ဖုန်း သို့မဟုတ် တက်ဘလက်က အားသွင်းနှေးနေခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ဖုန်း သို့မဟုတ် တက်ဘလက်က အားသွင်းနှေးနေခြင်း

စံနှုန်းမီ အားသွင်း ကိရိယာနှင့် ဒေတာကြိုးကို သုံးပါ

တံဆိပ်အမျိုးမျိုးဖြင့် အားသွင်း ကိရိယာများတွင် အမြန် အားသွင်းမှု အမျိုးမျိုးရှိနိုင်သည်။ သင်သည် စံနှုန်းမီ အားသွင်း ကိရိယာမဟုတ်ဘဲ အခြားတစ်ခုကို သုံးပါက ၎င်းသည် အမြန် အားသွင်းမှုကို ပံ့ပိုးပေးချင်မှပေးပါမည်။

စက်သည် အမြန် အားသွင်းမှုစနစ်သို့ မဝင်ရောက်နိုင်ပါ

သင့်ဖုန်း သို့မဟုတ် တက်ဘလက်သည် အမြန် အားသွင်းမှုကို ပံ့ပိုးသော်လည်း အမြန် အားသွင်းမှု စနစ်သို့ ဝင်ရောက်၍မရပါက အားသွင်းသည့်မြန်နှုန်း နှေးနေပါမည်။ ထိုသို့ ဖြစ်ပါက ပြဿနာဖြေရှင်းရန် ကို ကိုးကားဖတ်ရှုပါ။

စက်ကို အသုံးပြုနေချိန်တွင် အားသွင်းနှေးသည်

အားသွင်းနေစဉ် ပါဝါ-သုံးလွန်းသည့် အက်ပ်များ (ဥပမာ၊ ကင်မရာ၊ ဗီဒီယို ရိုက်ကူးခြင်းနှင့် ဂိမ်းအက်ပ်များ) အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

USB ကြိုးကို သုံး၍ စက်ကို ကွန်ပျူတာ သို့မဟုတ် ပါဝါဘဏ်ဖြင့် အားသွင်းခြင်းက အချိန်ပိုကြာသည်

  • ကွန်ပျူတာ USB အပေါက်၏ အားသွင်းသည့် လျှပ်စီးကြောင်းသည် အားနည်းသောကြောင့် အားသွင်းခြင်းနှေးစေနိုင်သည်။
  • အများအားဖြင့် ပါဝါဘဏ်သည် ပုံမှန် အားသွင်းခြင်းကိုသာ ပံ့ပိုးသည်။ အမြန် အားသွင်းမှုကို ပံ့ပိုးသော ပါဝါဘဏ်ကို သုံးရန် အကြံပြုပါသည်။

အပူချိန်နည်းခြင်းကြောင့် အားသွင်းမှု နှေးခြင်း

လုံခြုံရေးအရ ထုတ်ကုန်၏ဘက်ထရီကို အောက်ပါအတိုင်း ဒီဇိုင်းထုတ်ထားသည်-

  • သင့်စက်၏ အပူချိန်သည် 0°C အောက်ဖြစ်နေသည့်အခါ ၎င်းကို အားသွင်းနေခြင်းကို ရပ်လိုက်ပါမည်။
  • သင့်စက်၏ အပူချိန်သည် 0℃ မှ 10℃ အကြား ရောက်သွားချိန်တွင် အားသွင်းသည့် လျှပ်စီးကြောင်းကို ကန့်သတ်ပါမည်။
  • သင့်စက်၏ အပူချိန်သည် 10°C အထက် ရှိချိန်တွင် ပုံမှန်အတိုင်း အားသွင်းပါမည်။

ပြဿနာ ဆက်ရှိနေပါက အကူအညီ ရယူရန် အရေးကြီးသော ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်၊ အားသွင်း ကိရိယာ၊ ဒေတာကြိုးတို့နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

ပိုမိုလေ့လာရန်-

ကျွန်ုပ်၏ဖုန်း သို့မဟုတ် တက်ဘလက်ကို အားမသွင်းနိုင်ခြင်း

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်