ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် ဖုန်းခေါ်ဆိုသည့်အခါ ဘက်ထရီအားအကုန်မြန်ခြင်း
သက်ဆိုင်သော ကုန်ပစ္စည်းများ:
Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် ဖုန်းခေါ်ဆိုသည့်အခါ ဘက်ထရီအားအကုန်မြန်ခြင်း |
ပြဿနာ-
သုံးစွဲသူက ဖုန်းခေါ်ဆိုသည့်အခါ ဖုန်း/တက်ဘလက်၏ ပါဝါ သုံးစွဲမှု မြင့်တက်လာပါသည်။
အကြောင်းရင်း-
- ဖုန်းများပြောနေစဉ်အတွင်း ဖုန်း/တက်ဘလက်၏ RF အစိတ်အပိုင်းများ၊ မျက်နှာပြင်၊ စပီကာနှင့် ဖုန်းနားကြပ်ပိုင်းတို့သည် အဆက်မပြတ် အလုပ်လုပ်ရပြီး ပါဝါပမာဏမြောက်မြားစွာကို သုံးစွဲသည်။
- ကွန်ရက်လိုင်းမငြိမ်ပါက သင့်ဖုန်း/တက်ဘလက်သည် ၎င်း၏ လိုင်းထုတ်လွှင့်နိုင်စွမ်းကို တိုးမြှင့်မည်ဖြစ်၍ ပါဝါ သုံးစွဲမှု ပိုများလာပါမည်။
ဖြေရှင်းချက်-
- သင့်ဖုန်း/တက်ဘလက်၏ ပါဝါ သုံးစွဲမှုကို ထိထိရောက်ရောက် လျှော့ချရန် ဖြစ်နိုင်ပါက ဖုန်းပြောနေစဉ် မျက်နှာပြင်ကို ပိတ်ထားပါ။
- ဖုန်းနားကြပ်ပိုင်းနှင့် စပီကာတို့ အဆက်မပြတ် အလုပ်လုပ်၍ သိသိသာသာ ပါဝါအကုန်မြန်ခြင်း မဖြစ်စေရန်အတွက် ဖုန်းအကြာကြီးပြောသည့်အခါ မိုက်ခွက်ပါနားကြပ်ကို အသုံးပြုပါ။
- လိုင်းဆွဲအားကောင်းသောနေရာသို့ ပြောင်းရွှေ့ရန် သင့်ကို အကြံပြုပါသည်။
ဤပြဿနာသည် သင်၏ပုံမှန်အသုံးပြုမှုကို ထိခိုက်စေပါက အကူအညီရယူရန်အတွက် သင့်ဒေတာကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူဆောင်သွားပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်