ပရင့်ထုတ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI MatePad T(9.7 wifi 2gb+32gb、10 2021 lte 2gb+32gb、 10 2021 wi-fi 2gb+32gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
  • 请选择

သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ပရင့်ထုတ်ခြင်း

Wi-Fi တစ်ဆင့် သင့်စက်ကို Mopria မှ အာမခံချက်ပေးထားသည့် ပရင်တာတစ်လုံးနှင့် ချိတ်ဆက်ပြီးနောက် ပုံများနှင့် စာရွက်စာတမ်းများကို သင့်စက်မှနေ၍ ပရင့်ထုတ်နိုင်မည် ဖြစ်ပါသည်။

သင့်စက်ကို ပရင်တာတစ်လုံးနှင့် ချိတ်ဆက်ခြင်း

  1. ပရင်တာသည် Mopria ၏ ထောက်ခံချက်ရ စက်ဖြစ်ကြောင်း စစ်ဆေးအတည်ပြုရန် ၎င်း၏ လက်စွဲစာအုပ်ကို စစ်ဆေးကြည့်ရှုပါ သို့မဟုတ် ထုတ်လုပ်သည့်ကုမ္ပဏီထံ ဆက်သွယ်မေးမြန်းပါ။

    Mopria ၏ ထောက်ခံချက်ရ စက်မဟုတ်ပါက ၎င်းအတွက် သက်ဆိုင်သည့် အက်ပ် သို့မဟုတ် ပလတ်အင်ကို သင့်စက်တွင် ထည့်သွင်းရန် ထုတ်လုပ်သည့်ကုမ္ပဏီထံ ဆက်သွယ်မေးမြန်းပါ။

  2. အောက်ပါနည်းလမ်း တစ်ခုခုကို သုံး၍ သင့်စက်နှင့် ပရင်တာကို တူညီသော Wi-Fi ကွန်ရက်နှင့် ချိတ်ဆက်ပါ-

    • ရောက်တာနှင့် ချိတ်ဆက်ရန်- ပရင်တာတွင် Wi-Fi ကို ဖွင့်ပြီး ၎င်းကို ရောက်တာနှင့် ချိတ်ဆက်ပါ။ သင့်စက်တွင် Wi-Fi ကို ဖွင့်ပါ၊ တူညီသော ရောက်တာနှင့် ချိတ်ဆက်ပြီးနောက် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ကာ ဆက်တင် သတ်မှတ်မှုကို အပြီးသတ်ပါ။

    • Wi-Fi Direct ကို သုံးရန်- သင့်ပရင်တာက Wi-Fi Direct ကို ပံ့ပိုးပေးလျှင် ဤလုပ်ဆောင်ချက်ကို ဖွင့်ရန် ပရင်တာ လက်စွဲစာအုပ်ထဲရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။ သင့်စက်တွင် Wi-Fi Direct ကို ဖွင့်ပြီးနောက် ချိတ်ဆက်ရန် ပရင်တာကို နှိပ်ပါ။

    • သင့်ပရင်တာ၏ ဟော့စပေါ့နှင့် ချိတ်ဆက်ခြင်း- သင့်ပရင်တာက Wi-Fi ဟော့စပေါ့အဖြစ် နှစ်မျိုးလုပ်ဆောင်နိုင်ပါက ဟော့စပေါ့ကို ဖွင့်ပြီး စကားဝှက်ကို သတ်မှတ်ရန် ပရင်တာ လက်စွဲစာအုပ်ထဲရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။ သင့်စက်တွင် Wi-Fi ကို ဖွင့်ပါ၊ ပရင်တာ၏ ဟော့စပေါ့ကို နှိပ်ပြီးနောက် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ကာ ဆက်တင် သတ်မှတ်မှုကို အပြီးသတ်ပါ။

  3. ဆက်တင် > နောက်ထပ် ချိတ်ဆက်မှုများ > ပရင့်ထုတ်ခြင်း > ပုံသေ ပုံနှိပ် ဝန်ဆောင်မှု သို့ သွားပြီး ပုံသေ ပုံနှိပ် ဝန်ဆောင်မှု ကို ဖွင့်ပါ။

  4. ရှာဖွေမှု ရလဒ်များမှ ပရင်တာကို ရွေးချယ်ပြီး ပရင်တာကို ထည့်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်