ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် ဖုန်းခေါ်ဆိုမှုများကို လက်ခံ၍မရခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် ဖုန်းခေါ်ဆိုမှုများကို လက်ခံ၍မရခြင်း

မိုဘိုင်းလိုင်း ပုံမှန်ဖြစ်သော်လည်း သင့်ဖုန်း/တက်ဘလက်တွင် ဖုန်းခေါ်ဆိုမှုများကို လက်ခံ၍မရသည့် အချိန်များ ရှိပါက သင့်‌ဒေသတွင်း ဆက်သွယ်ရေး ကယ်ရီယာ၏ ကွန်ရက် ချွတ်ယွင်းနေခြင်း ဖြစ်နိုင်သည်။ အကူအညီရယူရန်အတွက် သင့်ဒေသတွင်း ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပါ။

သင့်ဖုန်း/တက်ဘလက်သည် အချိန်အများစုတွင် ဖုန်းခေါ်ဆိုမှုများကို လက်ခံ၍မရပါက ပြဿနာဖြေရှင်းရန် အောက်ပါ အဆင့်များကို လုပ်ဆောင်ပါ-

သင့်ဖုန်း/တက်ဘလက်တွင် တားမြစ်မှုကို ဖွင့်ထားခြင်းရှိ၊ မရှိ စစ်ဆေးပါ

  1. ကီးပါ့ဒ် သို့မဟုတ် ဖုန်းကို ဖွင့်ပါ၊ အပေါ် ညာဘက်ထောင့်ရှိ သို့မဟုတ် ကို နှိပ်ပါ၊ တားမြစ်မှု > တားမြစ်မှု စည်းမျဉ်းများသို့ သွား၍ တားမြစ်စာရင်းကို သတ်မှတ်ထားခြင်းရှိ၊ မရှိ စစ်ဆေးပါ။ ၎င်းကို သတ်မှတ်ထားပါက ဖုန်းခေါ်ဆိုမှုများ လက်ခံလိုသော နံပါတ်ပေါ်တွင် ဖိ၍ နှိပ်ထားပြီး ၎င်းကို တားမြစ်စာရင်းမှ ဖယ်ရှားပါ။

    EMUI 10.1.1 အတွက်- ဖုန်းကို ဖွင့်ပါ၊ အပေါ်ညာဘက်ထောင့်ရှိ ကို နှိပ်ပါ၊ တားမြစ်မှုကို နှိပ်ပါ၊ အပေါ်ညာဘက်ထောင့်ရှိ ဆက်တင် ခလုတ်ကို နှိပ်ပြီး တားမြစ်စာရင်းကို နှိပ်ပါ။ နံပါတ်ကို တားမြစ်စာရင်းမှ ဖယ်ရှားရန် ၎င်းပေါ်တွင် ဖိ၍ နှိပ်ထားပါ။

  2. ဖုန်းခေါ်ဆိုမှု တားမြစ်သည့် လုပ်ဆောင်ချက်များကို ဖွင့်ထားခြင်းရှိ၊ မရှိ စစ်ဆေးရန် ခေါ်ဆိုမှု တားမြစ် စည်းမျဉ်းများကို နှိပ်ပါ။ ဖွင့်ထားပါက အချို့သော ဖုန်းခေါ်ဆိုမှုများကို ချိတ်ဆက်ပေးမည်မဟုတ်ပါ။ ဤလုပ်ဆောင်ချက်များကို လိုအပ်သလို ဖွင့်ထား သို့မဟုတ် ပိတ်ထားရန် အကြံပြုပါသည်။ သင်သည် အဝင်ခေါ်ဆိုမှုအားလုံးကို ချိတ်ဆက်လိုပါက ဖုန်းခေါ်ဆိုမှု တားမြစ်သည့် လုပ်ဆောင်ချက်အားလုံးကို ပိတ်ပါ။

    သင့်ဖုန်း/တက်ဘလက်ရှိ ပြင်ပ အဖွဲ့အစည်း ဖုန်း/တက်ဘလက်မန်နေဂျာ အက်ပ်များက ဖုန်းခေါ်ဆိုမှုများကို တားမြစ်ထားနိုင်သည်။ ဤကိစ္စမျိုး ဖြစ်ပါက အဆိုပါအက်ပ်များကို ဖျက်ပါ။ သင့်စက်တွင် ကြိုတင်ထည့်သွင်းထားသော တားမြစ်မှု လုပ်ဆောင်ချက်ကို သုံးရန် အကြံပြုပါသည်။

သင်သည် သင့်ဆက်သွယ်ရေး ကယ်ရီယာ၏ ခေါ်ဆိုမှု တားမြစ်ခြင်း ဝန်ဆောင်မှုတွင် စာရင်းသွင်းထားခြင်းရှိ၊ မရှိ စစ်ဆေးပါ

ဆက်သွယ်ရေး ကယ်ရီယာအချို့သည် ခေါ်ဆိုမှု တားမြစ်ခြင်း ဝန်ဆောင်မှုကို ပံ့ပိုးပေးသည်။ သင်သည် အဆိုပါဝန်ဆောင်မှုတွင် စာရင်းသွင်းထားပါက အဝင်ခေါ်ဆိုမှု အချို့ သို့မဟုတ် အားလုံးကို တားမြစ်ပါမည်။ အသေးစိတ် သိရှိရန် သင့်ဆက်သွယ်ရေး ကယ်ရီယာ၏ သုံးစွဲသူ ဝန်ဆောင်မှုအဖွဲ့ကို ဆက်သွယ်ပါ။

သင့်မိုဘိုင်းနံပါတ်အတွက် အဝင်ဖုန်း လွှဲပြောင်းမှုကို ဖွင့်ထားခြင်းရှိ၊ မရှိ စစ်ဆေးပါ

သင့်မိုဘိုင်းနံပါတ်အတွက် အဝင်ဖုန်း လွှဲပြောင်းမှုကို ဖွင့်ထားပါက အဝင်ခေါ်ဆိုမှုများကို အခြားမိုဘိုင်းနံပါတ်သို့ လွှဲပြောင်းမည် ဖြစ်သောကြောင့် သင်သည် ဖုန်းခေါ်ဆိုမှုများကို လက်ခံနိုင်မည် မဟုတ်ပါ။

ကီးပါ့ဒ် သို့မဟုတ် ဖုန်းကို ဖွင့်ပါ၊ အပေါ်ညာဘက်ထောင့်ရှိ သို့မဟုတ် ကို နှိပ်ပါ၊ ဆက်တင်များ > အဝင်ဖုန်း လွှဲပြောင်းမှုသို့ သွားပြီး အဝင်ဖုန်း လွှဲပြောင်းမှုကို ဖွင့်ထားခြင်းရှိ၊ မရှိ စစ်ဆေးပါ။ ၎င်းကို ဖွင့်ထားပါက အဝင်ဖုန်း လွှဲပြောင်းမှုကို ပိတ်၍ ထပ်မံကြိုးစားပါ။

သင်သည် VoLTE ဝန်ဆောင်မှုတွင် စာရင်းသွင်းထားခြင်းရှိ၊ မရှိ စစ်ဆေးပါ (စာရင်းသွင်းထားပါက HD အိုင်ကွန်ကို အခြေအနေပြဘားတွင် ပြသထားပါမည်)။

VoLTE ဝန်ဆောင်မှုတွင် ပြန်လည် စာရင်းသွင်း၍ ထပ်မံ ကြိုးစားပါ။

သင့် VoLTE စာရင်းသွင်းမှုသည် မှန်ကန်စွာ အလုပ်မလုပ်ပါက သင်သည် ဖုန်းခေါ်ဆိုမှုများကို လက်ခံ၍မရနိုင်ပါ။ သင့်ဖုန်းနံပါတ်ကို VoLTE ဝန်ဆောင်မှုတွင် ပြန်လည်စာရင်းသွင်းရန်အတွက် သင့်ဒေသတွင်း ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပြီးနောက် စာရင်းသွင်းမှု အကျိုးသက်ရောက်စေရန်အတွက် သင့်ဖုန်း/တက်ဘလက်ကို ပြန်လည်စတင်ရန် အကြံပြုပါသည်။

ပြဿနာ မပြေလည်သေးပါက

ပြဿနာ မပြေလည်သေးပါက အကူအညီ ရယူရန်အတွက် Huawei သုံးစွဲသူ ဝန်ဆောင်မှုဌာန ဟော့လိုင်းကို ဆက်သွယ်ပါ သို့မဟုတ် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်