3:2 အချိုးအစားဖြင့် ပိုမိုကောင်းမွန်အောင် ဖွဲ့စည်းထားသည့်11.5-လက်မ HUAWEI FullView Display, 2.2K resolution3 နှင့်အတူ 120 Hz မြင့်မားသော refresh rate1 တို့ဖြင့် အသေးစိတ်ကျတဲ့အလှတရား တို့ကို ရှုစားလိုက်ပါ။
Uni-body design အဖြစ်ထုတ်လုပ်ထားတဲ့ HUAWEI MatePad 11.5'' ရဲ့ ကိုယ်ထည်တစ်ခုလုံးကို အလူမီနီယမ် နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ လိုင်းဆွဲအားကောင်းအောင်အင်တင်နာကို ကိုယ်ထည်ထဲမှာထားပြီး ကိုင်တွယ်ရလွယ်ကူအောင်ဘေးဘောင်တွေကို micro-curved frame ပြုလုပ်ပေးးထားပါတယ်။ 499 g နှင့် 6.85 mm5 သာရှိတာကြောင့် လေကဲ့သို့ ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူပါသည်။
Files Management widget သည် လုပ်ဆောင်နေသည့် မည်သည့်အရာကနေမဆို တိုက်ရိုက်ဝင်ရောက်နိုင်တာကြောင့် Documents တစ်ခုချင်းဆီကိုသွားရှာနေစရာမလိုဘဲ တစ်နေရာထဲကနေရှာဖွေပြီး တည်းဖြတ်နိုင်မှာဖြစ်ပါတယ်။
လုပ်ရမယ့်ကိစ္စတွေများလွန်းလို့ Tabs တွေတစ်ခုပြီးတစ်ခုပြောင်းသုံးနေရလို့စိတ်ညစ်နေပြီလား။ Multi-Window6 ပေါ်မှာ app windows များစွာဖွင့်နိုင်တာကြောင့် meeting တွေထဲမှာ မှတ်စုလုပ်တာပဲဖြစ်ဖြစ်၊ အီးမေလ်း ပို့တာပဲဖြစ်ဖြစ် အလုပ်ကိစ္စ စာပြန်တာပဲဖြစ်ဖြစ် တစ်ချက်နှိပ်ရုံနဲ့ပြုလုပ်နိုင်နေပါပြီ။
SuperHub7 မှာ Idea တွေစုဆောင်းလိုက်ပါ။ MatePad အသုံးပြုနေရင်းကိုယ်ကြိုက်တဲ့စာသား၊ ရုပ်ပုံများ၊ ဗီဒီယိုများနှင့် သီချင်းများကို SuperHub ထဲသို့
ဆွဲယူထည့်ထားနိုင်ပြီး Presentation တွေလုပ်တဲ့အခါကျမှ SuperHub7 ထဲကသိမ်းထားတဲ့ စာသားနဲ့ ပုံတွေကိုအလွယ်တကူ ကူးယူထည့်နိုင်ပါတယ်။
Pressureဖိအား 4096 level အထိအာရုံခံနိုင်ခြင်း8 ကြောင့် မျဉ်းတစ်ကြောင်းစီ၊ dash၊ အစက်၊ နှင့် brush-stroke ၏ ထူးခြားချက် အပြည့်အစုံကို ဖန်တီးနိုင်သည့် HUAWEI M-Pencil (2nd generation) stylus နှင့် MatePad ကိုတွဲဖက်အသုံးပြုလိုက်ပါ။ HUAWEI Smart Keyboard ကလည်း ထိကပ်လိုက်ရုံနဲ့ အသုံးပြုလို့ရပြီး အသုံးမလိုတဲ့အခါအလွယ်အကူဆွဲခွာလိုက်ရုံပါပဲ။
HUAWEI Notes မှာ လုပ်ဆောင်ချက်အသစ်တွေပါဝင်လာပါပြီ။ Quick Notes ဖြင့် စိတ်ကြိုက် Coverဒီဇိုင်းများပြောင်းလဲဖန်တီးထားတဲ့ မှတ်စုများကို အချိန်တိုအတွင်း ဝင်ရောက်နိုင်ပါပြီ။ MatePad ပေါ်မှာ အလွယ်တကူ မြင်တွေ့နိုင်မယ့် စိတ်ကြိုက်အမှတ်အသားများကို ပြုလုပ်ပြီး အသံrecord တွေကိုလည်း အချိန်နှင့်တပြေးညီ မှတ်စုများအဖြစ် ရယူနိုင်ပါပြီ။ Split-screen Notes ကြောင့် စိစစ်ဖတ်ရှုခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်းတွေပြုလုပ်ရာမှာလည်း ယခင်ကထက် ပိုမိုလွယ်ကူလာပါတယ်။ စိတ်ကူးထဲကအရာတွေကို အသေးစိတ်ကျကျ ရေးသားဖန်တီးနိုင်ရန် Zoom in ကိုလည်း ၁၅ ဆ အထိ တိုးချဲ့ကြည့်နိုင်ပါတယ်။
8 MP 105 Degree မြင်ကွင်းကျယ်ကင်မရာကဆွေးနွေးပွဲတိုင်းမှာ ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်ကိုရရှိစေပါတယ်။ FollowCam11 ရဲ့လုပ်ဆောင်ချက်ကလည်း Focus ထားထားတဲ့ လူ ရွေ့လျားသလို လိုက်ပါရွေ့လျားနိုင်ပါတယ်။ 13 MP အနောက်ကင်မရာကလည်း စာရွက်စာတမ်းတွေကို မှတ်တမ်းတင်ဖို့ကောင်းကောင်းလုံလောက်ပါတယ်။
အရည်အသွေးအထူးကောင်းမွန်တဲ့ 4nm Processor ကိုအသုံးပြုထားလို့ HUAWEI MatePad 11.5'' ဖြင့် Powerpoint slide များ၊ ဂိမ်းကစားခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းတွေကို အေးအေးဆေးဆေးပြုလုပ်နိုင်ပါတယ်။
Cavity Slot Magnetic (CSM) Antenna နှင့် အဆင့်မြှင့်ထားသော Wi-Fi 613 သည် ဒေါင်းလုဒ်လုပ်နှုန်းကို bandwidth12 နှင့် 368%12 နှစ်ဆပေးစွမ်းနိုင်သောကြောင့် ဖိုင်များနှင့် ဝဘ်စာမျက်နှာများကို Screen ပေါ်တွင် လျှင်မြန်စွာပေါ်လာစေပါတယ်။
HUAWEI MatePad 11.5" တွင် စပီကာလေးလုံးပါသော ပတ်ပတ်လည်အသံနှင့် HUAWEI Histen 8.1 algorithm ပါရှိပြီး စိတ်လှုပ်ရှားစေမယ့် အသံများကို ထုတ်ပေးပါသည်။ Huawei ၏ ကိုယ်တိုင်တီထွင်ထားသည့် AI နည်းပညာဖြင့်ဆူညံသံပယ်ဖျက်မှုနည်းပညာ14 ကလည်း အလုပ် သို့မဟုတ် စာလေ့လာနေစဉ်အတွင်း အာရုံစူးစိုက်မှုရှိစေရန် သင့်ပတ်ဝန်းကျင်ရှိ မလိုလားအပ် သောဆူညံသံများကို စစ်ထုတ်ဖယ်ရှားပေးပါသည်။ ။
7700 mAh battery15 ပါဝင်တာကြောင့် အားအပြည့်သွင်းထားရင်16 ၁၀.၅ နာရီကြာ ဗီဒီယိုတွေ ဆက်တိုက်ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် အလုပ်ချိန်မှာသာမက အားလပ်ချိန်တွေမှာပါ မနက်မှညအထိ ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။
HUAWEI M-Pencil (2nd generation) ကို magnetic holder ပေါ်သို့ စွဲကပ်လိုက်ရုံနဲ့ Tablet နှင့် M-Pencil ကိုချိတ်ဆက်သွားစေကာ17 အားသွင်းခြင်းသည် အလိုအလျောက်18 စတင် မည်ဖြစ်ပြီး သင့်ကို စဉ်ဆက်မပြတ် ပုံဆွဲခြင်းနှင့် မှတ်စုမှတ်သားခြင်း၏ ပျော်ရွှင်မှုကို ပေးစွမ်း မည်ဖြစ်သည်။