- ၁။ Huawei ဓါတ်ခွဲခန်းစမ်းသပ်ချက်များအရ ရရှိလာသော အချက်အလက်များဖြစ်ပြီး အမှန်တကယ်အသုံးပြုမှုသည် မော်ဒယ်လ်တစ်ခုနှင့်တစ်ခုအကြားကွဲလွဲမှု၊ အသုံးပြုမှု အလေ့အထများနှင့် ပတ်ဝန်းကျင်အခြေအနေတို့ပေါ်တွင်မူတည်၍ ကွာခြားနိုင်သည်။
HUAWEI WATCH GT 4 46 mm:
ဘက်ထရီသည်အောက်ပါအတိုင်းအသုံးပြုပါက ၁၄ ရက်အထိ အသုံးပြုနိုင်သည်။
တစ်ပတ်လျှင် Bluetooth ဖြင့် မိနစ် ၃၀ ဖုန်းခေါ်ဆိုခြင်း၊ တစ်ပတ်လျှင် မိနစ် ၃၀ သီချင်းနားထောင်ခြင်း၊ Heart Rate Monitoring အားဖွင့်ထားခြင်း၊ ညဘက်တွင် HUAWEI TruSleep™ အားဖွင့်ထားခြင်း၊ တစ်ပတ်လျှင် (GPS ဖွင့်ထားပြီး) လေ့ကျင့်ခန်း မိနစ် ၉၀ ပြုလုပ်ခြင်း၊ စာတိုအဝင်အသိပေးချက်အားဖွင့်ထားခြင်း (တစ်ရက်လျှင် SMS အစောင် ၅၀၊ ဖုန်းခေါ်ဆိုမှု ၆ ကြိမ်နှင့် နှိုးစက် ၃ကြိမ်)နှင့် တစ်ရက်လျှင် စခရင် အကြိမ် ၂၀၀ ဖွင့်ခြင်း။
အသုံးပြုသည့် အလေ့အထပေါ်တွင်မူတည်၍ ဘက်ထရီသက်တမ်းကွာခြားနိုင်ပါသည်။
ဘက်ထရီသည် အောက်ပါအတိုင်းအသုံးပြုပါက ၈ ရက်အထိ အသုံးပြုနိုင်သည်။
တစ်ပတ်လျှင် Bluetooth ဖြင့် မိနစ် ၃၀ ဖုန်းခေါ်ဆိုခြင်း၊ တစ်ပတ်လျှင် မိနစ် ၃၀ သီချင်းနားထောင်ခြင်း၊ Heart Rate Monitoring အားဖွင့်ထားခြင်း၊ ညဘက်တွင် HUAWEI TruSleep™ အားဖွင့်ထားခြင်း၊ Stress Monitoring အားဖွင့်ထားခြင်း၊ pulse wave arrhythmia analysis နှင့် အိပ်နေစဉ် အသက်ရှုနှုန်းအား သိရှိမှတ်သားသည့် feature များအားဖွင့်ထားခြင်း၊ တစ်ပတ်လျှင် (GPS ဖွင့်ထားပြီး) လေ့ကျင့်ခန်း မိနစ် ၁၈၀ ပြုလုပ်ခြင်း၊ စာတိုအဝင်အသိပေးချက်အားဖွင့်ထားခြင်း (တစ်ရက်လျှင် SMS အစောင် ၅၀၊ ဖုန်းခေါ်ဆိုမှု ၆ ကြိမ်နှင့် နှိုးစက် ၃ကြိမ်)နှင့် တစ်ရက်လျှင် စခရင်အား မိနစ် ၃၀ ဖွင့်ထားခြင်း။
အသုံးပြုသည့် အလေ့အထပေါ်တွင်မူတည်၍ ဘက်ထရီသက်တမ်းကွာခြားနိုင်ပါသည်။
ဘက်ထရီသည်အောက်ပါအတိုင်းအသုံးပြုပါက ၄ ရက်အထိ အသုံးပြုနိုင်သည်။
Always On Display (AOD) အားဖွင့်ထားခြင်း၊ တစ်ပတ်လျှင် Bluetooth ဖြင့် မိနစ် ၃၀ ဖုန်းခေါ်ဆိုခြင်း၊ တစ်ပတ်လျှင် မိနစ် ၃၀ သီချင်းနားထောင်ခြင်း၊ Heart Rate Monitoring အားဖွင့်ထားခြင်း၊ ညဘက်တွင် HUAWEI TruSleep™ အားဖွင့်ထားခြင်း၊ Stress Monitoring အားဖွင့်ထားခြင်း၊ pulse wave arrhythmia analysis နှင့် အိပ်နေစဉ် အသက်ရှုနှုန်းအား သိရှိမှတ်သားသည့် feature များအားဖွင့်ထားခြင်း၊ တစ်ပတ်လျှင် (GPS ဖွင့်ထားပြီး) လေ့ကျင့်ခန်း မိနစ် ၁၈၀ ပြုလုပ်ခြင်း၊ စာတိုအဝင်အသိပေးချက်အားဖွင့်ထားခြင်း (တစ်ရက်လျှင် SMS အစောင် ၅၀၊ ဖုန်းခေါ်ဆိုမှု ၆ ကြိမ်နှင့် နှိုးစက် ၃ကြိမ်)နှင့် တစ်ရက်လျှင် စခရင်အား မိနစ် ၃၀ ဖွင့်ထားခြင်း။
အသုံးပြုသည့် အလေ့အထပေါ်တွင်မူတည်၍ ဘက်ထရီသက်တမ်းကွာခြားနိုင်ပါသည်။
HUAWEI WATCH GT 4 41 mm:
ဘက်ထရီသည်အောက်ပါအတိုင်းအသုံးပြုပါက ၇ ရက်အထိ အသုံးပြုနိုင်သည်။
တစ်ပတ်လျှင် Bluetooth ဖြင့် မိနစ် ၃၀ ဖုန်းခေါ်ဆိုခြင်း၊ တစ်ပတ်လျှင် မိနစ် ၃၀ သီချင်းနားထောင်ခြင်း၊ Heart Rate Monitoring အားဖွင့်ထားခြင်း၊ ညဘက်တွင် HUAWEI TruSleep™ အားဖွင့်ထားခြင်း၊ တစ်ပတ်လျှင် (GPS ဖွင့်ထားပြီး) လေ့ကျင့်ခန်း မိနစ် ၉၀ ပြုလုပ်ခြင်း၊ စာတိုအဝင်အသိပေးချက်အားဖွင့်ထားခြင်း (တစ်ရက်လျှင် SMS အစောင် ၅၀၊ ဖုန်းခေါ်ဆိုမှု ၆ ကြိမ်နှင့် နှိုးစက် ၃ကြိမ်)နှင့် တစ်ရက်လျှင် စခရင် အကြိမ် ၂၀၀ ဖွင့်ခြင်း။
အသုံးပြုသည့် အလေ့အထပေါ်တွင်မူတည်၍ ဘက်ထရီသက်တမ်းကွာခြားနိုင်ပါသည်။
ဘက်ထရီသည် အောက်ပါအတိုင်းအသုံးပြုပါက ၄ ရက်အထိ အသုံးပြုနိုင်သည်။
တစ်ပတ်လျှင် Bluetooth ဖြင့် မိနစ် ၃၀ ဖုန်းခေါ်ဆိုခြင်း၊ တစ်ပတ်လျှင် မိနစ် ၃၀ သီချင်းနားထောင်ခြင်း၊ Heart Rate Monitoring အားဖွင့်ထားခြင်း၊ ညဘက်တွင် HUAWEI TruSleep™ အားဖွင့်ထားခြင်း၊ Stress Monitoring အားဖွင့်ထားခြင်း၊ pulse wave arrhythmia analysis နှင့် အိပ်နေစဉ် အသက်ရှုနှုန်းအား သိရှိမှတ်သားသည့် feature များအားဖွင့်ထားခြင်း၊ တစ်ပတ်လျှင် (GPS ဖွင့်ထားပြီး) လေ့ကျင့်ခန်း မိနစ် ၁၈၀ ပြုလုပ်ခြင်း၊ စာတိုအဝင်အသိပေးချက်အားဖွင့်ထားခြင်း (တစ်ရက်လျှင် SMS အစောင် ၅၀၊ ဖုန်းခေါ်ဆိုမှု ၆ ကြိမ်နှင့် နှိုးစက် ၃ကြိမ်)နှင့် တစ်ရက်လျှင် စခရင်အား မိနစ် ၃၀ ဖွင့်ထားခြင်း။
အသုံးပြုသည့် အလေ့အထပေါ်တွင်မူတည်၍ ဘက်ထရီသက်တမ်းကွာခြားနိုင်ပါသည်။ ဘက်ထရီသည် အောက်ပါအတိုင်းအသုံးပြုပါက ၂ ရက်အထိ အသုံးပြုနိုင်သည်။
Always On Display (AOD) အားဖွင့်ထားခြင်း၊ တစ်ပတ်လျှင် Bluetooth ဖြင့် မိနစ် ၃၀ ဖုန်းခေါ်ဆိုခြင်း၊ တစ်ပတ်လျှင် မိနစ် ၃၀ သီချင်းနားထောင်ခြင်း၊ Heart Rate Monitoring အားဖွင့်ထားခြင်း၊ ညဘက်တွင် HUAWEI TruSleep™ အားဖွင့်ထားခြင်း၊ Stress Monitoring အားဖွင့်ထားခြင်း၊ pulse wave arrhythmia analysis နှင့် အိပ်နေစဉ် အသက်ရှုနှုန်းအား သိရှိမှတ်သားသည့် feature များအားဖွင့်ထားခြင်း၊ တစ်ပတ်လျှင် (GPS ဖွင့်ထားပြီး) လေ့ကျင့်ခန်း မိနစ် ၁၈၀ ပြုလုပ်ခြင်း၊ စာတိုအဝင်အသိပေးချက်အားဖွင့်ထားခြင်း (တစ်ရက်လျှင် SMS အစောင် ၅၀၊ ဖုန်းခေါ်ဆိုမှု ၆ ကြိမ်နှင့် နှိုးစက် ၃ကြိမ်)နှင့် တစ်ရက်လျှင် စခရင်အား မိနစ် ၃၀ ဖွင့်ထားခြင်း။
အသုံးပြုသည့် အလေ့အထပေါ်တွင်မူတည်၍ ဘက်ထရီသက်တမ်းကွာခြားနိုင်ပါသည်။ - ၂။ Huawei ဓါတ်ခွဲခန်း စမ်းသပ်ချက်များမှ ရရှိလာသောအချက်အလက်များဖြစ်ပြီး ၎င်းသည် HUAWEI WATCH GT 3 42 mm နှင့်နှိုင်းယှဉ်ထားခြင်းဖြစ်သည်။ Screen-to-body ratio 13% တိုးတက်လာသည်ဆိုသည်မှာ HUAWEI WATCH GT 4 41 mm အားဆိုလိုခြင်းဖြစ်သည်။
- ၃။ ဝယ်ယူရသော နာရီမျက်နှာပြင်များအပါအဝင် အခမဲ့နာရီမျက်နှာပြင်များအား Watch Face Store မှ ထပ်မံဒေါင်းလုတ်ဆွဲယူနိုင်ပါသည်။
- ၄။ Always On Display ဖွင့်ထားသည့် နာရီမျက်နှာပြင်များမှာ ဘက်ထရီပိုကုန်စေပြီး Always On Display ဖွင့်ထားသည့်အခြေအနေတွင် နာရီ၏ ဘက်ထရီသက်တမ်းနှင့်ပက်သတ်၍ အသေးစိတ်သိရှိလိုပါက အသုံးပြုမှုအလေ့အထပေါ်မူတည်၍ ဘက်ထရီသက်တမ်းကွာခြားပုံတွင် လေ့လာနိုင်ပါသည်။
- ၅။ တစ်ချို့သော နာရီမျက်နှာပြင်များကိုသာ စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်ပြီး နာရီမျက်နှာပြင်အမျိုးအစားပေါ်တွင်မူတည်၍ စိတ်ကြိုက်ပြင်ဆင်နိုင်မှုများမှာ ကွဲပြားနိုင်သည်။ ဤ Feature အား OTA update ပြုလုပ်ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။
- ၆။ ဤ Feature အား OTA Update ပြုလုပ်ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။ အသုံးပြုနိုင်မှုအား လက်တွေ့အခြေအနေနှင့် တရားဝင် သတင်းထုတ်ပြန်ချက်များအား ကိုးကားနိုင်သည်။
- ၇။ HUAWEI WATCH GT 4 သည် ISO 22810:2010 Standard အောက်တွင် ရေဖိအားခံနိုင်မှု 5 ATM-rated resistance level ရှိသည်။ HUAWEI WATCH GT 4 အား ရေကူးကန်နှင့် ကမ်းခြေတစ်လျောက် ရေတိမ်တွင် ပြုလုပ်သော လှုပ်ရှားမှုများတွင်သာ အသုံးပြုနိုင်ပြီး ရေနက်တွင်ဒိုင်ပင်ထိုးခြင်း၊ ရေနွေးဖြင့်ရေချိုးခြင်း၊ ရေပူစိမ်ခြင်း၊ ရေနက်ပိုင်း (သို့) ရေစီးမြန်သည့်နေရာများတွင်ပြုလုပ်သော လှုပ်ရှားမှုများတွင် ဝတ်ဆင်ရန်မသင့်တော်ပါ။ သားရည်နှင့် သတ္တုလက်ပတ်ကြိုးများမှာ ချွေးထွက်ခြင်းနှင့် ရေကူးခြင်းတို့အား ခံနိုင်ရည်ရှိရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းမဟုတ်သည့်အတွက် ထိုကဲ့သို့အခြေအနေများတွင် အခြားလက်ပတ်ကြိုးအမျိုးအစားများအား အသုံးပြုရန် အကြံပြုလိုပါသည်။ ပင်လယ်ရေနှင့်ထိပြီးချိန်တွင် ရေချိုဖြင့် ပြန်လည်ဆေးပြီး ခြောက်အောင်သုတ်ရန်မမေ့ပါနှင့်။ HUAWEI wearables များ၏ ရေစိုခံနိုင်မှုအားအောက်ပါလင့်ခ်တွင် ပိုမိုလေ့လာနိုင်ပါသည်။https://consumer.huawei.com/en/support/content/en-us15851428/. ရေစိုခံနိုင်မှုသည်ပုံသေမဟုတ်ပါ။ နေ့စဉ်အသုံးပြုမှုအပေါ်တွင်မူတည်၍ လုပ်ဆောင်နိုင်မှုလျော့ကျလာနိုင်ပါသည်။
- ၈။ အသံဖြင့် ခိုင်းစေရာတွင် အောက်ပါဘာသာစကားများဖြင့်သာ အသုံးပြုနိုင်သည်။ အင်္ဂလိပ်၊ ဂျာမန်၊ ပိုလန်၊ စပိန်၊ အီတလီ၊ ဂျပန်၊ ပြင်သစ်၊ တူရကီ၊ မလေး၊ ထိုင်း၊ တရုတ်ဘာသာစကားများ
- ၉။ သတိပေးချက်များသည် မိမိလိုအပ်သည့်နေရာတွင် Continual monitoring အားဖွင့်ထားမှသာ သတိပေးမည်ဖြစ်သည်။ HUAWEI WATCH GT 4 သည် ဆေးဘက်ဆိုင်ရာထုတ်ကုန်မဟုတ်ပါ။ ပြသသည့်အချက်အလက်များအားလုံးသည် ကိုးကားရန်အတွက်သာဖြစ်သည်။
- ၁၀။ Huawei ဓါတ်ခွဲခန်း စမ်းသပ်ချက်များမှ ရရှိလာသော အချက်အလက်များဖြစ်ပြီး HUAWEI WATCH GT 3 46 mm နှင့် နှိုင်းယှဉ်ထားခြင်းဖြစ်သည်။ GNSS တွင် GPS၊ BeiDou၊ GLONASS၊ Galileo နှင့် QZSS စသည့် ဂြိုလ်တုစနစ် ၅ မျိုးပါဝင်သည်။
- ၁၁။ HUAWEI WATCH GT 4သည် ဆေးဘက်ဆိုင်ရာထုတ်ကုန်မဟုတ်ပါ။ ကျန်းမာရေးနှင့်ပတ်သက်သည့် စောင့်ကြည့်တိုင်းတာသည့် အချက်အလက်များနှင့် ရလာဒ်များသည် ကိုးကားရန်အတွက်သာဖြစ်ပြီး ရောဂါရှာဖွေရန် (သို့မဟုတ်) ကုသမှုအတွက် အခြေခံအချက်အလက်အနေဖြင့် အသုံးမပြုသင့်ပါ။ ဤ Feature သည် အချို့သောနိုင်ငံ/ ဒေသများတွင်သာ အထောက်အပံ့ပေးသည်။
- ၁၂။ HUAWEI WATCH GT 4သည် ဆေးဘက်ဆိုင်ရာထုတ်ကုန်မဟုတ်ပါ။ ကျန်းမာရေးနှင့်ပတ်သက်သည့် စောင့်ကြည့်တိုင်းတာသည့် အချက်အလက်များနှင့် ရလာဒ်များသည် ကိုးကားရန်အတွက်သာဖြစ်ပြီး ရောဂါရှာဖွေရန် (သို့မဟုတ်) ကုသမှုအတွက် အခြေခံအချက်အလက်အနေဖြင့် အသုံးမပြုသင့်ပါ။
- ၁၃။ iOS ဖုန်းများတွင် Quick Reply အား အထောက်အပံ့မပေးပါ။
- ၁၄။ iOS ဖုန်းများတွင် music syncing (သို့မဟုတ်) နာရီဖြင့် သီချင်းများအား ထိန်းချုပ်ခန့်ခွဲခြင်းမပြုလုပ်နိုင်ပါ။
- ၁၅။ HUAWEI WATCH GT 4 သည် Android 8.0 နှင့် iOS 13.0 (သို့မဟုတ်) ၎င်းတို့နှင့်အထက်မော်ဒယ်လ်များနှင့် Huawei Health App သွင်းထားသောဖုန်းများဖြင့်ချိတ်ဆက်အသုံးပြုနိုင်သည်။ ရရှိနိုင်သော Feature များသည် ဖုန်းအမျိုးအစားပေါ်တွင် မူတည်၍ကွာခြားနိုင်သည်။ လက်တွေ့အသုံးပြု သိရှိနိုင်ပါသည်။


Fashion, never stops.
Pushing boundaries
through technology.
To cross, to sport, to explore.
Huawei Wearable.
Fashion Forward.
Geometric
Aesthetics

၂ ပတ်အထိအသုံးပြုနိုင်သည့် ဘက်ထရီ1

မည်သည့်ဖုန်းနှင့်မဆို ချိတ်ဆက်နိုင်ခြင်း

စမတ်လေ့ကျင့်ခန်းနည်းပြ
ကယ်လိုရီ စီမံခန့်ခွဲမှုစနစ်အသစ်

ပရော်ဖက်ရှင်နယ်အဆင့် ကျန်းမာရေး စီမံခန့်ခွဲမှု
အဆင့်မြင့်တင်ထားသော TruSeen™ 5.5+
နည်းပညာဖြင့် ကျန်းမာရေးအတွက် အရေးကြီးသော အချက်ပြမှုများအား စောင့်ကြည့်လေ့လာခြင်း

နေ့စဉ်ဘဝတွင် အဆင်ပြေချောမွေ့ခြင်း

Appearance
သင်နှစ်သက်မည့်အရောင်စုံဒီဇိုင်းများ
HUAWEI WATCH GT 4 46 mm
HUAWEI WATCH GT 4 41 mm
ထူးခြားတဲ့ အဂံဒီဇိုင်း၊ ပြီးပြည့်စုံသော အလှတရားများနှင့် စတိုင်ကျသည့် နာရီမျက်နှာပြင်
ဗီဒီယိုအား ရှုစားလိုက်ပါနေ့ရောညပါ တစ်လက်လက်ထပြီး တောက်ပလှတဲ့ နာရီဘေးဘောင်ကွင်း
ဗီဒီယိုအား ရှုစားလိုက်ပါ
HUAWEI WATCH GT 4 46 mm
ပိုမိုလေ့လာရန်



HUAWEI WATCH GT 4 41 mm
ပိုမိုလေ့လာရန်


Slimmed Down, Spaced Out
Screen-to-body ratio2 13% ပိုများကာ ပါးလွှာသော ဘေးဘောင်များဖြင့်အနားကွတ်ထားသည့်နာရီမှာ လေကဲ့သို့ပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။
326
PPI
1.43-inch
AMOLED screen
466 × 466
pixels
352
PPI
1.32-inch
AMOLED screen
466 × 466
pixels


Dazzling Watch Faces to Choose from
နေ့စဉ်သွားလာလှုပ်ရှားမှုအချက်အလက်များပေါ်တွင်မူတည်၍ နာရီမျက်နှာပြင်ပေါ်ရှိပန်းပွင့်လေးမှာ တဖြည်းဖြည်းပွင့်အာလာသည့် နာရီမျက်နှာပြင်အပါဝင် ရွေးချယ်စရာ နာရီမျက်နှာပြင်ပေါင်း ၂၅၀၀၀ ကျော်နှင့်3 Always On Display နာရီမျက်နှာပြင်များဖြင့်4 အကောင်းဆုံးအသုံးပြုမှု အတွေ့အကြုံများကို ခံစားနိုင်ပါတယ်။









Custom Watch Faces
သင့််စိတ်ကြိုက် စတိုင်၊ လုပ်ဆောင်ချက် Function၊ အရောင်များအပြင် အက်ပလီကေးရှင်းများအကြား အထစ်အငေါ့မရှိ ပြောင်းလဲအသုံးပြုနိုင်ရန် စိတ်ကြိုက် widget များဖြင့် ကိုယ်ပိုင် နာရီမျက်နှာပြင်များ ဖန်တီးပြီး သင့်ရဲ့ တီထွင်ဆန်းသစ်နိုင်မှုကို ပြသနိုင်ပါတယ်။5
Data-Driven Workouts
Your Gym on a Limb

Complete All 3 Rings
သင့်ကျန်းမာရေးအခြေအနေတိုးတက်မှုရှိလာစေရန် လှုပ်ရှားနေစဉ်၊ လေ့ကျင့်ခန်းလုပ်စဉ်နှင့် မတ်တပ်ရပ်စဉ် တိုင်းတာချက်များအား Activity Rings 2.0 တွင် နေ့စဉ်ပန်းတိုင်များသတ်မှတ်နိုင်ပါတယ်။ Three-ring goal ရောက်ရှိပါက Medal Reward ရရှိမှာဖြစ်ပါတယ်။
Can-Do Calorie Management
HUAWEI TruSeen™ 5.5+ နည်းပညာထောက်ပံ့ပေးထားသော Stay Fit App6 မှ လှုပ်ရှားနေစဉ် ကယ်လိုရီလောင်ကျွမ်းမှု၊ နားနေစဉ်တွင် အလိုအလျောက် ကယ်လိုရီလောင်ကျွမ်းမှု နှင့် calorie deficit စသည့် ကယ်လိုရီရရှိမှု အဆင့်မြင့်တိုင်းတာချက်များဖြင့် ကယ်လိုရီသုံးစွဲမှုပမာဏအား အချိန်နဲ့တပြေးညီ သိရှိစေပါတယ်။

100+ Workout Modes

100+ Workout Modes
HUAWEI WATCH GT 4 မှ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း7 တို့အပြင် ဘောလုံးကစားခြင်း၊ ဘက်စကတ်ဘော၊ padel တင်းနစ်ကစားခြင်းစသည့် ရွေးချယ်စရာ mode အသစ်များဖြင့် သင်နှစ်သက်ရာ အားကစားလှုပ်ရှားမှုတိုင်းကို ခြေရာခံသိရှိနိုင်ပါတယ်။ ထို့ပြင် ပြေးနေစဉ်တွင်လည်း HUAWEI WATCH GT 4 အား အသံဖြင့်ညွှန်ကြားချက်များ8 ပေးနိုင်သည့်အတွက် အဆင်ပြေချောမွေ့စေပါတယ်။
Follow Your Heart
Workout Heart Rate Monitoring
အသစ်အဆင့်မြင့်တင်ထားသော HUAWEI TruSeen™ 5.5+ ဖြင့် နှလုံးခုန်နှုန်းများကိုတိုင်းတာပြီး နှလုံးခုန်နှုန်းသည် သတ်မှတ်ချက်ဇုန်မှ သွေဖယ်သွားသည့်အချိန်တိုင်းတွင် အသံ (သို့မဟုတ်) တုန်ခါမှုဖြင့် အချိန်နဲ့ တပြေးညီသတိပေးချက်များ9 ရရှိမှာဖြစ်ပါတယ်။

Enhanced Route Tracking
စမတ်ဂြိုလ်တု အင်တာနာမှ HUAWEI WATCH GT 4 46 mm ၏ GNSS အချက်ပြမှုများအား 30%10 ပိုမိုတိကျစေပြီး သင်သွားသည့် လမ်းတစ်လျောက်ရှိ အဆောက်အအုံများ၊ ပန်းခြံများ၊ လူနေအိမ်များ စသည်ဖြင့် အတိအကျ ခြေရာခံပေးနိုင်ပါတယ်။ ထို့ပြင် HUAWEI WATCH GT 4 တွင်ပါဝင်သည့် Smart Fusion Positioning Algorithm အားများများ အသုံးပြုလေပိုမိုတိကျသော အချက်အလက်များကိုရရှိလေဖြစ်ပါတယ်။

Health Monitoring
Keep Up with Your Health

Vital Sign Tracker
HUAWEI WATCH GT 4 ၏ HUAWEI TruSeen™ 5.5+ စနစ်သည် နှလုံးခုန်နှုန်း၊ SpO2၊ အိပ်စက်မှုနှင့် စိတ်ဖိစီးမှုများကို အသေးစိတ် တိတိကျကျ ခြေရာခံပေးနိုင်သည့်အတွက် အချိန်နဲ့တပြေးညီ သိရှိစေမှာဖြစ်ပါတယ်။

Pulse Wave Arrhythmia Analysis
နှလုံးခုန်နှုန်းမူမမှန်ဘဲ အရမ်းမြန်နေခြင်း (A-fib) နှင့် Premature Beat Risks ဖြစ်နိုင်ခြေတို့အား အချိန်မီသတိပေးနိုင်ရန် PPG sensor ဖြင့်အားဖြည့်ထားပါတယ်။11
Learn more about the list of supported countries >
Sleep Tight Every Night
HUAWEI TruSleep™ 3.0 စနစ်ကြောင့် သင့်အိပ်ချိန်အား ခြေရာခံစောင့်ကြည့်နိုင်ပြီး အိပ်နေစဉ်အတွင်း မူမမှန်သော အသက်ရှုမှုများကို11 ရှာဖွေကာ သတိပြုမိစေသည့်အတွက် စိတ်ချလက်ချ ကောင်းမွန်စွာ အိပ်စက်နိုင်မှာပဲဖြစ်ပါတယ်။
Learn more about the list of supported countries >
Special Attention to Women's Health
အဆင့်မြင့် ဇီဝကမ္မအချက်အလက်များနှင့် အတွင်းကျကျလေ့လာသည့် Alogrithm12 တို့ကို အခြေခံ၍ အမျိုးသမီးများ ဓမ္မတာလာချိန်၊ သားဥကြွေချိန်၊ မျိုးဥအောင်နိုင်ချိန်စသည်တို့ကို ခန့်မှန်းသိရှိနိုင်ပါတယ်။

Smart Life
Hassle-free Smart Life

Answer Bluetooth Calls Directly on Your Watch
အဝင်ဖုန်းခေါ်ဆိုမှုများကို ဖြေဆိုခြင်း၊ ဖုန်းချခြင်းများပြုလုပ်နိုင်ပြီး အဆင်သင့်ပါရှိသော Quick replies13 များအားလွယ်ကူလျင်မြန်စွာ ပို့နိုင်ပြီး ဖုန်းခေါ်ဆိုမှု အချက်အလက်များကိုလည်း ကြည့်ရှုနိုင်ပါတယ်။

Listen Without Limits
HUAWEI WATCH GT 4 မှ music playback14 အား အထောက်အပံ့ပေးပြီး နာရီမှတဆင့် ဖုန်းထဲရှိအက်ပလီကေးရှင်းမှသီချင်းများအား ရွေးချယ်နားဆင်နိုင်ပါတယ်။
Take Control of Your Life
HUAWEI WATCH GT 4 ၏ Calendar app မှတဆင့် လုပ်ဆောင်စရာရှိသည့် အလုပ်စာရင်းများအားစီမံခန့်ခွဲနိုင်သည့်အတွက် သင့်လုပ်ငန်းများအား ပိုမိုအဆင်ပြေချောမွေ့ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်စေပါတယ်။

Communicate Conveniently As Can Be
SMS များအား HUAWEI WATCH GT 4 တွင် အလွယ်တကူ ဖတ်နိုင်ပြီး အသင့်ပါသော စာတိုလေးများ (သို့မဟုတ်) emoji များအား ပြန်ပို့နိုင်တဲ့အတွက် အဆင်ပြေချောမွေ့စေမှာပဲဖြစ်ပါတယ်။

Power Up in a Pinch
HUAWEI WATCH GT 4 46 mm သည် အားအပြည့်သွင်းထားပါက ၁၄ ရက်1 အသုံးပြုနိုင်ပြီး HUAWEI WATCH GT 4 41 mm မှာ ၇ ရက်1 အသုံးပြုနိုင်ပါတယ်။
HUAWEI WATCH GT 4 46 mm
၁၄ရက်
အများဆုံးဘက်ထရီသက်တမ်း
၈ ရက်
ပုံမှန် ဘက်ထရီသက်တမ်း
Always On Display ဖွင့်ထားပါက ဘက်ထရီသက်တမ်း ၄ရက်
HUAWEI WATCH GT 4 41 mm
၇ ရက်
အများဆုံးဘက်ထရီသက်တမ်း
၄ ရက်
ပုံမှန် ဘက်ထရီသက်တမ်း
Always On Display ဖွင့်ထားပါက ဘက်ထရီသက်တမ်း ၂ရက်


Broadly Compatible
HUAWEI WATCH GT 4 သည် iOS နှင့် Android ဖုန်းအမျိုးအစားနှစ်မျိုးလုံးတွင် အသုံးပြုနိင်တဲ့အတွက် လွယ်ကူအဆင်ပြေစေပါတယ်။15