ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်ရှိ ကတ်ထည့်အံခွက်ထဲသို့ SIM ကတ်ကို အံဝင်အောင် ထည့်၍မရခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်ရှိ ကတ်ထည့်အံခွက်ထဲသို့ SIM ကတ်ကို အံဝင်အောင် ထည့်၍မရခြင်း

micro-SIM ကို ကိုယ်တိုင်လှီးဖြတ်ထားသော nano-SIM ကတ်ကို သင်အသုံးပြုနေပါက ကတ်၏ အတိုင်းအတာများသည် ကတ်ထည့်အံခွက်နှင့် အံမဝင်ခြင်း ရှိနိုင်သည်။ ရလဒ်အနေဖြင့် သင်သည် SIM ကတ်ကို ကတ်ထည့်အံခွက်ထဲ ထည့်သွင်းမရပါ သို့မဟုတ် SIM ကတ်ကို ကတ်ထည့်အံခွက်ထဲသို့ ထည့်သွင်းရန် သို့မဟုတ် အံခွက်မှဖယ်ရှားရန် ခက်ခဲနိုင်သည်။

SIM ကတ်ကို မှန်ကန်သော လားရာအတိုင်း ထည့်ထားကြောင်း သေချာပါစေ။

SIM ကတ်ကို ထည့်နေစဉ် SIM ကတ်ရှိ အထစ်ကို ကတ်ထည့်အံခွက်ရှိ အထစ်နှင့် လားရာတူအောင် ထား၍ ထည့်ပါ။

  • ကိုယ်တိုင်လှီးဖြတ်ထားသော SIM ကတ်ကို သုံးနေပြီး ကတ်ကို မှန်ကန်သောလားရာအတိုင်း ထည့်သွင်းသော်လည်း-

ကတ်သည် ကတ်ထည့်အံခွက်နှင့် အံမဝင်လျှင်။

သင့် SIM ကတ်ကို ပုံမှန်ကတ်တစ်ခုနှင့် လဲလှယ်ရန် ဆက်သွယ်ရေး ကယ်ရီယာ၏ ဝန်ဆောင်မှုစင်တာသို့ သွားရောက်ပြီး ထပ်မံကြိုးစားပါ။

SIM ကတ်ကို ကတ်ထည့်အံခွက်ထဲမှ ဖယ်ရှား၍မရလျှင်။

1. သင့်ဒေတာကို ဘက်ခ်အပ်လုပ်ပြီး သင့်ဖုန်းနှင့် ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားကာ အကူအညီရယူပါ။

2. သင့် SIM ကတ်ကို ပုံမှန်ကတ်တစ်ခုနှင့် လဲလှယ်ရန် ဆက်သွယ်ရေး ကယ်ရီယာ၏ ဝန်ဆောင်မှုစင်တာသို့ သွားရောက်ပြီး ထပ်မံကြိုးစားပါ။

  • သင်သည် ပုံမှန် nano-SIM ကတ်ကို အသုံးပြုနေသော်လည်း-

ကတ်သည် ကတ်ထည့်အံခွက်နှင့် အံမဝင်လျှင်။

SIM ကတ်ကို ကတ်ထည့်အံခွက်ထဲသို့ လားရာအမှန်အတိုင်း ထည့်သွင်းထားခြင်းရှိ၊ မရှိ စစ်ဆေးပါ။ SIM ကတ်ရှိ အထစ်ကို ကတ်ထည့်အံခွက်ရှိ အထစ်နှင့် လားရာတူအောင် ထား၍ ထည့်ပါ။ SIM ကတ်ကို ထည့်သွင်း၍ မရပါက သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့် ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပြီး အကူအညီရယူရန် အကြံပြုသည်။

SIM ကတ်ထည့်အံခွက်ကို ဖယ်ရှား၍ မရလျှင်။

SIM ကတ်ထည့်အံခွက်ကို ထုတ်ရန် သင့်ဖုန်းနှင့်အတူ ပါလာသည့် ကတ်ထုတ်ပင်ကို ပင်ထည့်သည့်အပေါက်ထဲသို့ ထောင်လိုက် ထိုးထည့်ပါ။ SIM ကတ်ထည့်အံခွက်ကို ဖယ်ရှား၍ မရပါက သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့် ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပြီး အကူအညီရယူရန် အကြံပြုသည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်