ဖုန်းခေါ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI Mate 20(single sim card 6gb+128gb、dual sim card 6gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ဖုန်းခေါ်ခြင်း

ခေါ်ဆိုရန် နံပါတ်တစ်ခုကို နှိပ်ပါ သို့မဟုတ် အဆက်အသွယ်တစ်ခုကို ရွေးချယ်ပါ

ခေါ်ဆိုရန် အောက်ပါနည်းလမ်းများအနက်မှ တစ်ခုကို အသုံးပြုပါ-
  • အဆက်အသွယ်ကို ရှာဖွေရန် ဖုန်း ကို ဖွင့်ပါ၊ ဖုန်းနံပါတ် တစ်စိတ်တစ်ပိုင်း၊ အဆက်အသွယ်၏ နာမည် ပထမ စာလုံး သို့မဟုတ် အဆက်အသွယ်၏ အစစာလုံးကို ထည့်သွင်းပါ။


  • ဖုန်း မျက်နှာပြင်တွင် အောက်ခြေရှိ ဆက်သွယ်မှုများ တက်(ဘ်)ကို နှိပ်ပြီး ခေါ်ဆိုရန်အတွက် အဆက်အသွယ်တစ်ခု ရွေးချယ်ပါ။

ခေါ်ဆိုမှု အဆုံးသတ်ရန် ကို နှိပ်ပါ။

အမြန်ခေါ်ဆိုမှုကို သုံးစွဲခြင်း

သင်သည် အဆက်အသွယ်တစ်ခုအတွက် အမြန်ခေါ်ဆိုမှုတစ်ခုကို သတ်မှတ်ထားသောအခါ သတ်မှတ်ထားသော နံပါတ်ကီးဖြင့် ထိုအဆက်အသွယ်ထံ အမြန်ခေါ်ဆိုနိုင်ပါသည်။

ဖုန်း > > ဆက်တင်များ > အမြန်နှိပ် သို့ သွားပါ၊ နံပါတ်ကီးတစ်ခုကို ရွေးချယ်ပါ၊ ထို့နောက် ထို အမြန်ခေါ်ဆိုမှုနံပါတ်အတွက် အဆက်အသွယ်တစ်ခုကို သတ်မှတ်ပါ။

ပါဝါခလုတ်ကို နှိပ်၍ ဖုန်းချခြင်း

ဖုန်းပြောနေစဉ် ဖုန်းချရန် ပါဝါခလုတ်ကို နှိပ်လိုက်ပါ။

ဖုန်း > > ဆက်တင်များ > နောက်ထပ် သို့ သွားပြီး ပါဝါ ခလုတ်ဖြင့် ဖုန်းခေါ်ဆိုမှုအား အဆုံးသတ်မှု ကို ဖွင့်ပါ။

ဖုန်းခေါ်ဆိုမှု နောက်ခံကို သတ်မှတ်ခြင်း

ဖုန်းခေါ်ဆိုမှု နောက်ခံအဖြစ် နောက်ခံပုံတစ်ပုံကို သတ်မှတ်နိုင်ပါသည်။

  1. ဆက်တင် > ပင်မ မျက်နှာပြင်နှင့် နောက်ခံပုံ > နောက်ခံပုံ သို့ သွားပါ။

  2. ပုံတစ်ပုံ ရွေးချယ်ပြီး ၎င်းကို နောက်ခံပုံအဖြစ် သတ်မှတ်ပါ။

ဖုန်းခေါ်ဆိုမှု နောက်ခံတွင် ပြသရန် အဆက်အသွယ်တစ်ခုအတွက် ပရိုဖိုင်းပုံကိုလည်း သတ်မှတ်နိုင်သည်။

  1. ဖုန်း မျက်နှာပြင်ပေါ်တွင် အောက်ခြေရှိ ဆက်သွယ်မှုများ တက်(ဘ်)ကို နှိပ်ပြီးနောက် ပရိုဖိုင်းပုံ သတ်မှတ်ထားလိုသည့် အဆက်အသွယ်ကို ရွေးချယ်ပါ။

  2. အဆက်အသွယ်အတွက် ပရိုဖိုင်းပုံ သတ်မှတ်ရန် ကို နှိပ်ပြီးနောက် ကို နှိပ်ပါ။

နိုင်ငံတကာ ခေါ်ဆိုမှုတစ်ခု ပြုလုပ်ခြင်း

  1. စဖွင့်အသုံးပြုရန် သင့်မိုဘိုင်း ဆက်သွယ်ရေး ကယ်ရီယာထံဆက်သွယ်ပြီး နိုင်ငံတကာ ခေါ်ဆိုခြင်းဝန်ဆောင်မှုအကြောင်း မေးမြန်းပါ။
  2. ဖုန်း ကို ဖွင့်ပါ၊ အောက်ခြေရှိ ဆက်သွယ်မှုများ တက်(ဘ်)ကို နှိပ်ပြီး ခေါ်ဆိုရန်အတွက် အဆက်အသွယ်တစ်ခု ရွေးချယ်ပါ။

    အဆက်အသွယ်စာရင်းထဲတွင် မရှိသည့် နံပါတ်များအတွက် ဖုန်း မျက်နှာပြင်တွင် + ပေါ်လာစေရန် နံပါတ် 0 ခလုတ်ကို ဖိ၍ နှိပ်ပါ၊ နိုင်ငံကုဒ်နှင့် ဖုန်းနံပါတ်ကို ရိုက်ပါ၊ ထို့နောက် ကို နှိပ်ပြီး နိုင်ငံတကာ ခေါ်ဆိုမှု ပြုလုပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်