မိုးလေဝသ အချက်အလက်ကို ကျွန်ုပ်၏ HUAWEI ဖုန်းရှိ ပြက္ခဒိန် ပွဲစဉ်ဖြစ်ရပ်များတွင် မပြသခြင်း
သက်ဆိုင်သော ကုန်ပစ္စည်းများ:
Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
| မိုးလေဝသ အချက်အလက်ကို ကျွန်ုပ်၏ HUAWEI ဖုန်းရှိ ပြက္ခဒိန် ပွဲစဉ်ဖြစ်ရပ်များတွင် မပြသခြင်း |
ပြဿနာ-
မိုးလေဝသ အချက်အလက်ကို သုံးစွဲသူ၏ HUAWEI ဖုန်းရှိ ပြက္ခဒိန် ပွဲစဉ်ဖြစ်ရပ်များတွင် မပြသပါ။
ဖြေရှင်းချက်-
HUAWEI ဖုန်းများသည် မိုးလေဝသ အချက်အလက်ကို ပြက္ခဒိန် မြင်ကွင်းတွင် မပြသနိုင်သော်လည်း ပြက္ခဒိန် ပွဲစဉ်ဖြစ်ရပ်များတွင်မူ ၎င်းကို ပြသနိုင်ပါသည်။ ထိုသို့ပြသစေရန်အတွက် အောက်ပါလုပ်ဆောင်ချက်များကို ပြုလုပ်ပါ-
- ပြက္ခဒိန် မျက်နှာပြင်တွင် အပေါ်လက်ယာဘက်ထောင့်ရှိ
ကို နှိပ်ပါ၊ ဆက်တင်ကို နှိပ်၍ မိုးလေဝသ ခန့်မှန်းချက်များကို ဖွင့်ပါ။ ယနေ့အတွက် မိုးလေဝသ အချက်အလက်ကို ကြည့်ရှုရန် ပြက္ခဒိန် မြင်ကွင်းရှိ ပွဲစဉ်ဖြစ်ရပ်တစ်ခု သို့မဟုတ် ပြက္ခဒိန် ပွဲစဉ်ဖြစ်ရပ်ကို နှိပ်ပါ။
- လာမည့်ငါးရက်အတွင်းရှိ မိုးလေဝသ အချက်အလက်ကိုသာ ပွဲစဉ်ဖြစ်ရပ်တွင် ပြသပါမည်။
- တည်နေရာ အချက်အလက်ကို ပွဲစဉ်ဖြစ်ရပ်တစ်ခုတွင် ထည့်ထားပါက ထိုတည်နေရာရှိ မိုးလေဝသ အချက်အလက်ကို ပြသပါမည်။ ၎င်းကို ထည့်မထားပါက သင့်လက်ရှိ တည်နေရာရှိ မိုးလေဝသ အချက်အလက်ကို ပြသပါမည်။
- ပြဿနာ ဆက်ရှိနေပါက သို့မဟုတ် အခက်အခဲတစ်ခုခု သင်တွေ့ကြုံနေရပါက အကူအညီရယူရန် Huawei သုံးစွဲသူ ဝန်ဆောင်မှုဌာန ဟော့လိုင်းကို ဆက်သွယ်ပါ သို့မဟုတ် ခွင့်ပြုချက်ရရှိထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ သွားပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်