ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် စပီကာစနစ်ဖြင့် အသံ ဖွင့်ထားသည့်အခါ စပီကာတည်ရှိသည့် နောက်ကာဗာနေရာတွင် ပူလာခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် စပီကာစနစ်ဖြင့် အသံ ဖွင့်ထားသည့်အခါ စပီကာတည်ရှိသည့် နောက်ကာဗာနေရာတွင် ပူလာခြင်း

ပြဿနာ-

အော်ဒီယို သိုမဟုတ် ဗီဒီယိုကို အသံကျယ်ကျယ်ဖြင့် ဖွင့်ထားသည့်အခါ စပီကာတည်ရှိသည့် နောက်ကာဗာနေရာသည် စတင်၍ ပူလာသည်။

အကြောင်းရင်း-

အသံကျယ်ကျယ်ဖွင့်ခြင်းသည် သင့်ဖုန်း/တက်ဘလက်စပီကာ၏ ပါဝါ သုံးစွဲမှုကို သိသိသာသာ တိုးလာစေပြီး ယင်းက အပူထုတ်ပေးသည်။

ဖြေရှင်းချက်-

စပီကာနှင့် HUAWEI ဖုန်းများ/တက်ဘလက်များတွင် အပူလွန်ကဲမှု ကာကွယ်ရေးစနစ် တစ်ပါတည်းထည့်သွင်းပါရှိသည်။ အပူလောင်ခြင်းများကဲ့သို့ လုံခြုံရေး ပြဿနာများနှင့်ပတ်သက်ပြီး စိုးရိမ်စရာ မလိုပါ။ စပီကာစနစ်ကို အသုံးပြုသည့်အခါ အပူလျှော့ချရန် အသံကို လျှော့ပါ သို့မဟုတ် သင့်ဖုန်း/တက်ဘလက်ကို လေဝင်လေထွက်ကောင်းသော ပတ်ဝန်းကျင်တွင် ထားရှိပါ။

ပြဿနာ မပြေလည်သေးပါက သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့် ဝယ်ယူမှု သက်သေကို တရားဝင် ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားကာ အကူအညီရယူပါ။

နောက်ထပ် လေ့လာရန်-

ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက် အပူလွန်ကဲလာခြင်း

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်