ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်က ယာယီ ရပ်တန့်သွားခြင်း သို့မဟုတ် နှေးကွေးစွာ တုံ့ပြန်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်က ယာယီ ရပ်တန့်သွားခြင်း သို့မဟုတ် နှေးကွေးစွာ တုံ့ပြန်ခြင်း

စနစ် အပ်ဒိတ်လုပ်ပြီးနောက် ဖုန်း/တက်ဘလက်က ခဏမျှ ယာယီ ရပ်တန့်နေတတ်သည်မှာ ပုံမှန်ဖြစ်သည်။ စနစ် အပ်ဒိတ်လုပ်ပြီးမှ ဤပြဿနာ ဖြစ်ပွားခြင်းမဟုတ်ပါက ပြဿနာ ဖြေရှင်းရန် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ။

စနစ် အပ်ဒိတ်လုပ်ပြီးနောက် သင့်ဖုန်း/တက်ဘလက်က ယာယီ ရပ်တန့်သွားတတ်သည့် အကြောင်းရင်း- စက်ကို အပ်ဒိတ်လုပ်ပြီးလျှင်ပြီးချင်း စနစ်သည် အက်ပ်များကို အကောင်းဆုံး ချိန်ညှိပေးသည်။ ဤအချိန်အတွင်း သင့်စက်သည် လေးနေနိုင်ပြီး နောက်ဆက်တွဲအဖြစ် စတင် ကြန့်ကြာလာနိုင်သည်။ စနစ် အပ်ဒိတ်လုပ်ပြီးသွားလျှင် သင့်ဖုန်း/တက်ဘလက်ကို မျက်နှာပြင်ပိတ်ထားလျက် အနည်းဆုံး 2 နာရီကြာ အားသွင်းပြီးနောက် အကောင်းဆုံး ချိန်ညှိခြင်း ပြီးမြောက်စေရန်အတွက် သင့်စက်ကို ပြန်လည်စတင်ရန် အကြံပြုထားပါသည်။

1. သိုလှောင်မှု နေရာနှင့် လုပ်ဆောင်နေသော မမ်မိုရီကို ရှင်းလင်းပါ

သင့်စက်၏ လုပ်ဆောင်နေသော မမ်မိုရီ သို့မဟုတ် သိုလှောင်မှု နေရာ မလုံလောက်ပါက အက်ပ်ကိုအသုံးပြုစဉ် ၎င်းက ယာယီ ရပ်တန့်သွားနိုင်သည်။ အကောင်းဆုံး မြှင့်တင်ရေး/တက်ဘလက်မန်နေဂျာကို ဖွင့်၍ ၎င်းကို ရှင်းလင်းပါ။

  • ဖုန်းမန်နေဂျာ/တက်ဘလက်မန်နေဂျာ ကို ဖွင့်ပြီး အကောင်းဆုံး ချိန်ညှိမှု ကို နှိပ်ပါ။ အကောင်းဆုံး ချိန်ညှိပြီးသွားလျှင် ဖုန်းမန်နေဂျာ/တက်ဘလက်မန်နေဂျာ သည် ရလဒ်များနှင့် ဆက်တင်အကြံပြုချက်များကို ပြသပါမည်။ မျက်နှာပြင်ပေါ်ရှိ လမ်းညွှန်များအတိုင်း လုပ်ဆောင်ပြီး ဆက်တင်များကို ပြည့်စုံအောင် သတ်မှတ်ပါ။

  • ဖုန်းမန်နေဂျာ/တက်ဘလက်မန်နေဂျာ ကို ဖွင့်ပြီး ရှင်းလင်းမှု ကို နှိပ်ပါ။ စကန်ဖတ်ပြီးသွားလျှင် ရှင်းလင်းမည့် အရာများဘေးရှိ ရှင်းလင်းရေး ကို နှိပ်ပါ။ မမ်မိုရီ စုစုပေါင်း အနည်းဆုံး 20% လွတ်သွားစေရန် မလိုအပ်သော ဖိုင်များကို ဖျက်ပါ သို့မဟုတ် အသုံးနည်းသော အက်ပ်များကို ဖျက်ပါ။

2. စက်ကို ပြန်လည်စတင်ပါ

သင့်စက်ကို ပြန်လည်စတင်ပြီး ထပ်မံကြိုးစားပါ။ ပြန်လည်စတင်ခြင်းသည် လုပ်ဆောင်နေသည့် အက်ပ်အားလုံးကို ရပ်တန့်သွားစေပြီး ယာယီ ရပ်တန့်မှု ဖြစ်ပွားခြင်းကို လျှော့ချပေးပါမည်။

3. စက်သည် ပူနေခြင်း သို့မဟုတ် စက်ကို အားသွင်းထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ

စက်ရှိ အပူလွန်ကဲမှု ကာကွယ်ရေး လုပ်ဆောင်ချက်သည် စနစ် စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်သည်။ သင့်စက်ကိုအားသွင်းနေချိန်တွင် စက်ကို အသုံးမပြုရန်၊ မျက်နှာပြင် တောက်ပမှုကို လျှော့ချရန်နှင့် ဘလူးတုသ်နှင့် NFC ကဲ့သို့သော ပါဝါ သုံးစွဲလွန်းသည့် အက်ပ်များနှင့် လုပ်ဆောင်ချက်များကို ပိတ်ထားရန် အကြံပြုထားပါသည်။

4. မမ်မိုရီကတ်ကို စစ်ဆေးပါ

  1. မမ်မိုရီကတ်ထဲတွင် ဖိုင်များလွန်းနေပါက ဖတ်နှုန်းနှင့် ရေးနှုန်းများ နှေးကွေးသွားနိုင်ပါသည်။ သိုလှောင်မှု မမ်မိုရီကို အနည်းဆုံး 10% အလွတ်ထားရှိရန် အကြံပြုထားပါသည်။ မမ်မိုရီကတ်ထဲရှိ မလိုအပ်သော ဖိုင်များကို ရှင်းလင်းနိုင်ပါသည် သို့မဟုတ် အရေးကြီးဒေတာများကို ဘက်ခ်အပ်လုပ်ပြီး မမ်မိုရီကတ်ကို ဖောမတ်ချ ရှင်းပစ်နိုင်ပါသည်။
  2. မမ်မိုရီကတ် ချွတ်ယွင်းနေခြင်း ဖြစ်နိုင်သည်။ မမ်မိုရီကတ် ချွတ်ယွင်းနေကြောင်း စက်က သင့်ကို သတိပေးလာလျှင် တတ်နိုင်သမျှ အစောဆုံး မမ်မိုရီကတ်ကို အသစ်လဲပါ။
  3. သင့်စက်၏ ပုံသေသိုလှောင်မှု တည်နေရာသည် မမ်မိုရီကတ်ဖြစ်လျှင် ပုံသေတည်နေရာကို စက်တွင်းသိုလှောင်မှုသို့ သတ်မှတ်ပြီး ထပ်မံ ကြိုးစားပါ။

5. ပါဝါ ချွေတာရေး စနစ် ကို ပိတ်ပြီး ဘက်ထရီပမာဏ အလုံအလောက်ရှိကြောင်း သေချာပါစေ

ဆက်တင် > ဘက်ထရီ > ပါဝါ ချွေတာရေး စနစ်/ပါဝါလွန်ကဲချွေတာရေး စနစ် သို့ သွားခြင်းဖြင့် ပါဝါ ချွေတာရေး စနစ် ကို ပိတ်ပါ။ ဘက်ထရီပမာဏကို 20% အထက်ထားရန်လည်း သတိရပါ။ ပါဝါ ချွေတာရေး စနစ် ကို ဖွင့်ထားပါက သို့မဟုတ် ဘက်ထရီပမာဏ နည်းလွန်းနေပါက သင့်စက်သည် ဘက်ထရီ သက်တမ်း ပိုခံစေရန် လုပ်ဆောင်ချက်အချို့ကို ကန့်သတ်ထားပါမည်။

6. ပြင်ပအဖွဲ့အစည်း ဖုန်း/တက်ဘလက် စီမံခန့်ခွဲမှု အက်ပ်များကို ဖျက်ပါ

သင့်ဖုန်း/တက်ဘလက်တွင် ထည့်သွင်းထားသော မည်သည့်ပြင်ပ အဖွဲ့အစည်း စီမံခန့်ခွဲမှုအက်ပ်ကိုမဆို ဖျက်ပါ၊ ၎င်းတို့သည် ကြိုတင်ထည့်သွင်းထားသော ဖုန်းမန်နေဂျာ/တက်ဘလက်မန်နေဂျာ အက်ပ်နှင့် ဆန့်ကျင်ကွဲလွဲမှုဖြစ်နိုင်ပြီး စက်ကို ကြန့်ကြာစေနိုင်ပါသည်။

7. ဖုန်း/တက်ဘလက်က ဖိုင်များကို ဒေါင်းလုဒ်လုပ်နေခြင်း၊ ကူးယူနေခြင်း သို့မဟုတ် လွှဲပြောင်းနေခြင်း ရှိ၊ မရှိ စစ်ဆေးပါ

သင့်စက်က ဖိုင်များ၊ ရုပ်ပုံများ၊ ဗီဒီယိုများ သို့မဟုတ် အက်ပ်များကို အပ်လုဒ်လုပ်နေလျှင် သို့မဟုတ် ဒေါင်းလုဒ်လုပ်နေလျှင်၊ ဒေတာများကို ကူးယူနေလျှင် (ဖိုင်များ မှ ကဲ့သို့) သို့မဟုတ် ဒေတာများကို လွှဲပြောင်းနေလျှင် (Phone Clone နှင့် Huawei Share မှတစ်ဆင့် ကဲ့သို့) သင့်စက်သည် တုံ့ပြန်ရန် ခဏကြာနိုင်သည်။ ဤအခြေအနေတွင် လုပ်ဆောင်ချက် ပြီးမြောက်သည်အထိ စောင့်ပါ သို့မဟုတ် လုပ်ဆောင်ချက်ကို ရပ်ပါ။

ဖိုင်အပ်လုဒ်များ၊ ဒေါင်းလုဒ်များနှင့် လွှဲပြောင်းမှုများ၏အခြေအနေကို ကြည့်ရန် အခြေအနေပြဘားမှနေ၍ အောက်သို့ ပွတ်ဆွဲနိုင်ပါသည်။

8. စနစ် ဗားရှင်းကို အပ်ဒိတ်လုပ်ပါ

  • သင့်စက်ကို Root ဖောက်ထားပါက ၎င်းကို စက်ရုံ ဆက်တင်များအတိုင်း ပြန်လည်ထားရှိပါ။ အသေးစိတ်သိရှိရန် Huawei သုံးစွဲသူ ဝန်ဆောင်မှုကို ဆက်သွယ်ပါ။
  • စက်က နှေးကွေးစွာ တုံ့ပြန်နေဆဲဖြစ်လျှင် စွမ်းဆောင်ရည်သည် နောက်ပိုင်းဗားရှင်းတွင် ပိုကောင်းလာသောကြောင့် စနစ်က အပ်ဒိတ် ဖြစ်ကြောင်း သေချာပါစေ။ သင့်စက်ကို အပ်ဒိတ်လုပ်ရန် ဆက်တင် ကို ဖွင့်ပါ၊ ဆော့ဖ်ဝဲ အပ်ဒိတ် ကို ရှာဖွေ၍ ဝင်ရောက် သုံးစွဲပြီး အပ်ဒိတ်များအတွက် စစ်မည် ကို နှိပ်ပါ။

9 ဖုန်းအား မူလအတိုင်း ပြန်သတ်မှတ်ခြင်း

အရေးကြီးဒေတာကို ဘက်ခ်အပ်လုပ်ပြီး ဖုန်းအား မူလအတိုင်း ပြန်သတ်မှတ်ရန် ကို လုပ်ဆောင်ပြီးလျှင် ပြဿနာ ပြေလည်သွားခြင်း ရှိ၊ မရှိ ကြည့်ပါ။

10. ပြဿနာ ဆက်ရှိနေပါက

ပြဿနာဆက်ရှိနေသေးပါက အကူအညီရယူရန် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

သင့်ဖုန်းတွင် မမ်မိုရီထဲရှိ ဖိုင်အပိုင်းကွဲများအား ပြန်လည်စုစည်းပြီး ပြဿနာကို ဖြေရှင်းနိုင်စေရန် မျက်နှာပြင်ကို ပိတ်ထားလျက် ဖုန်းကို တစ်ညလုံးအားသွင်းထားရန် သို့မဟုတ် မိနစ် 40 ကျော်ကြာ အားသွင်းထားရန် အကြံပြုထားပါသည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်