အတည်ပြု ကုဒ် အဘယ်ကြောင့် မရရှိသနည်း။
请选择
HUAWEI ID အတွက် အတည်ပြုကုဒ်အား မရရှိခြင်း
သင်၏ HUAWEI ID နှင့် ချိတ်ဆက်ထားသော ဖုန်းနံပါတ် (သို့မဟုတ်) အီးမေးလ်လိပ်စာကို ဆက်လက်အသုံးမပြုပါက ဖုန်းနံပါတ်အသစ် (သို့မဟုတ်) အီးမေးလ်လိပ်စာအသစ်နှင့် ချိတ်ဆက်နိုင်ရန် အကောင့် ပြောင်းလဲမှုတောင်းဆိုချက်အား ကျေးဇူးပြု၍ တင်သွင်းပါ။
၁။ သင်ထည့်သွင်းထားသည့် ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်လိပ်စာသည် မှားယွင်းနေနိုင်ပါသည်။ သင်ထည့်သွင်းထားသော နံပါတ်သည် မှန်ကန်မှုရှိမရှိအား ကျေးဇူးပြု၍ထပ်မံစစ်ဆေးပါ။
၂။ SMS အား သင်အသုံးပြုသည့် အော်ပရေတာ (carrier) မှ တားဆီးထားနိုင်ပါသည်။ ကျေးဇူးပြု၍ သက်ဆိုင်ရာ အော်ပရေတာများကို ဆက်သွယ်၍ အချက်အလက်များအား စုံစမ်းမေးမြန်းပါ။
၃။ သင်၏ ဖုန်းတွင် SMS အား ပိတ်ထားသည့်စာရင်း (SMS Blocklist) ပြုလုပ်ထားနိုင်ပါသည်။ ပြုလုပ်ထားခြင်း ရှိ မရှိအား ကျေးဇူးပြု၍ စစ်ဆေးပါ။ ရှိပါက နံပါတ်အား ပိတ်ထားသည့်စာရင်း (blocklist) မှ ဖယ်ရှားပါ။
(Message App > Menu > Blocked > Message block rules > Block unknown number တွင် စစ်ဆေးနိုင်ပါသည်။) (Not include in English version.)
၄။ လိုင်းဆွဲအား ကြန့်ကြာမှု (network delay) ဖြစ်နိုင်ပါသည်။ ခေတ္တစောင့်ဆိုင်းပေးပါ။
မှတ်ချက် – မှားယွင်းသောအတည်ပြုကုဒ်ကို သတ်မှတ်ထားသောအကြိမ်အရေအတွက်ပြည့်သည်အထိ ထည့်သွင်းခဲ့ပါက သင်သည် ၃ နာရီမှ ၂၄ နာရီအထိ စောင့်ဆိုင်းပြီးမှသာလျှင် ထပ်မံကြိုးစားနိုင်မည် ဖြစ်ပါသည်။