ဖုန်းပြောစဉ် အသံတိုးသွားခြင်း၊ အသံမထွက်ခြင်း သို့မဟုတ် ဆူညံနေခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ဖုန်းပြောစဉ် အသံတိုးသွားခြင်း၊ အသံမထွက်ခြင်း သို့မဟုတ် ဆူညံနေခြင်း

အသံနှင့်ဆိုင်သော အစိတ်အပိုင်းများ၊ ကွန်ရက်လိုင်း အရည်အသွေးနှင့် အခြားအချက်များက ဖုန်းပြောစဉ် အသံအရည်အသွေးကို အဓိက ထိခိုက်ပါသည်။ ဖုန်းပြောစဉ် အသံက ပုံမှန်မဟုတ်လျှင် ပြစ်ချက်ရှာ ဖြေရှင်းရန် အောက်ပါတို့ကို လုပ်ဆောင်ပါ-

မိုက်ခရိုဖုန်း၊ စပီကာနှင့် ဖုန်းနားကြပ်ပိုင်း၏ အသံထွက်သည့် အပေါက်များတွင် ပြင်ပပစ္စည်းများဖြင့် ပိတ်ဆို့နေခြင်း ရှိ၊ မရှိ စစ်ဆေးပါ (သင့်ဖုန်းက ပြသချက်မှနေ၍ အသံကို တိုက်ရိုက်ထုတ်လွှင့်နေလျှင် ဤအဆင့်ကို ကျော်ပါ။)

ဖုန်းကာဗာအိမ် သို့မဟုတ် မှန်မကွဲက အသံထွက်သည့် အပေါက်များကို ပိတ်ဆို့နေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ အသံထွက်သည့် အပေါက်များက ညစ်ပတ်နေလျှင် သို့မဟုတ် ပိတ်ဆို့နေလျှင် အရက်ပျံစွတ်ထားသော စုတ်တံအနုဖြင့် ၎င်းတို့ကို သန့်ရှင်းပါ။

စက်၏ အသံထွက်သည့်နေရာက ပုံမှန် ဟုတ်၊ မဟုတ် စစ်ဆေးပါ

My HUAWEI အက်ပ် သို့မဟုတ် Support အက်ပ်ကို ဖွင့်ပြီး ဝန်ဆောင်မှုများ > စစ်ဆေးရန် > အခြား သို့သွားကာ အသံ ပြဿနာများကို စစ်ဆေးနိုင်မည့် ရွေးချယ်မှုကို ရှာဖွေပြီး ဝင်ရောက် သုံးစွဲပါ၊ ပြစ်ချက် ရှာဖွေ ဖြေရှင်းမှု > နောက်ထပ် > အခြား သို့ သွားပြီး အသံ ပြဿနာများကို စစ်ဆေးနိုင်မည့် ရွေးချယ်မှုကို ရှာဖွေပြီး ဝင်ရောက် သုံးစွဲပါ၊ ချို့ယွင်းချက် ရှာမည်-

  • ပြဿနာ တစ်စုံတစ်ရာ တွေ့ပါက သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင် ခွင့်ပြုချက်ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာ သို့ ယူသွားကာ အကူအညီ ရယူပါ။
  • အသံထွက်သည့်နေရာက ပုံမှန် ဖြစ်လျှင် နောက်တစ်ဆင့်ကို ဆက်သွားပါ။

ဖုန်းလိုင်းက ပုံမှန် ဟုတ်၊ မဟုတ် စစ်ဆေးပါ

လိုင်းက ပုံမှန်မဟုတ်လျှင် ဖုန်းပြောဆိုသည့် အရည်အသွေးကို ထိခိုက်ပါမည်။ ထိုသို့လိုင်းမကောင်းခြင်းဖြစ်လျှင် ဖုန်းတွင် လိုင်း မတည်ငြိမ်ပါကို ကိုးကားပါ။

ဖုန်းခေါ်ရန် (WeChat နှင့် QQ) ကဲ့သို့ ပြင်ပအဖွဲ့အစည်း အက်ပ်ကို အသုံးပြုလျှင် လိုင်းကောင်းစွာမိကြောင်း သေချာပါစေ။

VoLTE ကို ပိတ်ပါ သို့မဟုတ် ဖွင့်ပါ၊ ပြဿနာ ပြေလည်သွားခြင်း ရှိ၊ မရှိ စစ်ဆေးပါ

သင်ရှိနေသည့် နေရာသည် VoLTE ကွန်ရက်ဖြန့်ကျက်ထားသည့် နယ်ပယ်အတွင်း အပြည့်အဝ ရှိမနေပါက သို့မဟုတ် ကိုက်ညီမှု ပြဿနာများ ရှိနေပါက VoLTE ခေါ်ဆိုမှုများ၏ အရည်အသွေးကို ထိခိုက်နိုင်သည်။ VoLTE လုပ်ဆောင်ချက်ကို ဖွင့်၍ ဖြစ်စေ၊ ပိတ်၍ ဖြစ်စေ ဤပြဿနာကို ဖြေရှင်းနိုင်ပါသည်။ (VoLTE အတွက် ဖွင့်/ပိတ် ခလုတ်ကို ရှာမတွေ့လျှင် သင့်ဖုန်းတွင် VoLTE ကို ပုံသေ ပိတ်ထားသည်ဟု ဆိုလိုသည်။)

ဆက်တင်များအားလုံးကို ပြန်လည်သတ်မှတ်ပြီး ထပ်မံကြိုးစားပါ

နည်းလမ်းနှင့် ကြိုတင်ကာကွယ်ရမည့် အချက်အားလုံးအကြောင်း အသေးစိတ် သိရှိရန် ဆက်တင်များအားလုံးကို ပြန်လည်သတ်မှတ်ရန် ကို ကိုးကားပါ။

ပြဿနာ ဆက်ရှိနေပါက

ပြဿနာဆက်ရှိနေသေးပါက အကူအညီ ရယူရန်အတွက် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်