ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် Netflix HD ဗီဒီယိုများကို ဖွင့်၍မရခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် Netflix HD ဗီဒီယိုများကို ဖွင့်၍မရခြင်း

အောက်ပါ ဖြေရှင်းနည်းများကို စမ်းလုပ်ကြည့်ပါ-

1. သင့်ဖုန်း/တက်ဘလက်က Netflix HD ဖွင့်ခြင်းကို ပံ့ပိုးပေးခြင်းရှိ၊ မရှိ စစ်ဆေးကြည့်ပါ။

အချို့သော HUAWEI ဖုန်းများ/တက်ဘလက်များတွင်သာ Netflix HD ဖွင့်ခြင်းကို ပံ့ပိုးပေးသည်။ သင့်စက်က Netflix HD ဖွင့်ခြင်းကို ပံ့ပိုးမပေးလျှင် ၎င်းတွင် Netflix HD ဗီဒီယိုများကို ဖွင့်နိုင်မည် မဟုတ်ပါ။

နောက်ထပ် အချက်အလက်များအတွက် Huawei သုံးစွဲသူဝန်ဆောင်မှုဌာန ဟော့လိုင်းကို ဖုန်းခေါ်ဆိုပါ သို့မဟုတ် အနီးအနားရှိ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ သွားပါ။ (အနီးအနားရှိ ဝန်ဆောင်မှုစင်တာ၏ လိပ်စာကို စုံစမ်းမေးမြန်းရန် My HUAWEI ကို ဖွင့်၍ စတိုးဆိုင်ကို ရှာဖွေရန် > ဝန်ဆောင်မှုစင်တာများသို့ သွားနိုင်သည်။)

2. သင့်စက်ကို ကွန်ရက်နှင့် ချိတ်ဆက်ထားခြင်းရှိ၊ မရှိ စစ်ဆေးကြည့်ပါ။

သင့်ကွန်ရက် ချိတ်ဆက်မှုက တည်ငြိမ်ကြောင်းနှင့် ချိတ်ဆက်မှုမြန်နှုန်းက အနည်းဆုံး 5 Mbit/s ရှိနေကြောင်း သေချာပါစေ။ Netflix က သင့်အင်တာနက် ချိတ်ဆက်မှု အရည်အသွေးပေါ် မူတည်၍ HD ဗီဒီယိုများ၏ အရည်အသွေးကို အလိုအလျောက် ချိန်ညှိပေးပါမည်။

3. သင့်ဖုန်း/တက်ဘလက် စနစ်နှင့် Netflix အက်ပ်ကို ၎င်းတို့၏ နောက်ဆုံးထွက် ဗားရှင်းများသို့ အပ်ဒိတ်လုပ်ထားခြင်းရှိ၊ မရှိ စစ်ဆေးကြည့်ပါ။

အပ်ဒိတ်မဖြစ်ပါက စနစ်နှင့် အက်ပ်ကို ၎င်းတို့၏ နောက်ဆုံးထွက် ဗားရှင်းများသို့ အပ်ဒိတ်လုပ်ပြီး အက်ပ်၏ ယာယီ သိမ်းထားသည့် ဒေတာကို ရှင်းပစ်ပါ။

သင့်ဖုန်း/တက်ဘလက်၏ စနစ်ကို အပ်ဒိတ်လုပ်ရန် ဆက်တင်ကို ဖွင့်ပြီး ဆော့ဖ်ဝဲ အပ်ဒိတ်ကို ရှာဖွေ၍ ဝင်ရောက် သုံးစွဲကာ မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပါ။

Netflix အက်ပ်ကို အပ်ဒိတ်လုပ်ရန် AppGallery ကို ဖွင့်၍ Netflix ကို ရှာဖွေပြီး ရှာဖွေမှု ရလဒ်များတွင် အပ်ဒိတ်ကို နှိပ်ပါ။

Netflix ၏ ယာယီ သိမ်းထားသည့် ဒေတာများကို ရှင်းပစ်ရန် ဆက်တင် > ဖွင့်မည် > အက်ပ်များ > Netflix > သိုလှောင်မှုသို့ သွားပြီး ဒေတာများကို ရှင်းမည်ကို နှိပ်ပါ။

4. Netflix သုံးစွဲသူ ဝန်ဆောင်မှုဌာနသို့ ဆက်သွယ်ပါ။

သင့်အကောင့်က HD ဗီဒီယိုများ ဖွင့်ရန် သတ်မှတ်ချက်ပြည့်မီမှုရှိ၊ မရှိ Netflix သုံးစွဲသူ ဝန်ဆောင်မှုဌာနကို မေးမြန်းပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်