အသုံးပြုစဉ် ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်က ပူလာခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အသုံးပြုစဉ် ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်က ပူလာခြင်း

အကြံပြုချက်များ

  • ဗီဒီယိုများ သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုသည့်အခါ သို့မဟုတ် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်သည့်အခါ သင့်စက်ကို တည်ငြိမ်သော ကွန်ရက်နှင့် ချိတ်ဆက်ထားကြောင်း သေချာပါစေ။
  • ဗီဒီယို ရီဆိုလူးရှင်းမြင့်သောကြောင့် ပါဝါ သုံးစွဲမှု မြင့်တက်လာနိုင်သည်။ ပြဿနာကို ဖြေရှင်းနိုင်ခြင်းရှိ၊ မရှိ သိရှိရန် ဗီဒီယို ရီဆိုလူးရှင်းကို လျှော့ချကြည့်ပါ။
  • (Arena of Valor နှင့် Game for Peace ကဲ့သို့) စွမ်းအင်သုံးစွဲမှုမြင့်မားသောဂိမ်းများကို ပန်ကာ သို့မဟုတ် လေအေးပေးစက် ဖွင့်၍ ကစားပါ။ ၎င်းသည် အပူစွန့်ထုတ်မှုကို ပိုမြန်စေပြီး ဂိမ်းကစားရာတွင် ပိုအဆင်ပြေစေမည်။
  • ဖုန်းပြောသည့်အချိန် ကြာမြင့်ပါက နားကြပ် သို့မဟုတ် စပီကာ ပူလာခြင်း မဖြစ်စေရန် ခေါင်းစွပ်နားကြပ်ကို သုံးပါ။
  • အိပ်ရာပေါ် သို့မဟုတ် စောင်ပေါ်ကဲ့သို့ လေဝင်လေထွက်အားနည်းသော နေရာတွင် စက်ကိုထားခြင်းမှ ရှောင်ကြဉ်ပါ။

    ကောင်းစွာအပူစွန့်ထုတ်နိုင်စွမ်းရှိသည့် အကာအကွယ်ကာဗာကို အသုံးပြုပါ။

  • နေရောင်ခြည် တိုက်ရိုက်ကျရောက်သောနေရာတွင် စက်ကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
  • အားသွင်းနေစဉ် စက်ကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။ ထိုသို့မဟုတ်ပါက စက်သည် လျင်မြန်စွာ ပူလာပါမည်။
  • နောက်ခံအက်ပ်များကို အချိန်မီပိတ်ရန် သင့်အား အကြံပြုသည်။ ပါဝါစားလွန်းသည့် အက်ပ်များသည် CPU ရင်းမြစ်များကို အဆက်မပြတ် ယူသုံးမည်ဖြစ်သောကြောင့် စက်ကို ပူလာစေနိုင်ပြီး ပါဝါပိုသုံးစွဲစေနိုင်သည်။ (WeChat နှင့် TikTok ကဲ့သို့) အသုံးများသည့် သာမန် ဆိုရှယ်အက်ပ်များကို ဆက်ဖွင့်ထားနိုင်သည်။ ဤသို့လုပ်ခြင်းအားဖြင့် စက်သည် အက်ပ်များကို ပိုမိုလျင်မြန်စွာ စတင်နိုင်ပြီး မက်ဆေ့ခ်ျများကို အချိန်မီ လက်ခံရရှိနိုင်သည်။

မျက်နှာပြင်ကို ပိတ်လိုက်သည့်အခါတွင် နောက်ခံ၌လုပ်ခွင့်ပေးမထားသော အက်ပ်များသည် ပုံသေအားဖြင့် လုပ်ဆောင်မှု ရပ်တန့်သွားပါမည်။ မျက်နှာပြင်ကို ပြန်ဖွင့်သောအခါ ထိုအက်ပ်များ စပွင့်မှု အနည်းငယ် နှေးနိုင်ပြီး ထိုအချိန်တွင် CPU (ပရော်ဆက်ဆာ) သည် အချိန်ခဏကြာမျှ အလုပ်များစွာကို လုပ်ဆောင်ရပါမည်။ အက်ပ်များစွာကို ပထမဆုံးအကြိမ်စတင်သည့်အခါ စက် သိသိသာသာ အပူတက်ခြင်းသည် ပုံမှန်ဖြစ်သည်။

နောက်ထပ် အကူအညီ ရယူပါ

ပုံမှန် အသုံးပြုနေစဉ်အတွင်း စက်ပူလာပါက သို့မဟုတ် ၎င်းကို ပြန်လည်စတင်ပြီး ခဏကြာ အသုံးမပြုဘဲထားပြီးသည့်တိုင် အေးမသွားပါက အကူအညီရယူရန်အတွက် သင့်ဒေတာကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

နောက်ထပ် လေ့လာရန်-

စက်အပူချိန် ပုံမှန်မဟုတ်ကြောင်း ဖော်ပြသည့် သတိပေးချက်မက်ဆေ့ခ်ျကို ပြသထားခြင်း

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်