နားကြပ်တစ်ခုမျှ တပ်မထားသော်လည်း နားကြပ် အိုင်ကွန်ကို ပြသနေခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
နားကြပ်တစ်ခုမျှ တပ်မထားသော်လည်း နားကြပ် အိုင်ကွန်ကို ပြသနေခြင်း

ပြဿနာ-

နားကြပ်တစ်ခုမျှ တပ်မထားသော်လည်း ဖုန်းသည် နားကြပ် အိုင်ကွန်ကို ပြသသည်။

အကြောင်းရင်း-

ဤပြဿနာသည် ဖုန်းတွင်း အရည်ဝင်ခြင်း၊ စိုစွတ်ခြင်း၊ ဖုန်ဝင်ခြင်း သို့မဟုတ် နားကြပ်နှင့် ကိုက်ညီမှု မရှိခြင်းကဲ့သို့ အခြား အကြောင်းအရာများကြောင့် ဖြစ်နိုင်သည်။

ဖြေရှင်းနည်း-

  1. နားကြပ် အိုင်ကွန်ကို မှန်ကန်စွာ ပြသခြင်း ရှိ၊ မရှိ စစ်ဆေးရန် နားကြပ်ကို တပ်ပြီး ပြန်ဖြုတ်ကြည့်ပါ။
  2. သင့်ဖုန်းကို ပြန်လည်စတင်ပြီး ထပ်မံကြိုးစားပါ။
  3. အထက်ပါ လုပ်ဆောင်ချက်များ အဆင်မပြေပါက-
    1. နားကြပ်ဂျက်ပင်၏ အလုပ်လုပ်နိုင်စွမ်းကို ထိခိုက်နိုင်သော အရည်၊ စိုစွတ်မှု သို့မဟုတ် အခြားအရာများ ရှိ၊ မရှိ စစ်ဆေးပါ။
    2. သင်သည် အားသွင်း ကိရိယာ သို့မဟုတ် နားကြပ် အဒက်(ပ်)တာကို အသုံးပြုနေပါက ၎င်းတို့သည် သင့်ဖုန်းနှင့်ကိုက်ညီမှု ရှိကြောင်း သေချာပါစေ။ ၎င်းတို့ကိုက်ညီမှု မရှိပါက နားကြပ် အိုင်ကွန်ကို မှားယွင်းစွာ ပြသခြင်း ဖြစ်စေနိုင်သည်။
  4. ပြဿနာ ဆက်ရှိနေသေးပါက အကူအညီ ရယူရန် သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။
အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်