HUAWEI Y7a

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။

မြင်မြင်ချင်းကြွေဆင်းချင်စရာ ဒီဇိုင်းပိုင်း

သေသပ်သောလက်မှုပညာနှင့် လက်ရာမြောက်သော coating တို့နှင့် HUAWEI Y7a ရဲ့ကျော့ရှင်းသောပုံစံဖြင့် ကွေးထားသောအနားဘောင်တို့က သင်လက်ထဲတွင်ကိုင်ရသည်ကို သက်တောင့်သက်သာဖြစ်စေပါတယ်။ လှပဆန်းသစ်သော အရောင်သုံးရောင်က အလင်းထဲမှာအရောင်တောက်ပနေပြီး ပထမဆုံးမြင်ရချိန်မှာပင် နှစ်သက်သဘောကျသွားစေမှာပါ။

5000 mAh Large Battery3

သင့်အနားမှာ ပျော်ရွှင်စရာတွေ အချိန်ပြည့်ပါ

AI power-saving algorithm တွေကို အသုံးပြုထားတဲ့ 5000 mAh ရှိတဲ့ ကြီးမားသောဘက်ထရီက ၃၈.၂ နာရီ 4G ဖုန်းခေါ်ဆိုမှုပြုလုပ်နိုင်ခြင်း၊ ၁၆.၆ နာရီကြာ online ဗီဒီယိုကြည့်ရှုနိုင်ခြင်းနှင့် ၁၂ နာရီကြာ 4G web အသုံးပြုခြင်းတို့ကို အသုံးပြုနိုင်ပါတယ်။2 ပျော်ရွှင်တဲ့အချိန်တွေက သင့်ပတ်ဝန်းကျင်မှာ အမြဲတည်ရှိနေမှာဖြစ်ပါတယ်။

22.5 W HUAWEI SuperCharge

မိနစ်ပိုင်းအတွင်းအားပြည့်ခြင်း

22.5 W HUAWEI SuperCharge ကို အသုံးပြုထားတဲ့ HUAWEI Y7a က ၁၀ မိနစ်အားသွင်းထားရုံနှင့် ၂ နာရီစာ ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်လို့ မကြာခဏအားသွင်းစရာမလိုဘဲ ထိရောက်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။2

ဘဝရဲ့ အကောင်းဆုံး အမှတ်တရတွေကို ထာဝရသိမ်းဆည်းထားနိုင်ဖို့

2 MP

Depth Camera
f/2.4

8 MP

Ultra-Wide Angle Camera
f/2.4

2 MP

Macro Camera
f/2.4

48 MP

High-Res Camera
f/1.8

Quad AI Cameras

စူးစမ်းလေ့လာဖို့အတွက်
အဆင်သင့်ပဲလား

HUAWEI Y7a မှာ သင့်ရဲ့အကောင်းဆုံးသောအချိန်တွေကို နေ့၊ည မရွေး မှတ်တမ်းတင်ပေးနိုင်ဖို့အတွက် AI ကင်မရာလေးလုံးပါရှိပါတယ်။ ကျယ်ပြန့်သောတောင်တန်းများ၊ အဝေးမှအရာများကို အနီးကပ်မြင်ကွင်းများအထိ ကို အဆိုပါ ကင်မရာများဖြင့် မှတ်တမ်းတင်ရိုက်ကူးထားနိုင်ပါတယ်။

48 MP High-Res Camera

ရှင်းလင်းကြည်လင်
အသေးစိတ်ကျသော

48 MP high-res ကင်မရာက ရှင်းလင်းကြည်လင်ပြီး အသေးစိတ်ကျစွာနှင့် သင့်ရဲ့တန်ဖိုးရှိသောအချိန်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ အံ့သြဖွယ်ကောင်းသောရှုခင်းများ၊ portraits ဓာတ်ပုံများကို ကြည်လင်ပြတ်သားစွာဖြင့် အသေးစိတ်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Quad AI Cameras

စူးစမ်းလေ့လာဖို့အတွက်
အဆင်သင့်ပဲလား

HUAWEI Y7a မှာ သင့်ရဲ့အကောင်းဆုံးသောအချိန်တွေကို နေ့၊ည မရွေး မှတ်တမ်းတင်ပေးနိုင်ဖို့အတွက် AI ကင်မရာလေးလုံးပါရှိပါတယ်။ ကျယ်ပြန့်သောတောင်တန်းများ၊ အဝေးမှအရာများကို အနီးကပ်မြင်ကွင်းများအထိ ကို အဆိုပါ ကင်မရာများဖြင့် မှတ်တမ်းတင်ရိုက်ကူးထားနိုင်ပါတယ်။

2 MP

Depth
Camera
f/2.4

8 MP

Ultra-Wide
Angle Camera
f/2.4

2 MP

Macro
Camera
f/2.4

48 MP

High-Res
Camera
f/1.8

48 MP High-Res Camera

ရှင်းလင်းကြည်လင်
အသေးစိတ်ကျသော

48 MP high-res ကင်မရာက ရှင်းလင်းကြည်လင်ပြီး အသေးစိတ်ကျစွာနှင့် သင့်ရဲ့တန်ဖိုးရှိသောအချိန်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ အံ့သြဖွယ်ကောင်းသောရှုခင်းများ၊ portraits ဓာတ်ပုံများကို ကြည်လင်ပြတ်သားစွာဖြင့် အသေးစိတ်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Super Night Shot

အလင်းနည်းပါးသောနေရာမှာ
အလှပဆုံးပုံရိပ်များ ဖမ်းယူနိုင်ခြင်း

အဆင့်မြင့် HUAWEI SuperSpectrum Sensor နှင့် အသိဉာဏ်မြင့်မားသော AI algorithms တို့က အလင်းရောင်နည်းပါးသောအချိန်မှာတောင် သင့်ရဲ့အလှပဆုံးအချိန်တွေကို ဖမ်းယူပေးနိုင်မှာပါ။ ကြည်လင်သောမြို့ပြရှုခင်း သို့မဟုတ် နှစ်လိုဖွယ်ကောင်းသော portraits ပုံရိပ်တို့ကို ညအချိန်မှာလည်း အခက်အခဲမရှိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Ultra-Wide Angle Lens

Frame တစ်ခုထဲမှာ အရာအားလုံးကို
ဖမ်းယူလိုက်ပါ

120° ultra-wide angle lens ကြောင့် ကြီးမားသောအဆောက်အအုံတစ်ခုလုံးကို အပြည့်ဓာတ်ပုံရိုက်ကူးနိုင်ခြင်း သို့ဟုတ် လူအများနှင့်ဓာတ်ပုံရိုက်သည့်အခါမှာ ခြေတစ်လှမ်းနောက်ဆုတ်စရာမလိုပဲ frame တစ်ခုထဲမှာ အားလုံးကိုရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

6.67" FHD+ Display

ပိုမိုကြီးမားပြီး
ကြည်လင်စွာကြည့်ရှုလိုက်ပါ

6.67" FHD+ display နှင့် မျက်နှာပြင်အချိုး 90.3%4 ရှိတဲ့ HUAWEI Y7a က ကြီးမားကျယ်ပြန့်ပြီး ကြည်လင်သောမြင်ကွင်းကို ပေးစွမ်းပါတယ်။ အလယ်တွင်ရှိသော အရှေ့ကင်မရာက အနှောင့်အယှက်မဖြစ်စေပဲ အကောင်းမွန်ဆုံးအတွေ့အကြုံကို ပေးစွမ်းပါတယ်။

ဘေးဘက်လက်ဗွေစနစ်

မျက်စိတစ်မှိတ်အတွင်း အသင့်ဖြစ်နိုင်ခြင်း

လက်ဗွေစနစ်ပါဝင်သော အဖွင့်၊အပိတ်ခလုပ်က ပိုမိုအဆင်ပြေချောမွေ့စေပြီး လုံခြုံမှုကိုပေးစွမ်းပါတယ်။ စက္ကန့်ပိုင်းအတွင်း သင့်ဖုန်းကိုနိုးထစေရန်နှင့် လုံခြုံစွာဖွင့်နိုင်ရန် ဘေးဘက်ကို ညင်သာစွာထိတွေ့ရုံဖြင့် ပြုလုပ်နိုင်ပါတယ်။

4 GB + 128 GB Large Storage5

သိမ်းဆည်းဖို့နေရာအတွက်
အားလျော့စရာမလိုပါဘူး

4 GB RAM က App များကို တပြိုင်နက်တည်းဖွင့်ရန်နှင့် အပြောင်းအရွေ့ကြားမှာ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်စေပြီး 128 GB Rom က သင့်အကြိုက်ဆုံး ဗီဒီယို၊ ဓာတ်ပုံနှင့် ဂိမ်းများကို သိမ်းဆည်းပေးဖို့ ကြီးမားသောနေရာကိုရရှိစေပါတယ်။

HUAWEI Y7a HUAWEI Smart Screenshot
EMUI 10.1

Smart Screenshot6

မျက်နှာပြင်ပေါ်ကို နှစ်ချက်ခေါက်ခြင်းဖြင့် screenshot ရိုက်ယူခြင်း သို့မဟုတ် ခေါက်၍ဆွဲပြီး မျက်နှာပြင်ရဲ့တစ်စိတ်တစ်ပိုင်းကို ဖမ်းယူပါ။ မျက်နှာပြင်ကိုခေါက်၍ "S" ပုံဆွဲပြီး scrolling screenshot ကို ရယူနိုင်ပါတယ်။

HUAWEI AppGallery

နောက်ဆုံးပေါ် Apps
တို့စုဝေးရာ Store

HUAWEI AppGallery သည် မိုဘိုင်းအက်ပလီကေးရှင်းများအားရှာဖွေ၊ ဒေါင်းလုပ်ပြုလုပ်ရန်အတွက် Huawei ၏ တရားဝင်ကိုယ်ပိုင်အက်ပလီကေးရှင်းဖြန့်ဖြူးရေးပလက်ဖောင်းဖြစ်သည်။ လုံခြုံပြီး ရွေးချယ်မှုစရာများပြားသည့် အတွေ့အကြုံများကို ပေးစွမ်းနိုင်ရန်အတွက်ကမ္ဘာလုံးဆိုင်ရာအက်ပလီကေးရှင်းဂေဟစနစ်ကို ဆက်လက်တိုးတက်အောင်ပြုလုပ်နေသည်။ သင်တစ်ဦးတည်းအတွက် သီးသန့်ရရှိနိုင်သော အထူးကမ်းလှမ်းချက်များ၊ အစီအစဉ်များနှင့် အက်လုပ်ဆောင်မှုများကို ခံစားလိုက်ပါ။

  1. အနောက်ကင်မရာလေးခုတွင် 48 MP ပင်မကင်မရာ၊ 8 MP ultra-wide angle ကင်မရာ၊ 2 MP depth ကင်မရာ နှင့် 2 MP macro ကင်မရာတို့ ပါဝင်ပါသည်။
  2. HUAWEI ဓာတ်ခွဲခန်းမှရရှိသော ရလဒ်ဖြစ်သည်။ ဘက်ထရီသက်တမ်းသည် အမှန်တကယ်အသုံးပြုပုံပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။
  3. 5000 mAh သည် ပုံမှန်တန်ဖိုးဖြစ်သည်။ ဘက်ထရီသက်မှတ်ထားသောစွမ်းရည်သည် 4900 mAh ဖြစ်သည်။
  4. HUAWEI ဓာတ်ခွဲခန်းမှရရှိသောရလဒ်များဖြစ်သည်။ မျက်နှာပြင်အချိုးတိုင်းတာသောနည်းလမ်း : AA area/front TP area.
  5. 4 GB + 128 GB သည် ဒေသတော်တော်များများတွင်ရရှိပြီး Latin American ဒေသတွင် 4 GB + 64 GB version သာရရှိသည်။ ကြိုတင်ထည့်သွင်းထားသော software တို့သည် နေရာအနည်းငယ်ယူနိုင်သောကြောင့် ဖော်ပြထားသည်ထက် အနည်းငယ်နည်းနိုင်သည်။
  6. ဤ feature သည် HOTA upgrade ပြုလုပ်ရန်လိုအပ်ပါသည်။
*ဤထုတ်ကုန်သည် Google Play အစား HUAWEI AppGallery ကို ကြိုတင်ထည့်သွင်းထားသောထုတ်ကုန်ဖြစ်သည်။