HUAWEI Y8p

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
huawei y8p
huawei y8p

48 MP AI Triple Camera1 | 128 GB Storage
| 6.3" OLED Display

OLED Dewdrop
Display

90.17% မျက်နှာပြင်အကျယ်အချိုးနဲ့ 2400 x 1090 ultra-clear resolution ကိုအသုံးပြုထားတဲ့ 6.3" OLED Dewdrop Display က ရုပ်ရှင်ရုံတွင်အသုံးပြုသကဲ့သို့ ကာလာအရည်အသွေးကောင်းမွန်ပြီး အံ့သြစရာကောင်းသော အတွေ့အကြုံကိုရရှိမှာဖြစ်ပါတယ်။2 အလင်းအမှောင်ကို ရှင်းလင်းတိကျစွာပြသနိုင်ပြီး ဗီဒီယိုကြည့်ခြင်းဖြစ်ဖြစ်၊ ဂိမ်းကစားတာပဲဖြစ်ဖြစ်၊ ဓာတ်ပုံရှာဖွေတာပဲဖြစ်ဖြစ် ကြည်လင်ရွှန်းစိုတောက်ပတဲ့ အတွေ့အကြုံကို ခံစားရမှာဖြစ်ပါတယ်။

huawei y8p-oled dewdrop display

အလင်းနှင့်အရိပ်တို့၏
အလှတရား

အလင်းနှင့်အရိပ်တို့ရဲ့လှပမှုတွေကို ကိုယ်စားပြုပြီး သေသပ်လှပဆန်းသစ်တဲ့ Breathing Crystal နဲ့ Midnight Black အရောင် (၂)မျိုးရှိပြီး 3D ထောင့်ကွေးပုံစံနဲ့ ပေါ့ပါးတဲ့ကိုယ်ထည်တို့က ကိုင်ဆောင်ရတာကို သက်တောင့်သက်သာရှိစေမှာပါ။

huawei y8p-colorful id phone

Breathing Crystal

huawei y8p-colorful id phone

Midnight Black

မျက်နှာပြင်လက်ဗွေစနစ်

အဆင့်မြင့် မျက်နှာပြင်လက်ဗွေစနစ်ကို HUAWEI Y8p မှာ အသုံးပြုထားတာကြောင့် ဖုန်း ကို အသုံးပြုဖိုအတွက် Unlock ပြုလုပ်ခြင်းကို ပိုမိုမြန်ဆန်စေပါတယ်။ ငွေပေးချေမှု သို့မဟုတ် ဖုန်းဖွင့်ခြင်းတို့ကို လွယ်ကူမြန်ဆန်စွာပြုလုပ်နိုင်မှာပါ။

huawei y8p-in-screen fingerprint

AI ကင်မရာသုံးလုံး

AI ကင်မရာသုံးလုံးက သူတို့ရဲ့ ကိုယ်ပိုင်လုပ်ဆောင်များကိုယ်စီကို အသီးသီးလုပ်ဆောင်ကြပါတယ်။ 48 MP ultra-clear ပင်မကင်မရာ၊ 8 MP ultra-wide ကင်မရာ နဲ့ 2 MP depth ကင်မရာတို့က ဆန်းကြယ်သောသဘာဝတရားကြီးကိုစူးစမ်းလေ့လာခြင်း သို့မဟုတ် သင့်ရဲ့နေ့စဉ်ဘဝကို မှတ်တမ်းတင်ခြင်းစတဲ့ ရိုက်ကူးချက်တွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

2 MP

Depth Camera

48 MP

Main Camera

8 MP

Ultra-Wide
Angle Camera

48 MP Super
Clear Camera

Resolution မြင့်မားသော 48 MP ပင်မကင်မရာက သင့်ရဲ့ဓာတ်ပုံတွေကို ကြည်လင်ပြတ်သားစွာနဲ့ ရိုက်ကူးပုံဖော်နိုင်ပြီး ရိုက်ချက်တိုင်းက အလင်းရောင်နည်းပါးတဲ့ ပါတ်ဝန်းကျင်မှာတောင် သဘာဝကျကျနဲ့ အသေးစိတ်ကျတဲ့ပုံရိပ်တွေကို ရရှိစေမှာဖြစ်ပါတယ်။

huawei y8p-48mp super clear camera

120° Ultra-Wide
Angle Lens

အုပ်စုလိုက်ဓာတ်ပုံတွေနဲ့ အံ့အားသင့်ဖွယ်ကောင်းသောဗိသုကာလက်ရာတွေကို ဖရန်တစ်ခုထဲမှာ ရိုက်ကူးနိုင်ဖို့အတွက် Wide View Mode ကိုပြောင်းလိုက်ပါ။ 120° ကျယ်ပြန့်သောအကွာအဝေးတွင်ရှိသောအရာများကို 8 MP ultra-wide ကင်မရာနဲ့ အလွယ်တကူ ရိုက်ကူးပုံဖော်နိုင်ပြီဖြစ်ပါတယ်။

1x Ultra-Wide Angle

Super Night Mode

AIS Handheld Night Mode က ၆ စက္ကန့်3 ထိတွေ့ရိုက်ကူးခြင်းဖြင့် ကြည်လင်လှပသော ညရိုက်ချက်များကို အလွယ်တကူရိုက်ကူးနိုင်မှာပါ။ AI algorithm တွေက ညအမှောင်ထဲမှာတောင် သင့်ရဲ့ ပုံရိပ်တွေကို အကောင်းဆုံးရရှိနိုင်စေရန် စွမ်းဆောင်ပေးမှာဖြစ်ပါတယ်။

huawei y8p-super night mode
huawei y8p-super night mode huawei y8p-super night mode

SuperSensing
Camera

HUAWEI SuperSpectrum Sensor တပ်ဆင်ထားတာကြောင့် အလင်းဝင်ရောက်မှုပိုမိုကောင်းမွန်ပြီး ညအမှောင်ထဲကရိုက်ချက်တွေကို အသေးစိတ်ရှင်းလင်းတိကျစွာ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Huawei y8p-supersensing camera

6 GB + 128 GB4
Large Storage

6 GB RAM က သင့်ကို Apps များစွာကို တပြိုက်နက်တည်းသုံးစွဲနိုင်ပြီး အလွယ်တကူလည်းရွှေ့ပြောင်းအသုံးပြုနိုင်ပါတယ်။ သင့်ရဲ့အကြိုက်ဆုံးဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ ဂိမ်းတွေကို သိမ်းဆည်းထားနိုင်ဖို့ 128 GB ROM ဆန့်တဲ့ storage ပမာဏကိုထောက်ပံ့ပေးထားပါတယ်။

huawei y8p-large storage phone
6 GB
RAM
128 GB
 ROM
256 GB
Extendable
Storage

4000 mAh5
Powerful Battery

HUAWEI Y8p မှာ ကြီးမားသော 4000 mAh ဘက်ထရီကိုအသုံးပြုထားပြီး သင့်ကို ဗီဒီယိုပြန်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း သို့မဟုတ် အင်တာနက်အသုံးပြုခြင်းတို့ကို အချိန်ကြာရှည်စွာအသုံးပြုနိုင်မှာပါ။ သင့်ရဲ့တစ်နေ့တာ သို့မဟုတ် ခရီးသွားနေချိန်မှာ သင့်ရဲ့ Power Bank ကို ထားခဲ့ပြီး အပူအပင်မရှိအသုံးပြုနိုင်မှာပါ။6

4000
mAh huawei y8p-large battery phone

စွမ်းဆောင်ရည်မြင့်မားသော
GPU Turbo 3.0

အသစ်အဆင့်မြှင့်ထားသော GPU Turbo 3.0 နှင့်အတူ HUAWEI Y8p မှာ လူကြိုက်များသောဂိမ်းပေါင်း ၂၀ကျော် နှင့် SoC ပါဝါသုံးစွဲမှုကို 10%7 ထိထိရောက်ရောက်လျှော့ချပေးပြီး စနစ်ရဲ့စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားပြီး စဉ်ဆက်မပြတ်ဂိမ်းကစားခြင်း အတွေ့အကြုံကို ပေးစွမ်းပါတယ်။

huawei y8p-gpu turbo 3.0 phone
huawei y8p-emui10.1 smart funtions
huawei y8p-emui10.1 smart funtions

EMUI 10.1,
Smart Collage

ဒီ collage feature က မည်သည့် third-party application ရဲ့ အကူအညီမပါဘဲ ဓာတ်ပုံ ၂ ပုံမှ ၉ပုံကြားကို fream တစ်ခုထဲကို ထည့်နိုင်ပါတယ်။ Smart algorithm နှင့်ပူးပေါင်းထားတာကြောင့် အရွယ်အစားပေါ်မူတည်ပြီး ကိုင်ညီသောဇယားကွက်အနေအထားတွင် ထားနိုင်ပါတယ်။ ဓာတ်ပုံတစ်ခုတည်းမှာပဲ သင့်ရဲ့ လှပသောဆယ်လ်ဖီများနှင့် ရှုခင်းပုံတို့ကို သူငယ်ချင်းတွေကို ပြသနိုင်ပါတယ်။

EMUI 10.1,
Smart Screenshot

EMUI 10.1 တွင် သင့်ရဲ့လက်ဆစ်ရိုးသည် သင် screenshot ရိုက်ရန်အတွက် ကူညီပေးမှာဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်ကို နှစ်ချက်ခေါက်ခြင်းဖြင့် screenshot ရိုက်ယူခြင်း သို့မဟုတ် ခေါက်၍ဆွဲပြီး မျက်နှာပြင်ရဲ့တစ်စိတ်တစ်ပိုင်းကို ဖမ်းယူပါ။ မျက်နှာပြင်ကိုခေါက်၍ "S" ပုံဆွဲပြီး scrolling screenshot ကို ရယူနိုင်ပါတယ်။

huawei y8p-smart screenshot
huawei y8p-smart screenshot
huawei y8p-smart screenshot
huawei y8p-smart screenshot
huawei y7p-apps
HUAWEI AppGallery

နောက်ဆုံးပေါ် Apps
တို့စုဝေးရာ Store

HUAWEI AppGallery သည် မိုဘိုင်းအက်ပလီကေးရှင်းများအားရှာဖွေ၊ ဒေါင်းလုပ်ပြုလုပ်ရန်အတွက် Huawei ၏ တရားဝင်ကိုယ်ပိုင်အက်ပလီကေးရှင်းဖြန့်ဖြူးရေးပလက်ဖောင်းဖြစ်သည်။ လုံခြုံပြီး ရွေးချယ်မှုစရာများပြားသည့် အတွေ့အကြုံများကို ပေးစွမ်းနိုင်ရန်အတွက်ကမ္ဘာလုံးဆိုင်ရာအက်ပလီကေးရှင်းဂေဟစနစ်ကို ဆက်လက်တိုးတက်အောင်ပြုလုပ်နေသည်။ သင်တစ်ဦးတည်းအတွက် သီးသန့်ရရှိနိုင်သော အထူးကမ်းလှမ်းချက်များ၊ အစီအစဉ်များနှင့် အက်လုပ်ဆောင်မှုများကို ခံစားလိုက်ပါ။

huawei y8p-appgallery phone
  1. နောက်ဖက်ကင်မရာသုံးခုတွင် 48 MP ပင်မကင်မရာ၊ 8 MP ultra-wide ကင်မရာနှင့် 2 MP depth ကင်မရာပါဝင်ပါသည်။
  2. HUAWEI labs မှ data များဖြစ်သည်။ မျက်နှာပြင်ကျယ်အချိုးတွက်နည်း : AA area/front TP area
  3. Huawei Labs မှ data များဖြစ်သည်။
  4. 6 GB + 128 GB သည်အချို့သောဈေးကွက်တွင်သာရရှိပြီး အခြားသောဈေးကွက်များတွင် 4 GB + 128 GB version သာရရှိသည်။
  5. ပုံမှန်တန်ဖိုးဖြစ်သည်။
  6. HUAWEI labs မှ data များဖြစ်သည်။ ဘက်ထရီသက်တမ်းသည် အသုံးပြုပုံပေါ်မူတည်သည်။
  7. Huawei Labs မှ data များဖြစ်ပြီး GPU Turbo 2.0 နှင့် နှိုင်းယှဉ်ထားသည်။

  8. *ဤထုတ်ကုန်သည် Google Play အစား HUAWEI AppGallery ကိုသွင်းထားပြီးဖြစ်သည်။
HUAWEI တရားဝင်ဝက်ဘ်ဆိုက်၏အတွေ့အကြုံကို သင်စိတ်ကျေနပ်ပါသလား။
HUAWEI တရားဝင်ဝက်ဘ်ဆိုက်၏အတွေ့အကြုံကို သင်စိတ်ကျေနပ်ပါသလား။
  • 0
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
0: လုံးဝကျေနပ်မှုမရှိ ဝက်ဘ်ဆိုက်အတွက်အမှတ်အသားကိုရွေးချယ်ပါ 10: အပြည့်အဝကျေနပ်မှုရှိ
ကျေးဇူးပြု၍ မှန်ကန်သော Verification code ကို ထည့်သွင်းပါ။
တင်သွင်းပါ