ဖုန်းမြည်သံ သတ်မှတ်ရန်
ဖုန်းမြည်သံ သတ်မှတ်ရန် |
သင်သည် သင့်ဦးစားပေးမှုများအပေါ် မူတည်၍ အဝင်ခေါ်ဆိုမှုများအတွက် သီးသန့်ဖန်တီးထားသော ဖုန်းမြည်သံကို သတ်မှတ်နိုင်သည်။
သင်သည် သင့်စက်ကို သင့်အိတ်ထောင်ထဲတွင် ထည့်ထားလျှင် သင့်အနေနှင့် အရေးကြီးသော ခေါ်ဆိုမှုများကို လွတ်မသွားစေရန် ဖုန်းမြည်သံ ပမာဏသည် တဖြည်းဖြည်း ကျယ်လာပါမည်။
သင့်ဖုန်းတွင် SIM ကတ် နှစ်ကတ် ထည့်သွင်းထားလျှင် SIM 1 နှင့် SIM 2 အတွက် ဆက်တင်ကို အသီးသီး စီစဉ်သတ်မှတ်ပါ။
ဖုန်းမြည်သံ သီချင်းကို သတ်မှတ်ခြင်း
-
သို့မဟုတ်
သို့ သွားပါ။ -
စနစ် ဖုန်းမြည်သံတစ်ခုကို ရွေးချယ်ပါ သို့မဟုတ် စက်တွင်းရှိ သီချင်းကို ဖုန်းမြည်သံအဖြစ် သတ်မှတ်ရန် စက်ရှိ တေးဂီတ ကို နှိပ်ပါ။
-
သင်က စနစ် ဖုန်းမြည်သံကို ရွေးချယ်လိုက်လျှင် ထိုမျက်နှာပြင်ပေါ်ရှိ တုန်ခါမှု ကိုနှိပ်ပြီး ချိန်ကိုက်ပြီး (ပုံသေ) ကို ရွေးချယ်ပါ။ အဝင်ခေါ်ဆိုမှု ရှိသောအခါ သင့်စက်သည် စနစ် ဖုန်းမြည်သံ ပွင့်နေစဉ် စည်းချက်ကျကျ တုန်ခါပါမည်။
ထုတ်ကုန်အားလုံးသည် တုန်ခါမှုနှင့် ဖုန်းမြည်သံကို ချိန်ကိုက်၍ ပြိုင်တူ လုပ်မပေးပါ။
ဗီဒီယို ဖုန်းမြည်သံ သတ်မှတ်ခြင်း
သို့ သွားပါ။
သို့မဟုတ်
သို့ သွားပါ။ဗီဒီယို ဖုန်းမြည်သံများ ကို နှိပ်ပြီး ဗီဒီယိုတစ်ခုကို ရွေးချယ်ပါ။ ထို့နောက် အဝင်ခေါ်ဆိုမှုများ ဝင်လာလျှင် မည်သို့ဖြစ်မည်ကို သင် အစမ်းနားထောင်နိုင်ပါသည်။
ဗီဒီယိုကို ဖုန်းမြည်သံအဖြစ် သတ်မှတ်ရန် သတ်မှတ်ရန် ကို နှိပ်ပါ။
အဆက်အသွယ် တစ်ခုအတွက် ဖုန်းမြည်သံ သတ်မှတ်ခြင်း
အထူးအဆက်အသွယ်တစ်ခုက သင့်ကိုခေါ်ဆိုလျှင် ပို၍လွယ်ကူစွာ ခွဲခြားသိရှိနိုင်ရန် ထိုအဆက်အသွယ်အတွက် အခြားဖုန်းမြည်သံတစ်ခု သတ်မှတ်ပါ။
-
ဖုန်းကို ဖွင့်ပါ၊ အဆက်အသွယ်များ တက်ဘ်ကိုနှိပ်ပြီးနောက် သင်ဖုန်းမြည်သံ သတ်မှတ်ချင်သည့် အဆက်အသွယ်ကို ရွေးချယ်ပါ။
-
အဆက်အသွယ် အသေးစိတ်မျက်နှာပြင်တွင် ဖုန်းမြည်သံ ကို နှိပ်ပြီး ဖုန်းမြည်သံတစ်ခု ရွေးချယ်ပါ။