HUAWEI WATCH FIT 4 Pro

HUAWEI WATCH FIT 4 Pro KV

အဆင်မြင့် ပြင်ပ အားကစားနည်းများ | စဖိုင်းယားမှန် နဲ့ တိုက်တေနီယမ်1 | ဂေါက်ကွင်းများ မြေပုံ2 | (၁၀) ရက်အထိ အသုံးခံတဲ့ ဘက်ထရီ3

HUAWEI WATCH FIT 4 Pro Foreword
HUAWEI WATCH FIT 4 Pro Foreword
HUAWEI WATCH FIT 4 Pro Foreword
HUAWEI WATCH FIT 4 Pro Foreword
HUAWEI WATCH FIT 4 Pro Foreword
HUAWEI WATCH FIT 4 Pro Foreword

ဟိတ်ဟန်နှင့် လှုပ်ရှားမှု၊ ပရိုတစ်ယောက်ရဲ့ အရည်အချင်းကို ပြသနိုင်

ဟိတ်ဟန်နှင့် လှုပ်ရှားမှု၊ ပရိုတစ်ယောက်ရဲ့

အရည်အချင်းကို ပြသနိုင်

ချောမွတ်မှုနှင့် အားကောင်းမှုတို့ ပြီးပြည့်စုံစွာ ပေါင်းစပ်ထား

ကန့်သတ်ချက်များကို ဖြတ်ကျော်နိုင်သည့် နာရီ

ခိုင်ခံ့မှုကို အပြည့်အဝ ခံစားရ

စဖိုင်းယားမှန် နဲ့ တိုက်တေနီယမ် ကိုယ်ထည်1

အလွန်ပေါ့ပါးတယ်၊ အလွန်သင့်တော်တယ်

HUAWEI WATCH FIT 4 Pro Pro-level Outdoor Sports

အဆင်မြင့် အားကစားနည်းများ

HUAWEI TruSense System
ကျန်းမာရေး ခြေရာခံစနစ်

HUAWEI WATCH FIT 4 Pro Battery

(၁၀) ရက်အထိ အသုံးခံတဲ့ ဘက်ထရီ3

HUAWEI WATCH FIT 4 Pro Battery HUAWEI WATCH FIT 4 Pro Battery

(၆၀) မိနစ်

အားအပြည့်ထိ သွင်းဖို့4

၁၀ ရက် (အခြေခံအသုံးပြုမှုဖြင့်)

အများဆုံး ဘက်ထရီသက်တမ်း3

ရက်

သာမန်အသုံးပြုမှုဖြင့် ဘက်ထရီသက်တမ်း3

HUAWEI WATCH FIT 4 Pro Compatibility

iOS နှင့် Android5 ဖုန်းများနှင့် ချိတ်ဆက် အသုံးပြုနိုင်

HUAWEI WATCH FIT 4 Pro Colours
HUAWEI WATCH FIT 4 Pro Colours
HUAWEI WATCH FIT 4 Pro Colours
HUAWEI WATCH FIT 4 Pro Colours
HUAWEI WATCH FIT 4 Pro Colours
HUAWEI WATCH FIT 4 Pro Colours
HUAWEI WATCH FIT 4 Pro Colours

3D Wing

Strap

Green

Black

ရေမတင်နိုင်သော6 နိုင်လွန်လက်ပတ် - ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းကာ တစ်နေ့တာလုံး သက်တောင့်သက်သာရှိစေပါသည်။ လေ့ကျင့်ခန်းလုပ်နေစဉ် လွတ်လပ်စွာလှုပ်ရှားနိုင်ပါသည်။

ဤ fluoroelastomer ခါးပတ်သည် ကြည်လင်ပြတ်သားသောအသွင်အပြင်ရှိပြီး ရေမစိုနိုင်သော ခံနိုင်ရည်ရှိသည့် အရည်အသွေးမြင့် ဒီဇိုင်းဖြစ်သည်။

Swim the ocean blue and slip on a fluoroelastomer strap built to brave the waves.

အလွန်ပေါ့ပါးတယ်၊ အလွန်သင့်တော်တယ်

၉.၃ မီလီမီတာ7 သာ ပါးလွှာပြီး ၃၀.၄ ဂရမ်8 သာ အလေးချိန်ရှိသော ခန္ဓာကိုယ်ဒီဇိုင်းကို ကိုင်တွယ်လိုက်ပါ။ 3D ဖောင်းကြွပုံစံ ဒီဇိုင်းအပြောင်အလဲက သင့်ကို အံ့အားသင့်စေမည်။

အခိုင်ခံ့ဆုံး

ထူးခြားသော ဝတ်ဆင်မှုအတွေ့အကြုံ အတွက်သုံးထပ်ကွယ် အကာအကွယ်စနစ်

အထူးခိုင်မာသော 550 MPa အလူမီနီယမ်ကိုယ်ထည် _ ခိုင်ခံ့ပြီး ပေါ့ပါးကာ ချွတ်ယွင်းမှုဒဏ်ခံနိုင်သော

တိုက်တေနီယမ်သတ္တုစပ်ဘီဇယ်_ မာကျောပြီး ချေးတက်မှုဒဏ်ခံနိုင်သော

စဖိုင်ယာဖန်သားပြင်9 _ အထူးမာကျောမှုနှင့် ခံနိုင်ရည်ရှိသော

အထူးခြားဆုံး တောက်ပမှု

မျက်စိပဒေသာ ဖြစ်စေမည့် အလင်းအား 3000 nit အထိ တောက်ပသော စခရင်10 က နေရောင်တောက်ပသည့်နေရာများတွင်ပါ စာနှင့်ဓာတ်ပုံများ ပြတ်သားစွာမြင်ရပြီး အပြင်ဘက်ပတ်ဝန်းကျင်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

3000 nits

EN 13319 အသိအမှတ်ပြု11

ရေငုပ်တန်း စံချိန်စံညွှန်းပြည့်မီသော ရေစိုခံနိုင်မှု

IP6X

ဖုန်မဝင်နိုင်မှု အဆင့်သတ်မှတ်ချက်12

Golf

သင့်ဂေါက်ကစားနည်း
မြှင့်တင်လိုက်ပါ

HUAWEI WATCH FIT 4 Pro Golf Courses

လက်ကောက်ပေါ်က ဂေါက်ကွင်းများ:
ကျွန်ုပ်တို့၏ ဂေါက်ကွင်း ၁၅,၀၀၀+ မှတ်တမ်းဒေတာ2 များ ထဲမှ သင့်ဂေါက်ကွင်းကိုရှာဖွေပြီး 3D Fairway မြင်ကွင်းများ၊ Green နှင့် Bunker အချက်အလက်13 များကို ခံစားလိုက်ပါ။

HUAWEI WATCH FIT 4 Pro Smart Distance Measurements

စမတ်အကွာအဝေးတိုင်းတာချက်: နာရီစခရင်ပေါ်တွင် ထိ၍ကြည့်လိုက်ပါက -မြေပုံပေါ်ရှိ မည်သည့်နေရာမဆို သင့်အကွာအဝေး၊ မြက်ခင်း သို့ အကွာအဝေး၊ ရိုက်ချက်မတိုင်မီ အကြံပြုချက်များ ရရှိမည်။

HUAWEI WATCH FIT 4 Pro Fine-tune Your Golf Swing

သင့်ဂေါက်ရိုက်နည်းကို ပြန်လည်သုံးသပ်ပါ: သင်တန်းများမှတဆင့် အသာစီးရယူပါ၊ လေတိုက်နှုန်းနဲ့ ဂရင်လမ်းကြောင်း အချက်အလက်တွေကို အသုံးပြုပြီး ပိုမိုတိကျတဲ့ ရိုက်ချက်တွေနဲ့ ပိုပါးနပ်စွာ လုပ်နိုင်ပါမယ်။

HUAWEI WATCH FIT 4 Pro Handy Digital Scorecard

ဒစ်ဂျစ်တယ်မှတ်တမ်းကဒ်: တစ်ပေါက်ချင်းစီ၏ အမှတ်များကို အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်နိုင်>

HUAWEI WATCH FIT 4 Pro Post-game Analysis

ကစားပြီးသုံးသပ်ချက်: သင့်ကစားဟန်ကို ပိုမိုကောင်းမွန်စွာ သုံးသပ်ပြီး တိုးတက်အောင် လုပ်ဆောင်ပါ အဆင့်မြင့်တိုင်းတာမှုများဖြစ်သည့် Handicap အညွှန်းကိန်း၊ Fairway ထိမှန်နှုန်း၊ Green ရောက်ရှိမှုရာခိုင်နှုန်း တို့ကို အခြေခံအချက်အလက်များဖြစ်သော စုစုပေါင်းရိုက်ချက်၊ ကျင်းရောက်အောင် ရိုက်မှူအရေအတွက်၊ အပြစ်ဒဏ်များ၊ Fairway ထိမှန်မှုအကြိမ်ရေတို့ဖြင့် ဆန်းစစ်နိုင်ပါသည်။

HUAWEI WATCH FIT 4 Pro Dynamically Animation

သင့်ရဲ့ Golf လမ်းကြောင်းကို မျှဝေပါ: Huawei Health app မှတစ်ဆင့် Golf Ball ၏ လှုပ်ရှားမှုလမ်းကြောင်းကို အလိုအလျောက်ပြန်လည်ဖော်ပြသော animation အဖြစ် အလွယ်တကူ ကြည့်ရှုနိုင်ပြီး မျှဝေနိုင်ပါသည်။

လွတ်လပ်သော ရေငုပ်ခရီး

နက်နက်ရှိုင်းရှိုင်း ဆင်းသက်ပါ

အသစ်ထွတ်ထားသော အနက်တိုင်းစနစ်:
HUAWEI WATCH FIT 4 Pro ၏ အနက် ၄၀ မီတာအထိ တိုင်းတာနိုင်သော အနက်တိုင်းစနစ်နှင့်အတူ သင့်နယ်နိမိတ်အတွင်း ယုံကြည်မှုရှိရှိ ‌ ရေငုပ်နိုင်ပါသည်။ ရေငုပ်မှုနှင့်ကိုက်ညီသော ရေစိုခံနိုင်မှု အသိအမှတ်ပြုလက်မှတ်11
ရရှိထားပါသည်။ +

HUAWEI WATCH FIT 4 Pro Apnea Training and Testing

နေ့စဉ်ရေငုပ်လေ့ကျင့်ခန်း: အသက်ရှူမှုထိန်းချုပ်လေ့ကျင့်ခန်း၊ အသက်ရှူမှုထိန်းချုပ်မှု စမ်းသပ်ခြင်း14၊ သင့်၏ နှလုံးခုန်နှုန်း၊ SpO2 နှင့် အသက်အောင့်နိုင်သည့်အချိန်ကို မှတ်တမ်းတင်ပေးပြီး အသက်ရှူလမ်းညွှန်ချက်များပေးကာ သင့်သည်းခံနိုင်စွမ်းကို မြှင့်တင်ပေးသည်။

HUAWEI WATCH FIT 4 Pro Take the Plunge

ရေငုပ်ရန် အဆင်သင့်ဖြစ်ပါစေ: hover timer နှင့် ရေအမျိုးအစားခွဲခြားနိုင်မှု ကဲ့သို့သော ပရော်ဖက်ရှင်နယ်အဆင့် အင်္ဂါရပ်များဖြင့် သင့်ရေငုပ်အတွေ့အကြုံကို အဆင့်မြှင့်တင်လိုက်ပါ။

HUAWEI WATCH FIT 4 Pro Personalised Safe Diving

သီးသန့်စိတ်ချရေသော ရေငုပ်ခြင်း: သင့်ရေငုပ်အနက်ကို စိတ်ကြိုက်သတ်မှတ်နိုင်ပြီး သင် ရေအနက်ကြီး အချိန်အကြာကြီးထိ ရောက်သွားတဲ့အချိန်မှာ အလိုအလျောက် သတိပေးစနစ်များကြောင့် စိတ်ချလက်ချ ရေငုပ်နိုင်ပါသည်။

သွားရာလမ်းတွင်

တိကျသော တည်နေရာဖော်ပြချက်ဖြင့်
စူးစမ်းပြေးလွှားပါ။

အသစ်ဖြစ်သော Barometer:
HUAWEI Sunflower Positioning system နှင့် barometer အသစ်တို့ဖြင့် သင့်လက်ကောက်ပေါ်သို့ ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အချက်အလက်များ ပေးပို့ပေးကာ ပိုမိုထိရောက်စွာ ပြေးလွှားနိုင်ပါသည်။
လက်မှတ်ကြည့်ရန် +

HUAWEI WATCH FIT 4 Pro Precise Navigation

တိကျသောလမ်းညွှန်ခြင်း: Barometer နှင့် HUAWEI Sunflower Positioning System တို့ဖြင့် HUAWEI WATCH FIT 4 Pro သည် လမ်းကြောင်းများ၊ စောင်းတန်းများနှင့် လမ်းညွှန်နယ်မြေများကဲ့သို့သော သင့်တည်နေရာကို ရှင်းလင်းစွာပြသပေးနိုင်ပါသည်။ သင့်လက်ရှိ ကျန်းမာရေးအချက်အလက်များ၊ အပိုင်းလိုက်လမ်းညွှန်မှုများနှင့် သတ်မှတ်နေရာများဆီသို့ ကျန်ရှိသောအကွာအဝေး၊ တက်ရမည့်အမြင့်နှင့် ခန့်မှန်းပြီးစီးချိန်တို့ကို သိရှိနိုင်ပါသည်။15

HUAWEI WATCH FIT 4 Pro Marvellous Maps

အံ့ဖွယ်မြေပုံများ: အသေးစိတ်မြေမျက်နှာသွင်ပြင်၊ အမြင့်နှင့် လမ်းကြောင်းအချက်အလက်များပါဝင်သော စွဲမက်ဖွယ်ကောင်းသည့် မြေပုံများကို ကြည့်ရှုနိုင်ပြီး အင်တာနက်ချိတ်ဆက်မှုမရှိသည့်တိုင် တင်သွင်းထားသောလမ်းကြောင်းများဖြင့် သင့်လမ်းကို ရှာဖွေနိုင်ပါသည်။

HUAWEI WATCH FIT 4 Pro  Track

လမ်းမှန်ပေါ်တွင် ထိန်းသိမ်းပေးခြင်း: HUAWEI WATCH FIT 4 Pro သည် သင့်အား အသံသတိပေးချက်များ၊ တုန်ခါမှုများနှင့် မြားညွှန်ပြချက်များဖြင့် သတ်မှတ်ထားသောလမ်းကြောင်းမှ သွေဖည်သွားပါက ပြန်လည်ရောက်ရှိစေရန် လမ်းညွှန်ပေးပါသည်။

HUAWEI WATCH FIT 4 Pro Post-game Analyst

သင့်ကိုယ်ပိုင်ကစားပြီးသုံးသပ်ချက်ပေးသူ: မြေပုံဖြင့် သင့်လမ်းကြောင်းကို ပြန်လည်တည်ဆောက်နိုင်ပြီး သိပ္ပံနည်းကျဖော်စပ်ထားသော အချက်အလက်များနှင့် အကြံပြုချက်များအပေါ်အခြေခံကာ သင့်ခန္ဓာကိုယ်အခြေအနေကို ပြန်လည်သုံးသပ်နိုင်ပါသည်။

Level Up
Your Fitness

HUAWEI WATCH FIT 4 Pro Mountaineering Shooting

တောင်တက်ခရီးကို
လွယ်ကူချောမွေ့စေပါသည်

အဆင့်မြင့် အမြင့်ပိုင်းလေထုဖိအားတိုင်းကိရိယာဖြင့် တောင်တက်၊ လမ်းလျှောက်၊ စကိတ်စီးနှင့် သုံးမျိုးစုံအားကစားများကဲ့သို့သော လေ့ကျင့်ခန်းအသစ်များကို စမ်းသပ်နိုင်ပါပြီ။

Mountaineering

Hiking

Skiing

Triathlon

HUAWEI WATCH FIT 4 Pro Mountaineering Shooting
HUAWEI WATCH FIT 4 Pro Positioning Shooting

သင့်လှုပ်ရှားမှုများကို မြေပုံဆွဲပေးပါသည်

HUAWEI Sunflower Positioning System ကို Huawei မှထွင်ထားသော Sunflower Antenna အသစ်နှင့် ကုမ္ပဏီတွင်းဖွံ့ဖြိုးထားသည့် algorithm တို့ဖြင့် မောင်းနှင်ထားပါသည်။ ၎င်းသည် ပြေးလွှားခြင်း၊ လမ်းလျှောက်ခြင်းနှင့် စက်ဘီးစီးခြင်းများအတွင်း ပိုမိုတိကျသော တည်နေရာသတ်မှတ်မှုကို သေချာစေရန် ဂြိုလ်တုအချက်ပြများကို ဉာဏ်ရည်တုဖြင့် ခြေရာခံပေးပါသည်။

Outdoor Walking

Outdoor Cycling

Outdoo Running

Track Running

HUAWEI WATCH FIT 4 Pro Positioning Shooting
HUAWEI WATCH FIT 4 Pro Water Route Tracking

ရေကြောင်းလမ်းကြောင်း ခြေရာခံခြင်း

ရေပေါ်လေ့ကျင့်ခန်းမုဒ်များ: အဆင့်မြင့် ရေပေါ်လှုပ်ရှားမှုလမ်းကြောင်းမှတ်တမ်းတင်ခြင်းစနစ်ဖြင့် ဒီစက်သည် လှိုင်းစီးခြင်း၊ ရွက်လှေစီးခြင်း၊ ရက်ဖတ်လှေစီးခြင်း၊ လှေလှော်ခြင်းနှင့် ကယ်ယူလှေစီးခြင်းအပါအဝင် မျိုးစုံသောလှုပ်ရှားမှုများကို ထောက်ပံ့ပေးနိုင်ပါသည်။

Sailing

Stand-Up Paddling

Kayaking

Rowing

Powerboating

Whitewater Rafting

HUAWEI WATCH FIT 4 Pro Water Route Tracking
HUAWEI WATCH FIT 4 Pro More Workouts
HUAWEI WATCH FIT 4 Pro More Workouts
HUAWEI WATCH FIT 4 Pro More Workouts
HUAWEI WATCH FIT 4 Pro More Workouts
HUAWEI WATCH FIT 4 Pro More Workouts
HUAWEI WATCH FIT 4 Pro More Workouts
HUAWEI WATCH FIT 4 Pro More Workouts
HUAWEI WATCH FIT 4 Pro More Workouts
HUAWEI WATCH FIT 4 Pro More Workouts
HUAWEI WATCH FIT 4 Pro More Workouts
HUAWEI WATCH FIT 4 Pro More Workouts

လေ့ကျင့်ခန်းများစွာ ပါဝင်ပါသည်

ဘတ်စကက်ဘော သို့မဟုတ် ပါဒယ်ကစားခြင်းကဲ့သို့သော သင်နှစ်သက်ရာ လှုပ်ရှားမှုများတွင် နှစ်မြုပ်လိုက်ပါ။ အချက်အလက်အခြေပြု လေ့ကျင့်ခန်းအကဲဖြတ်ချက်များနှင့် အကြံပြုချက်များကို အကျိုးရှိစွာ ရယူနိုင်ပြီး သင့်လက်ဖျားတွင် လေ့ကျင့်ခန်းမုဒ် ၁၀၀ ကျော် ရရှိနိုင်ပါသည်။

HUAWEI WATCH FIT 4 Pro More Workout Functions Running Monitors

"Running form analysis" သည် ground contact time balance နှင့် vertical oscillation ကဲ့သို့သော အဆင့်မြင့်ဒေတာများကို စောင့်ကြည့်ပေးပြီး၊ သင့်ရဲ့ ပြေးဟန်ကို ညှိရန်နှင့် ဒဏ်ရာရခြင်းမှ ကာကွယ်ရန် အကြံပြုချက်များကို ပေးစွမ်းပါတယ်။

HUAWEI WATCH FIT 4 Pro More Workout Functions Huawei Health App

နာရီပေါ်တွင် စက်ဘီးစီးခြင်းကို စတင်လိုက်သည်နှင့် Huawei Health app သည် အလိုအလျောက်ဖွင့်လိုက်ပြီး သင့်ဖုန်းကို စက်ဘီးကွန်ပျူတာအဖြစ် ပြောင်းလဲပေးပါတယ်။ Huawei Health app ထဲတွင် စက်ဘီးစီးခြင်းအင်္ဂါရပ်ကို ဖွင့်ထားပါက device နှစ်ခုလုံး16 တွင် တစ်ချိန်တည်း ကြည့်ရှုနိုင်ပါတယ်။

HUAWEI WATCH FIT 4 Pro More Workout Functions Stay Fit app

Stay Fit အက်ပ်ဖြင့် ကယ်လိုရီများကို နှစ်ဖက်စလုံးမှ ခြေရာခံလိုက်ပါ။ အခုဆိုရင် နာရီပေါ်တွင် အစားအစာများကို မှတ်တမ်းတင်ရန် အသစ်နှင့် ပြင်ဆင်ထားသော food library17 အလွန်လွယ်ကူသွားပါပြီ။ သင့်ရဲ့ ကယ်လိုရီစားသုံးမှုနှင့် လိုနေသော ပမာဏဒေတာများကို အလိုအလျောက်တွက်ချက်ပေးပါမည်။

Rings များကို ဖြည့်ပြီး သင့်တစ်နေ့တာကို အောင်အောင်မြင်မြင် ပြီးမြောက်အောင် လုပ်ဆောင်ပါ။

နောက်မျိုးဆက် Activity Rings တွင် နေ့စဉ် Move (လှုပ်ရှားမှု), Exercise (လေ့ကျင့်ခန်း) နှင့် Stand (မတ်တပ်ရပ်ခြင်း) ရည်မှန်းချက်များကို သတ်မှတ်ပြီး ကျန်းမာသောနေထိုင်မှုကို နေ့စဉ်လက်တွေ့ဘဝအဖြစ် အကောင်အထည်ဖော်လိုက်ပါ။ သင့်ရဲ့နေ့စဉ်လှုပ်ရှားမှုများနှင့် ရည်မှန်းချက်တိုးတက်မှုအလိုက် တကယ့်အချိန်နှင့်တပြေးညီ သတိပေးချက်များနှင့် စိတ်အားတက်စရာတွေကို ရရှိမည်ဖြစ်ပြီး၊ သင့်ကို ပန်းတိုင်ဆီ ဆက်လက်ရောက်ရှိအောင် လှုံ့ဆော်ပေးပါလိမ့်မယ်။

ဗီဒီယို ကြည့်ပါ
ကျန်းမာရေးစောင့်ရှောက်မှု

ပရိုအဆင့် ယုံကြည်စိတ်ချရမှု

နာရီသည် အရေးကြီးသော ကျန်းမာရေးအချက်အလက်များကို ပိုမိုမြန်ဆန်စွာနှင့် ပိုမိုတိကျစွာ တိုင်းတာနိုင်ပါသည်။ ထိုအတွက် ကျေးဇူးတင်ရမည်မှာ multi-region optical path design၊ ခေတ်မီဆုံး optical architecture၊ ultra-precision glass darkening technology နှင့် နောက်မျိုးဆက် ကျန်းမာရေးစောင့်ကြည့်ရေး algorithms တို့ကြောင့်ဖြစ်ပါသည်။
HUAWEI TruSense သည် အသက်ရှူလမ်းကြောင်းစနစ်၊ အာရုံကြောစနစ်နှင့် ဟော်မုန်းစနစ်အပါအဝင် အဓိကစနစ် (၆) ခုကို စောင့်ကြည့်နိုင်စွမ်းရှိပြီး ဒီဂျစ်တယ်ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းအတွက် ပိုမိုလွယ်ကူစွာနှင့် ပိုမိုပြည့်စုံစွာ ရရှိစေရန် ရည်ရွယ်ပါသည်။

ECG အက်ပလီကေးရှင်း

အသစ်မွမ်းမံထားသော electrode နည်းပညာဖြင့် ECG အချက်ပြစုဆောင်းမှုကို ပိုမိုတိကျပြတ်သားစွာနှင့် အလျင်အမြန်ပြုလုပ်နိုင်ပါသည်။ ဘေးဘက်ရှိ electrode ကို ၃၀ စက္ကန့်သာထိပါက sinus rhythm၊ atrial fibrillation နှင့် အခြားသတိပေးချက်18 များကို ရရှိမည်ဖြစ်ပါသည်။
ECG အက်ပ်နှင့် ပံ့ပိုးသည့်နိုင်ငံများစာရင်းအကြောင်း ပိုမိုလေ့လာရန်

HUAWEI WATCH FIT 4 Pro ECG APP

25 sec

78 bpm

နှလုံးခုန်လှိုင်း မမှန်ခြင်းဆိုင်ရာ ဆန်းစစ်ချက် (Pulse Wave Arrhythmia Analysis)

PPG အာရုံခံကိရိယာ19 ဖြင့် အလိုအလျောက်စောင့်ကြည့်ပေးသော ဝန်ဆောင်မှုဖြင့် atrial fibrillation (A-fib) နှင့် premature beat စသည့် နှလုံးကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို အချိန်နှင့်တပြေးညီ သတိပေးနိုင်ပါသည်။
ပံ့ပိုးသည့်နိုင်ငံများစာရင်းကို ကြည့်ရှုရန်

HUAWEI WATCH FIT 4 Pro Pulse Wave Arrhythmia Analysis

သင့်ကို နားလည်သော နာရီ

ဤနာရီသည် အစွမ်းထက်သော HUAWEI TruSense System နှင့် ခံစားချက်များကို အာရုံခံနိုင်သည့် Emotional Wellbeing App20 တို့ဖြင့် သင့်ရဲ့ ပျော်ရွှင်မှု၊ သာမန်နှင့် မပျော်ရွှင်မှုစတဲ့ ခံစားချက်များကို စောင့်ကြည့်ပေးပြီး သင့်ကျန်းမာရေးနှင့် ပတ်သက်သည့် နက်ရှိုင်းသော အချက်အလက်များကို ဖော်ပြပေးပါသည်။

HUAWEI WATCH FIT 4 Pro  Emotional Wellbeing App
HUAWEI WATCH FIT 4 Pro  Emotional Wellbeing App

စိတ်ခံစားချက်ကို ဖော်ပြသော နာရီမျက်နှာပြင်များ

ချစ်စရာကောင်းသော အိမ်မွေးတိရစ္ဆာန်လေးများ၏ မျက်နှာပြင်ပေါ်တွင် သင့်ရဲ့ စိတ်အခြေအနေကို မြင်တွေ့နိုင်ပြီး သင့်ခံစားချက်နှင့် လိုက်လျောညီထွေစွာ ပြောင်းလဲသွားသည်ကို ကြည့်ရှုနိုင်ပါသည်။

HUAWEI WATCH FIT 4 Pro  Mood-Moving Watch Faces
HUAWEI WATCH FIT 4 Pro  Mood-Moving Watch Faces

စိတ်ကျန်းမာရေး အချက်အလက်များ

သင့်ရဲ့ ခံစားချက်များကို တစ်နေ့တာ၊ တစ်ပတ်၊ တစ်လနှင့် တစ်နှစ်စာ21 အတွက် မြင်တွေ့နိုင်ပြီး သင့်အတွက် သီးသန့်ညှိထားသော အိပ်စက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု အကြံပြုချက်များဖြင့် ခန္ဓာကိုယ်၊ စိတ်နှင့် ဝိညာဉ်တို့ကို ဟန်ချက်ညီစွာ ထိန်းသိမ်းနိုင်ပါသည်။

HUAWEI WATCH FIT 4 Pro  Emotional Wellbeing Insights

စိတ်ကျန်းမာရေး လေ့ကျင့်ခန်းများ

စိတ်ဖိစီးနေပါသလား ဒါမှမဟုတ် စိတ်ဓာတ်ကျနေပါသလား? ဘယ်ဘက်သို့ ဆွဲပြီး အသက်ရှူလေ့ကျင့်ခန်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုများကို စတင်လိုက်ပါ။ သင့်ရဲ့ စိတ်နှင့် ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စေမည်။

HUAWEI WATCH FIT 4 Pro  Emotional Wellbeing Courses

ရာသီစက်ဝန်းခြေရာခံခြင်း

မြင့်မားသောဇီဝကမ္မအချက်အလက်များနှင့် နက်ရှိုင်းသော သင်ယူမှုအယ်လ်ဂိုရီသမ်22 ကို အခြေခံထားသည့် ခန့်မှန်းရာသီသွေး၊ သားဥကြွေချိန်နှင့် မျိုးအောင်နိုင်သည့်ကာလများကို တစ်ချက်ကြည့်ရုံဖြင့် သိရှိပါ။

HUAWEI WATCH FIT 4 Pro Menstrual Cycle Tracking

အိပ်စက်ခြင်းကျန်းမာရေးစောင့်ကြည့်ခြင်း

အိပ်စက်နေစဉ် နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ SpO2 အဆင့်များ၊ အိပ်စက်နေစဉ် အသက်ရှူရပ်သွားသည့် အချက်ပြခြင်း၊ ပျမ်းမျှ HRV (နှလုံးခုန်နှုန်းပြောင်းလဲမှု) နှင့် သီးသန့်သတ်မှတ်ထားသော အခြေခံအတိုင်းအတာ22 များကဲ့သို့သော အဆင့်မြင့်တိုင်းတာမှုများဖြင့် သင်မည်မျှကောင်းစွာအိပ်ပျော်ပြီး မည်မျှပြန်လည်နာလန်ထူထားသည်ကို ကြည့်ရှုနိုင်ပါသည်။

HUAWEI WATCH FIT 4 Pro Sleep Health Monitoring

Wrist-based Health Insights

Delve into the Health Insights app, a first on the HUAWEI WATCH FIT 4 Pro, for next-level guidance on healthier lifestyles—from tips on managing stress, to advice on improving sleep and optimising workouts.23

HUAWEI WATCH FIT 4 Pro Wrist-based Health Insights

Exercise
duration

10 min

vs. yesterday

Stress

10

vs. yesterday

Sleep
score

5

vs. yesterday

HUAWEI Health +

HUAWEI Health+ ဖြင့် ဒစ်ဂျစ်တယ် ကျန်းမာရေး၏ အထူးချွန်ဆုံး အရသာကို ခံစားလိုက်ပါ စမတ်ကျသော ကိုယ်အလေးချိန် စီမံခန့်ခွဲမှု လမ်းညွှန်မှုများမှသည် သီးသန့်ညှိထားသော အစားအစာ အစီအစဉ်များနှင့် သီးသန့် ကြံ့ခိုင်မှု သင်တန်း24 များပါဝင်သည့် အဆင့်မြင့် ဝန်ဆောင်မှုများကို ရယူလိုက်ပါ။

HUAWEI WATCH FIT 4 Pro HUAWEI Health+
စမတ်ကျတဲ့ နေထိုင်မှုပုံစံ အင်္ဂါရပ်များ

Rလွတ်လပ်စွာ ပြေးပါ၊ အားအင်မကုန်ပါစေနှင့်

HUAWEI WATCH ဒုတိယမျိုးဆက် ဝါယာလက်စ် SuperCharger4 ဖြင့် မိနစ် ၁၀ အတွင်း တစ်နေ့တာ စွမ်းအင်အပြည့်ရရှိပါ။

HUAWEI WATCH FIT 4 Pro Battery and Charging
HUAWEI WATCH FIT 4 Pro Battery and Charging
HUAWEI WATCH FIT 4 Pro Battery and Charging

၆၀ မိနစ်4

အားအပြည့်အတွက်
လိုအပ်ချိန်

၁၀ ရက်³3

အများဆုံး
ဘက်ထရီသက်တမ်း

ရက်3

ပုံမှန်
ဘက်ထရီသက်တမ်း

*Always On Display (AOD) ဖွင့်ထား3 ပါက ဘက်ထရီသက်တမ်း ၄ ရက်အထိ ခံပါသည်။ အကောင်းဆုံး အားသွင်းစွမ်းရည်အတွက် ထုတ်ကုန်ဘူးတွင် ပါဝင်သော တရားဝင် အားသွင်းစက်ကိုသာ အသုံးပြုပါ။
HUAWEI WATCH FIT 4 Pro Battery and Charging
HUAWEI WATCH FIT 4 Pro Battery and Charging
HUAWEI WATCH FIT 4 Pro Battery and Charging

ဟန်ကျတဲ့ စတိုင် လိုက်ဖက်အောင် ဝတ်ဆင်ပါ

စိတ်ကြိုက် စတီကာနာရီမျက်နှာပြင်များ ဖန်တီးပါ မေ့မရနိုင်တဲ့ အချိန်တွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သင့်နာရီမျက်နှာပြင်မှာ အသက်သွင်းလိုက်ပါ။ ဒီလိုနဲ့ စက္ကန့်တိုင်းကို သင့်အချိန်အတိုင်း ဖြတ်သန်းစေမှာပါ။

စိတ်ကြိုက်

ဂျီသြမေတြီ

အီမိုဂျီ

အိမ်မွေးတိရစ္ဆာန်

0 / 5
HUAWEI WATCH FIT 4 Pro Watch Faces Sticker
HUAWEI WATCH FIT 4 Pro Watch Faces Sticker
HUAWEI WATCH FIT 4 Pro Watch Faces Sticker
HUAWEI WATCH FIT 4 Pro Watch Faces Sticker

မျက်နှာပြင်အသစ်တွေနဲ့
လိုက်ဖက်စွာဝတ်ဆင်ပါ

ဒီဇိုင်းအမျိုးမျိုး၊ စိတ်ကြိုက်စတိုင်နှင့် အင်္ဂါရပ်များ25 ဖြင့် သင့်စိတ်ကြိုက်ဖော်ပြမှုကို အကန့်အသတ်မရှိ ဖန်တီးနိုင်ပါသည် _ စိတ်ခံစားမှုအလိုက် အိမ်မွေးတိရစ္ဆာန်ပုံစံ၊ Arctic Rays နှင့် Dusk Silhouette ကဲ့သို့ အနုပညာလက်ရာများ၊ ကိုယ်ပိုင် DIY Gallery နာရီမျက်နှာပြင်26

HUAWEI WATCH FIT 4 Pro Watch Faces New
HUAWEI WATCH FIT 4 Pro Watch Faces New

လက်ထဲက စမတ်ကျတဲ့ ကိရိယာများ

HUAWEI WATCH FIT 4 Pro Voice Notepad

စကားသံမှတ်စုစာအုပ်

အရေးတကြီးမှတ်စရာရှိလား? လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး ပြောလိုက်ပါ။ HUAWEI WATCH FIT 4 Pro က ကျန်တာတွေကို ဖြေရှင်းပေးပါလိမ့်မယ်27

HUAWEI WATCH FIT 4 Pro Quick Message Replies

မြန်မြန်ပြန်စာ

စကားသံကို စာသားအဖြစ် အလိုအလျောက်ပြောင်းပေးခြင်းနဲ့ ရယ်စရာ အီမိုဂျီတွေဖြင့် ချက်ချင်းပြန်လိုက်ပါ။ သင့်လက်ဖျားထိပ်မှာပဲ ရှိနေပါတယ်27

HUAWEI WATCH FIT 4 Pro Bluetooth Calling

Bluetooth ဖုန်းခေါ်ဆိုမှု

Bluetooth ကို သင့် device နဲ့ ချိတ်ဆက်ထားပြီးရင် ဖုန်းမကိုင်ရဘဲ တစ်ချက်နှိပ်ပြီး Bluetooth ကနေတဆင့်28 ဖုန်းပြောလိုက်ပါ။

HUAWEI WATCH FIT 4 Pro Watch Screenshots

နာရီမျက်နှာပြင်ဓာတ်ပုံ

အပေါ်နဲ့အောက်ခလုတ်တွေကို တစ်ချက်နှိပ်ပြီး နာရီမျက်နှာပြင်ကို ဓာတ်ပုံရိုက်ယူကာ သင့်ဖုန်းရဲ့ Gallery မှာ သွားပြီး မျှဝေနိုင်ပါတယ်29

HUAWEI WATCH FIT 4 Pro Remote Shutter

အကွာအဝေးကနေ
ဓာတ်ပုံရိုက်ခြင်း

သင့်လက်ကောက်ဝတ်30 ကနေ သက်တောင့်သက်သာနဲ့ ဖုန်းနဲ့ ပြည့်ပြည့်စုံစုံ selfie ရိုက်လိုက်ပါ

ကျယ်ပြန့်စွာ ကိုက်ညီသော

HUAWEI WATCH FIT 4 Pro သည် iOS နှင့် Android နှစ်မျိုးလုံးနှင့် အဆင်ပြေစွာ အသုံးပြုနိုင်ပါသည် သင့်အနေဖြင့် အချိန်နှင့်တစ်ပြေးညီ အချက်အလက်များရယူနိုင်ခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းများအား ခြေရာခံနိုင်ခြင်းနှင့် အသိပေးချက်များကို သင့်လိုရာနည်းလမ်း5 ဖြင့် ရယူနိုင်မည်ဖြစ်ပါသည်

HUAWEI WATCH FIT 4 Pro Broadly Compatibility

သင့်ပုံရိပ်နှင့်လိုက်ဖက်သော စတိုင်

ပိုမိုလေ့လာရန်

HUAWEI WATCH FIT 4 Pro Straps
  1. ၁။ နာရီ၏ မျက်နှာပြင်ဖန်သားကို စဖိုင်းယားမှန်ဖြင့် ပြုလုပ်ထားပြီး၊ နာရီ၏ bezelကို တိုက်တေနီယမ်ဖြင့် ပြုလုပ်ထားသည်။
  2. ၂။ တရုတ်မြေမိုပိုင်းရှိ ဂေါက်ကွင်းများ၏ မြေပုံများကို တရုတ်မြေမိုပိုင်းတွင် မှတ်ပုံတင်ထားသော အချက်အလက်အကောင့်ဖြင့် Huawei Health အက်ပ်တွင် ဝင်ရောက်ထားမှသာ အသုံးပြုနိုင်ပါသည်။ ရရှိနိုင်မှုသည် တရားဝင်ထုတ်ပြန်ချက်များနှင့် လက်တွေ့အခြေအနေများအပေါ် မူတည်ပါသည်။ သင့်နိုင်ငံ/ဒေသနှင့် ပံ့ပိုးထားသော မြို့များ၏ စာရင်းအတွက် အသေးစိတ်ကို https://consumer.huawei.com/en/support/content/en-us16014632/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
  3. ၃။ အချက်အလက်များကို Huawei ဓာတ်ခွဲခန်းမှ ရရှိထားခြင်းဖြစ်ပါသည်။ ထုတ်ကုန်ကွဲပြားမှု၊ အသုံးပြုမှုအလေ့အထများနှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များပေါ်မူတည်၍ လက်တွေ့အသုံးပြုရာတွင် ကွာခြားမှုရှိနိုင်ပါသည်။
    ဘက်ထရီသည် အများဆုံး ၁၀ ရက်အထိ ခံနိုင်ပြီး သာမန်အသုံးပြုမှုတွင် ၇ ရက်အထိ၊ AOD ဖွင့်ထားပါက ၄ ရက်အထိ ခံနိုင်ပါသည်။
    ဘက်ထရီ၏ အများဆုံးသက်တမ်းကို အောက်ပါအခြေအနေများဖြင့် စမ်းသပ်ထားပါသည် : ပုံသေသတ်မှတ်ချက်များဖြင့် အသုံးပြုခြင်း၊ တစ်ပတ်လျှင် Bluetooth ဖြင့် ၃၀ မိနစ် စကားပြောခြင်း၊ တစ်ပတ်လျှင် ၃၀ မိနစ် သီချင်းနားထောင်ခြင်း၊ အချိန်ပြည့် နှလုံးခုန်နှုန်းစောင့်ကြည့်ခြင်း (heart rate monitoring)၊ ညဘက်တွင် HUAWEI TruSleep™ ဖွင့်ထားခြင်း၊ တစ်ပတ်လျှင် ပ်မှန်လေ့ကျင့်ခန်း ၉၀ မိနစ် (ပျမ်းမျှ)၊ အကြောင်းကြားချက်များ ဖွင့်ထားခြင်း (တစ်နေ့လျှင် စာတို ၅၀ စောင့်၊ ဖုန်းခေါ်ဆိုမှု ၆ ကြိမ်၊ နှိုးစက်ချိန် ၃ ကြိမ်)၊ နေ့စဉ် စက်ဖန်သားပြင်ကို ၂၀၀ ကြိမ် ဖွင့်ခြင်း။
    သာမန်ဘက်ထရီသက်တမ်း (စမ်းသပ်အခြေအနေ): မူလပုံမှန်ချိန်ညှိချက်များ၊ တစ်ပတ်လျှင် Bluetooth ဖြင့် ၃၀ မိနစ်ခေါ်ဆိုမှု၊ တစ်ပတ်လျှင် ၃၀ မိနစ် ဂီတဖွင့်ထားမှု၊ အချိန်ပြည့် နှလုံးခုန်နှုန်းစောင့်ကြည့်ခြင်း၊ ညဘက် HUAWEI TruSleep™ ဖွင့်ထားခြင်း၊ စိတ်ဖိစီးမှုစောင့်ကြည့်ခြင်း၊ နှလုံးခုန်မမှန်ခြင်းစစ်ဆေးခြင်းနှင့် အိပ်စက်နေစဉ် အသက်ရှူခြင်းစောင့်ကြည့်ခြင်း အင်္ဂါရပ်များဖွင့်ထားခြင်း၊ တစ်ပတ်လျှင် ပ်မျှ ၁၈၀ မိနစ် လေ့ကျင့်ခန်းလုပ်ခြင်း၊ အသိပေးချက်များဖွင့်ထားခြင်း (တစ်နေ့လျှင် စာတို ၅၀ စောင့်၊ ဖုန်းခေါ်ဆိုမှု ၆ ကြိမ်၊ အချက်ပေးချက် ၃ ကြိမ်)၊ တစ်နေ့လျှင် စက်ဖန်သားပြင်ကို စုစုပေါင်း ၃၀ မိနစ်ဖွင့်ထားခြင်း။
    AOD ဖွင့်ထားပါက ဘက်ထရီသက်တမ်း (စမ်းသပ်အခြေအနေ):မူလပုံမှန်ချိန်ညှိချက်များ၊ AOD ဖွင့်ထားခြင်း၊ တစ်ပတ်လျှင် Bluetooth ဖြင့် ၃၀ မိနစ်ခေါ်ဆိုမှု၊ တစ်ပတ်လျှင် ၃၀ မိနစ် ဂီတဖွင့်ထားမှု၊ အချိန်ပြည့် နှလုံးခုန်နှုန်းစောင့်ကြည့်ခြင်း၊ ညဘက် HUAWEI TruSleep™ ဖွင့်ထားခြင်း၊ အလိုအလျောက် စိတ်ဖိစီးမှုစောင့်ကြည့်ခြင်း၊ နှလုံးခုန်မမှန်ခြင်းစစ်ဆေးခြင်းနှင့် အိပ်စက်နေစဉ် အသက်ရှူခြင်းစောင့်ကြည့်ခြင်း အင်္ဂါရပ်များဖွင့်ထားခြင်း၊ တစ်ပတ်လျှင် ပ်မျှ ၁၈၀ မိနစ် လေ့ကျင့်ခန်းလုပ်ခြင်း၊ အသိပေးချက်များဖွင့်ထားခြင်း (တစ်နေ့လျှင် စာတို ၅၀ စောင့်၊ ဖုန်းခေါ်ဆိုမှု ၆ ကြိမ်၊ အချက်ပေးချက် ၃ ကြိမ်)၊ တစ်နေ့လျှင် စက်ဖန်သားပြင်ကို စုစုပေါင်း ၃၀ မိနစ်ဖွင့်ထားခြင်း
  4. ၄။ အကောင်းဆုံးအားသွင်းမှုစွမ်းဆောင်ရည်အတွက် ထုတ်ကုန်အထုပ်အတွင်းပါရှိသော တရားဝင်အားသွင်းခံတင်ကိုသာ အသုံးပြုပါ။ ဒေတာများကို Huawei ဓာတ်ခွဲခန်းစမ်းသပ်မှုများမှ ရရှိထားခြင်းဖြစ်ပြီး နာရီကို 25°C ပတ်ဝန်းကျင်အပူချိန်တွင် Huawei 9V/2A အဒက်ပ်တာႏွင့် နာရီနှင့်အတူပါသော ဝါယာလက်စ်ဆူပါချာဂျာဖြင့် အားသွင်းစဉ် စမ်းသပ်ထားခြင်းဖြစ်သည်။အမှန်တကယ်အားသွင်းမှုသည် ဘက်ထရီသက်တမ်းသည် ထုတ်ကုန်တစ်ခုချင်းစီ၊ အသုံးပြုမှုအလေ့အထများနှင့် ပတ်ဝန်းကျင်အချက်များပေါ်တွင် မူတည်၍ ကွာခြားနိုင်ပါသည်။
  5. ၅။ Android 8.0/iOS 13.0 (သို့မဟုတ်) ထို့ထက်မြင့်မားသော စက်ပစ္စည်းနှင့် Huawei Health အက်ပ်တပ်ဆင်ထားသည့် ဖုန်းများနှင့် တွဲဖက်အသုံးပြုမှသာ ရနိုင်ပါသည်။ အင်္ဂါရပ်၏ အပြည့်အဝအသုံးပြုနိုင်မှုသည် ဖုန်းမော်ဒယ်နှင့် စက်လည်ပတ်ရေးစနစ်ပေါ်တွင် မူတည်၍ ကွာခြားနိုင်ပါသည်။
  6. ၆။ ရေကာစွမ်းရည်သည် အချိန်တိုအတွင်း ရေစက်နှင့် ရေဖျန်းမှုအနည်းငယ်ကိုသာ အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပြီး လုံးဝရေမစိုနိုင်သော စွမ်းရည်မဟုတ်ပါ။ ရေကာစွမ်းရည်သည် အမြဲတမ်းမဟုတ်ဘဲ နေ့စဉ်အသုံးပြုမှုကြောင့် ကြာလာသည်နှင့်အမျှ လျော့နည်းသွားနိုင်ပါသည်။ စွမ်းဆောင်ရည်သည် အမှန်တကယ်အသုံးပြုမှုအပေါ် မူတည်၍ ကွာခြားနိုင်ပါသည်။
  7. ၆။ နာရီ၏ အထူသည် ၉.၃ မီလီမီတာဖြစ်ပါသည် (ဆန်ဆာ ဧရိယာမပါဝင်ပါ)။ ဒေတာများကို Huawei ဓာတ်ခွဲခန်းမှ ရရှိထားပါသည်။ အမှန်တကယ်ဒေတာများသည် ပစ္စည်းဖွဲ့စည်းပုံ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် တိုင်းတာနည်းစနစ်တို့ပေါ်မူတည်၍ အနည်းငယ်ကွဲလွဲနိုင်ပါသည်။
  8. ၈။ ၃၀.၄ ဂရမ်သည် နာရီကြိုး (watch strap) မပါဝင်သော အလေးချိန်ဖြစ်ပါသည်။ အချက်အလက်များကို Huawei ဓာတ်ခွဲခန်းမှ ရရှိထားခြင်းဖြစ်ပါသည်။ လက်တွေ့အလေးချိန်သည် ပစ္စည်းဖွဲ့စည်းပုံ (configuration)၊ ထုတ်လုပ်မှုလုပ်ငန်းစဉ် (manufacturing process) နှင့် တိုင်းတာနည်းစနစ် (measurement method) တို့အပေါ် မူတည်၍ အနည်းငယ်ကွဲပြားနိုင်ပါသည်။
  9. စဖိုင်းယားမှန်နဲံ ပြုလုပ်ထားသည်။
  10. ၁၀။ အများဆုံးအလင်းထွက်ပမာဏ (peak brightness) သည် ၃၀၀၀ နစ် (nits) ဖြစ်ပါသည်။ ဤအချက်အလက်များကို Huawei ဓာတ်ခွဲခန်းမှ ရရှိထားခြင်းဖြစ်ပါသည်။ ဖန်သားပြင်အလင်းထွက်ပမာဏသည် ပတ်ဝန်းကျင်အလင်းရောင်အခြေအနေနှင့် ပြသသည့်အကြောင်းအရာပေါ် မူတည်၍ အနည်းငယ်ကွဲပြားနိုင်ပါသည်။
  11. ၁၁။ ဤထုတ်ကုန်သည် ရေငုပ်ပစ္စည်းများအတွက် EN13319 စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး မီတာ ၄၀ အထိ ရေငုပ်ခြင်းကို ပံ့ပိုးပေးပါသည်။ ရေကူးကန် သို့မဟုတ် ကမ်းခြေတစ်လျှောက် ရေတိမ်ပိုင်းလှုပ်ရှားမှုများတွင် ဝတ်ဆင်နိုင်ပါသည်။ ရေထဲတွင် အသုံးပြုပြီးနောက် ကိရိယာ၏စွမ်းဆောင်ရည်ကို ထိခိုက်မှုမရှိစေရန် ချက်ချင်းသန့်ရှင်းပြီး အခြောက်ခံပါ၊ ကိရိယာမျက်နှာပြင်နှင့် အပေါက်များမှ ရေစက်များကို ဖယ်ရှားပါ၊ ထို့အပြင် ကိရိယာ၏ ရေထုတ်စနစ်ကို အသုံးပြုပါ။
    ဤထုတ်ကုန်ကို အောက်ပါအခြေအနေများတွင် ဝတ်ဆင်ရန် မသင့်ပါ - (မသင့်လျော်သော အခြေအနေများတွင် ဝတ်ဆင်ခြင်းကြောင့် ကိရိယာပျက်စီးပါက အာမခံအတွင်း မပါဝင်ပါ။) ပူပြင်းစိုထိုင်းသော ပတ်ဝန်းကျင်များ - ရေပူချိုးခြင်း၊ စမုတ်ရေပူစမ်း၊ ဆော်နာ (ရေနွေးငွေ့အခန်း) နှင့် အခြားအပူချိန်/စိုထိုင်းဆမြင့်မားသော လှုပ်ရှားမှုများ။ ဆပ်ပြာ၊ ခေါင်းလျှော်ရည် စသော သန့်စင်ဆေးများနှင့် ထိတွေ့နိုင်သော အခြေအနေများ - ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာရည် သို့မဟုတ် အခြားသန့်စင်ဆေးများ ပါဝင်နိုင်သော လှုပ်ရှားမှုများ။ မတော်တဆ ထိတွေ့မိပါက ကိရိယာကို ရေသန့်ဖြင့် ၃၀ မိနစ်ခန့် စိမ်၍ သေချာဆေးကြောပါ။ ရေနက်ပိုင်းငုပ်ခြင်း - ၄၀ မီတာထက် နက်သော နေရာများတွင် စကူဘာငုပ်ခြင်း၊ နည်းပညာမြင့်ငုပ်ခြင်း စသည့် လှုပ်ရှားမှုများ။ နိုင်လွန်ကြိုးများကို ရေကစားခြင်း/ချွေးထွက်များသော အခြေအနေများတွင် အသုံးမပြုရန် - နိုင်လွန်ကြိုးများသည် ရေကူးခြင်းကဲ့သို့ ရေလှုပ်ရှားမှုများ သို့မဟုတ် ချွေးခံနိုင်ရန် ဒီဇိုင်းမလုပ်ထားပါ။ ထိုသို့သော အခြေအနေများတွင် အခြားကြိုးအမျိုးအစားများ အသုံးပြုရန် အကြံပြုပါသည်။
    Huawei ဝတ်ဆင်နိုင်သော ကိရိယာများ၏ ရေစိုခံနိုင်မှုနှင့်ပတ်သက်သည့် အချက်အလက်များအတွက် အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် - https://consumer.huawei.com/en/support/content/en-us15851428/.
    ရေစိုခံနိုင်မှုသည် အမြဲတမ်းမဟုတ်ပါ၊ နေ့စဉ်အသုံးပြုမှုကြောင့် စွမ်းဆောင်ရည် ကျဆင်းနိုင်ပါသည်။ သင့်ကိရိယာ၏ ရေစိုခံစွမ်းရည်အား ပုံမှန်စစ်ဆေးပြုပြင်ရန် Huawei ၏ အသိအမှတ်ပြုဝန်ဆောင်မှုဌာနသို့ ပြသရန် အကြံပြုအပ်ပါသည်။
  12. ၁၂။ ဤထုတ်ကုန်သည် IEC 60529:2013 စံသတ်မှတ်ချက်အရ IP6X အဆင့် အတည်ပြုထားသော ဖုန်မဝင်ခြင်း/ရေစိုခံနိုင်မှုစွမ်းရည်ကို ပြည့်မီပါသည်။စိုခံစွမ်းရည်အား ပုံမှန်စစ်ဆေးပြုပြင်ရန် Huawei ၏ အသိအမှတ်ပြုဝန်ဆောင်မှုဌာနသို့ ပြသရန် အကြံပြုအပ်ပါသည်။
  13. ၁၃။ ဂေါက်ကွင်းများ၏ မြေပုံများကို Huawei Health အက်ပ်တွင် ဒေါင်းလုဒ်ရယူနိုင်ပါသည်။
  14. ၁၄။ အသက်ရှုခဏရပ်တန့်ခြင်း လေ့ကျင့်ခန်း (Apnea training) သည် အန္တရာယ်များသော လုပ်ဆောင်ချက်ဖြစ်ပြီး အတွေ့အကြုံရှိ လေ့ကျင့်သူများ၏ လမ်းညွှန်မှုဖြင့်သာ ပြုလုပ်သင့်ပါသည်။ ဤလေ့ကျင့်ခန်းကို ကမ်းပေါ်တွင် လှဲလျောင်း သို့မဟုတ် ထိုင်နေစဉ်သာ ပြုလုပ်ပါ၊ရေထဲတွင် တစ်ယောက်တည်း လေ့ကျင့်ခြင်း မပြုလုပ်ရ၊ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနှင့် လိုအပ်ချက်များအပေါ် အခြေခံ၍ စနစ်တကျ စီစဉ်ဆောင်ရွက်ပါ၊ Apnea စမ်းသပ်မှုများကို ကမ်းပေါ်တွင် ပက်လက်အနေအထားဖြင့်သာ ပြုလုပ်ပါ။ ရေအောက်တွင် Apnea စမ်းသပ်ခြင်းသည် အလွန်အန္တရာယ်များပြီး Shallow Water Blackout (SWB - အောက်ဆီဂျင်ချို့တဲ့မှုကြောင့် ခဏတာ သတိလစ်ခြင်း) ဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်၊ စမ်းသပ်မှုတစ်ခုလုံးအတွက် ပညာရှင်များ၏ ကြီးကြပ်မှု ရှိရမည်။ ဤထုတ်ကုန်သည် လေ့ကျင့်မှု သို့မဟုတ် စမ်းသပ်မှုအတွင်းဖြစ်ပေါ်နိုင်သော မမျှော်လင့်သည့် အခြေအနေများအတွက် တာဝန်မယူပါ။
  15. ၁၅။ အပိုင်းလိုက်လမ်းကြောင်းပြမှု (segment-based navigation) ကိုအသုံးပြုရန် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ရပါမည် - တတိယပါတီမှ စံထိန်းစက်မှတ်အချက်အလက်များပါသော လမ်းကြောင်းကို ဒေါင်းလုဒ်ရယူပါ၊ ထိုလမ်းကြောင်းကို သင့်ဖုန်းရှိ Huawei Health အက်ပ်သို့ တင်သွင်းပါ၊ အချက်အလက်များကို သင့်ဝတ်ဆင်နိုင်သည့်ကိရိယာသို့ ချိတ်ဆက်ပါ၊ သင့်နာရီရှိ Workout အက်ပ်ကိုဖွင့်ပါ၊ Trail run ဆက်တင်များဖန်သားပြင်သို့ဝင်ပါ၊ "Routes" ကိုနှိပ်ပါ၊ သင့်ရည်မှန်းထားသောလမ်းကြောင်းကိုရှာပါ၊ ပြေးလမ်းကြောင်းစတင်ပါ။
  16. ၁၆။ ဤနာရီသည် Bluetooth စံပြည့်မီ protocol ကိုပံ့ပိုးသော power meter များနှင့် ချိတ်ဆက်နိုင်သော်လည်း၊ အချို့သော နှစ်ဖက်စလုံးတိုင်းတာနိုင်သည့် dual-sided power meter များနှင့်မူ ချိတ်ဆက်၍မရနိုင်ပါ။
  17. ၁၇။ အစားအသောက်မှတ်တမ်း (Dietary Diary) သည် HUAWEI Health အက်ပ်မှတစ်ဆင့်သာ ရရှိနိုင်ပြီး အချို့သော ဈေးကွက်များတွင်သာ ရရှိနိုင်ပါသည်။ အစားအစာ ဒေတာဘေ့စ် (Food Library) လုပ်ဆောင်ချက်သည်လည်း အချို့သော ဈေးကွက်များတွင်သာ ပံ့ပိုးထားပါသည်။
  18. ၁၈။ ဤအက်ပ်သည် ဆေးဘက်ဆိုင်ရာထုတ်ကုန်တစ်ခုမဟုတ်ပါ။ ရရှိသောဒေတာနှင့်ရလဒ်များအားလုံးသည် ကိုးကားရန်အတွက်သာဖြစ်ပြီး ဆေးဘက်ဆိုင်ရာသုတေသန၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုအတွက် အခြေခံအဖြစ် အသုံးမပြုရပါ။ ထုတ်ကုန်ကို အသုံးမပြုမီ ညွှန်ကြားချက်များကို အပြည့်အဝဖတ်ရှုပါ။
  19. ၁၉။ ဤထုတ်ကုန်သည် ဆေးဘက်ဆိုင်ရာကိရိယာတစ်ခု မဟုတ်ပါ။ ထို့ကြောင့် စောင့်ကြည့်ရရှိသော အချက်အလက်များနှင့် ရလဒ်များသည် ကိုးကားရန်အတွက်သာဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုအတွက် အခြေခံအဖြစ် အသုံးမပြုရပါ။ ဤလုပ်ဆောင်ချက်ကို တစ်ချို့နိုင်ငံများ သို့မဟုတ် ဒေသများတွင်သာ အထောက်အပံ့ပေးထားပါသည်။
  20. ၂၀။ ဤထုတ်ကုန်သည် ဆေးဘက်ဆိုင်ရာကိရိယာတစ်ခု မဟုတ်ပါ။ ထို့ကြောင့် စောင့်ကြည့်ရရှိသော အချက်အလက်များနှင့် ရလဒ်များသည် ကိုးကားရန်အတွက်သာဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုအတွက် အခြေခံအဖြစ် အသုံးမပြုရပါ။ ဤအချက်အလက်များကို အိပ်စက်နေစဉ် သို့မဟုတ် လေ့ကျင့်ခန်းလုပ်နေစဉ်ကဲ့သို့သော အချိန်အချို့တွင် ရရှိနိုင်ခြင်း မရှိပါ။ ဤလုပ်ဆောင်ချက်ကို တစ်ချို့နိုင်ငံများ သို့မဟုတ် ဒေသများတွင်သာ အထောက်အပံ့ပေးထားပါသည်။ကုန်သည် ဆေးဘက်ဆိုင်ရာကိရိယာတစ်ခု မဟုတ်ပါ။ ထို့ကြောင့် စောင့်ကြည့်ရရှိသော အချက်အလက်များနှင့် ရလဒ်များသည် ကိုးကားရပါ။ ဤလုပ်ဆောင်ချက်ကို တစ်ချို့နိုင်ငံများ သို့မဟုတ် ဒေသများတွင်သာ အထောက်အပံ့ပေးထားပါသည်။
  21. ၂၁။ Emotion trend tracking ဒေတာများကို Huawei Health အက်ပ်တွင် ကြည့်ရှုနိုင်ပါသည်။ ဤလုပ်ဆောင်ချက်ကို 64-bit Android ဖုန်း (32-bit မဟုတ်) သို့မဟုတ် Huawei Health အက်ပ် အသစ်ဆုံးဗားရှင်းတပ်ဆင်ထားသော iPhone နှင့် ချိတ်ဆက်မှသာ အသုံးပြုနိုင်ပါသည်။
  22. ၂၂။ ဤထုတ်ကုန်သည် ဆေးဘက်ဆိုင်ရာကိရိယာတစ်ခု မဟုတ်ပါ။ ထို့ကြောင့် စောင့်ကြည့်ရရှိသော အချက်အလက်များနှင့် ရလဒ်များသည် ကိုးကားရန်အတွက်သာဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုအတွက် အခြေခံအဖြစ် အသုံးမပြုရပါ။
  23. ၂၃။ Health Insights အက်ပ်သည် ဆေးဘက်ဆိုင်ရာအသုံးပြုရန်အတွက် ရည်ရွယ်ခြင်းမရှိပါ။ စောင့်ကြည့်ရရှိသော အချက်အလက်များနှင့် ရလဒ်အားလုံးသည် ကိုးကားရန်အတွက်သာဖြစ်ပြီး ဆေးဘက်ဆိုင်ရာ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုအတွက် အခြေခံအဖြစ် အသုံးမပြုရပါ။ ဤလုပ်ဆောင်ချက်ကို OTA အပ်ဒိတ်လုပ်ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  24. ၂၄။ HUAWEI WATCH 5 Series နာရီဝယ်ယူသူများအနေဖြင့် Huawei Health အက်ပ်မှတစ်ဆင့် အခမဲ့ HUAWEI Health+ Trial အသင်း၀င် (၃လ) ကို ရယူနိုင်ပါသည် (ယခုကမ်းလှမ်းချက်ကို အောက်တွင် "ကမ်းလှမ်းချက်" ဟု ရည်ညွှန်းပါမည်)။ ဤကမ်းလှမ်းချက်သည် အောက်ဖော်ပြပါနိုင်ငံ/ဒေသများတွင် မှတ်ပုံတင်ထားသော HUAWEI ID များအတွက်သာ ရရှိနိုင်ပါသည် - မလေးရှား၊ ဂျပန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်။ ဤကမ်းလှမ်းချက်ကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၊ ညနေ ၁၁:၅၉ (ဒေသစံတော်ချိန်) အထိသာ ရရှိနိုင်ပါသည်။ အရည်အချင်းပြည့်မီသော ကိရိယာတစ်ခုနှင့် အသုံးပြုသူတစ်ဦးလျှင် တစ်ကြိမ်သာ ရယူနိုင်ပါသည်။ သက်ဆိုင်ရာစည်းကမ်းချက်များအတွက် သက်ဆိုင်ရာနိုင်ငံများ၏ ဝက်ဘ်စာမျက်နှာများကို ဝင်ရောက်ကြည့်ရှုပါ။ ဤကမ်းလှမ်းချက်ကို ဟောင်ကောင်တွင် မှတ်ပုံတင်ထားသော Huawei Services (Hong Kong) Co., Limited မှ ပံ့ပိုးပေးပါသည်။ ကုမ္ပဏီ၏ မှတ်ပုံတင်လိပ်စာ - Room 03, 9/F, Tower 6, the Gateway, No. 9 Canton Road, Tsim Sha Tsui, Kowloon, Hong Kong။
  25. ၂၅။ နာရီမျက်နှာပြင်ဒီဇိုင်းအချို့ကိုသာ စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး ဒီဇိုင်းတစ်ခုချင်းစီအတွက် ရရှိနိုင်သော ပြင်ဆင်နိုင်သည့်ရွေးချယ်စရာများ ကွဲပြားနိုင်ပါသည်။
  26. ၂၆။ နာရီမျက်နှာပြင်စတိုးမှ အခပေးနာရီမျက်နှာပြင်များအပါအဝင် နာရီမျက်နှာပြင်များစွာကို ထပ်မံဒေါင်းလုဒ်ရယူနိုင်ပါသည်။
  27. ၂၇။ ဤလုပ်ဆောင်ချက်ကို OTA အပ်ဒိတ်လုပ်ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  28. ၂၈။ Bluetooth ဖြင့်ဖုန်းခေါ်ဆိုနိုင်သော လုပ်ဆောင်ချက်ကို Huawei Health အက်ပ်မှတစ်ဆင့် နာရီအား ဖုန်းနှင့်ချိတ်ဆက်ထားမှသာ အသုံးပြုနိုင်ပါသည်။
  29. ၂၉။ နာရီ၏ မျက်နှာပြင်ဓာတ်ပုံရိုက်ယူနိုင်သော လုပ်ဆောင်ချက်ကို Huawei Health အက်ပ်မှတစ်ဆင့် ဖုန်းနှင့်ချိတ်ဆက်ထားမှသာ အသုံးပြုနိုင်ပါသည်။ ရိုက်ယူရရှိသော ဓာတ်ပုံ၏ အရည်အသွေးသည် နာရီမျက်နှာပြင်၏ resolution အတိုင်းသာ ရရှိမည်ဖြစ်ပါသည်။
  30. ၃၀။ နာရီကို EMUI 8.1/iOS 13.0 (သို့) နောက်ပိုင်းဗားရှင်းဖြင့် အလုပ်လုပ်နေသော ဖုန်းနှင့် ချိတ်ဆက်ထားမှသာ အဝေးမှ ကင်မရာဖြုတ်ခလုတ် (Remote Shutter) လုပ်ဆောင်ချက်ကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။
consumer.huawei.com မှ ထွက်ခွာမည်
ယခု Link ကိုနှိပ်ပါက သင့်အနေနဲ့ Third-Party website တစ်ခုသို့ရောက်ရှိသွားမည်ဖြစ်သည်။ ဤ Third Party website သည် Huawei ၏ထိန်းချုပ်မှုအောက်တွင်မရှိသလို သက်ဆိုင်ခြင်းလည်းမရှိပါ။
ထွက်မည် ဆက်ရန်