External Device ကို ရှာမတွေ့ ပါက |
ပြဿနာ:
သုံးစွဲသူသည် USB အပေါက်အားအသုံးပြု၍ ကွန်ပြူတာကို ပြင်ပကိရိယာဖြင့် ချိတ်ဆက်လိုက်သောအခါ ကွန်ပြူတာတွင် ပြင်ပကိရိယာကို ရှာဖွေချိတ်ဆက်၍မရပါ။
ဖြေရှင်းချက်:
၁ - အခြားကိရိယာများဖြင့် ကွန်ပြူတာကို USB ပေါက်မှချိတ်ဆက်ပြီး ဤပြဿနာဆက်လက် ဖြစ်ပွားနေခြင်း ရှိမရှိကို စစ်ဆေးပါ။
၂ - ဤပြဿနာဖြစ်ပွားခြင်းကို မတွေ့ရှိပါက တရားဝင်ဝက်ဘ်ဆိုဒ်မှ ဒရိုက်ဘာ Serial IO ကို ဒေါင်းလုတ်ဆွဲပြီး ထည့်သွင်းပါ။
၃ - ဥပမာအားဖြင့် HUAWEI MateBook X Pro အတွက် အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုပါ။ https://consumer.huawei.com/en/support/laptops/matebook-x-pro/
၄ - Others ကိုနှိပ်ပြီး ဖြန့်ချပါ ပြီးနောက် MateBook_X_Pro_SerialIO_30.100.1746.4 30.100.1746.4 ကိုဒေါင်းလုတ်လုပ်ပါ။
ဤဒရိုက်ဘာသည် HONOR MagicBook (Ryzen) ကို ထောက်ပံ့ထားခြင်းမရှိပါ။ ဤအမျိုးအစားကို အသုံးပြုနေပါက ဤအဆင့်ကိုကျော်လိုက်ပါ။
၁ - ပြဿနာဆက်လက်ဖြစ်ပွားနေပါက သင့်ကွန်ပြူတာ၏ USB ဆက်တင်ကို စစ်ဆေးကြည့်ပါ။ ဤကဲ့သို့ပြုလုပ်ရန် အောက်ပါအတိုင်းလုပ်ဆောင်ပါ။
၁ - Taskbar ရှိရှာဖွေရေးဘောက်စ်ထဲတွင် Control Panel ဟုရိုက်ရှာပြီး ၎င်းကိုဖွင့်ပါ။ View by: Small icons ကိုရွေးပါ ထို့နောက် Power Options ကိုရွေးပါ။
၂ - Balanced (recommended) ကိုရွေးပြီးနောက် Change plan settings ကိုရွေးပါ။
၃ - Change advanced power settings ကိုနှိပ်ပါ။
၄ - USB settings > USB selective suspend setting ကိုဖြန့်ချပါ၊ ပြီးနောက် On battery နှင့် Plugged in နှစ်ခုလုံးကို Disabled ပြုလုပ်ပါ။
၂ - ဤပြဿနာ ဆက်လက်ဖြစ်ပွားနေပါက သင့်ကွန်ပြူတာကို အားသွင်းကြိုးဖြုတ်ပြီး ကွန်ပြူတာကို Force shut down ပြုလုပ်ရန် ပါဝါခလုတ်ကို ၁၀ စက္ကန့်ကြာ ဖိပြီးနှိပ်ထားပါ။ သင့်ကွန်ပြူတာကို restart ချပြီးနောက် ဤပြဿနာဆက်လက်ဖြစ်ပွားခြင်း ရှိမရှိကို စစ်ဆေးပါ။