အားသွင်းထားချိန်တွင် ဘက်ထရီအား ကျသွားခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အားသွင်းထားချိန်တွင် ဘက်ထရီအား ကျသွားခြင်း

အားသွင်းနေချိန်တွင်ပင် ဘက်ထရီအား မပြောင်းလဲပါက သို့မဟုတ် ဆက်ပြီး ကျနေပါက အားသွင်းသည့် မြန်နှုန်းသည် အားကုန်သည့် မြန်နှုန်းထက် ပိုနှေးနေခြင်းကြောင့် ဖြစ်နိုင်သည်။ ပြဿနာကို အဖြေရှာရန် အောက်ပါတို့ကို ဆောင်ရွက်ပါ-

သင်သည် တရားဝင် Huawei အားသွင်း ကိရိယာနှင့် USB ကြိုးကို အသုံးပြုထားကြောင်း သေချာပါစေ။

သင်သည် တရားဝင်မဟုတ်သော အားသွင်း ကိရိယာ သို့မဟုတ် ဒေတာ ကြိုးကို အသုံးပြုသည့်အခါ သို့မဟုတ် သင့်ဖုန်း/တက်ဘလက်ကို အားသွင်းရန် USB ကြိုးမှ တစ်ဆင့် ကွန်ပျူတာနှင့် ချိတ်ဆက်သည့်အခါ အထွက် လျှပ်စီးသည် သင့်ဖုန်း/တက်ဘလက်၏ ပါဝါ သုံးစွဲမှုကို ထေနိုင်မည် မဟုတ်သဖြင့် ပါဝါ ကုန်ဆုံးမှု ဖြစ်စေနိုင်သည်။

သင့်ဖုန်း/တက်ဘလက်ကို အားသွင်းရန်အတွက် တရားဝင် Huawei အားသွင်း ကိရိယာနှင့် ဒေတာကြိုးကို သုံးပါ။ သင့်ဖုန်း/တက်ဘလက်ကို သင့်ကွန်ပျူတာ၏ USB အပေါက်မှ တစ်ဆင့် အားသွင်းခြင်းကို အကြံပြုမထားပါ။

ဒေတာကြိုးအပေါက် သို့မဟုတ် အားသွင်းပေါက်တွင် ပြင်ပ အရာဝတ္ထုများ ရှိနေခြင်း သို့မဟုတ် အပေါက် ချောင်နေခြင်း သို့မဟုတ် လွတ်နေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။

အပေါက်ထဲတွင် ပြင်ပ အရာဝတ္ထုများ ရှိနေပါက သို့မဟုတ် အပေါက် ချောင်နေပါက ဖုန်း/တက်ဘလက်နှင့် ဒေတာကြိုးကြား ဆက်သွယ်မှုကို လွတ်သွားစေသည်၊ အားသွင်း ကိရိယာ၏ အထွက် လျှပ်စီးသည် လျော့ကျသွားနိုင်ပြီး ဖုန်း/တက်ဘလက်၏ ပါဝါ သုံးစွဲမှုကို ထေနိုင်မည် မဟုတ်ပါ။

သင့်ဖုန်း/တက်ဘလက်ကို အားမသွင်းမီ အားသွင်းပေါက်သည် သန့်ရှင်း၍ အပေါက်နှင့်ချိတ်ဆက်သည့်နေရာသည် လှုပ်မနေကြောင်း သေချာပါစေ။

အားသွင်းထားချိန်တွင် ပါဝါ-သုံးလွန်းသည့် အက်ပ်တစ်ခုခုက သင့်ဖုန်း/တက်ဘလက်တွင် အလုပ်လုပ်နေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။

သင့်စက်ကို အားသွင်းထားစဉ် (ကင်မရာ၊ ဗီဒီယိုနှင့် ဂိမ်းအက်ပ်များ ကဲ့သို့) ပါဝါ-သုံးလွန်းသည့် အက်ပ်များက အလုပ်လုပ်နေလျှင် အားသွင်းသည့် မြန်နှုန်းသည် ပါဝါ ကုန်ဆုံးသည့် မြန်နှုန်းထက် ပိုနှေးနိုင်သည်။ ထို့အပြင် အနီးဝန်းကျင်အပူချိန် မြင့်နေချိန်တွင် အားသွင်းထားလျက် ပါဝါ-သုံးလွန်းသည့် အက်ပ်များကို ဖွင့်ထားခြင်းသည် သင့်ဖုန်း/တက်ဘလက်ကို အပူလွန်ကဲစေနိုင်သည်။ အပူလွန်ကဲမှုကို အထူး ကာကွယ်ပေးထားသည့် ဒီဇိုင်းကြောင့် စက်အပူချိန် တိုးလာချိန်တွင် အားသွင်းသည့် လျှပ်စီးအား လျော့ကျသွားနိုင်သည်။ ဤဖြစ်စဉ်တွင် သင့်စက်ကို အားသွင်းနိုင်မည် မဟုတ်ပါ သို့မဟုတ် အားသွင်းသည့် ပမာဏ လျော့ကျသွားပါမည်။

  • အားသွင်းနေစဉ် သင့်ဖုန်း/တက်ဘလက်ကို ပါဝါပိတ်ရန် အကြံပြုထားပါသည်။ ပါဝါ ပိတ်ထားချိန်တွင် ၎င်းကို ပုံမှန် အားသွင်းနိုင်ပါက သင့်စက်ကို ပြန်လည်စတင်ပါ သို့မဟုတ် နောက်ခံ အက်ပ်အားလုံးကို ပိတ်၍ ထပ်မံကြိုးစားပါ။ သင် မကြာခဏ အသုံးပြုလေ့မရှိသော ပါဝါ-သုံးလွန်းသည့် အက်ပ်များကို ဖျက်ပါ။
  • အပူချိန်မြင့်သည့် ပတ်ဝန်းကျင်တွင် သင့် ဖုန်း/တက်ဘလက်ကို အားသွင်းထားစဉ် ၎င်းကို အသုံးမပြုရန် အကြံပြုထားပါသည်။

ပြဿနာ ဆက်ရှိနေပါက

ပြဿနာ ဆက်ရှိနေပါက အကူအညီ ရယူရန် အရေးကြီးသော ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်ဖုန်း/တက်ဘလက်၊ အားသွင်း ကိရိယာ၊ ဒေတာကြိုးတို့နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင် ခွင့်ပြုချက်ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

နောက်ထပ် သိကောင်းစရာများ-

ကျွန်ုပ်၏ဖုန်းသည် အားအဝင် နှေးနေသည်

ကျွန်ုပ်၏ဖုန်း သို့မဟုတ် တက်ဘလက်ကို အားမသွင်းနိုင်ခြင်း

အားသွင်းမှုအခြေအနေ 80% သို့ရောက်သည့်အခါ ဖုန်း သို့မဟုတ် တက်ဘလက်က အားသွင်းမှု ရပ်တန့်သွားခြင်းနှင့် Smart Charge နှင့်ဆိုင်သော အခြားမေးလေ့ရှိသည့် မေးခွန်းများ

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်