မျက်နှာပြင်ကို ပိတ်ထားပြီး အရန်သင့်စနစ်တွင် ရှိနေချိန်တွင် ကျွန်ုပ်၏ဖုန်း/တက်ဘလက်က ပူလာခြင်း
မျက်နှာပြင်ကို ပိတ်ထားပြီး အရန်သင့်စနစ်တွင် ရှိနေချိန်တွင် ကျွန်ုပ်၏ဖုန်း/တက်ဘလက်က ပူလာခြင်း |
ပြဿနာ-
မျက်နှာပြင်ကို ပိတ်ထားပြီး အရန်သင့်စနစ်တွင် ရှိနေချိန်တွင် ကျွန်ုပ်၏ဖုန်း/တက်ဘလက်က ပူလာသည်။
အကြောင်းရင်း-
ပါဝါ သုံးလွန်းသည့် နောက်ခံအက်ပ်များသည် CPU သုံးစွဲမှုကို တိုးစေပြီး ပါဝါအမြောက်အမြားသုံးစွဲသဖြင့် သင့်ဖုန်း/တက်ဘလက်ကို အပူလွန်ကဲစေသည်။
ဖြေရှင်းချက်-
- နောက်ခံအက်ပ်များကို ပိတ်၍ မိနစ်အနည်းငယ်စောင့်ပြီး သင့်ဖုန်း ပူနေသေးခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
သင် မကြာခဏသုံးသော (WeChat၊ TikTok နှင့် Alipay ကဲ့သို့) ဆိုရှယ်အက်ပ်များကို နောက်ခံတွင် ဆက်ဖွင့်ထားရန် အကြံပြုသည်။ ဤသို့လုပ်ခြင်းအားဖြင့် သင့်စက်က အက်ပ်များကို ပိုမိုလျင်မြန်စွာ စတင်နိုင်ပြီး မက်ဆေ့ခ်ျများကို အချိန်မီ လက်ခံရရှိနိုင်ကြောင်း သေချာစေပါသည်။
မှတ်ချက်- စက်၏မျက်နှာပြင်ကို ပိတ်ပြီးနောက် နောက်ခံတွင် လုပ်ဆောင်ခွင့်ပြုမထားသော အက်ပ်များသည် ပုံသေအားဖြင့် လုပ်ဆောင်မှု ရပ်တန့်သွားပါမည်။ ထိုသို့သောအက်ပ်ကို ထပ်မံဖွင့်သောအခါ ၎င်းသည် အနည်းငယ်နှေးကွေးစွာ စတင်နိုင်ပြီး ထိုအချိန်တွင် CPU (ပရော်ဆက်ဆာ) သည် အချိန်တိုအတွင်း အလုပ်များစွာကို လုပ်ဆောင်ရပါမည်။ ထိုသို့သော အက်ပ်များစွာကို တစ်ပြိုင်နက်စတင်သည့်အခါ စက် သိသိသာသာ အပူတက်လာခြင်းသည် ပုံမှန်ဖြစ်သည်။
- ဟော့စပေါ့ကို ပိတ်ပါ။ ထိုသို့မလုပ်လျှင် ဤလုပ်ဆောင်ချက်သည် ပါဝါသုံးစွဲမည်ဖြစ်ကာ ၎င်းကို အခြားစက်များနှင့် ချိတ်ဆက်မထားလျှင်ပင် သင့်ဖုန်း/တက်ဘလက်အား အပူထုတ်စေလိမ့်မည်။
- My HUAWEI အက်ပ်ကို ဖွင့်ပြီး ပါဝါအသုံးများသော အက်ပ်များကို ပိတ်ရန် သို့မဟုတ် အကြံပြုထားသော အကောင်းဆုံး ချိန်ညှိမှုများအတိုင်း လုပ်ဆောင်ရန် အကူအညီ > စစ်ဆေးမှု > ဘက်ထရီ > အပူလွန်ကဲခြင်း/ဘက်ထရီ သက်တမ်းတိုခြင်းသို့ သွားပါ။
ပြဿနာဆက်ရှိနေပါက သင့်ဖုန်း/တက်ဘလက်ကို ပိတ်ပြီး ပြန်ဖွင့်၍ မိနစ် အနည်းငယ်ကြာပြီးနောက် အပူချိန် ပုံမှန်အတိုင်း ပြန်ဖြစ်၊ မဖြစ်ကို စစ်ဆေးကြည့်ပါ။ ပြဿနာဆက်ရှိနေပါက သင့်ဒေတာကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့် ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပြီး အကူအညီရယူပါ။