ဓာတ်ပုံနှင့် ဗီဒီယိုများကို ကြည့်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: HUAWEI P30(single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+128gb),HUAWEI Mate 20 X(dual sim card 6gb+128gb),HUAWEI P30 Pro(single sim card 8gb+256gb、dual sim card 8gb+512gb、single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+256gb、single sim card 8gb+128gb、dual sim card 8gb+128gb),HUAWEI nova 5T(dual sim card 6gb+128gb、dual sim card 8gb+128gb、single sim card 8gb+128gb),HUAWEI Mate 20(single sim card 6gb+128gb、dual sim card 6gb+128gb),HUAWEI Mate 20 X (5G)(dual sim card 8gb+256gb),HUAWEI Mate 20 Pro(single sim card 6gb+128gb、dual sim card 6gb+128gb)
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ဓာတ်ပုံနှင့် ဗီဒီယိုများကို ကြည့်ခြင်း

ပုံပြခန်းထဲတွင် သင့်ဓာတ်ပုံနှင့် ဗီဒီယိုများကို ကြည့်ရှု၊ တည်းဖြတ်၍ မျှဝေနိုင်သည့်အပြင် ၎င်းတို့မှနေ၍ ထုတ်ပေးထားသည့် ဗီဒီယိုအပိုင်းများကို အလိုအလျောက် ကြည့်နိုင်သည်။



ရိုက်ကူးထားချိန်အလိုက် ကြည့်ခြင်း

သင့်ဓာတ်ပုံများနှင့် ဗီဒီယိုများကို ႐ုပ္သံဖိုင္တြဲ တွင် သိမ်းဆည်းထားပြီး အချိန်၊ နေရာ၊ အမျိုးအစား သို့မဟုတ် အဲလ်ဘမ်အလိုက် ကြည့်နိုင်ပါသည်။

ပုံများ တက်(ဘ်)တွင် လအလိုက် မြင်ကွင်းသို့ ပြောင်းရန် မျက်နှာပြင်ပေါ်တွင် လက်နှစ်ချောင်းကို ဆွဲကပ်လိုက်ပြီး နေ့အလိုက် မြင်ကွင်းသို့ ဝင်ရောက်ရန် လက်နှစ်ချောင်းကို ဆွဲခွာလိုက်ပါ။

အဲလ်ဘမ်အလိုက် ကြည့်ခြင်း

အယ္လ္ဘမ္ တက်(ဘ်)တွင် ဓာတ်ပုံများနှင့် ဗီဒီယိုများကို အဲလ်ဘမ်အလိုက် ကြည့်နိုင်ပါသည်။

အချို့ဓာတ်ပုံများနှင့် ဗီဒီယိုများကို ပုံသေ အဲလ်ဘမ်များထဲတွင် သိမ်းဆည်းထားပါသည်။ ဥပမာ ကင်မရာဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုများကို ကင္မရာ အဲလ်ဘမ်ထဲတွင် သိမ်းဆည်းထားပါသည်။ စခရင်ရှော့(တ်)များနှင့် မျက်နှာပြင် မှတ်တမ်းတင်မှုများကို စခရင်ရှော့(တ်) အဲလ်ဘမ်ထဲတွင် သိမ်းဆည်းထားပါသည်။

အမျိုးအစားအလိုက် ကြည့်ခြင်း

ပုံပြခန်းသည် ဓာတ်ပုံများကို အမျိုးအစားအလိုက် အသိဉာဏ်ရှိစွာ စီလိုက်သောကြောင့် သင်သည် အဲလ်ဘမ်ကြီးများကို အမျိုးအစားအလိုက် အမြန် စစ်ထုတ်နိုင်ပါသည်။

အဲလ်ဘမ်ထဲရှိ ဓာတ်ပုံများကို ကြည့်ရန် လေ့လာရန် တက်(ဘ်) (အစားအစာ၊ အလှပုံ သို့မဟုတ် ရှုခင်းကဲ့သို့) တွင် အမျိုးအစား အဲလ်ဘမ်တစ်ခုကို နှိပ်ပါ။

ဓာတ်ပုံများနှင့် ဗီဒီယိုများအကြောင်း အသေးစိတ်ကို ကြည့်ရှုခြင်း

  1. မျက်နှာပြင် အပြည့် စနစ်တွင် ကြည့်ရန် ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို နှိပ်ပါ။ မီနျူးကို ဝှက်ထားရန် မျက်နှာပြင်ကို ထပ်နှိပ်ပါ။

  2. မျက်နှာပြင် အပြည့် စနစ်တွင် ရှိသောအခါ သိုလှောင်မှု လမ်းကြောင်း၊ ပုံရိပ်ကြည်လင်ပြတ်သားမှုနှင့် အရွယ်အစားကဲ့သို့ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုအကြောင်း အသေးစိတ်ကို ကြည့်ရန် ကို နှိပ်ပါ။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်