Checking the serial number (SN) of the computer (MM-Version)
Checking the serial number (SN) of the Computer
SN နံပါတ်သည် ထုတ်ကုန်တစ်ခုရဲ့ ID နံပါတ်ဖြစ်သလို စက်နံပါတ်၊ ခွင့်ပြုကုဒ် နှင့် အက်ပ်မှတ်ပုံတင်ကုဒ်အဖြစ်လည်း သိပြပါသည်။
ကွန်ပြူတာ၏ SN နံပါတ်စစ်ရန် နည်းလမ်းများ
အောက်ပါပုံများသည် ကိုးကားရန်အတွက် ဖြစ်ပါသည်။
နည်းလမ်း ၁
ကွန်ပြူတာ၏ SN နံပါတ်ကိုကြည့်ရန် PC မန်နေဂျာကို ဖွင့်ပြီး ကျွန်ုပ်၏ဝန်ဆောင်မှုကို နှိပ်လိုက်ပါ။
နည်းလမ်း ၂
ကွန်ပြူတာ၏ SN ကိုကြည့်ရန် ကွန်ပြူတာ၏ နောက်ကျောဘက်တွင် ကပ်ထားသော တံဆိပ်ကို စစ်ပါ။
နည်းလမ်း ၃
1. Run ဝင်းဒိုးအလုပ်လုပ်ရန် ဝင်းဒိုးကီးနှင့်R ကီးကို ပြိုင်တူနှိပ်ပေးပါ။ ပြီးနောက် cmd ဟုရိုက်၍ enter ကိုနှိပ်ပါ။
2. ထို့နောက် ကွန်ပြူတာ၏ SN ကိုကြည့်ရန် wmic bios get serialnumber ဟုရိုက်ပြီး enter ကိုနှိပ်ပေးပါ။
နည်းလမ်း ၄
ကွန်ပြူတာ၏ SN နံပါတ်ကို ကြည့်ရန် BIOS ဆက်တင်သွားရန်လုပ်ဆောင်နေစဉ် F2 ကီးကို ဖိပြီးနှိပ်ထားပေးပါ။