မီးခိုးရောင်
Handy All-Rounder
PaperMatte Display1 |
အဆင့်မြှင့်ထားသော HUAWEI မှတ်စုများ | 40 W SuperCharge2 နဲ့ 10,100 mAh ဘက်ထရီ
Your Eyes Will Love it
ချောမွေ့ပြီး အသေးစိတ်လက်ရာမြောက်မှုများကို မျက်ဝါးထင်ထင်တွေ့မြင်ရမည့် HUAWEI MatePad 11.5 ၏ 2.5K3 120 Hz HUAWEI FullView Display6 ကို ခံစားလိုက်ပါ။ 3:2 အချိုးနဲ့ ပါးလွှာတဲ့ screen က သင့်ကို ရုပ်ရှင်ကြည့်ခြင်း၊ သင်ယူခြင်းမှ ဂိမ်းကစားခြင်းတို့လို လုပ်ဆောင်မှုတိုင်းအတွက် ကျယ်ပြန့်သောနေရာ ဖြစ်စေပါတယ်။ ထူးကဲသော ကြည့်ရှုမှုအတွေ့အကြုံဖြင့် စိတ်လှုပ်ရှားဖွယ်အချိန်ကို ရယူလိုက်ပါ။
2456 × 1600
resolution
600 nits
peak brightness7
256
ppi
60/90/120 Hz
adaptive refresh rate
မျက်စိညောင်းညာမှုကို နည်းလမ်းသစ်ဖြင့် ဖြေရှင်းပေးသည်
Anti-Glare & Anti-Reflection
သဘာဝအလင်းကဲ့သို့ မျက်စိသက်တောင့်သက်သာ
အလင်းရောင်ပြင်းထန်သော ပတ်ဝန်းကျင်တွင် အထူးရှင်းလင်းစွာ မြင်နိုင်သည်။ အလင်းပြန်မှုကို တားဆီးသည့် nano-level နည်းပညာဖြင့် လုပ်ထားသော မျက်နှာပြင်နှင့် အလင်းစွမ်းအင်စုပ်ယူမှုတို့အား အပြည့်အစုံပေါင်းစပ်အသုံးပြုထားပြီး အလင်းရောင်အား ၉၉%8 ထိရောက်စွာ လျှော့ချကာ မျက်နှာပြင် အလင်းပြန်မှုကို ၆၀%9 အထိ လျှော့ချပေးထားသည်။
အရာရာတိုင်းကို အမြင်သစ်ဖြင့် ကြည့်လိုက်ပါ။ Low blue light အလင်းပြသမှုသည် DC dimming နှင့် အလိုအလျောက် အလင်းအဆင့်ညှိခြင်းတို့ကို ပံ့ပိုးပေးပြီး အသစ်ထွက်ရှိလာသော Circular Polarisation နည်းပညာဖြင့် မြှင့်တင်ပေးထားသည်။ ဤ hardware-အဆင့် ဖြေရှင်းချက်သည် မျက်နှာပြင်အလင်းကို နူးညံ့သော၊ သဘာဝအလင်းကဲ့သို့သော အလင်းဖြာထွက်မှုအဖြစ်သို့ ပြောင်းလဲပေးကာ မျက်မှန်10 တပ်ထားသည့်တိုင်အောင် မြင်နိုင်စွမ်းမြင့်မားစွာဖြင့် မြင်ကွင်းသက်တောင့်သက်သာရှိမှုကို မြှင့်တင်ပေးပါသည်။
polorizer
ပါးလွှာတဲ့ Stunner
ဘယ်နေရာမဆိုသယ်ပါ
ပါဝင်သည့်များနှင့်ယှဉ်လျှင်11 မယုံနိုင်လောက်အောင် ပါးလွှာသည်။ HUAWEI MatePad သည် အဆင့်မြင့် သတ္ထုခန္ဓာကိုယ် ဒီဇိုင်းပါရှိသည်။ ခေတ်မီထုတ်လုပ်မှုလုပ်ငန်းစဉ်များဖြင့် ပုံဖော်ထားပြီး ၁၀% ပိုပါးလွှာစေကာ ၃၀% ပိုမိုခံနိုင်ရည်ရှိစေသည်။12 သင့်နှင့်အတူယူဆောင်သွားပြီး ပျော်ရွှင်မှုကို ခံစားလိုက်ပါ။
Big Battery
Always Gets Your Back
ပါးလွှာသောဒီဇိုင်းထဲတွင် အပြည့်အဝသိမ်းဆည်းထားသော ဘက်ထရီစွမ်းအား။ တစ်ခါအားသွင်းရုံဖြင့် ၁၄ နာရီတိတိ ဇာတ်လမ်းတွဲများ ကြိုက်တဲ့အထိ ကြည့်ရှုနိုင်ပါသည်။ မိနစ် ၃၀ အတွင်း အမြန်အားသွင်းကာ မနက်တစ်ပိုင်းလုံး မရပ်တန့်နိင်သော ကြည့်ရှုမှုအား13 ခံစားလိုက်ပါ။
14-hour
max video playback4
40 W
HUAWEI SuperCharge5
Launch Pad
For Your Next Big Idea
Ready for Use
Whenever Inspiration Strikes
Stylus ကို & ရှာနေစရာမလိုတော့ပါ။ ရိုးရိုးရှင်းရှင်း ကပ်လိုက်ရုံဖြင့် HUAWEI M-Pencil (3rd generation) က device ပေါ်မှာ သံလိုက်ဖြင့် အလိုအလျောက်တွယ်ကပ်သွားမည်ဖြစ်သည်။ စာရေးခြင်းမှ ပုံကြမ်းရေးဆွဲခြင်းအထိ ချောမွေ့သောလှုပ်ရှားမှုနှင့် အမြင့်မားဆုံးတိကျမှုတို့ကို ပေးစွမ်းနိုင်ပြီး လက်တွေ့အတွေ့အကြုံကို ဖန်တီးပေးသည်။ GoPaint app14 နှင့် တွဲအသုံးပြုပါ ၊ သင့်၏ဖန်တီးမှုစိတ်ကူးများကို လွတ်လပ်စွာ ဖော်ထုတ်နိုင်သည်။
သင့်ရဲ့မှတ်စုများကို အလှဆင်ပါ
Spark Your Thoughts
ရှင်းရှင်းလင်းလင်းနဲ့ creative ဖြစ်အောင် ရေးပါ။ သင့်စိတ်အားတက်ကြွစေမည့် မှတ်စုစာအုပ်ကို ဖန်တီးပါ။
Resource
Centre
AI Handwriting
Enhance
Magic
Memos
သင်၏ထူးခြားသောမှတ်စုစာအုပ်15 ကိုဖန်တီးရန်အဖုံးများ၊ စတစ်ကာများနှင့်စာတမ်းအမျိုးမျိုးမှရွေးချယ်ပါ။
စာဖတ်ရလွယ်ကူမှုကို မြှင့်တင်ပေးရင်း သင့်ရဲ့ personlity15 ကိုလည်း ထိန်းသိမ်းပေးထားသည်။
အဓိကအချက်များကို ထင်ရှားစေရန် သို့မဟုတ် သင့်အိုင်ဒီယာ15 များကို စနစ်တကျဖွဲ့စည်းရန် ပုံစံအမျိုးမျိုးဖြင့် ထည့်သွင်းနိုင်သည်။
Achieve More, Effort Less
ဖြုတ်တပ်လို့ရတဲ့ HUAWEI Smart Keyboard ပေါ်မှာ device ကိုတပ်လိုက်ရုံနဲ့ PC အဆင့်မီ WPS Office တွေကို အလွယ်တကူအသုံးပြုနိုင်ပါတယ်။ ပေါ့ပါးလွယ်ကူတဲ့ ဒီ keyboard က စာရိုက်ရတာ မြန်ဆန်တာကြောင့် ခရီးသွားရင်း spreadsheet တွေ၊ presentation တွေကို အဆင်ပြေပြေ လုပ်နိုင်အောင် ကူညီပေးမှာပါ။
HUAWEI Smart Keyboard အကြောင်းပိုမိုလေ့လာပါ >
အားလုံးအတူတကွ၊ အားလုံးတပြိုင်နက်
Floating Window
SuperHub
တစ်ချိန်တည်း အလုပ်အမျိုးမျိုးလုပ်ဆောင်နိုင်မည်။ Floating Window mode ဖြင့် window များစွာကို တစ်ပြိုင်နက်ဖွင့်၍ အသုံးပြုနိုင်သည်။ ၄င်းတို့ကို အရွယ်အစားညှိ၍၊ အပေါ်အောက်စီ၍၊ နေရာရွှေ့၍ အလွယ်တကူသုံးစွဲနိုင်သည်။ App Multiplier ကိုဖွင့်၍ လုပ်ငန်းတာဝန်အားလုံးကို တစ်ပြိုင်နက်ကြည့်ရှုနိုင်မည်။ 16
device တွေကြား ကြားခံမလိုဘဲ ဖိုင်တွေကို အဆင်ပြေပြေမျှဝေနိုင်တယ်။ တက်ဘလက်၊ ဖုန်းနဲ့ ကွန်ပျူတာတွေက app တွေထဲမှာ ရှိတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသံဖိုင်တွေကို ခလုတ်တစ်ချက်နှိပ်ရုံ17 နဲ့ မျှဝေလို့ရပါတယ်။
သင့်ရဲ့ပြီးပြည့်စုံသော Playmate
Cool it Down,
Speed it Up
Graphite sheet area12 ၆၇% ကြီးမားလာတာကြောင့် ultra-conductive coolig system က အပူကျဆင်းမှုကို အများကြီးပိုထိရောက်စေတယ်။ ဒီစနစ်က တွက်ချက်မှုစွမ်းအားကို အပြည့်အဝဖော်ထုတ်ပေးလိုက်တာကြောင့် စွမ်းဆောင်ရည်တစ်ခုလုံး ၂၅% တက်လာပြီး18 သုံးစွဲမှုအတွေ့အကြုံကို သိသိသာသာ ပိုချောမွေ့စေတယ်။"
အားကောင်းသော အချက်ပြမှုများ မြန်ဆန်သော Connection
Wi-Fi ကြိုးမဲ့ချိတ်ဆက်မှုမှာ ၃၀% အထိ စွမ်းဆောင်ရည်တိုးလာတယ်19 ။ antennaအသစ်ကို နောက်ကင်မရာနဲ့ ထူးခြားစွာ တည်ဆောက်ထားတာကြောင့် ဘက်ပေါင်းစုံက singnal တွေ အားလုံးကို ကောင်းမွန်စေတယ်။ အမြန်နှုန်း အပြည့်သုံးပြီး ဖိုင်တွေကို မြန်မြန်ဆန်ဆန် download လုပ်နိုင်ကာ ဗီဒီယိုတွေကိုလည်း ချောချောမွေ့မွေ့ ကြည့်ရှုနိုင်မယ်။
စပီကာလေးလုံး
Full-on Immersion
အလွန်ပါးလွှာပြီး စွမ်းရည်မြင့် စပီကာ ၄ လုံးစနစ်ကြောင့် HUAWEI MatePad 11.5-S-inch မှာ အသံကျယ်ကျယ်နဲ့ ဘေ့စ်အသံပြင်းပြင်းတွေ ရရှိပါတယ်။ HUAWEI Histen 9.0 က ဖန်တီးမှုအခြေအနေအလိုက် အကောင်းဆုံးအသံအရည်အသွေးကို အလိုအလျောက်ပြောင်းပေးတာကြောင့် ရုပ်ရှင်တွေ၊ ဂီတတွေကို လက်တွေ့နှင့်ပိုနီးစေတယ်။
- PaperMatte Display သည် HUAWEI MatePad 11.5 PaperMatte Edition မော်ဒယ်တွင်သာ ပါရှိပါသည်။
- ပုံမှန်တန်ဖိုး။ တက်ဘလက်က ဝိုင်ယာကြိုး charging နဲ့ဆိုရင် ၄၀ ဝပ်အထိ အားသွင်းလို့ရပါတယ်။ Charger adapter သည် standard ပါဝင်ပစ္စည်းမဟုတ်ပဲ ဈေးကွက်အလိုက် ကွဲပြားနိုင်သည်။ အမှန်တကယ်အသုံးပြုမှုကို အခြေခံပါသည်။
- 2.5K resolution က 2456 × 1600 ဖြစ်ပါတယ်။
- Data သည် Huawei ဓာတ်ခွဲခန်းများမှလာသည်။ အလင်းပြန်မှုကို ၂၀၀ နစ်လောက်ထားပြီး စမ်းသပ်ထားပါသည်။ ဘက်ထရီအပြည့်ဖြစ်နေချိန်မှာ 1080P ဗီဒီယိုတွေကို ၁၄ နာရီကြာ ပြန်ကြည့်လို့ရပါတယ်။ တကယ့် performance ကတော့ စက်တစ်ခုချင်းအမျိုးအစား၊ သုံးတဲ့ပုံစံနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
- HUAWEI MatePad 11.5-S-inch က Wired charging နဲ့ဆိုရင် အများဆုံး ၄၀ ဝပ်အထိ အားသွင်းလို့ရပါတယ်။ Wired အားသွင်းနိုင်မှုစွမ်းအားကို အပြည့်အဝအသုံးချဖို့ HUAWEI ရဲ့ Standard SuperCharge charger နဲ့တွဲသုံးဖို့လိုပါတယ်။ တကယ့်အားသွင်းမှုကတော့ အပြင်အခြေအနေတွေပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားနိုင်ပါတယ်။
- Screen ကို အများဆုံး တစ်စက္ကန့် ၁၂၀ ကြိမ် refresh ပြန်လုပ်နိုင်ပါတယ်။ သုံးနေတဲ့ app (သို့) ဂိမ်းပေါ်မူတည်ပြီး ဒီနှုန်းက ပြောင်းသွားနိုင်ပါတယ်။ FullView Display ဆိုတဲ့ စကားလုံးကို နည်းပညာလောကမှာ အများဆုံးသုံးကြပြီး narrow bezel တွေနဲ့ မျက်နှာပြင်၊ ကိုယ်ထည်ကြီးမားတဲ့ screen တွေကို ဆိုလိုတာပါ။
- Data သည် Huawei ဓာတ်ခွဲခန်းများမှလာသည်။ မျက်နှာပြင်တောက်ပမှုသည်ပတ်ဝန်းကျင်နှင့်ပြသသောအကြောင်းအရာများပေါ်မူတည်၍ ကွဲပြားသည်။ အမှန်တကယ်စွမ်းဆောင်ရည်ကို အခြေခံပါသည်။
- HUAWEI MatePad 11.5 PaperMatte Edition ရဲ့ ဖန်သားပြင်မှာပဲ nano-level နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ဖန်ကို သုံးထားတာပါ။ ဒီဒေတာတွေက Huawei ဓာတ်ခွဲခန်းက အပြင်ဘက် အနှောက်အယှက်ကင်းတဲ့အခြေအနေမှာ စမ်းသပ်ထားတာဖြစ်ပါတယ်။ ပတ်ဝန်းကျင်အလင်းရောင်သည် အလွန်ကွာခြားနိုင်သောကြောင့် လျော့နည်းသွားသောအလင်းဝင်ရောက်မှု၏ အမှန်တကယ်အချိုးသည် ပတ်ဝန်းကျင်ပေါ်မူတည်၍ ကွဲပြားမည်ဖြစ်သည်။
- ဒေတာတွေက Huawei ရဲ့ ဓာတ်ခွဲခန်းက ရတာဖြစ်ပြီး၊ အလင်းပြန်မှု ၂% ရှိတဲ့ HUAWEI MatePad 11.5 PaperMatte Edition နဲ့ အလင်းပြန်မှု ၄.၈% ကနေ ၅% အထိရှိတဲ့ သာမန် LCD tablet တွေကို နှိုင်းယှဉ်ပြထားတာ ဖြစ်ပါတယ်။
- ဤထုတ်ကုန်သည် ဆေးဘက်ဆိုင်ရာကိရိယာတစ်ခုမဟုတ်ပါ၊ ဆေးဘက်ဆိုင်ရာအခြေအနေများ၏ ကုသရေးနှင့် ကာကွယ်ရေးအတွက် အသုံးပြုရန် ရည်ရွယ်ခြင်းမရှိပါ။
- ဒေတာများကို Huawei ဓာတ်ခွဲခန်းမှ ရရှိထားပါသည်။ အမှန်တကယ် အလေးချိန်နှင့် အထူသည် ထုတ်ကုန်အသေးစိတ်အချက်အလက်၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် တိုင်းတာနည်းပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
- ဒေတာများကို Huawei ဓာတ်ခွဲခန်းမှ ရရှိထားပါသည်။ HUAWEI MatePad 11.5 2024 နှင့် HUAWEI MatePad 11.5 2025 တို့ကို နှိုင်းယှဉ်ထားခြင်း ဖြစ်ပါသည်။ အမှန်တကယ်အသုံးပြုမှုကို အခြေခံပါသည်။
- ဒေတာများကို Huawei ဓာတ်ခွဲခန်းမှ ရရှိထားပါသည်။ အမှန်တကယ် စွမ်းဆောင်ရည်သည် တစ်ဦးချင်းစီ၏ device၊ အသုံးပြုမှုအလေ့အထနှင့် ပတ်ဝန်းကျင်အခြေအနေများပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
- GoPaint app သည် HarmonyOS 4.3 ပါသော tablet များ (သို့မဟုတ်) နောက်ပိုင်းဗားရှင်း tablet အချို့တွင်သာ အသုံးပြုနိုင်ပါသည်။ HUAWEI MatePad 11.5 2025 သည် လုပ်ဆောင်ချက်အချို့ကိုသာ ပံ့ပိုးပေးပါသည်။ အသေးစိတ်အချက်အလက်များအတွက် တရားဝင်ထုတ်ပြန်ချက်များကို ကြည့်ရှုပါ။ အမှန်တကယ်အသုံးပြုမှုကို အခြေခံပါသည်။
- ဤလုပ်ဆောင်ချက်ကို အသုံးပြုရန် သင့်တက်ဘလက်သည် အင်တာနက်နှင့် ချိတ်ဆက်ထားပြီး HUAWEI Notes app ကို 12.4.3.215 (သို့မဟုတ်) နောက်ပိုင်းဗားရှင်းသို့ အပ်ဒိတ်လုပ်ထားပါ။
AI လက်ရေးလုပ်ဆောင်ချက်သည် တရုတ်နှင့် အင်္ဂလိပ်ဘာသာများကိုသာ ပံ့ပိုးပါသည်။ ဤလုပ်ဆောင်ချက်ကို အသုံးပြုလိုပါက system ဘာသာစကားကို တရုတ် (သို့မဟုတ်) အင်္ဂလိပ်ဟု သတ်မှတ်ပေးပါ။
cover ၊ stickers နှင့် စက္ကူများ၏ အရေအတွက်နှင့် အမျိုးအစားသည် ကွဲပြားနိုင်ပါသည်။ အမှန်တကယ် အသုံးပြုမှုကို အခြေခံပါသည်။ - ဤလုပ်ဆောင်ချက်သည် appအချို့နှင့်သာ ကိုက်ညီပါသည်။ ပံ့ပိုးသော app များစာရင်းကို အဆက်မပြတ် update လုပ်သွားမည်ဖြစ်သည်။ လုပ်ဆောင်ချက်အကျိုးသက်ရောက်မှုများသည် ကိုးကားရန်အတွက်သာဖြစ်သည်။ ဤလုပ်ဆောင်ချက်၏ interface နှင့် အတွေ့အကြုံသည် ထုတ်ကုန်အမျိုးအစားပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။
- ဤလုပ်ဆောင်ချက်ကို PC Manager 13.0.3 (သို့မဟုတ်) နောက်ပိုင်းဗားရှင်း Huawei PC အချို့နှင့် HarmonyOS 4.3 ပါဝင်သော (သို့မဟုတ်) နောက်ပိုင်းဗားရှင်း Huawei ဖုန်းများနှင့် tablet အချို့တွင်သာ အသုံးပြုနိုင်ပါသည်။ device များသည် တူညီသော HUAWEI ID ဖြင့် အကောင့်ဝင်ထားပြီး Bluetooth နှင့် Wi-Fi ကို ဖွင့်ထားရမည်။ အချို့ သော app၊ စာသားများနှင့် ရုပ်ပုံများသာလျှင် ဤလုပ်ဆောင်ချက်နှင့် ကိုက်ညီပါသည်။ အမှန်တကယ် အတွေ့အကြုံကို အခြေခံပါသည်။
- ဒေတာများကို Huawei ဓာတ်ခွဲခန်းမှ ရရှိထားပါသည်။ အရင်မျိုးဆက် HUAWEI MatePad 11.5 2024 နှင့် နှိုင်းယှဉ်၍ Huawei tabletများ၏ စွမ်းဆောင်ရည်စမ်းသပ်မှုပုံစံအပေါ် အခြေခံကာ တွက်ချက်ထားခြင်း ဖြစ်ပါသည်။
- ဒေတာများကို Huawei ဓာတ်ခွဲခန်းမှ ရရှိထားပါသည်။ အရင်မျိုးဆက် HUAWEI MatePad 11.5 2024 နှင့် HUAWEI MatePad 11.5 2025 တို့ကို router တစ်ခုတည်းမှ အားနည်းသော signal အခြေအနေအောက်တွင် နှိုင်းယှဉ်ထားခြင်း ဖြစ်ပါသည်။