သင့် HUAWEI ID အကောင့်နှင့် ချိတ်ဆက်ထားသည့် သင်၏ ဒေတာမိတ္တူကို ရယူပါ
သင်၏ ကိုယ်ရေး ဒေတာကို စီမံခန့်ခွဲရာတွင် သင့်ကို ကူညီရန် HUAWEI ID ကိုယ်ရေးအချက်အလက် စင်တာမှ သင့် HUAWEI ID အကောင့်နှင့် ချိတ်ဆက်ထားသည့် သင်၏ ဒေတာမိတ္တူတစ်စောင်ကို ရယူနိုင်သည်*။
ဤစာရွက်စာတမ်းတွင် သင့်ဒေတာ၏ မိတ္တူကို မည်သို့တောင်းဆိုရမည်ကို ဖော်ပြထားပြီး မေးလေ့ရှိသည့် မေးခွန်းများ (FAQ များ) အတွက် အဖြေများကို ဖော်ပြပေးထားပါသည်။
* ဤလုပ်ဆောင်ချက်ကို သုံးစွဲခွင့်သည် နိုင်ငံ သို့မဟုတ် ဒေသကိုလိုက်၍ ကွဲပြားပါသည်။
သင့် HUAWEI ID နှင့် ဆက်စပ်သော ဒေတာများအကြောင်း
သင့်ဒေတာမိတ္တူတွင် အောက်ပါတို့ အပါအဝင် သင်၏ HUAWEI ID အကောင့်နှင့် ချိတ်ဆက်ထားသည့် ကိုယ်ရေး ဒေတာများ ပါဝင်ပါသည်-
l သင်၏ HUAWEI ID အကောင့် အသေးစိတ်နှင့် ဝင်ရောက်မှု မှတ်တမ်းများ
l Huawei Cloud၊ HUAWEI video၊ AppGallery တို့၏ အက်ပ်သုံးစွဲမှုနှင့် အခြား Huawei ဝန်ဆောင်မှုများအား သုံးစွဲမှု
l Huawei Cloud၊ HUAWEI video နှင့် AppGallery တို့တွင် ဝယ်ယူမှု သို့မဟုတ် ဒေါင်းလုဒ်လုပ်မှု မှတ်တမ်းအပြင် ဤဝန်ဆောင်မှုများ သို့မဟုတ် ထုတ်ကုန်များတွင် အကြောင်းအရာများကို သင် လေ့လာကြည့်ရှုထားမှု မှတ်တမ်း
Huawei Cloud တွင် သိမ်းဆည်းထားသည့် ဒေတာများကို cloud.huawei.com မှ သင်ကိုယ်တိုင် ဒေါင်းလုဒ်လုပ်ရန်လိုသည်။ ထိုကဲ့သို့ ဒေတာများတွင် သင်၏ အဆက်အသွယ်များ၊ ပြက္ခဒိန်၊ မှတ်စုများ၊ စာမှတ်များ၊ သတိပေးမှုများ၊ အီးမေးလ်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စာရွက်စာတမ်းများ ပါဝင်နိုင်သည်။ လုပ်ဆောင်ချက် ရရှိနိုင်မှုသည် နိုင်ငံ သို့မဟုတ် ဒေသကိုလိုက်၍ ကွဲပြားပါသည်။
သင်၏ ဒေတာမိတ္တူကို ရရှိရန် တောင်းဆိုချက်တစ်ခု စတင်လုပ်ဆောင်ပုံ
သင့် HUAWEI ID သို့ ဝင်ရောက်ပြီးနောက် ကိုယ်ရေးအချက်အလက် စင်တာ > သင့်ဒေတာများအား တောင်းဆိုမှုကို နှိပ်ပါ။
သင့်ဒေတာမိတ္တူကို တောင်းဆိုသည့်အခါ ကျွန်ုပ်တို့သည် သင့်အထောက်အထားကို အရင်ဆုံး မှန်ကန်ကြောင်းစစ်ဆေးပါမည်။ အတည်ပြုပြီးနောက် သင်တောင်းဆိုထားသည့် ဒေတာများကို ကျွန်ုပ်တို့ ပြင်ဆင်ပေးပါမည်။ ဒေတာ အဆင်သင့်ဖြစ်သောအခါ သင်သည် ၎င်းကို သင့်စက်ထဲသို့ ဒေါင်းလုဒ်လုပ်နိုင်ပါသည်။ ဒေတာကို 21 ရက်အတွင်း ဒေါင်းလုဒ်လုပ်နိုင်ပါမည်။ သက်တမ်းကုန်ဆုံးသွားပြီးမှ ဒေတာကို ဒေါင်းလုဒ်လုပ်ရန် လိုပါက တောင်းဆိုချက်အသစ်ကို ပေးပို့ရန်လိုပါသည်။
မိဘ သို့မဟုတ် အုပ်ထိန်းသူက ကလေး၏ HUAWEI ID အကောင့်ကို ဖျက်ရန် ခွင့်ပြုလိုက်ပါက အကောင့်ဖျက်လိုက်စေကာမူ မပြီးပြတ်သေးသည့် ဒေတာတောင်းဆိုချက်နှင့် စပ်လျဉ်းသည့် ပြင်ဆင်ထားသော ကလေး၏ ဒေတာမိတ္တူများကို HUAWEI ဆာဗာများတွင် 21 ရက်ကြာ သိမ်းဆည်းထားပါမည်။ 21 ရက်ကြာပြီးနောက် ဒေတာများကို အပြီးတိုင် ဖျက်ပစ်ပါမည်။
မေးလေ့ရှိသည့် မေးခွန်းများ
ကျွန်ုပ်၏ ဒေတာ အမျိုးအစားများက ဘာလဲ။
ကျွန်ုပ်တို့သည် သင့်ဒေတာကို ၎င်း၏ မူရင်းအမျိုးအစားအတိုင်း သို့မဟုတ် အလွယ်တကူ ဖွင့်ပြီး ဖတ်နိုင်သော လုပ်ငန်းစံနှုန်း အမျိုးအစားအတိုင်း ပံ့ပိုးပေးပါသည်။ ဥပမာ-
l သင့်ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စာရွက်စာတမ်းများကို ၎င်းတို့၏ မူရင်းအမျိုးအစားများအတိုင်း ပံ့ပိုးပေးပါသည်။
l အဆက်အသွယ်၊ ပြက္ခဒိန်များနှင့် စာမှတ်များကို .vcf၊ .ics၊ .html သို့မဟုတ် အခြားသက်ဆိုင်ရာ အမျိုးအစားများဖြင့် ပံ့ပိုးပေးပါသည်။
l အက်ပ်သုံးစွဲမှု အချက်အလက်ကို စာရင်းဖိုင် သို့မဟုတ် ဖိုင် (ဥပမာ- .json၊ .csv သို့မဟုတ် .pdf အမျိုးအစား) ပုံစံဖြင့် ပံ့ပိုးပေးပါသည်။
ကျွန်ုပ်၏ ဒေတာကို ဒေါင်းလုဒ်လုပ်ပုံနှင့် ကြည့်ရှုပုံ
သင့်ဒေတာများကို သင့်စက်ထဲသို့ ဒေါင်းလုဒ်လုပ်ပြီး (Windows ရှိ မှတ်စုစာအုပ်ကဲ့သို့) ပုံသေအက်ပ်တစ်ခုကိုသုံး၍ ဖိုင်များကို ကြည့်နိုင်ပါသည်။
စာရင်းဖိုင်အက်ပ် အချို့သည် (မိုဘိုင်းနံပါတ်များကဲ့သို့) ဂဏန်းကြီး အချို့ကို အလိုအလျောက် အနီးစပ်ဆုံး တန်ဖိုးယူလိုက်ပြီး ၎င်းတို့ကို မမှန်မကန် ပြသနိုင်သည်။ သင်သည် ဒေတာများကို စာရင်းဖိုင်ဖြင့် ကြည့်ရန် ရွေးချယ်ပါက Excel ဖိုင်ကို အသုံးပြုရန် အကြံပြုပါသည်။
ကျွန်ုပ်၏ ဒေတာများကို အခြားဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီများထံ လွှဲပြောင်းပေးနိုင်သလား။
လွှဲပြောင်းပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် သင်၏ ဒေတာများကို အခြားဝန်ဆောင်မှုများထဲသို့ ထည့်သွင်းနိုင်သည့် လုပ်ငန်းစံနှုန်း အမျိုးအစားများဖြင့် ပံ့ပိုးပေးပါသည်။ ဒေတာကို သင် လက်ခံရရှိသောအခါ ၎င်းကို သင် အလိုရှိသည့် ဝန်ဆောင်မှု သို့မဟုတ် အမျိုးအစားသို့ အပ်လုဒ်လုပ်နိုင် သို့မဟုတ် လွှဲပြောင်းနိုင်ပါသည်။
ကျွန်ုပ်၏ ငွေပေးချေမှု ဒေတာ၊ စက် အမှတ်သင်္ကေတနှင့် အီးမေးလ်လိပ်စာ တစ်စိတ်တစ်ပိုင်းကို ဘာကြောင့် ဝှက်ထားသလဲ။
သင့်ကိုယ်ရေး အချက်အလက်များ ဘေးကင်းစေရန်နှင့် ခိုးယူခံရခြင်း သို့မဟုတ် လိမ်လည်ခံရခြင်း မဖြစ်ပွားအောင် ကာကွယ်ပေးရန် သင်၏ စက်အမှတ်သင်္ကေတနှင့် အီးမေးလ်လိပ်စာ အပါအဝင် သင်ထံ ပံ့ပိုးပေးသည့် အချက်အလက် တစ်စိတ်တစ်ပိုင်းကို ဝှက်ထားပါသည်။ အဆိုပါ အချက်အလက်များကို သင် လိုအပ်ပါက သင့် HUAWEI ID သို့ ဝင်ရောက်ပါ။
ကျွန်ုပ် လက်ခံရရှိသော မိတ္တူတွင် ကျွန်ုပ် ဝယ်ယူထားသည့် အက်ပ်များ၊ ဗီဒီယိုများ သို့မဟုတ် ပုံစံများ မပါဝင်ပါ။
Huawei က ပံ့ပိုးပေးသည့် ဒေတာများတွင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများမှ သင် ဝယ်ယူထားသည့် သို့မဟုတ် ဒေါင်းလုဒ်လုပ်ထားသည့် ထုတ်ကုန်အားလုံး၏ စာရင်းတစ်ခု ပါဝင်ပါသည်။ သင် ဝယ်ယူထားသည့် အမှန်တကယ် အကြောင်းအရာများ (ဥပမာ- အက်ပ်များ၊ ဗီဒီယိုများ စသည်) မပါဝင်ပါ။
Huawei က ကျွန်ုပ်၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို ဘာကြောင့် သိမ်းဆည်းထားသလဲ။
စက်များစွာတွင် သင့် HUAWEI ID ဖြင့် Cloud ထဲ ဝင်ရောက်သောအခါ ဖုန်းပြန်ခေါ်ဆိုရန်အတွက် မည်သည့်စက်ကိုမဆို အသုံးပြုနိုင်စေရန် သင်၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို သိမ်းဆည်း၍ ချိန်ကိုက်ပါမည်။ Huawei သည် အဆိုပါ အချက်အလက်များကို အခြားရည်ရွယ်ချက်များအတွက် ဝင်ရောက် သုံးစွဲမည် သို့မဟုတ် အသုံးပြုမည် မဟုတ်ပါ။ ဤလုပ်ဆောင်ချက်ကို ပိတ်ရန် Huawei Cloud ဆက်တင်များတွင် အော်တို အပ်လုဒ်လုပ်ခြင်းကို ပိတ်နိုင်ပါသည်။
တောင်းဆိုထားသည့် ဒေတာမိတ္တူထဲတွင် ကျွန်ုပ်၏ ဆက်သွယ်ပြောဆိုမှုများနှင့် ပတ်သက်သည့် ဒေတာများကို ရှာမတွေ့ပါ
သင်၏ မက်ဆေ့ချ်များနှင့် အခြား ဆက်သွယ်ပြောဆိုမှု ဒေတာများကို သင့်စက်ထဲတွင် ကုဒ်ပြောင်းဝှက်ထားပါသည်။ သင့်စက်၏ စကားဝှက်မရှိဘဲ မည်သူကမျှ ထိုအချက်အလက်များကို ဝင်ရောက် မသုံးစွဲနိုင်ပါ။
ကျွန်ုပ်၏ HUAWEI ID အကောင့်နှင့် ပတ်သက်သည့် ဒေတာများကို အမှားပြင်နိုင်သလား။
ပြင်နိုင်ပါသည် သင့်အကောင့် အချက်အလက် မှားယွင်းနေသည်ဟု ယူဆပါက သင့်ကိုယ်ရေး ဒေတာကို တည်းဖြတ်ရန် သင့် HUAWEI ID ထဲ ဝင်ရောက်နိုင်ပါသည်။
ပေးပို့လိုက်သည့် တောင်းဆိုချက်တွင် အခြားဒေတာများကို ထပ်ထည့်နိုင်သလား။
ထည့်နိုင်ပါသည်၊ သင်သည် ရနိုင်သော ဒေတာအားလုံးကို တောင်းဆိုနိုင်ပါသည်။ သင်သည် ထပ်ဆောင်းဒေတာများအတွက် ဒုတိယ တောင်းဆိုချက်တစ်ခု ပေးပို့လိုပါက သင့်လက်ရှိတောင်းဆိုမှု ပြီးဆုံးပြီး သင်၏ ကိုယ်ရေးအချက်အလက် စင်တာ စာမျက်နှာမှ ဖယ်ရှားပြီးသည်အထိ စောင့်ပါ။
ကျွန်ုပ်တွင် HUAWEI ID များစွာ ရှိပါသည်။ ကျွန်ုပ်၏ HUAWEI ID အားလုံးနှင့် ပတ်သက်သည့် ဒေတာမိတ္တူများကို တစ်ချိန်တည်း ရရှိနိုင်သလား။
မရနိုင်ပါ။ HUAWEI ID တိုင်းသည် မတူကွဲပြားပါသည်။ HUAWEI ID များစွာ၏ ဒေတာမိတ္တူများကို ရရှိရန် သင်၏ သက်ဆိုင်ရာ HUAWEI ID သို့ ဝင်ရောက်ပြီး ၎င်းတို့အသီးသီးအတွက် တောင်းဆိုချက်တစ်ခုစီကို ပေးပို့ပါ။
ကျွန်ုပ် ရှာဖွေနေသော ဒေတာအားလုံးကို ရှာမတွေ့ပါ
သင်၏ ဒေတာမိတ္တူကို ရယူရန်အတွက် ထပ်ဆောင်းတောင်းဆိုချက်များ ရှိပါက (ဥပမာ ဒေတာထဲတွင် သင့် HUAWEI ID ဖြင့် အသုံးပြုထားသည့် ဝန်ဆောင်မှုအားလုံး မပါဝင်ပါက သို့မဟုတ် ဒေတာအချို့ ပျောက်နေပါက) ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
ကျွန်ုပ်၏ ဒေတာကို ဒေါင်းလုဒ်လုပ်ရာတွင် နည်းပညာဆိုင်ရာ သို့မဟုတ် အခြားသော ပြဿနာများကို တွေ့ကြုံရပါက Huawei သို့ ဆက်သွယ်နိုင်ပါသလား။
ဆက်သွယ်နိုင်ပါသည်။ ပြဿနာတစ်ခုခုနှင့် သင် တွေ့ကြုံရပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
Huawei က ကျွန်ုပ်၏ ဒေတာများကို စီမံဆောင်ရွက်ပုံနှင့် ပတ်သက်၍ နောက်ထပ် အချက်အလက်များကို မည်သည့်နေရာတွင် ရှာနိုင်သလဲ။
ကျွန်ုပ်တို့က သင့်ဒေတာများကို မည်သို့စီမံဆောင်ရွက်ပုံနှင့် သင့်အခွင့်အရေးများအကြောင်း နောက်ထပ်အချက်အလက်များကို သိရှိရန် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အချက်အလက် ကြေညာချက်များကို ဖတ်ရှုပါ။
ထုတ်ဝေသည့် ရက်စွဲ- နိုဝင်ဘာလ 20 ရက်၊ 2018.