4G အိုင်ကွန်ကို အရန်သင့်စနစ်တွင် ပြသသော်လည်း ဖုန်းခေါ်ဆိုမှုများအတွင်း 2G သို့မဟုတ် 3G အိုင်ကွန်သို့ ပြောင်းသွားသည်

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
4G အိုင်ကွန်ကို အရန်သင့်စနစ်တွင် ပြသသော်လည်း ဖုန်းခေါ်ဆိုမှုများအတွင်း 2G သို့မဟုတ် 3G အိုင်ကွန်သို့ ပြောင်းသွားသည်

ပြဿနာ-

ဖုန်းသည် အရန်သင့်စနစ်တွင် ရှိနေစဉ် 4G အိုင်ကွန်ကို အခြေအနေပြဘားတွင် ပြသသော်လည်း ဖုန်းခေါ်ဆိုမှုများအတွင်း 2G သို့မဟုတ် 3G အိုင်ကွန်သို့ ပြောင်းသွားသည်။

အ‌ကြောင်းရင်း-

VoLTE လုပ်ဆောင်ချက်ကို ပိတ်ထားသောကြောင့် 4G ကွန်ရက်သည် ဖုန်းခေါ်ဆိုမှုများကို ပံ့ပိုးမပေးသဖြင့် ဖုန်းသည် ဖုန်းခေါ်ဆိုမှုအတွင်း 2G/3G ကွန်ရက်သို့ အလိုအလျောက်ပြောင်းသွားပြီး ဖုန်းခေါ်ဆိုမှုပြီးဆုံးချိန်တွင် 4G ကွန်ရက်သို့ ပြန်ပြောင်းသွားသည်။

ဖြေရှင်းနည်း-

4G ကွန်ရက်ကို အသုံးပြုနေစဉ် ဖုန်းခေါ်ဆိုလိုပါက VoLTE ကို ဖွင့်ရန် အောက်ပါတို့ကို လုပ်ဆောင်ပါ-

  1. သင့် ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပြီး VoLTE ကွန်ရက်ကို ရရှိနိုင်ခြင်း ရှိမရှိနှင့် သင့် SIM ကတ်အတွက် VoLTE ဝန်ဆောင်မှုများကို သက်ဝင်လုပ်ဆောင်ထားခြင်း ရှိမရှိ မေးမြန်းပါ။
  2. ရှော့(တ်)ကတ် မီနျူးကို ပြသရန် မျက်နှာပြင်၏ အပေါ်မှ အောက်သို့ပွတ်ဆွဲပါ၊ ဆက်တင်မီနျူးကို ဝင်ရောက် သုံးစွဲရန် မိုဘိုင်း ဒေတာ အိုင်ကွန်ကို ဖိ၍ နှိပ်ထားပါ၊ ထို့နောက် VoLTE HD ခေါ်ဆိုမှုများ ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ပါ။ ဖုန်းစနစ်အချို့တွင် VoLTE ကို ပုံသေပုံစံဖြင့် ဖွင့်ထားပြီး အဆိုပါ ဖွင့်/ပိတ် ခလုတ် မရှိပါ။

    VoLTE ကို ဖွင့်ပြီးနောက် SIM ကတ်၏ လိုင်းဘားများဘေးတွင် HD အိုင်ကွန် ကို ပြသသည်။

  3. အထက်ပါနည်းလမ်းများဖြင့် VoLTE ကို ဖွင့်၍မရပါက သင့်ဖုန်းသည် သက်ဆိုင်ရာ ဆက်သွယ်ရေး ကယ်ရီယာ၏ VoLTE လုပ်ဆောင်ချက်ကို ပံ့ပိုးမပေးခြင်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက အကူအညီရယူရန် Huawei သုံးစွဲသူ ဝန်ဆောင်မှုဌာန ဟော့လိုင်းသို့ ခေါ်ဆိုပါ။
အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်