ကျွန်ုပ်၏HUAWEI ဖုန်းတွင် AR Measure သည် အကွာအဝေးကို မတိုင်းတာနိုင်ခြင်း သို့မဟုတ် အကွာအဝေးကို တိကျမှန်ကန်စွာ မတိုင်းတာနိုင်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P50 Pocket,HUAWEI Mate 40 Pro,HUAWEI Mate 30 Pro,HUAWEI nova 8,HUAWEI P30 Pro,HUAWEI Mate X,HUAWEI Mate Xs,HUAWEI P40 Pro,HUAWEI Mate 30 Pro 5G,HUAWEI P40 Pro+,HUAWEI P50 Pocket Premium Edition
သက်ဆိုင်သော ကုန်ပစ္စည်းများ:
  • 请选择

သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ်၏HUAWEI ဖုန်းတွင် AR Measure သည် အကွာအဝေးကို မတိုင်းတာနိုင်ခြင်း သို့မဟုတ် အကွာအဝေးကို တိကျမှန်ကန်စွာ မတိုင်းတာနိုင်ခြင်း

ပြဿနာ-

သုံးစွဲသူသည် အကွာအဝေးကို တိုင်းတာရန် ၎င်း၏ HUAWEI ဖုန်းတွင် AR Measure ကို အသုံးပြုသော်လည်း သုံးစွဲသူအား ဖုန်းကို ဖြည်းဖြည်းချင်း ရွှေ့၍ ပြင်ညီမျက်နှာပြင်ကို ရှာဖွေခိုင်းသော မက်ဆေ့ခ်ျတစ်ခု ဆက်တိုက်ပေါ်နေပြီး တိုင်းတာမှု လုပ်ဆောင်ချက်ကို အသုံးပြု၍ မရနိုင်ပါ။

အကြောင်းရင်း-

  • AR တိုင်းတာမှုအတွက် စက် ဦးတည်ရာ ခွင့်ပြုချက်ကို ပိတ်ထားသည်။
  • တိုင်းတာမှုရလဒ်ကို ပြင်ညီမျက်နှာပြင်သို့ ထုတ်လွှင့်ပြသရန် လိုအပ်သောကြောင့် မက်ဆေ့ခ်ျကို ပြသခြင်းဖြစ်သည်။ တိုင်းတာရာတွင် တိကျမှုသည် တိုင်းတာသည့် ပတ်ဝန်းကျင်နှင့် အရာဝတ္ထုအရွယ်အစားအလိုက် ကွဲပြားမှုရှိနိုင်သည်။

ဖြေရှင်းနည်း-

တိုင်းတာမှု အဆင်ပြေစေရန် အောက်ပါတို့ကို လုပ်ဆောင်ပါ-

  • ဆက်တင်များ > ကိုယ်ပိုင် အချက်အလက် > ခွင့်ပြုချက်များ > စက် ဦးတည်ရာသို့ သွားပြီး AR Measureကို ဖွင့်ခြင်းဖြင့် AR တိုင်းတာမှုအတွက် စက် ဦးတည်ရာ ခွင့်ပြုချက်ကို ဖွင့်ပါ။
  • သင်က (ကြမ်းခင်း အရှည်ကဲ့သို့) အလျားလိုက် တိုင်းတာနေခြင်း ဖြစ်လျှင် အလျားလိုက် ပြင်ညီမျက်နှာပြင်ကို ရှာပါ။
  • သင်က (နံရံပေါ်ရှိ ပုံ၏ အမြင့်ကဲ့သို့) ဒေါင်လိုက် တိုင်းတာနေခြင်း ဖြစ်လျှင် ဒေါင်လိုက် ပြင်ညီမျက်နှာပြင်ကို ရှာပါ။
  • သင့်ဖုန်းနှင့် တိုင်းတာမည့် အရာဝတ္ထုအကြား အကွာအဝေးကို 0.3–1.5 မီတာအတွင်း ထားရှိပါ။
  • တိုင်းတာစဉ် သင့်ဖုန်းကို ဖြည်းဖြည်းချင်း ရွှေ့ပါ။
  • ဖောက်ထွင်းမြင်နိုင်သော၊ အလင်းပြန်သော၊ ဖြူဆွတ်နေသော သို့မဟုတ် ရွေ့လျားနေသော အရာဝတ္ထုများကို တိုင်းတာခြင်းမှ ရှောင်ကြဉ်ပါ။ မှောင်လွန်းသော သို့မဟုတ် လင်းလွန်းသော ပတ်ဝန်းကျင်များတွင် မတိုင်းတာပါနှင့်။
  • သင့်ဖုန်းအပူတက်လာသည့်အခါ သို့မဟုတ် ဖုန်းစနစ် ယာယီ ရပ်တန့်သွားသည့်အခါ တိုင်းတာမှုရလဒ်သည် မတိကျနိုင်ပါ။

HUAWEI Mate 60 Series သို့မဟုတ် HUAWEI Mate X5 Series ဖုန်းတွင် AR Measure ကို ရှာမတွေ့ပါက သင့်ဖုန်းစနစ်ကို နောက်ဆုံးထွက်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပြီး ထပ်မံကြိုးစားကြည့်ပါ။

ပြဿနာဆက်ရှိနေပါက သို့မဟုတ် ထိုသို့လုပ်ဆောင်စဉ် အခက်အခဲတစ်ခုခုနှင့် တွေ့ကြုံပါက အကူအညီရယူရန်အတွက် တရားဝင်ခွင့်ပြုချက်ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ သွားပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်