သင်၏ ကွန်ရက် ချိတ်ဆက်မှုကို အခြား စက်များနှင့် မျှဝေခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI MediaPad M6(10.8 inches wifi-only 4gb+128 gb、10.8 inches lte 4gb+64gb、10.8 inches lte 4gb+128gb、10.8 inches wifi-only 4gb+64gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
  • 请选择

သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
သင်၏ ကွန်ရက် ချိတ်ဆက်မှုကို အခြား စက်များနှင့် မျှဝေခြင်း

ဒေတာ ဝန်ဆောင်မှုများကို Wi-Fi သီးသန့် တက်ဘလက်များတွင် အသုံးမပြုနိုင်ပါ။

ကိုယ်ပိုင် ဟော့စပေါ့ ကို ဖွင့်လိုက်သည်နှင့် သင်၏ မိုဘိုင်း ဒေတာ သို့မဟုတ် သင့်စက်နှင့် လောလောဆယ်ချိတ်ဆက်ထားသည့် Wi-Fi ကွန်ရက်ကို အခြားစက်များနှင့် မျှဝေပါမည်။

ကိုယ်ပိုင် ဟော့စပေါ့မှတစ်ဆင့် သင်၏ ကွန်ရက်လိုင်းကို မျှဝေခြင်း

 
  • ဆက်တင် အရာဝတ္ထုများသည် စက်အလိုက် ကွဲပြားမှု ရှိနိုင်ပါသည်။ သင့်စက်တွင် အထူးသီးသန့် အရာဝတ္ထုကို မဖော်ပြပါက သက်ဆိုင်ရာ လုပ်ဆောင်ချက်ကို မပံ့ပိုးဟု ညွှန်ပြပါသည်။

  • စစ်မှန်ကြောင်း အတည်ပြုရန် လိုအပ်သောအချို့ Wi-Fi ကွန်ရက်များကို မမျှဝေနိုင်ပါ။

ဆက်တင် > မိုဘိုင်းကွန်ရက် > ကိုယ်ပိုင် ဟော့စပေါ့ သို့ သွားပြီး၊ ကိုယ်ပိုင် ဟော့စပေါ့ ကို ဖွင့်ပါ။ ထို့နောက် သင့်စက်၏ မိုဘိုင်းဒေတာ (သို့) Wi-Fi ကွန်ရက် ချိတ်ဆက်မှုကို အခြားစက်များနှင့် မျှဝေပါမည်။

ကိုယ်ပိုင် ဟော့စပေါ့အတွက် အောက်ပါအတိုင်းလည်း ဆောင်ရွက်နိုင်သည်-
  • စက်အမည် ကို သတ်မှတ်ပါ။

  • စကားဝှက် ကို သတ်မှတ်ပါ။

  • ချိတ်ဆက်ထားသော စက်များစာရင်းနှင့် တားမြစ်စာရင်းကို ကြည့်ရန် ချိတ်ဆက်ထားသော စက်များ ကိုနှိပ်ပါ။ တုံ့ပြန်ညွှန်ကြားသည့်အတိုင်း ချိတ်ဆက်ထားသော စက်များ စာရင်းရှိ စက်ကို နှိပ်ပြီး ၎င်းကို တားမြစ်စာရင်း စာရင်းသို့ ရွှေ့ပြောင်းပါ။ စက်တစ်ခုကို စာရင်းမှ ဖယ်ရှားခြင်းလည်း ပြုလုပ်နိုင်သည်။

  • မိုဘိုင်းဒေတာ ကွန်ရက်ကို မျှဝေထားပါက ဒေတာကန့်သတ်ချက် နှင့် AP လှိုင်း ကို သတ်မှတ်ရန်အတွက် နောက်ထပ် ကိုလည်း နှိပ်နိုင်သည်။

Wi-Fi Bridge မှတစ်ဆင့် ကွန်ရက်တစ်ခု မျှဝေခြင်း

သင့်တက်ဘလက်ကို ကွန်ရက်နှင့် ချိတ်ဆက်ပြီးနောက် ဆက်တင် > မိုဘိုင်းကွန်ရက် > ကိုယ်ပိုင် ဟော့စပေါ့ > နောက်ထပ် > Wi-Fi Bridge သို့ သွားပြီး Wi-Fi Bridge ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ပါ၊ ပြီးနောက် Wi-Fi Bridge သတ်မှတ်မှု ကို နှိပ်ပြီး စက်အမည် နှင့် စကားဝှက် ကို သတ်မှတ်ပါ။

သင်၏ ကွန်ရက်လိုင်းကို ဘလူးတုသ်မှတစ်ဆင့် မျှဝေခြင်း

  1. ဆက်တင် > ဘလူးတုသ် သို့ သွားပြီး ဘလူးတုသ် ကို ဖွင့်ပါ။ စက်ကို ရွေးချယ်ပြီးနောက် ချိတ်ဆက်မှု ပြီးမြောက်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

  2. ဆက်တင် > မိုဘိုင်းကွန်ရက် > ကိုယ်ပိုင် ဟော့စပေါ့ > နောက်ထပ် သို့ သွားပြီး ဘလူးတုသ် အင်တာနက်မျှဝေမှု ကို ဖွင့်ပါ။

  3. ချိတ်ဆက်ထားသည့်စက်၏ ဘလူးတုသ် ဆက်တင် မျက်နှာပြင်တွင် သင့်စက်၏ အမည်ဘေးရှိ ကို နှိပ်ပြီးနောက် သင့်ကွန်ရက်လိုင်းကို မျှဝေရန် အင်တာနက် ဝင်ရောက်အသုံးပြုနိုင်မှု ကို ဖွင့်ပါ။

သင်၏ ကွန်ရက်လိုင်းကို USB မှတစ်ဆင့် မျှဝေခြင်း

  1. သင့်စက်ကို သင့်ကွန်ပျူတာနှင့် ချိတ်ဆက်ရန် USB ကြိုးတစ်ချောင်းကို အသုံးပြုပါ။

  2. သင့်စက်တွင် ဆက်တင် > မိုဘိုင်းကွန်ရက် > ကိုယ်ပိုင် ဟော့စပေါ့ > နောက်ထပ် သို့ သွားပြီး သင်၏ မိုဘိုင်းဒေတာ သို့မဟုတ် လက်ရှိ ချိတ်ဆက်ထားသော Wi-Fi ကွန်ရက်ကို မျှဝေရန် USB မှတစ်ဆင့် အင်တာနက် မျှဝေမှု ကို ဖွင့်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်