ကျွန်ုပ်၏ HUAWEI တက်ဘလက်/ဖုန်းတွင် စက်ရုံထုတ်အတိုင်း ပြန်သတ်မှတ်ပြီးနောက် သို့မဟုတ် စနစ် အပ်ဒိတ်လုပ်ပြီးနောက် စပွင့်ရန် အချိန်ကြာခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ်၏ HUAWEI တက်ဘလက်/ဖုန်းတွင် စက်ရုံထုတ်အတိုင်း ပြန်သတ်မှတ်ပြီးနောက် သို့မဟုတ် စနစ် အပ်ဒိတ်လုပ်ပြီးနောက် စပွင့်ရန် အချိန်ကြာခြင်း

ပြဿနာ-

စက်ကို ပထမဆုံးအကြိမ်ပါဝါဖွင့်ပြီးနောက်၊ ၎င်း၏ စက်ရုံထုတ် ဆက်တင်များအတိုင်း ပြန်ထားပြီးနောက် သို့မဟုတ် အပ်ဒိတ်လုပ်ပြီးနောက် စနစ် ပထမဆုံးအကြိမ် စပွင့်လာရန် အချိန်ကြာသည် သို့မဟုတ် အက်ပ်များကို ပထမဆုံးအကြိမ် အသုံးပြုရာတွင် ယာယီရပ်တန့်သွား သို့မဟုတ် ထစ်သွားသည်။

အကြောင်းရင်း-

  1. ဖုန်း/တက်ဘလက်ကို ပထမဆုံးအကြိမ် ပါဝါဖွင့်သည့်အခါ၊ ၎င်း၏ စက်ရုံထုတ် ဆက်တင်များအတိုင်း ပြန်ထားသည့်အခါ သို့မဟုတ် အပ်ဒိတ်လုပ်သည့်အခါ စနစ်သည် အပလီကေးရှင်း ပရိုဂရမ်များကို အကောင်းဆုံး ချိန်ညှိပေးမည်ဖြစ်၍ စနစ် စပွင့်ရန် လိုအပ်သော အချိန် တိုးလာနိုင်ပါသည်။
  2. ဖုန်း/တက်ဘလက်ကို ပါဝါဖွင့်ပြီးနောက် မမ်မိုရီများစွာ သုံးစွဲသော စနစ် အကောင်းဆုံးချိန်ညှိခြင်း လုပ်ငန်းစဉ်ကို ဆက်လုပ်ဆောင်သဖြင့် အက်ပ်အသုံးပြုစဉ် ယာယီရပ်ခြင်း သို့မဟုတ် ထစ်ခြင်းရှိနိုင်သည်။

ဖြေရှင်းချက်-

  1. စနစ်က အပလီကေးရှင်း ပရိုဂရမ်များကို အကောင်းဆုံး ချိန်ညှိခြင်း ပြီးသွားသည်အထိ စောင့်ဆိုင်းပေးပါ။ သင့်စက်တွင် အပလီကေးရှင်း ပရိုဂရမ် ပို၍များလေ၊ သင့်ဖုန်း/တက်ဘလက်ကို ပါဝါဖွင့်ရန် အချိန်ပိုကြာလေဖြစ်ပါမည်။
  2. အပ်ဒိတ်လုပ်ပြီးနောက် သင့်စက်ကို မျက်နှာပြင် ပိတ်ထားလျက် 4 နာရီနှင့်အထက်ကြာအောင် အားသွင်းပါ (သင့်ဖုန်းကို ညလုံးပေါက် အားသွင်းရန် အကြံပြုပါသည်)၊ ထို့နောက် သင့်စက်ကို ပြန်လည်စတင်ပြီး ထပ်မံကြိုးစားကြည့်ပါ။
  3. ပြဿနာဆက်ရှိနေပါက အကူအညီရယူရန်အတွက် Huawei သုံးစွဲသူ ဝန်ဆောင်မှုဌာန ဟော့လိုင်းကို ဆက်သွယ်ပါ။ သင့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ကျွန်ုပ်တို့ အကောင်းဆုံး ကြိုးစားပါမည်။
အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်