OTG သုံးပြီး ပြင်ပ စက်တစ်ခုကို ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်နှင့် ချိတ်ဆက်၍ မရခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
OTG သုံးပြီး ပြင်ပ စက်တစ်ခုကို ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်နှင့် ချိတ်ဆက်၍ မရခြင်း
 
  • OTG သုံးပြီး USB ဖလက်ရှ် ဒရိုက်ဗ်နှင့် ချိတ်ဆက်ခြင်းကို PrivateSpace တွင် ပံ့ပိုးမထားပါ။ MainSpace သို့ သွားပြီး ထပ်မံ ကြိုးစားကြည့်နိုင်သည်။
  • USB ဖလက်ရှ် ဒရိုက်ဗ်များစွာကို တစ်ပြိုင်တည်း ချိတ်ဆက်လိုက်သည့်အခါ ဖော်ထုတ်တွေ့ရှိမှုဆိုင်ရာ ကွဲလွဲမှုဖြစ်နိုင်ပြီး USB ဖလက်ရှ် ဒရိုက်ဗ်အချို့ကို ဖော်ထုတ်မတွေ့ရှိခြင်း ဖြစ်စေနိုင်သည်။ တစ်ကြိမ်လျှင် USB ဖလက်ရှ် ဒရိုက်ဗ်တစ်ခုတည်းကိုသာ ချိတ်ဆက်ရန် အကြံပြုထားသည်။

ပြင်ပစက်ကို မှန်ကန်စွာ ချိတ်ဆက်ထားကြောင်း သေချာပါစေ

စက်များကို အောက်ပါအစီအစဉ်အတိုင်း ချိတ်ဆက်ပါ-

  1. ပြင်ပစက် (USB ဖလက်ရှ် ဒရိုက်ဗ်၊ NM ကတ် သို့မဟုတ် ဖြုတ်တပ်နိုင်သော ဟာ့ဒ်ဒစ်ခ်ကဲ့သို့) ကို OTG ကြိုး သို့မဟုတ် ကတ်ဖတ်စက်နှင့် ချိတ်ဆက်ပါ။

  2. OTG ကြိုး သို့မဟုတ် ကတ်ဖတ်စက်ကို သင့်ဖုန်း/တက်ဘလက်နှင့် ချိတ်ဆက်ပါ။

3. စက်ပေါ်တွင် ဒေတာကို ဝင်ရောက် သုံးစွဲ၍ လွှဲပြောင်းပါ။

On-The-Go (OTG) သည် USB ထုတ်လွှင့်ပေးပို့မှု နည်းပညာဖြစ်သည်။ EMUI 5.0 သို့မဟုတ် ယင်းနောက်ပိုင်းဗားရှင်းဖြင့် လုပ်ဆောင်နေသော HUAWEI ဖုန်းများ/တက်ဘလက်များသည် OTG ကို ပုံသေအားဖြင့် ပံ့ပိုးပေးသည်။ သင်သည် OTG ကြိုးကို အသုံးပြုပြီး USB ဖလက်ရှ် ဒရိုက်ဗ်၊ မောက်စ်၊ ကီးဘုတ်၊ ဖြုတ်တပ်နိုင်သော ဟာ့ဒ်ဒစ်ခ်၊ OTG ကွန်ရက် အဒက်(ပ်)တာ သို့မဟုတ် NM ကတ်ကဲ့သို့ ပြင်ပစက်နှင့် ချိတ်ဆက်ကာ ပြင်ပသိုလှောင်စက်ရှိ ဖိုင်များကို ဝင်ရောက် သုံးစွဲနိုင်သည်။ ဤလုပ်ဆောင်ချက်ကို သုံးရန်အတွက် မည်သည့် ဖွင့်/ပိတ် ခလုတ်ကိုမျှ ဖွင့်ရန် လိုမည်မဟုတ်ပါ

ပြဿနာ ဆက်ရှိနေပါက ပြဿနာရှာဖွေဖြေရှင်းရန် အောက်ပါတို့ကို လုပ်ဆောင်ပါ-

ES File Explorer ကို သင့်ဖုန်း/တက်ဘလက်တွင် ထည့်သွင်းထားသည်

သင်က ES File Explorer ကို ဒေါင်းလုဒ်လုပ်ထားပြီး USB ပလပ်အင် မက်ဆေ့ခ်ျကို ဖွင့်ထားပါက ပြင်ပစက်ကို ဖော်ထုတ်မတွေ့ရှိနိုင်ပါ။ ES File Explorer > ဆက်တင် > ပြသမှု ဆက်တင်သို့ သွားပြီး USB ပလပ်အင် မက်ဆေ့ခ်ျကို ပိတ်ကာ ထပ်မံကြိုးစားပါ။

အဒက်(ပ်)တာ သို့မဟုတ် လွှဲပြောင်းသည့်ကြိုးသည် ချို့ယွင်းနေသည်

အထက်ဖော်ပြပါ လုပ်ဆောင်မှုများကို ပြုလုပ်ပြီးနောက် ပြင်ပစက်ကို ဖော်ထုတ်မတွေ့ရှိနိုင်သေးလျှင် အဒက်(ပ်)တာ သို့မဟုတ် လွှဲပြောင်းသည့်ကြိုး ချို့ယွင်းနေခြင်း ဖြစ်နိုင်သည်။ အခြား အဒက်(ပ်)တာ သို့မဟုတ် လွှဲပြောင်းသည့်ကြိုးကို သုံးပြီး ထပ်မံကြိုးစားပါ။ ပုံမှန်အတိုင်း ချိတ်ဆက်၍ ရပါက မူရင်း အဒက်(ပ်)တာ သို့မဟုတ် လွှဲပြောင်းသည့်ကြိုးက ချို့ယွင်းနေကြောင်းကို ညွှန်ပြသည်။

 
  • USB ဖလက်ရှ် ဒရိုက်ဗ်၊ ကီးဘုတ်၊ USB ကီး၊ နားကြပ် သို့မဟုတ် မောက်စ်နှင့် ချိတ်ဆက်ခြင်း- သင့်ဖုန်း/တက်ဘလက်တွင် Type-C ပေါ့(တ်)ပါရှိလျှင် တရားဝင် Huawei ချန်နယ်မှ သီးခြား Type-C အဒက်(ပ်)တာကို ဝယ်ယူရန် အကြံပြုပါသည်။

ပြင်ပစက် ချို့ယွင်းနေသည် သို့မဟုတ် ကိုက်ညီမှု မရှိပါ

ပြင်ပစက်ကို ဖော်ထုတ်တွေ့ရှိနိုင်ခြင်းရှိ၊ မရှိ စစ်ဆေးရန် ပြင်ပစက် (USB ဖလက်ရှ် ဒရိုက်ဗ်၊ သယ်ဆောင်ရလွယ်ကူသော ဟာ့ဒ်ဒစ်ခ်၊ မောက်စ် သို့မဟုတ် ကီးဘုတ်ကဲ့သို) ကို အခြား ဖုန်း/တက်ဘလက်/ကွန်ပျူတာနှင့် ချိတ်ဆက်ပါ။

  1. ဖော်ထုတ်မတွေ့ရှိပါက ပြင်ပစက်က ပျက်စီးနေခြင်း ဖြစ်နိုင်သည်။ ဤအခြေအနေတွင် အခြား ပြင်ပစက်ကို အသုံးပြုပြီး ထပ်မံကြိုးစားပါ။
  2. ဖော်ထုတ်တွေ့ရှိနိုင်ပါက သင့်စက်ကို အခြား သိုလှောင်စက်နှင့် ချိတ်ဆက်ရန် အကြံပြုပါသည်။ ယခုစက်ကို သင့်စက်က ဖော်ထုတ်တွေ့ရှိနိုင်လျှင် သင့်စက်နှင့် ယခင်က ပြင်ပစက်တို့အကြားတွင် မကိုက်ညီမှုကြောင့် ပြဿနာဖြစ်ပွားကြောင်း ညွှန်ပြသည်။ ဤအခြေအနေတွင် သင့်အနေဖြင့် အခြားပြင်ပစက်ကို စမ်းသုံးကြည့်ရန် သို့မဟုတ် စက်ကို သင်၏ HUAWEI စက်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ထားခြင်းရှိ၊ မရှိ စစ်ဆေးရန်အတွက် ရောင်းချသူအား ဆက်သွယ်ရန် အကြံပြုပါသည်။

    ပြင်ပစက် မော်ဒယ်များနှင့် အမျိုးအစား အမျိုးမျိုးရှိပြီး ကိုက်ညီနိုင်စွမ်း ကွဲပြားကြသည်။ အမှန်တစ်ကယ် လိုက်လျောညီထွေ အသုံးပြုနိုင်မှုကို အတည်ယူရမည်။

    • OTG ကွန်ရက် အဒက်(ပ်)တာနှင့် ချိတ်ဆက်ခြင်း- OTG ကွန်ရက် အဒက်(ပ်)တာအချို့သည် သင့်စက်နှင့် ကိုက်ညီမှု မရှိနိုင်ပါ။ OTG ကွန်ရက် အဒက်(ပ်)တာကို မဝယ်ယူမီ ၎င်းက HUAWEI စက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ရောင်းချသူအား မေးမြန်းရန် အကြံပြုပါသည်။
    • ဖြုတ်တပ်နိုင်သော ဟာ့ဒ်ဒစ်ခ်နှင့် ချိတ်ဆက်ခြင်း- ဖြုတ်တပ်နိုင်သော ဟာ့ဒ်ဒစ်ခ်အချို့တွင် ထောက်ပံ့မှုဗို့အား လိုအပ်ချက် အတိအကျရှိသောကြောင့် ဗို့အား မလုံလောက်သောအခါတွင် ၎င်းတို့ကို ဖော်ထုတ်မတွေ့ရှိခြင်း ဖြစ်နိုင်သည်။ ဖြုတ်တပ်နိုင်သော အခြားဟာ့ဒ်ဒရိုက်ဗ်ကို သုံး၍ ချိတ်ဆက်မှု ပြုလုပ်နိုင်ခြင်းရှိ၊ မရှိ စစ်ဆေးပါ။ ချိတ်ဆက်၍ ရပါက ပြဿနာသည် သင် ယခင်သုံးခဲ့သည့် ဖြုတ်တပ်နိုင်သော သီးခြားဟာ့ဒ်ဒစ်ခ်တစ်ခုနှင့် သက်ဆိုင်ပါသည်။

ပြဿနာဆက်ရှိနေပါက

ပြဿနာ မပြေလည်သေးပါက သို့မဟုတ် ဤအဆင့်များကို လုပ်ဆောင်နေစဉ် အခက်အခဲ ကြုံတွေ့နေရပါက အကူအညီရယူရန် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်၍ သင်၏ ဝယ်ယူမှု သက်သေ၊ ဖုန်း/တက်ဘလက်၊ ပြင်ပစက် (မိုက်ခရိုဖုန်း၊ မောက်စ်၊ USB ဖလက်ရှ် ဒရိုက်ဗ် စသည်) နှင့် OTG ကြိုးကို တရားဝင်ခွင့်ပြုချက်ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။ သင့်လိုအပ်ချက်များကို ကျွန်ုပ်တို့အတတ်နိုင်ဆုံး ဖြေရှင်းပေးပါမည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်