ကျွန်ုပ် HUAWEI ဖုန်း/တက်ဘလက်တွင် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်၍ မရနိုင်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ် HUAWEI ဖုန်း/တက်ဘလက်တွင် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်၍ မရနိုင်ခြင်း

သင့်ဖုန်းတွင် ပုံမှန် SIM ကတ်လိုင်းကို ပြသသော်လည်း ဖုန်းခေါ်ဆိုမှုများ ပြုလုပ်၍ မရပါက အောက်ပါအဆင့်များကို လုပ်ဆောင်ပါ-

သင့်ဖုန်းနံပါတ်ကို တစ်ဖက်လူက တားမြစ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ

သင်ဖုန်းသည် သတ်မှတ်နံပါတ်တစ်ခုကို ခေါ်ဆို၍မရဘဲ လိုင်းမအားသေးသည့် အသံကို ကြားရပါက တစ်ဖက်လူက သင့်နံပါတ်ကို တားမြစ်ထားသောကြောင့် ဖြစ်နိုင်သည်။ တစ်ဖက်လူကို အခြားနည်းလမ်းဖြင့် ဆက်သွယ်ရန် အကြံပြုပါသည်။ ၎င်းက သင့်နံပါတ်ကို တားမြစ်မှုမှ ဖယ်ပေးလိုက်သည်နှင့် သင်သည် ၎င်းကို ဖုန်းခေါ်နိုင်ပြီး ချိတ်ဆက်နိုင်ပါမည်။

ခေါ်ဆိုမှု တားမြစ်ခြင်း ဝန်ဆောင်မှုကို ဖွင့်ထားခြင်းရှိ၊ မရှိ စစ်ဆေးပါ

ဆက်သွယ်ရေး ကယ်ရီယာ အချို့၏ SIM ကတ်များသည် ခေါ်ဆိုမှု တားမြစ်ပေးသည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည်။ ဤဝန်ဆောင်မှုကို ဖွင့်ထားပါက အထွက် ခေါ်ဆိုမှု အချို့ သို့မဟုတ် အားလုံးကို တားမြစ်ထားပါမည်။ အသေးစိတ် သိရှိရန် သင့်ဆက်သွယ်ရေး ကယ်ရီယာ၏ သုံးစွဲသူ ဝန်ဆောင်မှုအဖွဲ့ကို ဆက်သွယ်ပါ။

VoLTE ဝန်ဆောင်မှုတွင် စာရင်းသွင်းပါ

  • သင်သည် 2G/3G ကွန်ရက် ချိတ်ဆက်မှု လိုင်းမကောင်းသည့် ပတ်ဝန်းကျင်တွင် ရှိနေခြင်း ဖြစ်နိုင်သည်။ VoLTE ဝန်ဆောင်မှုတွင် စာရင်းသွင်း၍ ထပ်မံ ကြိုးစားရန် အကြံပြုပါသည်။
  • သင်သည် VoLTE ဝန်ဆောင်မှုတွင် စာရင်းမသွင်းထားပါက သို့မဟုတ် သင့်ဖုန်း/တက်ဘလက်တွင် သင့်ဆက်သွယ်ရေး ကယ်ရီယာက ပံ့ပိုးထားသော VoLTE ဝန်ဆောင်မှုကို သုံး၍မရပါက သင် ဖုန်းခေါ်ရန် ကြိုးစားချိန်တွင် အခြေအနေပြဘား၌ 2G သို့မဟုတ် 3G အိုင်ကွန်များကို ပြသထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ ပြသမထားပါက ထိုနေရာတွင် 2G သို့မဟုတ် 3G ကွန်ရက်ကို သုံးမရခြင်း ဖြစ်နိုင်သည်။ အခြားနေရာသို့ ရွှေ့ပြီး ထပ်မံကြိုးစားရန် သင့်ကို အကြံပြုပါသည်။

ဒေသတွင်း ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပါ

အခြားဖုန်းတွင် ဆက်သွယ်ရေး ကယ်ရီယာ တစ်ခုတည်းမှ SIM ကတ်သုံး၍ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ကြည့်ရန် အကြံပြုပါသည်။ ဤပြဿနာသည် ထိုဖုန်းတွင်လည်း ဖြစ်ပွားပါက ဒေသတွင်း ဆက်သွယ်ရေး ကယ်ရီယာ၏ကွန်ရက် ချွတ်ယွင်းခြင်းဖြစ်နိုင်သည်။ ဤဖြစ်စဉ်တွင် ဒေသတွင်း ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပါ။

သင့်ကွန်ရက် ဆက်တင်များကို ပြန်လည်သတ်မှတ်ပါ

ဆက်တင်များကို ဖွင့်ပြီး ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန်ကို ရှာဖွေ၍ ဝင်ရောက် သုံးစွဲကာ ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန်ကို နှိပ်ပါ။

မှတ်ချက်- ဤသို့လုပ်ဆောင်ခြင်းသည် သင့် Wi-Fi နှင့် ဘလူးတုသ် ချိတ်ဆက်မှု မှတ်တမ်းအားလုံးကို ဖျက်ပစ်လိုက်ပါမည်။ ဤသို့လုပ်ဆောင်ချိန်တွင် အတည်ပြုမှုအတွက် လော့ခ်မျက်နှာပြင် စကားဝှက်ကို လိုအပ်သည်။

ပြဿနာ မပြေလည်သေးပါက

ပြဿနာ မပြေလည်သေးပါက အကူအညီ ရယူရန်အတွက် Huawei သုံးစွဲသူ ဝန်ဆောင်မှုဌာန ဟော့လိုင်းကို ဆက်သွယ်ပါ သို့မဟုတ် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်