HUAWEI nova 10 SE

HUAWEI nova 10 SE
HUAWEI nova 10 SE
Be inspired, Be nova

108 MP High-Res Portrait Camera1 | 66 W HUAWEI SuperCharge2 | 4500 mAh Big Battery3

Easy to Get a Hold of

HUAWEI nova 10 SE မှာတော့ ကြီးမားတဲ့ဘက်ထရီနှင့် Screen ကို ကျစ်လစ်စွာတပ်ဆင်ထားပြီး သေးငယ်ပေမယ့်အစွမ်းထက်ကြောင်း အားလုံးကိုပြသခဲ့ပါတယ်။ 7.39 mm အထူ4 သာရှိတာကြောင့် သင့်ရဲ့အိပ်ကပ်ထဲမှာ အလွယ်တကူထည့်ထားနိုင်သလို လက်ဖြင့်ကိုင်ရလည်းလွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်။

Thinness

7.39 mm

HUAWEI nova 10 SE lightweight thin design
HUAWEI nova 10 SE lightweight thin design
HUAWEI nova 10 SE lightweight thin design
HUAWEI nova 10 SE OLED display
HUAWEI nova 10 SE OLED display
Vibrant OLED Display

6.67-inch OLED HUAWEI FullView Display5 ကတော့ အံ့ဩဖွယ်ကောင်းတဲ့ Resolution နှင့် အရောင်ကို အဆုံးစွန်အထိပို့ဆောင်ပေးမှာပါ။ ဒါ့အပြင် 91.85% screen-to-body ratio6 ရှိတဲ့ မျက်နှာပြင်ကလည်း Power ကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းပေးမှာပဲဖြစ်ပါတယ်။ 90 Hz refresh rate7 နှင့် 270 Hz touch sampling rate7 တို့ရဲ့ပေါင်းစပ်မှုက ပိုမိုချောမွေ့ကောင်းမွန်တဲ့ ကြည့်ရှုမှုအတွေ့အကြုံကို ပေးစွမ်းမှာဖြစ်ပါတယ်။ HUAWEI nova 10 SE မှာတော့ P3 colour gamut ကြောင့်သင့်ရဲ့ Content များကို ပိုမိုအသက်ဝင်စေမှာဖြစ်ပါတယ်။

Immersive Viewing on a Flat-Edge Screen

HUAWEI nova 10 SE မှာတော့ flat-edge display ပါဝင်တာကြောင့် (၃) ဘက်လုံးမှာရှိတဲ့ ultra-narrow bezel များနှင့်အတူ မြင်ကွင်းကိုပိုမိုကျယ်ပြန့်အောင် ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ ရိုးရှင်းတဲ့မျဉ်းများနှင့် ကွန်တိုတို့‌ကြောင့် သေသပ်တောင့်တင်းသောအမြင်ကို ရရှိစေမှာပဲဖြစ်ပါတယ်။

HUAWEI nova 10 SE flat-edge screen
Customisable Always-On Display

သင့်ဖုန်းရဲ့မျက်နှာပြင်ကို လိုသလိုပြောင်းလဲနိုင်မယ့်နည်းပညာအသစ်ကတော့ Always On Display ပါ။ သူကတော့ သင့်ဖုန်းမျက်နှာပြင်ပိတ်ထားချိန်မှာ သင့်ကိုအချိန်၊ ဘက်ထရီနှင့် အခြားအရေးကြီးအကြောင်းအရာများကို ပြသပေးမှာပဲဖြစ်ပါတယ်။

PERFORMANCE

Just Relax and

Enjoy More

* Image simulated for illustrative purpose, for reference only.

Get a Boost?
Won't Keep You Waiting Long

ဖုန်းနှင့်အတူပါဝင်တဲ့ 66W HUAWEI SuperCharge2 Charger နှင့် အားသွင်းကြိုးတို့က ၁၀ မိနစ်အားသွင်းရုံ8 နဲ့ ၄ နာရီကြာ ဗီဒီယိုထုတ်လွှင့်ခြင်းကိုပြုလုပ်နိုင်မှာဖြစ်ပြီး ၃၈ မိနစ်သာကြာမြင့်ချိန်မှာ ဖုန်းကို အားအပြည့်သွင်းနိုင်မှာကြောင့် သင့်ကိုအိမ်နှင့်ဝေးရာ9 မှာ လွတ်လပ်စွာမျောလွင့်နိုင်စေမှာဖြစ်ပါတယ်။

A Battery that's Built to Last

ဖုန်းမှာပါဝင်တဲ့ 4500 mAh battery3 ကတော့ ပါဝါစားပိုမိုသက်သာစေမှာဖြစ်ပြီး Smart Power Management နည်းပညာဖြင့် အဆင့်မြှင့်တင်ထားတာကြောင့် အားအပြည့်သွင်းရုံနဲ့ ဗီဒီယိုများကို ၁၂ နာရီကြာကြည့်ရှုနိုင်မှာဖြစ်ပြီး မိုးလင်းမှမိုးချုပ်အထိ စိတ်ကြိုက်အသုံးပြုပေမယ့်လည်း ပို10 နေဦးမှာပဲဖြစ်ပါတယ်။

HUAWEI nova 10 SE 4500mah battery

EMUI

Safe, Smooth,
and Seamless

Super Device: Collaboration Made Easy

Control Panel ထဲရှိ device icon များကို ဆွဲယူပြီး သင့်ရဲ့ Vision၊ Earphones နှင့် Wearable များကိုချိတ်ဆက်ကာ နားဆင်ခြင်း၊ ကြည့်ရှုခြင်းနှင့် ဖတ်ရှုခြင်းများကို အဆုံးမရှိ11 ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

HUAWEI nova 10 SE super device
HUAWEI nova 10 SE privacy
Your Data and Privacy Under
Lock and Key

ပိုမိုထိရောက်တဲ့ Permission Alert များကို Microphone၊ Location၊ Camera နှင့် အခြားအဓိက Feature များအတွက်ရရှိစေမှာဖြစ်ပါတယ်။

Smart Folder

ကြီးမားတဲ့ Folder များကတော့ သင့်ကိုနှစ်သက်ရာ App များအား ပိုမိုလွယ်ကူစွာသိမ်းဆည်းရန်နှင့် ဖွင့်လှစ်ရန်အတွက်ကူညီပေးမှာဖြစ်ပါတယ်။ Icon ကိုသာထိပြီးဖွင့်လိုက်ပါ။

HUAWEI nova 10 SE smart folder
  1. အနောက်ဖက်ရှိ Main Camera သည် 108 MP camera ဖြစ်သည်။ 108 MP portrait photography ကို HIGH-RES mode တွင် ခံစားနိုင်သည်။ အမှန်တကယ်ပစ္စည်းအားမှီငြမ်းပါ။
  2. 66 W သည် အဆုံးစွန်သောအားသွင်းနှုန်းဖြစ်ပြီး သတ်မှတ်ထားသော 66 W HUAWEI SuperCharge charger နှင့် ကြိုးတို့ကိုအသုံးပြုမှသာ ရရှိနိုင်မည်ဖြစ်သည်။ အမှန်တကယ်အားသွင်းစွမ်းရည်သည် ပြောင်းလဲနိုင်ပါသည်။
  3. ဘက်ထရီရဲ့ Typical Capicity သည် 4500 mAh ဖြစ်ပြီး Rated Capicity သည် 4400 mAh ဖြစ်သည်။
  4. ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှ ရရှိခြင်းဖြစ်သည်။ ဖုန်း၏အနက်သည် ထပ်မံဖြည့်စွက်ထားသည့် Camera ၏အထူပါဝင်ခြင်းမရှိပါ။ အမှန်တကယ် Dimension နှင့် အလေးချိန်သည် ပစ္စည်းရဲ့ Specification၊ ထုတ်လုပ်မှုပုံစံနှင့် တိုင်းတာခြင်းနည်းလမ်းတို့ကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
  5. Screen သည် ထောင့်မှန်စတုဂံပုံစံကိုမှန်းဆပြီး ထောင့်ဖြတ်တိုင်းတာလျှင် 6.67 လက်မရှိသည်။ အမှန်တကယ်မျက်နှာပြင်သည် လုံးဝန်းသောထောင့်စွန်းတွေကြောင့် ပြသထားသောအရွယ်အစားထက် ပိုမိုသေးငယ်နေနိုင်ပါသည်။
  6. ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှရရှိခြင်းဖြစ်သည်။ တိုင်းတာခြင်းသည် မြင်နိုင်သောမျက်နှာပြင်နှင့် သူ၏အရွယ်အစားတို့အပေါ်တွင်အချိုးကျသည်။ အမှန်တကယ့်ပစ္စည်းသည် ကွဲပြားနေနိုင်ပါသည်။
  7. HUAWEI nova 10 SE သည် 90 Hz screen refresh rate နှင့် 270 Hz touch sampling rate အထိထောက်ပံ့ပေးသည်။ Screen refresh rate နှင့် touch sampling rate တို့သည် App နှင့် ဂိမ်းတို့အပေါ်တွင်လိုက်၍ပြောင်းလဲနိုင်ပါသည်။
  8. အားသွင်းခြင်းနှင့် ဘက်ထရီသက်တမ်းဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှ ရရှိခြင်းဖြစ်သည်။ အပူချိန်နှင့် စိုထိုင်းမှုတို့ကို တိကျတဲ့ပမာဏတွင်ထားပြီး 3% မှစ၍ ဖုန်းတွင်ပါသော HUAWEI SuperCharge charger နှင့် အားသွင်းကြိုးတို့ကို အသုံးပြု၍ ဖုန်း Screen ပိတ်ထားချိန်မှာအားသွင်းခြင်း၊ Wi-Fi network ချိတ်ဆက်ထားတဲ့အခါ ၄ နာရီကြာ ဗီဒီယိုအတိုထုတ်လွှင့်ခြင်းတို့ကိုထောက်ပံ့ပေးခြင်း၊ Screen အလင်းရောင်ကို 150 nits တွင်ထားရှိခြင်း၊ အသံနှုန်းအား အလယ်အလတ်အနေအထားတွင်ထားရှိခြင်း၊ Short Video Streaming app များမှလွဲ၍ အခြား App များအားပိတ်ထားခြင်း စသည့်အခြေအနေများတွင် ၁၀ မိနစ်ခန့်အားသွင်းပြီး စမ်းသပ်ထားခြင်းဖြစ်သည်။ အမှန်တကယ်ဘက်ထရီသက်တမ်းသည် ပစ္စည်း၊ အသုံးပြုသည့်အလေ့အကျင့်၊ ပတ်ဝန်းကျင်တို့ကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
  9. ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှရရှိခြင်းဖြစ်သည်။ အမှန်တကယ်အားသွင်းနှုန်းသည် ပစ္စည်း၊ အသုံးပြုသည့်အလေ့အကျင့်၊ ပတ်ဝန်းကျင်တို့ကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
  10. ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှရရှိခြင်းဖြစ်သည်။ အမှန်တကယ်ဘက်ထရီသက်တမ်းသည် ပစ္စည်း၊ အသုံးပြုသည့်အလေ့အကျင့်၊ ပတ်ဝန်းကျင်တို့ကိုလိုက်၍ ကွဲပြားနိုင်ပါသည်။
  11. ယခု Function သည် HUAWEI device အချို့တွင်သာ အသုံးပြု၍ ရနိုင်မည်ဖြစ်သည်။ Device သည် Wi-Fi နှင့် Bluetooth တို့ကိုဖွင့်ကာ တူညီသည့် HUAWEI account ဖြင့်ဝင်ရောက်ရန်လိုအပ်သည်။ သင့်ဖုန်းနှင့် ယခင်ကချိတ်ဆက်ဖူးသော Device များသည် Trusted Device များအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး Super Device အောက်တွင်တည်ရှိမည်ဖြစ်သည်။ ယခု Feature ကို ထောက်ပံ့ပေးမည့် Device model များနှင့် Software version များကို ပိုမိုသိရှိလိုပါက HUAWEI Customer Service ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
  12. * The videos are for illustrative purpose. Product colour, shape, interface and functions are for reference only. The actual product may vary.
consumer.huawei.com မှ ထွက်ခွာမည်
ယခု Link ကိုနှိပ်ပါက သင့်အနေနဲ့ Third-Party website တစ်ခုသို့ရောက်ရှိသွားမည်ဖြစ်သည်။ ဤ Third Party website သည် Huawei ၏ထိန်းချုပ်မှုအောက်တွင်မရှိသလို သက်ဆိုင်ခြင်းလည်းမရှိပါ။
ထွက်မည် ဆက်ရန်