စနစ် အပ်ဒိတ်လုပ်စဉ်၊ ထည့်သွင်းမှုလုပ်စဉ်၊ အသုတ်လိုက် အပ်ဒိတ်လုပ်စဉ် သို့မဟုတ် စက်ပွားစဉ် ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်သည် အပူတက်လာပြီး နှေးကွေးစွာ အားသွင်းခြင်း
စနစ် အပ်ဒိတ်လုပ်စဉ်၊ ထည့်သွင်းမှုလုပ်စဉ်၊ အသုတ်လိုက် အပ်ဒိတ်လုပ်စဉ် သို့မဟုတ် စက်ပွားစဉ် ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်သည် အပူတက်လာပြီး နှေးကွေးစွာ အားသွင်းခြင်း |
အကြောင်းရင်း-
စက်အသစ် သို့မဟုတ် စနစ် အပ်ဒိတ် လုပ်ဆောင်မှုသည် ဒေတာများ ဖတ်ရန်နှင့် ရေးရန်အတွက် CPU အရင်းအမြစ်များစွာကို အသုံးပြုပါသည်။ အကောင်းဆုံးချိန်ညှိမှုများကို နောက်ခံတွင် တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်ဆောင်ပါမည်။ ဥပမာ၊ အက်ပ်အချို့ကို လိုက်ဖက်ညီအောင်ပြင်ဆင်ရန် လိုအပ်သည်၊ ပုံပြခန်းကို စနစ်တကျ ပြန်လည်စုစည်းထားရှိမည်၊ ၎င်းအပြင် လုံခြုံရေး အန္တရာယ်များမဖြစ်စေရန် ဖိုင်များကို အပြည့်အဝ စကန်ဖတ်မည်။ ဤအရာအားလုံးသည် ပါဝါ သုံးစွဲမှုကို တိုးစေပါမည်။ CPU က ဒေတာအမြောက်အမြားကို ဆောင်ရွက်ချိန်တွင် ပါဝါ သုံးစွဲမှုတိုးလာပြီး စက်သည် သိသိသာသာ ပူလာသည်မှာ ပုံမှန်ဖြစ်သည်။
ထို့အပြင် စက်အပူချိန်များ ပိုမြင့်လာခြင်းကြောင့် အားသွင်းခြင်း နှေးသွားမည်ဖြစ်ပြီး စနစ် အပ်ဒိတ် သို့မဟုတ် ထည့်သွင်းမှုပြီးမြောက်သွားချိန်တွင် ပုံမှန်ပြန်ဖြစ်ပါမည်။
အကြံပြုချက်-
- ရှေ့တွင်ဖော်ပြထားသည်များကို လုပ်ဆောင်ချိန်တွင် အပူစွန့်ထုတ်နိုင်မှု အားနည်းသောကြောင့် သင့်ဖုန်း/တက်ဘလက် အပူလွန်ကဲခြင်း မဖြစ်စေရန် ၎င်းကို လေဝင်လေထွက်ကောင်းသောနေရာတွင် ထားပါ။
- သင့်စက်ကို အပူလွန်ကဲခြင်းမှ တားဆီးရန် ဖုန်း/တက်ဘလက်ကို အားသွင်းနေစဉ် အသုံးမပြုပါနှင့်။ သို့ဖြစ်ပါ၍ ဘက်ထရီပမာဏ လုံလောက်ချိန်တွင်သာ ရှေ့တွင်ဖော်ပြထားသည်များကို လုပ်ဆောင်ပါ။
- My HUAWEI အက်ပ်ကို ဖွင့်ပြီး ပါဝါအသုံးများသော အက်ပ်များကို ပိတ်ရန် သို့မဟုတ် အကြံပြုထားသော အကောင်းဆုံး ချိန်ညှိမှုများကို လုပ်ဆောင်ရန် အကူအညီ > စစ်ဆေးမှု > ဘက်ထရီ > အပူလွန်ကဲခြင်း/ဘက်ထရီ သက်တမ်းတိုခြင်းသို့ သွားပါ။
ပုံမှန် အသုံးပြုနေစဉ်အတွင်း သင့်ဖုန်း/တက်ဘလက် ပူလာပါက သို့မဟုတ် ၎င်းကို ပြန်လည်စတင်ပြီး ခဏကြာ အသုံးမပြုဘဲထားပြီးသည့်တိုင် အေးမသွားပါက သင့်ဒေတာကို ဘက်ခ်အပ်လုပ်ပြီး အကူအညီရယူရန်အတွက် သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို ခွင့်ပြုချက်ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။