စနစ် အပ်ဒိတ်လုပ်ပြီးနောက် ကျွန်ုပ်၏ HUAWEI ဖုန်းတွင် ရနိုင်သည့် လည်ပတ်နေသော မမ်မိုရီ နည်းသွားခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
စနစ် အပ်ဒိတ်လုပ်ပြီးနောက် ကျွန်ုပ်၏ HUAWEI ဖုန်းတွင် ရနိုင်သည့် လည်ပတ်နေသော မမ်မိုရီ နည်းသွားခြင်း

ပြဿနာ-

စနစ် အပ်ဒိတ်လုပ်ပြီးနောက် ရနိုင်သည့် လည်ပတ်နေသော မမ်မိုရီ နည်းသွားသည်။

အ‌ကြောင်းရင်း-

  • လုပ်ဆောင်ချက်စနစ်၏ အဓိက ဗားရှင်းအပ်ဒိတ်သည် အချို့သော လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်နိုင်စွမ်းများကို အကောင်းဆုံး မြှင့်တင်မည် သို့မဟုတ် ထည့်သွင်းပါမည်။ ထို့ကြောင့် ဖုန်းသည် လည်ပတ်နေသော မမ်မိုရီကို ယခင်ကထက် ပိုမိုအသုံးပြုနိုင်သည်။ ၎င်းက သင့်ဖုန်းအသုံးပြုမှု သို့မဟုတ် စွမ်းဆောင်ရည် အတွေ့အကြုံကို ထိခိုက်စေမည်မဟုတ်ပါ။
  • အပ်ဒိတ်လုပ်ထားသော စနစ်သည် နောက်ထပ်အက်ပ်များနှင့် လုပ်ငန်းစဉ်များကို ယာယီ သိမ်းထားသည့် ဒေတာထဲသို့ ထည့်သွင်းသည့်အတွက် ဖုန်းသည် ၎င်း၏လုပ်ဆောင်နှုန်း ပိုမိုမြန်ဆန်စေရန် ယာယီ သိမ်းထားသည့် ဒေတာမှ အက်ပ်များကို စတင်နိုင်ပြီး ဒေတာကို ဖတ်နိုင်သည်။

ဖြေရှင်းချက်-

  1. သင့်ပင်မ မျက်နှာပြင်တွင် ဝစ်ဂျတ်များကို အလွန်အမင်း များစွာထည့်ထားလျှင် မကြာခဏ သုံးလေ့မရှိသော ဝစ်ဂျတ်အချို့ကို ဖျက်ပြီး ထပ်စမ်းကြည့်ရန် အကြံပြုပါသည်။
  2. သင့်ဖုန်း၏ မမ်မိုရီ နည်းနေပါက အချို့အက်ပ်များသည် မမ်မိုရီကို အလွန်အကျွံ အသုံးပြုနေခြင်း ဖြစ်နိုင်သည်။ သင့်ဖုန်းကို ပြန်လည်စတင်ပြီး ထပ်မံကြိုးစားပါ။

ပြဿနာ ဆက်ရှိနေပါက သို့မဟုတ် ထိုသို့လုပ်ဆောင်စဉ် အခက်အခဲတစ်ခုခုနှင့် သင်တွေ့ကြုံပါက အကူအညီရယူရန် တရားဝင်ခွင့်ပြုချက်ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ သွားပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်