အသုံးပြုနေစဉ်အတွင်း ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက် ပူလာခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အသုံးပြုနေစဉ်အတွင်း ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက် ပူလာခြင်း

သင့်ဖုန်း သို့မဟုတ် တက်ဘလက် ပူလာခြင်းသည် သာမန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သည်။ HUAWEI ဖုန်းများနှင့် တက်ဘလက်များသည် သင့်ဖုန်း/တက်ဘလက်ကို အမြင့်ဆုံးအတိုင်းအတာအထိ ကာကွယ်ပေးရန် Huawei ၏ သီးသန့် ပါဝါ ချွေတာရေး နည်းပညာနှင့် အပူလွန်ကဲလာလျှင် ပိတ်ချပေးသည့် ဆားကစ်များကို အသုံးပြုသည်။ မစိုးရိမ်ပါနှင့်။ အောက်ပါတို့ကိုလည်း သင်လုပ်ကြည့်နိုင်ပါသည်-

  1. အကောင်းဆုံး မြှင့်တင်ရေး > စဖွင့်စနစ် မန်နေဂျာသို့ သွားပြီး မကြာခဏ အသုံးမပြုသော အက်ပ်များအတွက် အလိုအလျောက် စီမံခန့်ခွဲမှုကို ပိတ်ပါ။
  2. ဆက်တင် > ပြသမှုနှင့် လင်းထင်းမှုသို့ သွား၍ အလိုအလျောက်ကို ဖွင့်ပြီး မျက်နှာပြင် ရီဆိုလူးရှင်းကို စမတ် ရီဆိုလူးရှင်းအဖြစ်၊ စက်မျက်နှာပြင် ပြန်လည်လုပ်ဆောင်နှုန်းကို ဒိုင်းနမစ်အဖြစ် သတ်မှတ်ပါ။
  3. ဆက်တင် > အက်ပ်များနှင့် ဝန်ဆောင်မှုများ > ခွင့်ပြုချက် မန်နေဂျာသို့ သွားပြီး အပေါ်လက်ယာဘက်ထောင့်ရှိ နောက်ထပ် ရွေးချယ်စရာများ မီနျူး (အစက်လေးစက် အိုင်ကွန်) ကို နှိပ်ပါ၊ အထူး ရယူသုံးစွဲခွင့် > ဘက်ထရီ အကောင်းဆုံး ချိန်ညှိမှုသို့ သွားပြီး မကြာခဏ အသုံးမပြုသော အက်ပ်များကို တစ်ခုပြီးတစ်ခု နှိပ်၍ ဆက်တင်ကို ခွင့်မပြုပါမှ ခွင့်ပြုမည်သို့ ပြောင်းပါ။
  4. My HUAWEI အက်ပ်ကို ဖွင့်ပြီး အကူအညီ > စစ်ဆေးမှု > ဘက်ထရီသို့ သွားပါ။

အကြံပြုချက်များ

1. ဗီဒီယိုများ သို့မဟုတ် တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုသည့်အခါ သို့မဟုတ် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်သည့်အခါ သင့်စက်ကို တည်ငြိမ်သော ကွန်ရက်နှင့် ချိတ်ဆက်ထားကြောင်း သေချာပါစေ။

2. ဗီဒီယို ရီဆိုလူးရှင်းမြင့်ခြင်းကြောင့် ပါဝါ သုံးစွဲမှု မြင့်တက်လာနိုင်သည်။ ဗီဒီယို ရီဆိုလူးရှင်းကို လျှော့ချကြည့်ပြီး ၎င်းက ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်းရှိ၊ မရှိ ကြည့်ပါ။

3. ဖုန်းပြောသည့်အချိန်မှာ ကြာမြင့်ပါက နားကြပ် သို့မဟုတ် စပီကာ ပူလာခြင်း မဖြစ်စေရန် မိုက်ခွက်ပါနားကြပ်ကို သုံးပါ။

4. သင့်ဖုန်း/တက်ဘလက်ကို အိပ်ရာပေါ် သို့မဟုတ် စောင်ပေါ် ကဲ့သို့ လေဝင်လေထွက်အားနည်းသော နေရာတွင် ထားခြင်းကို ရှောင်ကြဉ်ပါ။

ကောင်းစွာအပူလျော့ပါးနိုင်စွမ်းရှိသည့် အကာအကွယ် ကာဗာကို အသုံးပြုပါ။

နေရောင်ခြည်တိုက်ရိုက်ကျရောက်သည့်နေရာတွင် သင့်ဖုန်း/တက်ဘလက် အသုံးပြုခြင်းကို ရှောင်ကြဥ်ပါ။

5. အားသွင်းနေစဉ် စက်ကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။ သို့မဟုတ်ပါက စက်ပူလာပါမည်။

6. နောက်ခံအက်ပ်များကို အချိန်မီပိတ်ရန် သင့်အား အကြံပြုထားသည်။ ပါဝါ အလွန်သုံးစွဲသော အက်ပ်များသည် CPU အရင်းအမြစ်များကို အဆက်မပြတ် ရယူမည်ဖြစ်သောကြောင့် သင့်ဖုန်းကို ပူလာစေနိုင်ပြီး ပါဝါပိုမိုသုံးစွဲနိုင်သည်။ သာမန် ဆိုရှယ်အက်ပ်များ (WeChat နှင့် TikTok ကဲ့သို့) ကို ဆက်ဖွင့်ထားနိုင်သည်။ ဤသို့လုပ်ခြင်းအားဖြင့် သင့်ဖုန်း/တက်ဘလက်က အက်ပ်များကို ပို၍လျင်မြန်စွာ စတင်နိုင်စေပြီး မက်ဆေ့ချ်များကိုလည်း အချိန်မီ လက်ခံရရှိနိုင်ကြောင်း သေချာစေပါသည်။

မျက်နှာပြင်ကို ပိတ်ပြီးနောက် နောက်ခံလုပ်ဆောင်မှုများအား ခွင့်ပြုမထားသော အက်ပ်များသည် ပုံသေအားဖြင့် လုပ်ဆောင်မှု ရပ်တန့်သွားပါမည်။ ၎င်းကို ထပ်မံဖွင့်သောအခါ ထိုသို့သောအက်ပ်များသည် အနည်းငယ်နှေးကွေးစွာ စတင်နိုင်ပြီး ထိုအချိန်တွင် CPU (ပရော်ဆက်ဆာ) သည် အချိန်တိုအတွင်း အလုပ်များစွာကို လုပ်ဆောင်ရပါမည်။ အက်ပ်များစွာကို ပထမဆုံးအကြိမ် စတင်သောအခါတွင် ဖုန်းသည် သိသာထင်ရှားစွာ ပူလာသည်မှာ ပုံမှန်ဖြစ်သည်။

ပုံမှန် အသုံးပြုနေစဉ်အတွင်း သင့်ဖုန်း/တက်ဘလက် ပူလာပါက သို့မဟုတ် ၎င်းကို ပြန်လည်စတင်ပြီး ခဏကြာ အသုံးမပြုဘဲထားပြီးနောက်တွင် အေးမသွားပါက သင့်ဒေတာကို ဘက်ခ်အပ်လုပ်ပြီး အကူအညီရယူရန်အတွက် သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို ခွင့်ပြုချက်ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်