မျက်နှာပြင်ကို မှတ်တမ်းတင်ခြင်း
请选择
| မျက်နှာပြင်ကို မှတ်တမ်းတင်ခြင်း |
ကျူတိုရီရယ်တစ်ခု ဖန်တီးရန်၊ သင်၏ အံ့ဩဖွယ်ရာ ဂိမ်းဆော့သည့် စွမ်းရည်များကို ထုတ်ဖော်ပြသရန်နှင့် နောက်ထပ် အခြားများစွာကို လုပ်ဆောင်ရန် မျှဝေနိုင်သော ဗီဒီယိုများတွင် သင့်မျက်နှာပြင် လုပ်ဆောင်ချက်များကို မှတ်တမ်းတင်ပါ။
မျက်နှာပြင် မှတ်တမ်းတင်မှု စတင်ရန် ခလုတ် ပေါင်းစပ်မှုကို အသုံးပြုခြင်း
မျက်နှာပြင် မှတ်တမ်းတင်မှု စတင်ရန် ပါဝါခလုတ်နှင့် အသံချဲ့ခလုတ်ကို တစ်ပြိုင်နက်တည်း ဖိ၍ နှိပ်ထားပါ။ မှတ်တမ်းတင်မှုကို ရပ်ရန် ခလုတ်နှစ်ခုလုံးကို ထပ်မံ ဖိ၍ နှိပ်ထားပါ။
မျက်နှာပြင် မှတ်တမ်းတင်မှု စတင်ရန် ရှော့(တ်)ကတ်တစ်ခု အသုံးပြုခြင်း
အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန် အခြေအနေပြဘားမှ အောက်သို့ ပွတ်ဆွဲပြီးနောက် ရှော့(တ်)ကတ်အားလုံးကို ပြသရန် ၎င်းပေါ်တွင် အောက်သို့ ထပ်မံ ပွတ်ဆွဲပါ။
မျက်နှာပြင် မှတ်တမ်းတင်မှု စတင်ရန် မျက်နှာပြင် မှတ်တမ်း ကို နှိပ်ပါ။
မှတ်တမ်းတင်မှုကို ရပ်ရန် မျက်နှာပြင်၏ အပေါ်ဘက်ရှိ တိုင်မာကို နှိပ်ပါ။
မှတ်တမ်းတင်မှုကို ပုံပြခန်း တွင် သိမ်းလိုက်ပါမည်။
မျက်နှာပြင် မှတ်တမ်းတင်မှု စတင်ရန် လက်ဆစ်နှစ်ခုကို အသုံးပြုခြင်း
သို့ သွားပြီး မျက်နှာပြင် မှတ်တမ်းတင်ရန် ကို ဖွင့်ထားကြောင်း သေချာပါစေ။မျက်နှာပြင် မှတ်တမ်းတင်မှု စတင်ရန် မျက်နှာပြင်ကို လက်ဆစ်နှစ်ခုဖြင့် အမြန်ဆက်တိုက် နှစ်ချက် ခေါက်ပါ။ မှတ်တမ်းတင်မှုကို ရပ်ရန် နှစ်ချက် ထပ်မံ ခေါက်ပါ။
မျက်နှာပြင်ကို မှတ်တမ်းတင်နေစဉ် သင့်အသံသွင်းခြင်း
မျက်နှာပြင်ကို မှတ်တမ်းတင်နေစဉ် သင့်အသံကို သွင်းရန် မိုက်ခရိုဖုန်းကို ဖွင့်နိုင်သည်။
မျက်နှာပြင် မှတ်တမ်းတင်မှု စတင်ပြီးသောအခါ မိုက်ခရိုဖုန်းအိုင်ကွန်ကို နှိပ်ပြီး ၎င်းသည်
အဖြစ် ပြသကြောင်း သေချာပါစေ။ ယခုအခါ သင့်အသံကို မှတ်တမ်းတင်နိုင်ပါပြီ။
အကယ်၍ မိုက်ခရိုဖုန်းကို ပိတ်ထားပါက (
အဖြစ် ပြသထားပါက) သင်သည် ဂီတကဲ့သို့ စနစ်အသံများကိုသာ မှတ်တမ်းတင်နိုင်ပါမည်။ သင့် မျက်နှာပြင် မှတ်တမ်းတင်မှုတွင် မည်သည့်စနစ်အသံကိုမျှ မပါဝင်စေလိုပါက မျက်နှာပြင် မှတ်တမ်းတင်မှုမစတင်မီ သင့်စက်ကို အသံပိတ်ထားပြီး ဂီတ သို့မဟုတ် အခြားမီဒီယာအသံမှန်သမျှကို ပိတ်ထားပါ။