ကလောက်ဒ် တွင် ပုံပြခန်းကို စီမံခန့်ခွဲနည်း။
ကလောက်ဒ် တွင် ပုံပြခန်းကို စီမံခန့်ခွဲနည်း။ |
ဓာတ်ပုံများ အပ်လုဒ်လုပ်ခြင်း
cloud.huawei.com သို့ ဝင်ရောက်ပြီး ပုံပြခန်း ကို ဝင်ရောက် သုံးစွဲပါ။ ဓာတ်ပုံများကို အပ်လုဒ်လုပ်ရန် အယ်လ်ဘမ်တစ်ခုကို နှိပ်ပြီး စာမျက်နှာ ထိပ်ရှိ အပ်လုဒ်တင်မည် ခလုတ်ကို နှိပ်ပါ။ တစ်နည်းအားဖြင့် ဓာတ်ပုံကို ပုံပြခန်း စာမျက်နှာသို့ ဆွဲရွှေ့ပါ။ ထို့နောက် ဒိုင်ယာလော့ဂ် ဘောက်စ်တစ်ခုက သင့်ကို အယ်လ်ဘမ်တစ်ခု ရွေးချယ်ရန် သတိပေးပါမည်။
ဓာတ်ပုံများ/ဗီဒီယိုများကို ဒေါင်းလုဒ်ဆွဲခြင်း/ဖျက်ခြင်း
cloud.huawei.com သို့ ဝင်ရောက်ပြီး ပုံပြခန်း ကို ဝင်ရောက် သုံးစွဲပါ။ ဓာတ်ပုံ/ဗီဒီယိုတစ်ခုကို ရွေးချယ်ပါ သို့မဟုတ် ဓာတ်ပုံ/ဗီဒီယိုများစွာကို ရွေးချယ်ရန် Shift သို့မဟုတ် Ctrl ကီးကို ဖိ၍ နှိပ်ထားပါ။ ထို့နောက် ဒေါင်းလုဒ် သို့မဟုတ် ဖျက်မည် ကို နှိပ်ပါ။
ဓာတ်ပုံများ/ဗီဒီယိုများကို ရွှေ့ခြင်း
cloud.huawei.com သို့ ဝင်ရောက်ပြီး ပုံပြခန်း ကို ဝင်ရောက် သုံးစွဲပါ။ ဓာတ်ပုံ/ဗီဒီယိုများစွာ ရွေးချယ်ရန် Shift သို့မဟုတ် Ctrl ကီးကို ဖိ၍ နှိပ်ထားပါ။ ထိပ်ရှိ ရွှေ့မည် ခလုတ်ကို နှိပ်ပြီး ဆွဲချစာရင်းမှ သတ်မှတ်အယ်လ်ဘမ်ကို ရွေးချယ်ပါ။ တစ်နည်းအားဖြင့် ရွေးချယ်ထားသည့် ဓာတ်ပုံများ/ဗီဒီယိုများကို သတ်မှတ်အယ်လ်ဘမ်ထဲသို့ ဆွဲရွှေ့ပါ။
အယ်လ်ဘမ်တစ်ခု ဖန်တီးခြင်း
cloud.huawei.com သို့ ဝင်ရောက်ပြီး ပုံပြခန်း ကို ဝင်ရောက် သုံးစွဲပါ။ အဲလ်ဘမ်များ ဘေးရှိ "+" သင်္ကေတကို နှိပ်ပါ။ အယ်လ်ဘမ်အမည်တစ်ခု ရိုက်ထည့်ပြီးနောက် နေရာအလွတ်တစ်ခုတွင် နှိပ်ပါ သို့မဟုတ် Enter ကို နှိပ်ပါ။
အယ်လ်ဘမ်များ ဖျက်ခြင်း
cloud.huawei.com သို့ ဝင်ရောက်ပြီး ပုံပြခန်း ကို ဝင်ရောက် သုံးစွဲပါ။ အယ်လ်ဘမ်တစ်ခုပေါ်တွင် နှစ်ချက်နှိပ်ပါ။ အယ်လ်ဘမ်ကို ဖျက်ရန် ဖျက်မည် ကို နှိပ်ပါ။
မကြာသေးမီက ဖျက်ထားသော ဓာတ်ပုံများ/ဗီဒီယိုများကို မူလအတိုင်း ပြန်ထားခြင်း
cloud.huawei.com သို့ ဝင်ရောက်ပြီး ပုံပြခန်း ကို ဝင်ရောက် သုံးစွဲပါ။ မကြာသေးမီက ဖျက်ထားသော ဓာတ်ပုံများ/ဗီဒီယိုများကို ကြည့်ရန် စာမျက်နှာ၏ ညာဘက်ရှိ မကြာသေးခင်က ဖျက်ထားသည် အယ်လ်ဘမ်ကို နှိပ်ပါ။ ဓာတ်ပုံ/ဗီဒီယိုတစ်ခုကို နှိပ်ပြီး ထိပ်ရှိ မူလအတိုင်း ပြန်ထားမည် ခလုတ်ကို နှိပ်ပါ။ ဓာတ်ပုံ/ဗီဒီယိုကို ၎င်းကို ဖျက်ပစ်ခဲ့သည့် အယ်လ်ဘမ်ထဲသို့ ရွှေ့လိုက်ပါမည်။
အယ်လ်ဘမ်ကို အမည်ပြန်ပေးခြင်း
cloud.huawei.com သို့ ဝင်ရောက်ပြီး ပုံပြခန်း ကို ဝင်ရောက် သုံးစွဲပါ။ အယ်လ်ဘမ်တစ်ခုပေါ်တွင် နှစ်ချက်နှိပ်ပါ။ အယ်လ်ဘမ်အမည်ကို တည်းဖြတ်ပါ။ ထို့နောက် နေရာအလွတ်တစ်ခုတွင် နှိပ်ပါ သို့မဟုတ် Enter ကို နှိပ်ပါ။