WhatsApp ဖုန်းခေါ်ဆိုမှု အရည်အသွေး မကောင်းမွန်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
WhatsApp ဖုန်းခေါ်ဆိုမှု အရည်အသွေး မကောင်းမွန်ခြင်း

WhatsApp ချွတ်ယွင်းချက် ဖြစ်ပွားသည့် အခြေအနေ အတိအကျကို စစ်ဆေးပါ။

WhatsApp အော်ဒီယို ခေါ်ဆိုမှု အရည်အသွေး မကောင်းမွန်ခြင်း

  1. ကွန်ရက်လိုင်း မကောင်းမွန်ပါက သို့မဟုတ် ကြားဖြတ်နှောင့်ယှက်မှု ပြင်းထန်ပါက ဖုန်းခေါ်ဆိုမှုသည် ရံဖန်ရံခါ ပြတ်တောင်းပြတ်တောင်း ဖြစ်နိုင်သည် သို့မဟုတ် ဆူညံသံများ ထွက်နိုင်သည်။ ဖြစ်နိုင်လျှင် ကွန်ရက်လိုင်းကောင်းသော နေရာသို့ ရွှေ့ပြီး ထပ်မံကြိုးစားပါ။
  2. အော်ဒီယို ခေါ်ဆိုမှု အသံ အလွန်တိုးနေပါက ဆက်တင် > အသံများ > မီဒီယာ သို့ သွား၍ မီဒီယာ အသံကို ချဲ့ပြီး အော်ဒီယို ခေါ်ဆိုမှုများကို ထပ်မံ၍ လုပ်ဆောင်ကြည့်နိုင်သည်။
  3. အခြားအက်ပ်များ၏ အော်ဒီယို ခေါ်ဆိုမှုလုပ်ဆောင်ချက်သည် ပုံမှန်အတိုင်း ဟုတ်၊ မဟုတ် စစ်ဆေးပါ။ ပုံမှန်အတိုင်းဟုတ်ပါက သင့်ဖုန်းကို ပြန်လည်စတင်ပါ သို့မဟုတ် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်ဖုန်းကို နောက်ဆုံးထွက် ဗားရှင်းသို့ အပ်ဒိတ်လုပ်ပါ။
  4. ပြဿနာဆက်ရှိနေသေးပါက သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင် ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားကာ အကူအညီ ရယူပါ။

WhatsApp ဗီဒီယိုခေါ်ဆိုမှု အရည်အသွေး မကောင်းမွန်ခြင်း

  1. ကွန်ရက်လိုင်းဆွဲအားနည်းနေပါက သို့မဟုတ် ကွန်ရက်မြန်နှုန်း နှေးနေပါက ရုပ်ပုံသည် ဝါးနေနိုင်သည် သို့မဟုတ် ယာယီ ရပ်တန့်ခြင်းပင် ဖြစ်နိုင်သည်။ ဤအခြေအနေတွင် တည်ငြိမ်သော ကွန်ရက်သို့ ပြောင်းပြီး ထပ်မံကြိုးစားပါ။
  2. ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲအတွက် WhatsApp ကို အသုံးပြုနိုင်သည့် သတ်မှတ်ချက်များကို စစ်ဆေးပါ။ သင့်စက်သည် သတ်မှတ်ချက်များနှင့် မကိုက်ညီလျှင် ဖုန်းခေါ်ဆိုမှု အရည်အသွေး ကောင်းမွန်မည်မဟုတ်ပါ။ (ဥပမာအားဖြင့် မိုဘိုင်းဖုန်း၏ ပုံရိပ်ကြည်လင်ပြတ်သားမှုသည် အလွန်နိမ့်နေပါက အက်ပ်နှင့် ကိုက်ညီမှု မရှိခြင်း ဖြစ်နိုင်သည် သို့မဟုတ် ရုပ်ပုံသည် ဝါးလာမည် သို့မဟုတ် ယာယီ ရပ်တန့်သွားမည်ဖြစ်သည်။)
  3. ဗီဒီယိုခေါ်ဆိုမှု လုပ်ဆောင်နေစဉ် ရှေ့ကင်မရာမှ သင့်လျော်သော အကွာအဝေးတွင် နေပါ။ ရှေ့ကင်မရာသည် ပုံသေသတ်မှတ်ထားသည့် ဆုံချက်အလျားကို ပံ့ပိုးပေးသောကြောင့် သင်သည် ကင်မရာနှင့် (30 စင်တီမီတာအောက်) နီးကပ်လွန်းနေပါက သို့မဟုတ် (50 စင်တီမီတာအထက်) ဝေးလွန်းနေပါက ရုပ်ပုံ ကြည်လင်ပြတ်သားမှု လျော့သွားပါမည်။
  4. အလင်းရောင် လုံလောက်မှု မရှိပါက ရုပ်ပုံဝါးနိုင်သည်။ အလင်းရောင် လုံလုံလောက်လောက်ရသော ပတ်ဝန်းကျင်တွင် ဗီဒီယိုခေါ်ဆိုမှုများ လုပ်ဆောင်ကြည့်ပြီး ဗီဒီယိုခေါ်ဆိုမှု လုပ်ဆောင်နေစဉ် သင့်ဖုန်းကို ငြိမ်အောင်ထားပါ။
  5. ရှေ့ကင်မရာဖြင့်ရိုက်သော ဗီဒီယိုသည် ဝါးနေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
    1. ကြိုတင်ထည့်သွင်းထားသော ကင်မရာ အက်ပ်ကို အသုံးပြုချိန်တွင် ဗီဒီယိုရုပ်ပုံ ဝါးနေပါက အောက်ပါအဆင့်များကို လုပ်ဆောင်ပါ-
      1. ရှေ့ကင်မရာ မှန်ဘီလူး ညစ်ပေနေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
      2. ကင်မရာ မှန်ဘီလူးနေရာကို မှန်ကာဖြင့် ပိတ်ဆို့နေခြင်း သို့မဟုတ် ကွယ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
      3. အနီးဝန်းကျင်တွင် အလင်း လုံလောက်မှု ရှိ၊ မရှိ စစ်ဆေးပါ။
      4. ပြဿနာဆက်ရှိနေသေးပါက သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင် ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားကာ အကူအညီ ရယူပါ။
    2. ကြိုတင်ထည့်သွင်းထားသော ကင်မရာ အက်ပ်ကို သုံးချိန်တွင် ဗီဒီယို ရုပ်ပုံက ပုံမှန်ဖြစ်သော်လည်း WhatsApp တွင် ဗီဒီယိုခေါ်ဆိုမှု လုပ်ဆောင်သည့်အခါ ရုပ်ပုံဝါးနေလျှင် WhatsApp > > ဆက်တင် > အကူအညီ > ကျွန်ုပ်တို့ကို ဆက်သွယ်ပါသို့သွားခြင်းဖြင့် ဤပြဿနာကို အက်ပ် ဆော့ဖ်ဝဲရေးသားသူများထံ တိုက်ရိုက်တင်ပြနိုင်သည်။

6. ပြဿနာဆက်ရှိနေသေးပါက သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင် ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားကာ အကူအညီ ရယူပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်