အခြေခံ လက်ဟန်များနှင့် ရှော့(တ်)ကတ်များ

သက်ဆိုင်သော ကုန်ပစ္စည်းများ: PORSCHE DESIGN HUAWEI Mate 30 RS,HUAWEI Mate 30 Pro 5G(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro(dual sim card 8gb+256gb、dual sim card 8gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
  • 请选择

သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အခြေခံ လက်ဟန်များနှင့် ရှော့(တ်)ကတ်များ
ဤလုပ်ဆောင်ချက်သည် စက်အလိုက် ကွဲပြားမှု ရှိနိုင်ပါသည်။

Air Gesture ကို ရင်းနှီးကျွမ်းဝင်အောင်လုပ်ခြင်း

သင့်စက်တွင် Air Gesture ကိုသုံးပြီး မျက်နှာပြင်ကို နှိပ်စရာမလိုဘဲ နေရာညွှန် သွားလာနိုင်သည်။ ဥပမာအားဖြင့် သင်သည် စခရင်ရှော့(တ်) ရိုက်ရန်၊ အပေါ် သို့မဟုတ် အောက်သို့ဆွဲရွှေ့ရန်၊ ဖုန်းဖြေရန် သို့မဟုတ် အသံ/ဗီဒီယို ပြန်ဖွင့်မှုကို ခေတ္တရပ်ရန် Air Gesture ကို သုံးနိုင်သည်။

ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > Smart Sensing သို့ သွားပြီး Air Scroll Grabshot သို့မဟုတ် Air Press ကို ဖွင့်ထားကြောင်း သေချာပါစေ။

Grabshot

Air Gesture ကို သုံး၍ စခရင်ရှော့(တ်) ရိုက်ရန်-

မျက်နှာပြင်၏ ထိပ်ပိုင်းတွင် ပေါ်လာသည်ထိ သင့်လက်ဖဝါးကို မျက်နှာပြင်မှ 20–40 စင်တီမီတာ (8–16 လက်မ) အကွာတွင် ထားပြီးနောက် လက်သီးဆုပ်လိုက်ပါ။

Air press

Air Gesture ကိုသုံး၍ ဖုန်းဖြေရန် သို့မဟုတ် အသံ/ဗီဒီယို ပြန်ဖွင့်မှုကို ခေတ္တရပ်ရန်/ပြန်ဆက်လုပ်ရန်-

မျက်နှာပြင်၏ ထိပ်ပိုင်းတွင် ပေါ်လာသည်ထိ သင့်လက်ဖဝါးကို မျက်နှာပြင်မှ 30–40 စင်တီမီတာ (12–16 လက်မ) အကွာတွင် ထားကာ သင့်လက်ဖဝါးကို မျက်နှာပြင်နားသို့ ရွှေ့လာပြီး မျက်နှာပြင်မှ 5 စင်တီမီတာ (2 လက်မ) ခန့် အကွာအဝေးရောက်သောအခါ ရပ်လိုက်ပါ။

ပြန်ဖွင့်မှုကို ဆက်လုပ်ရန် အထက်ပါအတိုင်း ပြန်လုပ်ပါ။

Air press သည် Video အက်ပ်ဖြင့် ဗီဒီယို ပြန်ဖွင့်မှုအတွက်သာ အလုပ်လုပ်ပါသည်။

သင်သည် အောက်ပါအခြေအနေများတွင် အသံပြန်ဖွင့်မှုကို ထိန်းချုပ်ရန် Air press ကို အသုံးပြုနိုင်မည် မဟုတ်ပါ-
  • မျက်နှာပြင်ကို လော့ခ်ချထားချိန် လော့ခ်မျက်နှာပြင်တွင် တေးဂီတ ထိန်းချုပ်မှုကို မပြသလျှင်။
  • အခြားအက်ပ်ကို မျက်နှာပြင်တွင် ပြသထားချိန်တွင် သီချင်းဖွင့်ပေးသည့် player သည် နောက်ခံတွင် လုပ်ဆောင်နေလျှင်။
  • သင့်စက်ကို ပါဝါဖွင့်ပြီးနောက် သီချင်းဖွင့်ပေးသည့် player ကို ပထမဆုံးအကြိမ် ဖွင့်လိုက်ချိန်တွင် မည်သည့်သီချင်းမျှ ပွင့်မလာလျှင်။

Air Gesture ကို အသုံးပြု၍ မျက်နှာပြင်ပေါ်တွင် အထက် သို့မဟုတ် အောက်သို့ ရွှေ့ရန်-

  • အထက်သို့ ရွှေ့ခြင်း

    မျက်နှာပြင်၏ ထိပ်ပိုင်းတွင် ပေါ်လာသည်ထိ သင့်လက်ချောင်းများကို အပေါ်သို့ ထောင်ထားလျက် သင့်လက်ဖဝါးကို မျက်နှာပြင်မှ 20–40 စင်တီမီတာ (8–16 လက်မ) အကွာတွင် ထားပြီးနောက် သင့်လက်ကောက်ဝတ်ကို အောက်သို့ ဆတ်ခနဲရွှေ့လိုက်ပါ။

  • အောက်သို့ ရွှေ့ခြင်း

    မျက်နှာပြင်၏ ထိပ်ပိုင်းတွင် ပေါ်လာသည်ထိ သင့်လက်ချောင်းများကို အောက်သို့ စိုက်ထားလျက် သင့်လက်ဖမိုးကို မျက်နှာပြင်မှ 20–40 စင်တီမီတာ (8–16 လက်မ) အကွာတွင် ထားပြီးနောက် သင့်လက်ကောက်ဝတ်ကို အပေါ်သို့ ဆတ်ခနဲ ထောင်လိုက်ပါ။

Video အက်ပ်ကို သုံးနေစဉ် ထက်/အောက် ရွှေ့ပြီး အသံအတိုးအကျယ် ချိန်ညှိရန် Air Scroll ကိုလည်း သုံးနိုင်သည်။

Air Gesture ကို အသုံးပြု၍ မျက်နှာပြင်ပေါ်တွင် ဘယ်ဘက် သို့မဟုတ် ညာဘက်သို့ ရွှေ့ရန်-

  • ညာဘက်ရွှေ့ခြင်း

    မျက်နှာပြင်၏ ထိပ်ပိုင်းတွင် ပေါ်လာသည်ထိ သင့်လက်ချောင်းများကို ညာသို့ ညွှန်ထားလျက် သင့်လက်ဖဝါးကို မျက်နှာပြင်မှ 20–40 စင်တီမီတာ (8–16 လက်မ) အကွာတွင် ထားပြီးနောက် သင့်လက်ကောက်ဝတ်ကို ဘယ်သို့ ဆတ်ခနဲရွှေ့လိုက်ပါ။

  • ဘယ်ဘက်ရွှေ့ခြင်း

    မျက်နှာပြင်၏ ထိပ်ပိုင်းတွင် ပေါ်လာသည်ထိ သင့်လက်ချောင်းများကို ဘယ်သို့ ညွှန်ထားလျက် သင့်လက်ဖမိုးကို မျက်နှာပြင်မှ 20–40 စင်တီမီတာ (8–16 လက်မ) အကွာတွင် ထားပြီးနောက် သင့်လက်ကောက်ဝတ်ကို ညာသို့ ဆတ်ခနဲ ရွှေ့လိုက်ပါ။

ဘယ်/ညာ ရွှေ့ရန် Air Scroll ကို သုံးခြင်းသည် ပုံပြခန်း သို့မဟုတ် e-book အက်ပ်အချို့ကို သုံးချိန်မှသာ အလုပ်လုပ်သည်။

ဤလုပ်ဆောင်ချက်သည် စက်အလိုက် ကွဲပြားမှု ရှိနိုင်ပါသည်။

စနစ် လမ်းညွှန်မှု ဟန်ပန်များ

ဆက်တင် > စနစ်နှင့် အပ်ဒိတ်များ > စနစ် လမ်းညွှန်မှု သို့ သွားပြီး ဟန်ပန်များ ကို ရွေးချယ်ထားကြောင်း အတည်ပြုပါ။

ယခင် မျက်နှာပြင်သို့ ပြန်သွားခြင်း

ယခင် မျက်နှာပြင်သို့ ပြန်သွားရန် ဘယ်ဘက် သို့မဟုတ် ညာဘက် အစွန်းမှ အတွင်းဘက်သို့ ပွတ်ဆွဲပါ။

ပင်မ မျက်နှာပြင်သို့ ပြန်သွားခြင်း

ပင်မ မျက်နှာပြင်သို့ ပြန်သွားရန် မျက်နှာပြင်၏ အောက်ခြေမှ အပေါ်သို့ ပွတ်ဆွဲပါ။

လတ်တလော လုပ်ဆောင်ချက်များကို ကြည့်ခြင်း

လတ်တလော လုပ်ဆောင်ချက်များကို ကြည့်ရန် မျက်နှာပြင် အောက်ခြေမှ အပေါ်သို့ ပွတ်ဆွဲပြီး ဖိထားပါ။

အက်ပ်တစ်ခုကို ပိတ်ခြင်း

လတ်တလော လုပ်ဆောင်ချက်များကို ကြည့်သည့်အခါ အက်ပ်ကို ပိတ်ရန် အက်ပ် နမူနာမြင်ကွင်းပေါ်တွင် အပေါ်သို့ ပွတ်ဆွဲပါ။

အက်ပ်များတစ်ခုမှ တစ်ခုသို့ ပြောင်းခြင်း

  • မျက်နှာပြင်၏ အောက်ခြေအစွန်းတစ်ဖက်မှ တောက်လျှောက် ပွတ်ဆွဲပါ။

    ဤလက်ဟန်ကို အသုံးမပြုမီ စနစ် လမ်းညွှန်မှု > ဆက်တင် သို့ သွားပြီး အက်ပ်တစ်ခုမှ တစ်ခုသို့ ပြောင်းရန် အောက်ခြေတွင် တောက်လျှောက် ပွတ်ဆွဲပါ ကို ဖွင့်ထားကြောင်း အတည်ပြုပါ။

  • မျက်နှာပြင်၏ အောက်ခြေတစ်လျှောက် အကွေးပုံစံ ပွတ်ဆွဲပါ။

လက်ဆစ်သုံး လုပ်ဆောင်ချက်များ

ဆက်တင် > အထောက်အကူပြု လုပ်ဆောင်ချက်များ > ရှော့(တ်)ကတ်များနှင့် ဟန်ပန်များ သို့ သွားပြီး စခရင်ရှော့(တ်) ရိုက်ကူးရန်မျက်နှာပြင် မှတ်တမ်းတင်ရန် ကို ဖွင့်ပါ။

စခရင်ရှော့(တ်) ရိုက်ရန်

စခရင်ရှော့(တ်) ရိုက်ကူးရန် မျက်နှာပြင်ကို လက်ဆစ်ဖြင့် နှစ်ချက်ခေါက်ပေးပါ။

Scrollshot ရိုက်ရန်

Scrolling စခရင်ရှော့(တ်) ရိုက်ရန် မျက်နှာပြင်ကို လက်ဆစ်ဖြင့် ခေါက်ပြီး "S" ပုံစံ ဆွဲပါ။

မျက်နှာပြင် တစ်စိတ်တစ်ပိုင်းကို ရိုက်ကူးရန်

မျက်နှာပြင် တစ်စိတ်တစ်ပိုင်းကို ရိုက်ကူးရန် လက်ဆစ်ဖြင့် ခေါက်ပြီး ဝိုင်းပတ်လိုက်သည့်ပုံတစ်ပုံ ဆွဲပါ။

မျက်နှာပြင် မှတ်တမ်းတင်ရန်

မျက်နှာပြင် မှတ်တမ်းတင်မှုကို စတင်ရန် သို့မဟုတ် အဆုံးသတ်ရန် မျက်နှာပြင်ကို လက်ဆစ်နှစ်ခုဖြင့် နှစ်ချက် ခေါက်ပေးပါ။

နောက်ထပ် လက်ဟန်များ

ပင်မမျက်နှာပြင် တည်းဖြတ်ခြင်းမုဒ်သို့ ဝင်ရောက်သုံးစွဲရန်

ပင်မမျက်နှာပြင်ပေါ်တွင် လက်နှစ်ချောင်းကို ချုံ့ချဲ့ပါ။

လော့ခ်မျက်နှာပြင်ပေါ်တွင် ရှော့(တ်)ကတ်မျက်နှာပြင်ကို ဖော်ပြရန်

လော့ခ်မျက်နှာပြင်၏ အောက်ခြေမှနေ၍ အပေါ်သို့ ပွတ်ဆွဲပါ။

ရှာဖွေမှုဘားတန်းကို ဖော်ပြရန်

ပင်မမျက်နှာပြင်မှနေ၍ အောက်သို့ ပွတ်ဆွဲပါ။

အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန်

အခြေအနေပြဘားမှနေ၍ အောက်သို့ ပွတ်ဆွဲပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်