အဆက်အသွယ် အချက်အလက်များကို ပြုလုပ်ခြင်းနှင့် တည်းဖြတ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ:
  • 请选择

သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အဆက်အသွယ် အချက်အလက်များကို ပြုလုပ်ခြင်းနှင့် တည်းဖြတ်ခြင်း

အဆက်အသွယ်များကို နည်းလမ်းများစွာဖြင့် ပြုလုပ်နိုင်သည့်အပြင် အဆက်အသွယ်စာရင်းကိုလည်း ကြည့်ရှု၍ စီမံနိုင်သည်။

အဆက်အသွယ်များ ပြုလုပ်ခြင်း

  1. ဖုန်း ကို ဖွင့်၍ မျက်နှာပြင် အောက်ခြေရှိ ဆက်သွယ်မှုများ တက်(ဘ်)ကို ရွေးချယ်ပြီးနောက် ကို နှိပ်ပါ။

    အဆက်အသွယ်တစ်ခုကို ပထမဆုံးအကြိမ် ပြုလုပ်နေခြင်း ဖြစ်ပါက အဆက်အသွယ်ကို စတင် ထည့်ရန် အဆက်အသွယ် အသစ် ဖန်တီးမည် ကို နှိပ်ပါ။

  2. အဆက်အသွယ်အတွက် ပရိုဖိုင်းပုံ သတ်မှတ်ရန်နှင့် အဆက်အသွယ်၏ အမည်၊ အဖွဲ့အစည်းနှင့် ဖုန်းနံပါတ်ကဲ့သို့ အချက်အလက်များကို ရိုက်ထည့်ရန် ကင်မရာ ရုပ်ပုံကို နှိပ်ပြီးနောက် ကို နှိပ်ပါ။

အဆက်အသွယ်များ ထည့်သွင်းခြင်း

  1. ဆက်သွယ်မှုများ မျက်နှာပြင်တွင် > ဆက်တင် > ထည့်သွင်းမည်/ထုတ်မည် သို့ သွားပါ။

  2. အဆက်အသွယ်များ ထည့်ရန် ဘလူးတုသ်မှတစ်ဆင့် ထည့်သွင်းမှုWi-Fi Direct မှတစ်ဆင့် ထည့်သွင်းမှု သို့မဟုတ် သိုလှောင်မှုစနစ်မှ ထည့်သွင်းမှု ကို ရွေးချယ်ပြီးနောက် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

အဆက်အသွယ်များ ထည့်ရန် လိပ်စာကတ်များကို စကန်ဖတ်ခြင်း

  1. ဆက်သွယ်မှုများ မျက်နှာပြင်ပေါ်တွင် > စကန်ဖတ်မည် သို့ သွားပါ သို့မဟုတ် လုပ်ငန်းကတ်များ > စကန်ဖတ်မည် သို့ သွားပါ။

  2. လိပ်စာကတ် တစ်ကတ်ကိုဖြစ်စေ၊ လိပ်စာကတ် များစွာကိုဖြစ်စေ ဆက်တိုက်ရိုက်ကူးရန် လိပ်စာကတ်ကို ပြင်ညီမျက်နှာပြင်ပေါ်တွင် တင်ပြီး viewfinder ထဲတွင် လိပ်စာကတ်ပေါ်ရှိ အကြောင်းအရာအားလုံးကို ရှင်းလင်းစွာ မြင်ရစေရန် ကင်မရာကို ချိန်ညှိပြီးနောက် ကို နှိပ်ပါ။

  3. ဓာတ်ပုံများ ရိုက်ပြီးနောက် သင့်စက်သည် အဆက်အသွယ် အချက်အလက်များကို အလိုအလျောက် ခွဲခြားသတ်မှတ်ပေးပါမည်။ အဆက်အသွယ်ကို သိမ်းရန် ကို နှိပ်ပါ။

စကန်ဖတ်ထားသော လိပ်စာကတ်များကို လုပ်ငန်းကတ်များ ထဲတွင် ကြည့်နိုင်ပါသည်။

အဆက်အသွယ်တစ်ခု ထည့်ရန် QR ကုဒ်ကို စကန်ဖတ်ခြင်း

QR ကုဒ်တွင် အဆက်အသွယ် အချက်အလက်များ ပါဝင်နေလျှင် အဆက်အသွယ်တစ်ခုကို မြန်ဆန်စွာ ထည့်ရန် QR ကုဒ်ကို စကန်ဖတ်နိုင်ပါသည်။

  1. ဆက်သွယ်မှုများ မျက်နှာပြင်ပေါ်တွင် > စကန်ဖတ်မည် သို့ သွားပါ သို့မဟုတ် လုပ်ငန်းကတ်များ > စကန်ဖတ်မည် သို့ သွားပါ။

  2. QR ကုဒ်ကို ဓာတ်ပုံရိုက်ပြီးလျှင် သို့မဟုတ် ပုံပြခန်းထဲမှ QR ကုဒ်၏ ဓာတ်ပုံကို ရွေးချယ်ပြီးလျှင် QR ကုဒ်ထဲတွင် ပါဝင်သော အဆက်အသွယ် အချက်အလက်များကို ခွဲခြားသတ်မှတ်ပြီး ထည့်သွင်းနိုင်ပါမည်။

အဆက်အသွယ်များကို ရှာခြင်း

  1. ဆက်သွယ်မှုများ မျက်နှာပြင်မှ > ဆက်တင် > ပြသမှု စိတ်ကြိုက် အပြင်အဆင်များ သို့ သွားပြီး သင့်အဆက်အသွယ်အားလုံးကို ပြသရန်အတွက် ဆက်သွယ်မှုများ အားလုံး ကို နှိပ်ပါ။

  2. အောက်ပါနည်းလမ်းများထဲမှ တစ်ခုခုကိုသုံးပြီး အဆက်အသွယ်များကို ရှာပါ-
    • ပင်မ မျက်နှာပြင်၏ အလယ်မှ အောက်သို့ ပွတ်ဆွဲပါ၊ သင်ရှာလိုသော အဆက်အသွယ်၏ သော့ချက်စာလုံးကို ရှာဖွေရေးအကွက်ထဲတွင် ရိုက်ထည့်ပါ (၎င်း၏ အမည်၊ အတိုကောက်စာလုံး သို့မဟုတ် အီးမေးလ်လိပ်စာ စသဖြင့်)။

      ကိုက်ညီသော အဆက်အသွယ်များအား အမြန်ရှာရန် "John London" ကဲ့သို့ သော့ချက်စာလုံးအများအပြားကိုလည်း ရိုက်ထည့်နိုင်ပါသည်။

    • အဆက်အသွယ် စာရင်း၏ အထက်ရှိ ရှာဖွေရေးအကွက်တွင် သင် ရှာလိုသော အဆက်အသွယ်အတွက် သော့ချက်စာလုံးကို ရိုက်ထည့်ပါ။ ကိုက်ညီသော အဆက်အသွယ်များအား ရှာဖွေရေးအကွက်အောက်တွင် ပြသပါမည်။

အဆက်အသွယ်များကို မျှဝေခြင်း

  1. ဆက်သွယ်မှုများ မျက်နှာပြင်ပေါ်တွင် သင် မျှဝေလိုသည့် အဆက်အသွယ်ကို ရွေးချယ်ပြီးနောက် > အဆက်အသွယ်အား မျှဝေမည် သို့ သွားပါ။

  2. အဆက်အသွယ်ကို မျှဝေရန် မျှဝေမည့် နည်းလမ်းကို ရွေးချယ်ပြီးနောက် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

အဆက်အသွယ်များ တင်ပို့ခြင်း

  1. ဆက်သွယ်မှုများ မျက်နှာပြင်တွင် > ဆက်တင် > ထည့်သွင်းမည်/ထုတ်မည် သို့ သွားပါ။

  2. အဆက်အသွယ်များ တင်ပို့ရန် သိုလှောင်မှုစနစ်ထဲတွင် ထုတ်သိမ်းမည် ကို နှိပ်ပြီး မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

တင်ပို့ထားသည့် .vcf ဖိုင်များကို သင့်စက်၏ စက်တွင်း သိုလှောင်မှုထဲရှိ root လုပ်သည့်နေရာတွင် ပုံသေ သိမ်းဆည်းပေးပါသည်။ စက်တွင်း သိုလှောင်မှုထဲရှိ တင်ပို့ထားသော ဖိုင်များကို ကြည့်ရှုရန် ဖိုင်များ ကို ဖွင့်နိုင်ပါသည်။

အဆက်အသွယ်များကို ဖျက်ခြင်း

အောက်ပါတို့အနက်မှ နည်းလမ်းတစ်ခုခုကို အသုံးပြုပြီး အဆက်အသွယ်များကို ဖျက်ပါ-
  • သင်ဖျက်လိုသည့် အကြောင်းအရာကို ဖိ၍ နှိပ်ထားပြီး ဖျက်ပစ်မည် ကို နှိပ်ပါ။

  • ဆက်သွယ်မှုများ မျက်နှာပြင်တွင် > ဆက်တင် > အဆက်အသွယ်များကို စနစ်တကျ စုစည်းမည် > တစ်ခုထက်ပိုသော အဆက်အသွယ်များအား ဖျက်ရန် သို့ သွားပါ၊ သင်ဖျက်လိုသည့် အကြောင်းအရာများကို ရွေးကာ ကို နှိပ်ပါ။

ဖျက်လိုက်သည့် အဆက်အသွယ်များကို မူလအတိုင်း ပြန်ထားရန် > ဆက်တင် > အဆက်အသွယ်များကို စနစ်တကျ စုစည်းမည် > ယခုလေးတင် ဖျက်ပြီးသည်များ သို့ သွားပါ၊ သင် မူလအတိုင်းပြန်ထားလိုသည့် အဆက်အသွယ်ကို ရွေးချယ်ပြီး ပြန်ထားလိုသည့် အခြားအရာများကိုလည်း အမှန်ခြစ်၍ ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်