ဝန်ဆောင်မှု ဝစ်ဂျတ်များကို သုံးခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI MatePad Air(11.5-inch lte 8g+256g、11.5-inch wifi 8g+128g)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
  • 请选择

သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ဝန်ဆောင်မှု ဝစ်ဂျတ်များကို သုံးခြင်း

ဝန်ဆောင်မှု ဝစ်ဂျတ်များသည် အောက်ပါတို့ကို သင့်အား လုပ်ဆောင်ခွင့်ပြုသည်-

  • မိုးလေဝသ ခန့်မှန်းချက်ကို ကြည့်ရန် သို့မဟုတ် သီချင်းဖွင့်ရန်ကဲ့သို့ အက်ပ်များကို အကြိုကြည့်ခြင်း သို့မဟုတ် ဝင်ရောက် သုံးစွဲခြင်း။

  • သင့်ပင်မ မျက်နှာပြင်ကို စိတ်ကြိုက်ပြုလုပ်ရန် ဝန်ဆောင်မှု ဝစ်ဂျတ်ပုံစံနှင့် အပြင်အဆင်မျိုးစုံမှ ရွေးချယ်ခြင်း။

  • ပင်မ မျက်နှာပြင် နေရာချွေတာရန်၊ သင့်ပင်မ မျက်နှာပြင်ကို ရိုးရှင်းထိရောက်စေရန်နှင့် ပိုမိုလွယ်ကူစွာ နေရာညွှန်ရန် ဝန်ဆောင်မှု ဝစ်ဂျတ်များစွာကို ဆင့်စီ၍ ပေါင်းခြင်း။

အောက်ခြေတွင် ဝစ်ဂျတ်ဘားရှိသော အက်ပ်များသည် ဝန်ဆောင်မှု ဝစ်ဂျတ်များကို ပံ့ပိုးပေးသည်။

ဝစ်ဂျတ်ဘားကို ဖယ်ရှားရန် ဆက်တင် > ပင်မ မျက်နှာပြင်နှင့် နောက်ခံပုံ > ပင်မ မျက်နှာပြင် ဆက်တင် > ဝစ်ဂျတ်ဘားများ ပြရန် သို့ သွားပါ။

ဤလုပ်ဆောင်ချက်ကို အချို့အခြေအနေများတွင် မပံ့ပိုးပေးပါ။ အမှန်တကယ် သုံးစွဲမှုကို အတည်ယူရမည်။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို သင့်ပင်မ မျက်နှာပြင်တွင် ထည့်ခြင်း

သင်သည် အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ဝန်ဆောင်မှု ဝစ်ဂျတ်ကို ပင်မ မျက်နှာပြင်တွင် ထည့်နိုင်ပါသည်-

  • အက်ပ်အိုင်ကွန်ပေါ်တွင် အပေါ်သို့ပွတ်ဆွဲ၍ ၎င်း၏ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖြန့်ကားပြီး ဝန်ဆောင်မှု ဝစ်ဂျတ်ကို ပင်မ မျက်နှာပြင်တွင် ထည့်ရန် ကို နှိပ်ပါ။

  • အက်ပ်အိုင်ကွန်ပေါ်တွင် အပေါ်သို့ပွတ်ဆွဲ၍ ၎င်း၏ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖြန့်ကားပါ၊ ဝန်ဆောင်မှု ဝစ်ဂျတ်ပေါ်တွင် ဖိ၍ နှိပ်ထားပါ၊ နောက်ထပ် ဝန်ဆောင်မှု ဝစ်ဂျတ်များ ကို နှိပ်ပါ၊ သင်နှစ်သက်ရာပုံစံကို ရွေးချယ်ပြီး ပင်မ မျက်နှာပြင်တွင် ပေါင်းထည့်ရန် ကို နှိပ်ပါ။

  • အက်ပ်အိုင်ကွန်ကို ဖိ၍ နှိပ်ထားပါ၊ ဝန်ဆောင်မှု ဝစ်ဂျတ်များ ကို နှိပ်ပြီး သင်နှစ်သက်ရာပုံစံကို ရွေးချယ်ကာ ပင်မ မျက်နှာပြင်တွင် ပေါင်းထည့်ရန် ကို နှိပ်ပါ။

  • ပင်မ မျက်နှာပြင်တွင် လက်နှစ်ချောင်းဖြင့် ချုံ့ချဲ့ပြုလုပ်ပါ၊ ဝန်ဆောင်မှု ဝစ်ဂျတ်များ ကို နှိပ်ပါ၊ သင်နှစ်သက်ရာ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ရွေးချယ်ပြီး ပင်မ မျက်နှာပြင်တွင် ပေါင်းထည့်ရန် ကို နှိပ်ပါ။ သင်နှစ်သက်ရာ ဝန်ဆောင်မှု ဝစ်ဂျတ်ပေါ်တွင်လည်း ဖိ၍ နှိပ်ထားနိုင်ပြီး ပင်မ မျက်နှာပြင်ပေါ်ရှိ မည်သည့်နေရာလွတ်သို့မဆို ၎င်းကို ဆွဲရွှေ့နိုင်သည်။

လက်ရှိ မျက်နှာပြင်တွင် နေရာလွတ်မရှိပါက ဝစ်ဂျတ်ကို နောက်မျက်နှာပြင်တွင် မှတ်သားပါမည်။ မည်သည့်မျက်နှာပြင်တွင်မျှ နေရာလွတ်မရှိပါက လက်ရှိ မျက်နှာပြင်၏ ညာဘက်တွင် ဝန်ဆောင်မှု ဝစ်ဂျတ်အတွက် မျက်နှာပြင်အသစ်ကို ဖန်တီးပါမည်။

နောက်ထပ် ဝန်ဆောင်မှု ဝစ်ဂျတ်များ မျက်နှာပြင်ရှိ ဝန်ဆောင်မှု ဝစ်ဂျတ်ပေါ်တွင်လည်း ဖိ၍ နှိပ်ထားနိုင်ပြီး ပင်မ မျက်နှာပြင်ပေါ်ရှိ မည်သည့်နေရာလွတ်သို့မဆို ၎င်းကို ဆွဲရွှေ့နိုင်သည်။ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဆွဲရွှေ့နေစဉ် ၎င်းကို ပင်မ မျက်နှာပြင်တွင် မထည့်ရန် သင်ဆုံးဖြတ်ပါက ၎င်းကို မျက်နှာပြင်ထိပ်သို့ ဆွဲရွှေ့မည့်အစား ဖယ်ရှားမှုဇုန်သို့ ဆွဲရွှေ့ပါ။

 
  • ဝန်ဆောင်မှု ဝစ်ဂျတ်များကို ဖိုင်တွဲများတွင် မှတ်သားထား၍ မရနိုင်ပါ။

  • အက်ပ်အိုင်ကွန်ပေါ်တွင် အပေါ်သို့ ပွတ်ဆွဲခြင်းသည် အချို့အခြေအနေများတွင် ဝန်ဆောင်မှု ဝစ်ဂျတ်ကို မဖြန့်ကားပေးနိုင်ပါ။ အမှန်တကယ် သုံးစွဲမှုကို အတည်ယူရမည်။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို ဆင့်စီခြင်း

ပင်မ မျက်နှာပြင် နေရာလွတ်ကို ချွေတာရန်နှင့် သင့်ပင်မ မျက်နှာပြင်ကို ရိုးရှင်းထိရောက်စေရန် အရွယ်အစားတူသော ဝန်ဆောင်မှု ဝစ်ဂျတ်များ/ဝစ်ဂျတ်အတွဲများကို ဆင့်စီပါ။



ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို ဆင့်စီခြင်း-

ဝန်ဆောင်မှု ဝစ်ဂျတ်/ဝစ်ဂျတ်အတွဲတစ်ခုကို ဖိ၍ နှိပ်ထားပါ၊ ၎င်းကို အရွယ်အစားတူသော အခြားဝန်ဆောင်မှု ဝစ်ဂျတ်/ဝစ်ဂျတ်အတွဲတစ်ခုသို့ ဆွဲရွှေ့ပြီး ၎င်းတို့ တစ်ခုပေါ်တစ်ခု လုံးလုံးထပ်သွားသည်နှင့် ထိုအရာနှစ်ခုကို ဆင့်စီရန် လွှတ်လိုက်ပါ။

ဆင့်စီအပုံတစ်ခုအတွင်းရှိ ဝစ်ဂျတ်များကို ကြည့်ခြင်း-

ဆင့်စီအပုံအတွင်းရှိ ဝန်ဆောင်မှု ဝစ်ဂျတ်အားလုံးကို ကြည့်ရန် ဆင့်စီအပုံပေါ်တွင် အပေါ် သို့မဟုတ် အောက်သို့ ပွတ်ဆွဲပါ။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို စီမံခန့်ခွဲခြင်း-

  1. ဆင့်စီအပုံကို အောက်ပါနည်းလမ်းတစ်ခုခုဖြင့် ဖြန့်ကားပါ-

    • ဆင့်စီအပုံကို ဖြန့်ကားရန် အောက်သို့ နောက်ထပ်ပွတ်ဆွဲပါ။

    • ဆင့်စီအပုံပေါ်တွင် ဖိ၍ နှိပ်ထားပြီး စုပုံထားသည်ကို ဖြန့်ကားရန်ကို နှိပ်ပါ။

  2. ထို့နောက် ဆင့်စီအပုံရှိ ဝစ်ဂျတ်များကို အောက်ပါအတိုင်း စီမံပါ-

    • ဝန်ဆောင်မှု ဝစ်ဂျတ်၏ နေရာကို ချိန်ညှိခြင်း- ဝန်ဆောင်မှု ဝစ်ဂျတ်ပေါ်တွင် ဖိ၍ နှိပ်ထားပြီး ၎င်း၏ နေရာကို ပြောင်းရန် ဆွဲရွှေ့ပါ။

    • ဝန်ဆောင်မှု ဝစ်ဂျတ်ကို ထိပ်တွင် မှတ်သားခြင်း- ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဆင့်စီအပုံ၏ ထိပ်တွင် မှတ်သားရန် ၎င်းကိုနှိပ်ပါ။

    • ဆင့်စီအပုံထဲမှ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖယ်ရှားခြင်း- ဝန်ဆောင်မှု ဝစ်ဂျတ်ပေါ်တွင် ဖိ၍ နှိပ်ထားပြီး ၎င်းကို မျက်နှာပြင် အစွန်းသို့ ဆွဲရွှေ့ကာ ဖိထားပါ၊ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဆင့်စီအပုံအပြင်ဘက်သို့ ရွှေ့ပြီးသည်အထိ စောင့်ပြီး ၎င်းကို ပင်မ မျက်နှာပြင်ပေါ်ရှိ မည်သည့်နေရာလွတ်သို့မဆို ဆွဲရွှေ့ပါ။

    • ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖျက်ခြင်း- ဝန်ဆောင်မှု ဝစ်ဂျတ်ကိုဖျက်ရန် ၎င်းပေါ်တွင် ဘယ်ဘက်သို့ ပွတ်ဆွဲပါ။

    • ဝစ်ဂျတ် ဆင့်စီအပုံကို ဖျက်ခြင်း- ဆင့်စီအပုံထဲရှိ ဝန်ဆောင်မှု ဝစ်ဂျတ်အားလုံးကို ဖယ်ရှားပြီးသည်နှင့် ဆင့်စီအပုံကို အလိုအလျောက် ဖျက်ပါမည်။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို ပေါင်းခြင်း

အသုံးများသော လုပ်ဆောင်ချက်များအတွက် ရှော့(တ်)ကတ်များကို ဖန်တီးရန် အရွယ်အစားအစုံ ဝန်ဆောင်မှု ဝစ်ဂျတ်အားလုံးကို ပေါင်းပြီး မကြာခဏသုံးသော ရှော့(တ်)ကတ်များကို ဝစ်ဂျတ် ပေါင်းစပ်မှုများတွင် ထည့်ပါ။



ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။

ဝစ်ဂျတ် ပေါင်းစပ်မှုတစ်ခု ထည့်ခြင်း-

  • ဝန်ဆောင်မှု ဝစ်ဂျတ်တစ်ခုကို ဖိထားပြီး မည်သည့်အရွယ်မစားမဆိုရှိသော အခြားဝန်ဆောင်မှု ဝစ်ဂျတ်တစ်ခုသို့ ၎င်းတို့ တချို့တစ်ဝက် ထပ်သွားသည်အထိ ဆွဲရွှေ့၍ အနောက်မျက်နှာပြင် ပြန့်ကားသွားသည်နှင့် ပေါင်းစပ်မှုကို အပြီးသတ်ရန် လွှတ်လိုက်ပါ။

  • ပင်မ မျက်နှာပြင်တွင် လက်ချောင်းနှစ်ချောင်းကို ပူးလိုက်ပြီး ဝန်ဆောင်မှု ဝစ်ဂျတ်များ > ဝစ်ဂျတ် ပေါင်းစပ်မှုများသို့ သွား၍ သင်ထည့်လိုသော ဝစ်ဂျတ် ပေါင်းစပ်မှုကို ဖိ၍ နှိပ်ထားကာ ပင်မ မျက်နှာပြင်တွင် ပေါင်းထည့်ရန်ကို နှိပ်ပါ။ ကိုနှိပ်ပြီး သင့်ကိုယ်ပိုင်ပေါင်းစပ်မှုကို စိတ်ကြိုက်သတ်မှတ်ရန် သင့်အကြိုက်ဆုံး ဝန်ဆောင်မှု ဝစ်ဂျတ်များကို ရွေးချယ်ကာ ကိုလည်း နှိပ်နိုင်သည်။

ဝစ်ဂျတ် ပေါင်းစပ်မှုကို တည်းဖြတ်ခြင်း-

  • ဝန်ဆောင်မှု ဝစ်ဂျတ်တစ်ခုကို ဝစ်ဂျတ် ပေါင်းစပ်မှုတွင် ထည့်ခြင်း- ပင်မ မျက်နှာပြင်ပေါ်ရှိ ဝန်ဆောင်မှု ဝစ်ဂျတ်တစ်ခုကို ဖိထားပြီး ဝစ်ဂျတ် ပေါင်းစပ်မှုသို့ ဆွဲရွှေ့ပါ။

  • ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဝစ်ဂျတ် ပေါင်းစပ်မှုမှ ဖယ်ရှားခြင်း- ဝစ်ဂျတ် ပေါင်းစပ်မှုကို ဖိ၍ နှိပ်ပြီး Pop-up မီနျူးကို ပြသသည်အထိ စောင့်ပါ။ ထို့နောက် ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖိထားပြီး ပင်မ မျက်နှာပြင်ပေါ်ရှိ နေရာအလွတ်တစ်ခုခုသို့ ဆွဲရွှေ့ပါ။

  • ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖျက်ခြင်း- ဝစ်ဂျတ် ပေါင်းစပ်မှုကို ဖိ၍ နှိပ်ပြီး Pop-up မီနျူးကို ပြသသည်အထိ စောင့်ပါ။ ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖိထားပြီး မျက်နှာပြင်၏ထိပ်ရှိ အိုင်ကွန်သို့ ဆွဲရွှေ့ပါ။

ဝစ်ဂျတ် ပေါင်းစပ်မှုကို တည်းဖြတ်ပြီးသည့်နောက် စနစ်သည် ပေါင်းစပ်မှုထဲရှိ အရာများပေါ်အခြေခံ၍ အကောင်းဆုံး နမူနာပုံစံအရွယ်အစားတစ်ခုကို အလိုအလျောက်သုံးပါမည်။ တည်းဖြတ်မျက်နှာပြင်မှ ထွက်ရန် ဝန်ဆောင်မှု ပေါင်းစပ်မှုအပြင်ဘက်ရှိ တစ်နေရာရာကို နှိပ်ပါ။

ဝန်ဆောင်မှု ပေါင်းစပ်မှုကို ဖိ၍ နှိပ်ပြီး ဝန်ဆောင်မှု ဝစ်ဂျတ်များ သို့မဟုတ် ရှော့(တ်)ကတ်များကို ထည့်ရန် သို့မဟုတ် ဖယ်ရှားရန် ပေါင်းစပ်မှုကို တည်းဖြတ်ရန်ကိုလည်း နှိပ်နိုင်သည်။

ဝစ်ဂျတ် ပေါင်းစပ်မှုကို ဖယ်ရှားခြင်း-

ဝစ်ဂျတ် ပေါင်းစပ်မှုကို ဖယ်ရှားရန် ဝစ်ဂျတ် ပေါင်းစပ်မှုကို ဖိ၍ နှိပ်ပြီး ပေါင်းစပ်မှုကို ဖယ်ရှားရန်ကို နှိပ်ပါ။

ဝစ်ဂျတ် ပေါင်းစပ်မှုကို အမည်ပြန်ပေးခြင်း-

ဝစ်ဂျတ် ပေါင်းစပ်မှုကို အမည်ပြန်ပေးရန် ဝစ်ဂျတ် ပေါင်းစပ်မှုကို ဖိ၍ နှိပ်ပြီး အမည်ပြန်ပေးရန်ကို နှိပ်ပါ။

ဝန်ဆောင်မှု ဝစ်ဂျတ်ပေါ်တွင် ဖိ၍ နှိပ်ခြင်းဖြင့်လည်း ၎င်းကို တည်းဖြတ်ပြင်ဆင်နိုင် သို့မဟုတ် ဖယ်ရှားနိုင်သည်။

အချို့ ဝန်ဆောင်မှု ဝစ်ဂျတ်များကို တည်းဖြတ်ပြင်ဆင်၍ မရနိုင်ပါ။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို ပြင်ဆင်ခြင်းနှင့် ဖယ်ရှားခြင်း

ဝန်ဆောင်မှု ဝစ်ဂျတ်များကို ပြင်ဆင်ခြင်း-

ဝစ်ဂျတ်အတွက် ပြသမည့် အချက်အလက်ကို သတ်မှတ်ရန် ဝန်ဆောင်မှု ဝစ်ဂျတ်ပေါ်တွင် ဖိ၍ နှိပ်ထားပြီး ပြင်ဆင်ကို ရွေးချယ်ပါ။

ဥပမာ- သင်သည် သတ်မှတ်ထားသော ရုပ်ပုံတစ်ပုံကို ပုံပြခန်း ဝန်ဆောင်မှု ဝစ်ဂျတ်၏ ကာဗာအဖြစ် သတ်မှတ်နိုင်သည်။ ဤသို့လုပ်ရန် ပုံပြခန်း ဝန်ဆောင်မှု ဝစ်ဂျတ်ကို ဖိ၍ နှိပ်ထားပါ၊ ပြင်ဆင် > ဓာတ်ပုံ ရွေးရန်သို့ သွား၍ ၎င်းကို သတ်မှတ်ရန် မျက်နှာပြင်ပေါ်ရှိ လမ်းညွန်ချက်များအတိုင်း လုပ်ဆောင်ပါ။

ဝန်ဆောင်မှု ဝစ်ဂျတ်များကို ဖယ်ရှားခြင်း-

ဝန်ဆောင်မှု ဝစ်ဂျတ်တစ်ခုကို ပင်မ မျက်နှာပြင်မှ ဖယ်ရှားရန် ၎င်းကို ဖိ၍ နှိပ်ထားပြီး ဖယ်ရှားပါကို ရွေးချယ်ပါ။

 
  • အချို့အက်ပ်များကို ဖျက်လိုက်ပါက သက်ဆိုင်ရာ ဝန်ဆောင်မှု ဝစ်ဂျတ်များကိုလည်း ဖယ်ရှားပစ်ပါမည်။

  • အချို့ ဝန်ဆောင်မှု ဝစ်ဂျတ်များကို ပြင်ဆင်၍ မရနိုင်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်