HUAWEIAppGallery မှ ဒေါင်းလုဒ်လုပ်ထားသော အက်ပ်ကို ကျွန်ုပ်ဖွင့်သည့်အခါ ၎င်းက ဗားရှင်းအသစ်ကို အပ်ဒိတ်ရရှိနိုင်ကြောင်း ကျွန်ုပ်ကို အဘယ်ကြောင့် အသိပေးရသနည်း။

သက်ဆိုင်သော ကုန်ပစ္စည်းများ: Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
HUAWEIAppGallery မှ ဒေါင်းလုဒ်လုပ်ထားသော အက်ပ်ကို ကျွန်ုပ်ဖွင့်သည့်အခါ ၎င်းက ဗားရှင်းအသစ်ကို အပ်ဒိတ်ရရှိနိုင်ကြောင်း ကျွန်ုပ်ကို အဘယ်ကြောင့် အသိပေးရသနည်း။

ပြဿနာ

သုံးစွဲသူက HUAWEIAppGallery မှ ဒေါင်းလုဒ်လုပ်ထားသော အက်ပ်ကို ဖွင့်သည့်အခါ ထိုအက်ပ်က အပ်ဒိတ်လုပ်ရန် ဗားရှင်းအသစ်ရှိကြောင်း အသိပေးသော်လည်း AppGallery > ကျွနု်ပ် > အပ်ဒိတ်များ ထဲတွင် ဗားရှင်းအသစ် ရရှိနိုင်ကြောင်း ညွှန်ပြသည့် မက်ဆေ့ချ်ကို မပြသပါ။

အကြောင်းရင်း

  1. အက်ပ် ဆော့ဖ်ဝဲရေးသားသူများသည် HUAWEIAppGallery တွင် ဗားရှင်းအသစ်ကို တင်မထားခြင်း ဖြစ်နိုင်သည် သို့မဟုတ် HUAWEIAppGallery သည် ဆော့ဖ်ဝဲရေးသားသူများ တင်ထားသော ဗားရှင်းအသစ်က လုံခြုံမှုရှိကြောင်း၊ စည်းမျဉ်းများနှင့်ညီကြောင်း၊ ၎င်းကို ပုံမှန်အတိုင်းအသုံးပြုနိုင်ကြောင်း သေချာစေရန် ပြန်လည်သုံးသပ်နေခြင်း ဖြစ်နိုင်သည်။
  2. အက်ပ် ဆော့ဖ်ဝဲရေးသားသူများသည် သတ်မှတ်ထားသော သုံးစွဲသူအချို့ထံသာ ဗားရှင်းအသစ်ကို ပေးပို့သည့် ဗားရှင်းအကူးအပြောင်း စမ်းသပ်ဖြန့်ချိမှု အသေးစားကို ပြုလုပ်နေခြင်း ဖြစ်နိုင်သည်။

ဖြေရှင်းနည်း

1. HUAWEIAppGallery တွင် အက်ပ် ဆော့ဖ်ဝဲရေးသားသူများ ဗားရှင်းအသစ် တင်သည်ကို စောင့်ပါ သို့မဟုတ် HUAWEIAppGallery မှ အတည်ပြု လုပ်ငန်းစဉ် ပြီးဆုံးသည်ကို စောင့်ပါ။ ၎င်းကို အတည်ပြုပြီးနောက် HUAWEIAppGallery သည် အပ်ဒိတ်သတိပေးမှုတစ်ခုကို ပြသပါမည်။ လိုအပ်ပါက သင်သည် အက်ပ်ထဲတွင်လည်း အပ်ဒိတ်လုပ်နိုင်ပါသည်။

2. ဗားရှင်းအသစ်ကို တရားဝင်ဖြန့်ချိထားခြင်းရှိ၊ မရှိကြည့်ရန် အက်ပ်၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် စစ်ဆေးပါ။ ဗားရှင်းအကူးအပြောင်း စမ်းသပ်ဖြန့်ချိမှုတွင် သင်ပါဝင်လိုပါက အက်ပ်၏ သုံးစွဲသူ ဝန်ဆောင်မှုကို ဆက်သွယ်ပါ။

အက်ပ်တစ်ခုကိုဖွင့်ပြီး အက်ပ်က ဗားရှင်းအသစ်တစ်ခု ရရှိနိုင်ကြောင်း အသိပေးသော်လည်း သင့်အနေဖြင့် အပ်ဒိတ်ကို မလုပ်ဆောင်နိုင်ပါက သို့မဟုတ် အပ်ဒိတ်လုပ်ခြင်း မအောင်မြင်ပါက အကူအညီရယူရန် သင့်ဒေသရှိ Huawei သုံးစွဲသူ ဝန်ဆောင်မှုကို ဆက်သွယ်ကာ အက်ပ်၏ အမည်နှင့် နောက်ဆုံးထွက် ဗားရှင်းနံပါတ်ကို ပေးပါ။ ဗားရှင်းအသစ်ကို တွေ့ပါက ကျွန်ုပ်တို့သည် အက်ပ် ဆော့ဖ်ဝဲရေးသားသူများကို ဆက်သွယ်၍ နောက်ဆုံးဗားရှင်းကို အမြန်ဆုံးဖြန့်ချိပေးရန် တောင်းဆိုပါမည်။ ၎င်းကို ဖြန့်ချိပြီးသည်နှင့် အက်ပ်ကို HUAWEIAppGallery ထဲတွင် သင် အပ်ဒိတ်လုပ်နိုင်ပါသည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်