အားသွင်းထားချိန်တွင် ဘက်ထရီအား ကျသွားခြင်း
အားသွင်းထားချိန်တွင် ဘက်ထရီအား ကျသွားခြင်း |
အားသွင်းနေချိန်တွင်ပင် ဘက်ထရီအား မပြောင်းလဲပါက သို့မဟုတ် ဆက်ပြီး ကျနေပါက အားသွင်းသည့် မြန်နှုန်းသည် အားကုန်သည့် မြန်နှုန်းထက် ပိုနှေးနေခြင်းကြောင့် ဖြစ်နိုင်သည်။ ပြဿနာကို အဖြေရှာရန် အောက်ပါတို့ကို ဆောင်ရွက်ပါ-
သင်သည် တရားဝင် Huawei အားသွင်း ကိရိယာနှင့် USB ကြိုးကို အသုံးပြုထားကြောင်း သေချာပါစေ။
သင်သည် တရားဝင်မဟုတ်သော အားသွင်း ကိရိယာ သို့မဟုတ် ဒေတာ ကြိုးကို အသုံးပြုသည့်အခါ သို့မဟုတ် သင့်ဖုန်း/တက်ဘလက်ကို အားသွင်းရန် USB ကြိုးမှ တစ်ဆင့် ကွန်ပျူတာနှင့် ချိတ်ဆက်သည့်အခါ အထွက် လျှပ်စီးသည် သင့်ဖုန်း/တက်ဘလက်၏ ပါဝါ သုံးစွဲမှုကို ထေနိုင်မည် မဟုတ်သဖြင့် ပါဝါ ကုန်ဆုံးမှု ဖြစ်စေနိုင်သည်။
သင့်ဖုန်း/တက်ဘလက်ကို အားသွင်းရန်အတွက် တရားဝင် Huawei အားသွင်း ကိရိယာနှင့် ဒေတာကြိုးကို သုံးပါ။ သင့်ဖုန်း/တက်ဘလက်ကို သင့်ကွန်ပျူတာ၏ USB အပေါက်မှ တစ်ဆင့် အားသွင်းခြင်းကို အကြံပြုမထားပါ။
ဒေတာကြိုးအပေါက် သို့မဟုတ် အားသွင်းပေါက်တွင် ပြင်ပ အရာဝတ္ထုများ ရှိနေခြင်း သို့မဟုတ် အပေါက် ချောင်နေခြင်း သို့မဟုတ် လွတ်နေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
အပေါက်ထဲတွင် ပြင်ပ အရာဝတ္ထုများ ရှိနေပါက သို့မဟုတ် အပေါက် ချောင်နေပါက ဖုန်း/တက်ဘလက်နှင့် ဒေတာကြိုးကြား ဆက်သွယ်မှုကို လွတ်သွားစေသည်၊ အားသွင်း ကိရိယာ၏ အထွက် လျှပ်စီးသည် လျော့ကျသွားနိုင်ပြီး ဖုန်း/တက်ဘလက်၏ ပါဝါ သုံးစွဲမှုကို ထေနိုင်မည် မဟုတ်ပါ။
သင့်ဖုန်း/တက်ဘလက်ကို အားမသွင်းမီ အားသွင်းပေါက်သည် သန့်ရှင်း၍ အပေါက်နှင့်ချိတ်ဆက်သည့်နေရာသည် လှုပ်မနေကြောင်း သေချာပါစေ။
အားသွင်းထားချိန်တွင် ပါဝါ-သုံးလွန်းသည့် အက်ပ်တစ်ခုခုက သင့်ဖုန်း/တက်ဘလက်တွင် အလုပ်လုပ်နေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
သင့်စက်ကို အားသွင်းထားစဉ် (ကင်မရာ၊ ဗီဒီယိုနှင့် ဂိမ်းအက်ပ်များ ကဲ့သို့) ပါဝါ-သုံးလွန်းသည့် အက်ပ်များက အလုပ်လုပ်နေလျှင် အားသွင်းသည့် မြန်နှုန်းသည် ပါဝါ ကုန်ဆုံးသည့် မြန်နှုန်းထက် ပိုနှေးနိုင်သည်။ ထို့အပြင် အနီးဝန်းကျင်အပူချိန် မြင့်နေချိန်တွင် အားသွင်းထားလျက် ပါဝါ-သုံးလွန်းသည့် အက်ပ်များကို ဖွင့်ထားခြင်းသည် သင့်ဖုန်း/တက်ဘလက်ကို အပူလွန်ကဲစေနိုင်သည်။ အပူလွန်ကဲမှုကို အထူး ကာကွယ်ပေးထားသည့် ဒီဇိုင်းကြောင့် စက်အပူချိန် တိုးလာချိန်တွင် အားသွင်းသည့် လျှပ်စီးအား လျော့ကျသွားနိုင်သည်။ ဤဖြစ်စဉ်တွင် သင့်စက်ကို အားသွင်းနိုင်မည် မဟုတ်ပါ သို့မဟုတ် အားသွင်းသည့် ပမာဏ လျော့ကျသွားပါမည်။
- အားသွင်းနေစဉ် သင့်ဖုန်း/တက်ဘလက်ကို ပါဝါပိတ်ရန် အကြံပြုထားပါသည်။ ပါဝါ ပိတ်ထားချိန်တွင် ၎င်းကို ပုံမှန် အားသွင်းနိုင်ပါက သင့်စက်ကို ပြန်လည်စတင်ပါ သို့မဟုတ် နောက်ခံ အက်ပ်အားလုံးကို ပိတ်၍ ထပ်မံကြိုးစားပါ။ သင် မကြာခဏ အသုံးပြုလေ့မရှိသော ပါဝါ-သုံးလွန်းသည့် အက်ပ်များကို ဖျက်ပါ။
- အပူချိန်မြင့်သည့် ပတ်ဝန်းကျင်တွင် သင့် ဖုန်း/တက်ဘလက်ကို အားသွင်းထားစဉ် ၎င်းကို အသုံးမပြုရန် အကြံပြုထားပါသည်။
ပြဿနာ ဆက်ရှိနေပါက
ပြဿနာ ဆက်ရှိနေပါက အကူအညီ ရယူရန် အရေးကြီးသော ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်ဖုန်း/တက်ဘလက်၊ အားသွင်း ကိရိယာ၊ ဒေတာကြိုးတို့နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင် ခွင့်ပြုချက်ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။
နောက်ထပ် သိကောင်းစရာများ-
ကျွန်ုပ်၏ဖုန်းသည် အားအဝင် နှေးနေသည်