
  19. IEC 60529 စံချိန်စံညွှန်းအရ ဤကုန်ပစ္စည်းကို ဖိတ်စဉ်မှုအတွက် IP68၊ ရေစိုနှင့်ရေစိမ်ခံမှု၊ ဖုန်တက်ခံနိုင်သည့် ပစ္စည်းဖြစ်ကြောင်း သတ်မှတ်ခဲ့ပြီး ဓာတ်ခွဲခန်းအတွင်း ထိန်းချုပ်စမ်းသပ်ချက်များအရ မှတ်ကျောက်တင်စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။ ရေမှုန်၊ ရေနှင့် ဖုန်ဒဏ် ခံနိုင်စွမ်းသည် အမြဲတည်ရှိနေမည့် အခြေအနေများ မဟုတ်ဘဲ ထိပွတ်ဖန်များလာသည့်အခါ ခံနိုင်စွမ်း ကျဆင်းသွားနိုင်ပါသည်။ ရေစိုနေပါက အားသွင်းရန်မကြိုးစားပါနှင့်။ အရည်ကြောင့်ဖြစ်ရသည့် ထိခိုက်ပျက်စီးမှုသည် အာမခံနှင့် အကျုံးဝင်မည်မဟုတ်ပါ။
  20. HUAWEI Customer Serivces သို့သွားရောက်ပြီး Multi-screen Collaboration ပြုနိုင်နိုင်သော Device List ကိုစုံစမ်းနိုင်ပါသည်။
  21. HUAWEI Customer Services တွင် HUAWEI Share အသုံးပြုနိင်သည့် Phones, Laptops, Primters, Cameras နှင့် Drones စာရင်းကို စုံစမ်းနိုင်ပါသည်။ ထို device သည် HUAWEI Sound X နှင့် HUAWEI Router A2 တို့တွင် အထောက်အပံ့ပေးပါသည်။
  22. Emial, Memo နှင့် Files Manager ကိုသာ ထောက်ပံ့ပေးပါသည်။
×