နားကြပ်တွင် အသံမလာခြင်း သို့မဟုတ် အသံအရည်အသွေး ညံ့ခြင်း
သက်ဆိုင်သော ကုန်ပစ္စည်းများ:
Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
နားကြပ်တွင် အသံမလာခြင်း သို့မဟုတ် အသံအရည်အသွေး ညံ့ခြင်း |
ဖုန်းခေါ်ဆိုမှုအတွင်း သို့မဟုတ် သီချင်းနားထောင်ချိန် သို့မဟုတ် ဗီဒီယိုကြည့်ချိန်တွင် သင့်နားကြပ်မှ အသံမထွက်ပါက
- ချို့ယွင်းချက်သည် အသံရင်းမြစ်တွင် ဖြစ်ပေါ်နေခြင်း ဟုတ်မဟုတ် စစ်ဆေးရန်အတွက် အခြားအသံရင်းမြစ်သို့ ကူးပြောင်းပါ။
- သင်သည် Huawei နှင့် ကိုက်ညီမှု ရှိသော နားကြပ်ကို အသုံးပြုနေကြောင်း အတည်ပြုပါ၊ မတူညီသော နားကြပ်များကြောင့် ကိုက်ညီမှုပြဿနာများ ဖြစ်ပွားနိုင်၍ ဖြစ်သည်။ ဥပမာ Huawei စက်တစ်ခုကို Apple နားကြပ်ဖြင့် အသုံးပြု၍ ရမည်မဟုတ်ပါ။
- နားကြပ်ကို အပြည့်အဝ ပလတ်ထိုးထားခြင်းရှိမရှိ၊ နားကြပ်ခေါင်းကို အပြည့်အဝထည့်သွင်း၍ မရနိုင်အောင် ဖုန်းကာဗာက တားဆီးထားခြင်းရှိမရှိ စစ်ဆေးပါ။
ဖုန်းခေါ်ဆိုမှုအတွင်း သို့မဟုတ် သီချင်းနားထောင်ချိန် သို့မဟုတ် ဗီဒီယိုကြည့်ချိန်တွင် သင့်နားကြပ်သည် အရည်အသွေးညံ့သော အသံ ထုတ်ပေးပါက
- ချို့ယွင်းချက်သည် အသံရင်းမြစ်တွင် ဖြစ်ပေါ်နေခြင်း ဟုတ်မဟုတ် စစ်ဆေးရန်အတွက် အခြားအသံရင်းမြစ်သို့ ကူးပြောင်းပါ။
- အကယ်၍ အသံအရည်အသွေးသည် သင့်ကို အဆင်မပြေဖြစ်စေပါက အသံအတိုးအကျယ်ကို 1 ဘား 2 ဘား လျှော့ချပါ။
- သင်သည် လိုင်းအားနည်းသော သို့မဟုတ် အနှောင့်အယှက်များသော နေရာတွင် ရှိနေပါက ဖုန်းခေါ်ဆိုမှုအတွင်း အသံ ပြတ်တောင်းပြတ်တောင်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက လိုင်းကောင်းသော သို့မဟုတ် အနှောင့်အယှက်နည်းသော နေရာသို့ ရွှေ့ပါ။
- သင်သည် Huawei မဟုတ်သော နားကြပ်ကို အသုံးပြုနေပါက သင့်ဖုန်းနှင့် နားကြပ်အကြား ထိတွေ့မှုနည်းသောကြောင့် ဆူညံသံ ကြားနိုင်သည်။ ထိုသို့ဖြစ်ပါက စံသတ်မှတ်ထားသော Huawei နားကြပ်ကို အစားထိုး သုံးစွဲပါ။
- သင်သည် နားကြပ် အဒက်(ပ်)တာ တစ်ခုကို အသုံးပြုနေပါက ၎င်းသည် ဖုန်းနှင့် ကိုက်ညီမှု ရှိကြောင်း သေချာပါစေ၊ မကိုက်ညီပါက အသံအရည်အသွေး ညံ့ခြင်း ဖြစ်ပေါ်နိုင်သည်။ ၎င်းအစား စံသတ်မှတ်ထားသော Huawei နားကြပ်ကို အသုံးပြုရန် အကြံပြုပါသည်။
- မတူညီသော နားကြပ်ကို အသုံးပြုပြီး အသံပြဿနာ ဆက်လက်ဖြစ်ပေါ်နေခြင်းရှိမရှိ စစ်ဆေးပါ။ အကယ်၍ အခြားနားကြပ်သို့ ပလတ်ထိုးချိန်တွင် ပြဿနာ မဖြစ်ပေါ်တော့ပါက သင့်နားကြပ်တွင် ချို့ယွင်းချက်ရှိသည့် လက္ခဏာဖြစ်သည်။ ၎င်းအစား အခြားနားကြပ်တစ်ခုကို သုံးစွဲပါ။
- ပြန်ဖွင့်မှုအတွင်း နားကြပ်ခေါင်းကို လှည့်ပါက ဆူညံသံ ကြားနိုင်သည်။ ကောင်းမွန်သော ချိတ်ဆက်မှုကို ထိန်းသိမ်းရန် နားကြပ်ခေါင်း လှည့်ခြင်းကို ရှောင်ရှားပါ။
ပြဿနာဆက်ရှိနေသေးပါက သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင် ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပြီး အကူအညီ ရယူပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်