ကန့်သတ် အာမခံ - ဝတ်ဆင်သုံးစွဲနိုင်သော ထုတ်ကုန်များ

သက်ဆိုင်သော ကုန်ပစ္စည်းများ: Wearable
သက်ဆိုင်သော ကုန်ပစ္စည်းများ:
  • 请选择

သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကန့်သတ် အာမခံ - ဝတ်ဆင်သုံးစွဲနိုင်သော ထုတ်ကုန်များ

၁ နိဒါန်း

HUAWEI Technologies (Yangon) Co., Ltd ("HUAWEI") သည် မြန်မာနိုင်ငံရှိ သုံးစွဲသူ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရေးနှင့် စပ်လျဉ်းသည့် ဥပဒေများ စည်းမျဉ်းများနှင့်အညီ ၎င်း အာမခံ မူဝါဒကို ရေးဆွဲထားပါသည်။ သင်၏ Huawei ထုတ်ကုန်များကို အစားထိုးရန်အတွက်ဖြစ်စေ၊ ပြင်ဆင်ရန်အတွက်ဖြစ်စေ အခြေခံသတ်မှတ်ချက်များကို ဤမူဝါဒတွင် ဖော်ပြပေးထားပါသည်။

၁.၁ အာမခံပေးထားသော ထုတ်ကုန်များ

ဤအာမခံချက်သည် Huawei ခွင့်ပြုချက်ရ လက်လီအရောင်းဆိုင်များ အပါအဝင် Huawei တရားဝင် ဆိုင်များမှ ဝယ်ယူထားသည့် Huawei အမှတ်တံဆိပ် နှင့် ဝတ်ဆင်သုံးစွဲနိုင်သောဘူးထဲပါရှိသော ဆက်စပ်ပစ္စည်းများနှင့်သာ သက်ဆိုင်သည်။ အခြားပလက်ဖောင်းတစ်ခုခုမှဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုမှဖြစ်စေ ဝယ်ယူထားသည့် ထုတ်ကုန်များအတွက် ရောင်းချပြီးနောက်ပိုင်း အာမခံ ဝန်ဆောင်မှုကိုရယူရန် ရောင်းချသူကိုသာ ဆက်သွယ်ပါ။

၁.၂ ဤစာရွက်စာတမ်းထဲရှိ ဝေါဟာရများ

ဝေါဟာရ

ဖော်ပြချက်

ဆက်စပ်ပစ္စည်း

အဓိက ထုတ်ကုန်သည် ထိုပစ္စည်းမရှိလျှင်လည်း ပုံမှန်အတိုင်း ဆက်လက်အလုပ်လုပ်နိုင်ပြီး အစားထိုးနိုင်သော ပစ္စည်း (အားသွင်း ကိရိယာများ၊ ဒေတာကြိုးများ စသည်ဖြင့်)

အစိတ်အပိုင်း

အဓိက ထုတ်ကုန်၏ သီးခြားခွဲထုတ်၍ မရသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဓိက ထုတ်ကုန်အတွက် ပုံမှန်အတိုင်း အလုပ်လုပ်ရန် လိုအပ်သည့် ပစ္စည်း

အဓိက ထုတ်ကုန်

အစိတ်အပိုင်းအားလုံး ပေါင်းစပ်ထားသည့် ထုတ်ကုန် (နာရီ၊ လက်ပတ်၊ မျက်မှန် စသည်ဖြင့်)

ထုတ်ကုန်

အစိတ်အပိုင်းနှင့် ဆက်စပ်ပစ္စည်းအားလုံး ပေါင်းစပ်ထားသော ထုတ်ကုန်။

၂ ဝတ်ဆင်သုံးစွဲနိုင်သော ထုတ်ကုန်များအတွက် အာမခံ ဝန်ဆောင်မှု

Huawei သည် Huawei အမှတ်တံဆိပ် မိုဘိုင်းဖုန်းများအတွက် အာမခံ ဝန်ဆောင်မှုပေးပြီး ဝယ်ယူသူများသည် ထိုဝန်ဆောင်မှုမှတစ်ဆင့် သတ်မှတ်ချက်ပြည့်မီသော ထုတ်ကုန်များအတွက် အာမခံပစ္စည်းများ ပြုပြင်ရေးနှင့် ဝန်ဆောင်မှုကို မြန်မာနိုင်ငံရှိ Huawei ခွင့်ပြုချက်ရ Huawei ဆားဗစ်စင်တာ မှန်သမျှတွင် ရယူနိုင်ပါသည်။

၂.၁ အာမခံ သက်တမ်း

အမျိုးအစား

မျိုးခွဲ

အာမခံ သက်တမ်း

အဓိက ထုတ်ကုန်

Watch GT စီးရီး

၁နှစ်

ဘူးထဲပါရှိသော ဆက်စပ်ပစ္စည်းများ

  • အားသွင်းခုံများ
  • ကြိုးများ

၆လ

  • ကတ်ထုတ်ပင်အပ်များ
  • အလှဆင် အစိတ်အပိုင်းများ
  • ဝက်အူလှည့်များ
  • လက်ပတ်ကြိုးများ

အာမခံတွင် မပါဝင်ပါ

သင့်ထုတ်ကုန်၏ အာမခံ သက်တမ်းကို အာမခံနှင့် ဝန်ဆောင်မှုအကြောင်း စုံစမ်းမေးမြန်းမှုတွင် ဝင်ရောက် ကြည့်ရှုပါ။

၂.၂ အာမခံ သက်သေ

Huawei ခွင့်ပြုချက်ရ ဆားဗစ်စင်တာတွင် အာမခံ ဝန်ဆောင်မှုများကို ရယူရန် သင်သည် အောက်ပါအထောက်အထား တစ်ခုခုကိုပေး၍ သင့်အာမခံ အခြေအနေကို စစ်ဆေးအတည်ပြုရန် လိုပါမည်။ အထောက်အထားတစ်ခုနှင့် တစ်ခုကြား အာမခံ အချက်အလက် ကွဲပြားနေပါက ပစ္စည်းဝယ်ယူစဉ်က ငွေရှင်းဘောက်ချာ ( ဘောက်ချာ နှင့် အာမခံကဒ်ပြား ) ပေါ်ရှိ အချက်အလက်ကိုသာ အတည်ယူပါမည်။

သက်သေ အမျိုးအစား

ဖော်ပြချက်

အီလက်ထရောနစ် အာမခံကတ်

(အီလက်ထရောနစ် အာမခံကတ်)

  • အီလက်ထရောနစ် အာမခံကတ်သည် ဦးစားပေး အာမခံအတည်ပြု အထောက်အထားဖြစ်သည်။
  • ဖော်ပြပါသို့ သွားရောက်ခြင်းဖြင့် သင်၏ အီလက်ထရောနစ် အာမခံကတ်ကို ရှာဖွေနိုင်သည်-
    • အကူအညီ အက်ပ်- အက်ပ်ကို ဖွင့်၍ အမြန် ဝန်ဆောင်မှုများ > အကျိုးခံစားခွင့်များ > အီလက်ထရောနစ် အာမခံကတ်သို့ သွားပါ။
    • My HUAWEI အက်ပ်-အက်ပ်ကို ဖွင့်၍ ကျွန်ုပ် > အီလက်ထရောနစ် အာမခံကတ်သို့ သွားပါ။
    • Huawei တရားဝင် ဝက်ဘ်ဆိုဒ်-ဤနေရာကို နှိပ်ပါ။

ငွေတောင်းခံလွှာ (ငွေတောင်းခံလွှာစာရွက်များ၊ ငွေတောင်းခံလွှာမိတ္တူများ အပါအဝင်)

  • သင်က အီလက်ထရောနစ် အာမခံကတ်ကို မပေးနိုင်လျှင် ပစ္စည်းဝယ်ယူစဉ်က ငွေရှင်းဘောက်ချာ ( ဘောက်ချာ နှင့် အာမခံကဒ်ပြား ) သုံး၍ အာမခံ အခြေအနေကို စစ်ဆေးအတည်ပြုနိုင်သည်။
  • Huawei ခွင့်ပြုချက်ရ ဆားဗစ်စင်တာသည် အာမခံ ဝန်ဆောင်မှုများကို မပေးမီ ငွေတောင်းခံလွှာ၏ တရားဝင်မှုကို စစ်ဆေးအတည်ပြုရန် လိုပါမည်။

အာမခံကတ်

  • သင်က အထက်ပါ အထောက်အထား တစ်ခုခုကို မပေးနိုင်လျှင် အာမခံကတ်ကို သုံး၍ အာမခံ အခြေအနေကို စစ်ဆေးအတည်ပြုနိုင်ပါသည်။
  • အာမခံကတ်ကို လက်မှတ်ထိုး၍ တံဆိပ်နှိပ်သင့်ပြီး ဖြန့်ချိသူက ထုတ်ပေးထားသည့် စံနမူနာပုံစံအတိုင်း ဖြစ်သင့်သည်။

SN

  • သင်က အထက်ပါ အထောက်အထား တစ်ခုခုကို မပေးနိုင်လျှင် ထုတ်ကုန် အမှတ်စဉ်နံပါတ် (SN) ကို သုံး၍ အာမခံ အခြေအနေကို စစ်ဆေးအတည်ပြုနိုင်သည်။
  • အာမခံ သက်တမ်းသည် ထုတ်ကုန် SN တွင် ဖော်ပြထားသည့် ထုတ်လုပ်သည့် ရက်စွဲမှစ၍ ရက် ၉၀ အကြာတွင် အလိုလျှောက်စတင်ပါမည်။
 
  • ထုတ်ကုန် အာမခံ သက်တမ်းသည် အာမခံ သက်သေ (ငွေတောင်းခံလွှာ နှင့်/သို့မဟုတ် အာမခံကတ်) ကို ထုတ်ပေးသည့် ရက်မှစ၍ စတင်ပါမည်။
  • သင့်ထုတ်ကုန် SN ကို ရှာဖွေရန် https://consumer.huawei.com/mm/support/find-sn/ ကို ကိုးကားပါ။

၂.၃ အာမခံ မူဝါဒ

ဝန်ဆောင်မှုများ

ဖော်ပြချက်

သုံးစွဲသူနှင့် မဆိုင်သော စွမ်းဆောင်ရည်ချွတ်ယွင်းမှုကြောင့် အစားထိုးပေးခြင်း

သင်သည် သုံးစွဲသူနှင့် မဆိုင်သော စွမ်းဆောင်ရည်ချွတ်ယွင်းမှုကြောင့် ၁၅ ရက်အတွင်း သင့်ထုတ်ကုန်ကို အစားထိုးပေးခိုင်းရန် လိုအပ်ပါက ဖြန့်ချိသူသည် Huawei ခွင့်ပြုချက်ရ ဆားဗစ်စင်တာက ထုတ်ပေးသော ချွတ်ယွင်းချက်စစ်ဆေးပြီးကြောင်းနှင့် ထုတ်ကုန်ချို့ယွင်းချက်မှန်ကန်ကြောင်း အတည်ပြု ထောက်ခံချက်ကို သင့်ထံမှ ရရှိပြီးနောက် သင်၏ ချွတ်ယွင်းနေသော ထုတ်ကုန်ကို အမျိုးအစားတူထုတ်ကုန်တစ်ခုဖြင့် အစားထိုးပေးမည်ဖြစ်သည်။ အစားထိုး ထုတ်ကုန်ကို သင် လက်ခံရရှိသည်နှင့် အာမခံ သက်တမ်းအသစ် စတင်ပါမည်။

သုံးကြိမ်ထက်ပိုသော (တူညီချို့ယွင်းချက်) ပြုပြင်မှုများအတွက် ချွတ်ယွင်းနေသော ထုတ်ကုန်ကို အမျိုးအစားတူထုတ်ကုန်တစ်ခုဖြင့် အစားထိုးပေးမည်ဖြစ်သည်။

အာမခံတွင်ပါဝင်သော ပြုပြင်မှု

  • အာမခံ သက်တမ်းအတွင်း Huawei ခွင့်ပြုချက်ရ ဆားဗစ်စင်တာများသည် စွမ်းဆောင်ရည် ချွတ်ယွင်းသည့် ထုတ်ကုန်များအတွက် တည်ဆဲ ဥပဒေများနှင့် စည်းမျဉ်းများက ပြဋ္ဌာန်းထားသည့်အတိုင်း အာမခံတွင်ပါဝင်သော ပြင်ဆင်မှုကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
  • အာမခံ သက်တမ်းအတွင်း သုံးစွဲသူနှင့် မဆိုင်သော စွမ်းဆောင်ရည်ချွတ်ယွင်းမှုရှိသည့် ပြင်ဆင်နိုင်သော ဆက်စပ်ပစ္စည်းများကို အခမဲ့ ပြင်ဆင်ပေးမည်ဖြစ်ပြီး ပြင်ဆင်၍မရနိုင်သည့် ဆက်စပ်ပစ္စည်းများကို အခမဲ့ အစားထိုးပေးပါမည်။
  • Huawei သည် ပြင်ဆင်ပေးသည့် ရက်နောက်ပိုင်း သုံးလကြာသည်အထိဖြစ်စေ၊ ထုတ်ကုန် အာမခံ လက်ကျန်သက်တမ်းအထိဖြစ်စေ (ပိုကြာသောအချိန်အထိ) လိုအပ်သော အစားထိုး အစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းမှန်သမျှအတွက် အာမခံ ဝန်ဆောင်မှုများကို ဆက်လက်ပံ့ပိုးပေးပါမည်။

အာမခံပြင်ပ ပြုပြင်မှု

  • အောက်ပါအခြေအနေ တစ်ခုခုနှင့် ကိုက်ညီသော ထုတ်ကုန်များသည် အာမခံပြင်ပ ပြုပြင်ရေး ဝန်ဆောင်မှုကိုသာ ရရှိနိုင်ပါသည်-

    ၁. အာမခံ သက်တမ်း ကုန်ဆုံးသွားခြင်း

    ၂. သုံးစွဲသူကြောင့် ဖြစ်ပေါ်သော စွမ်းဆောင်ရည် ချွတ်ယွင်းမှု သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ အစိတ်အပိုင်းဖြုတ်မှု/ပြင်ဆင်မှုကြောင့် ထုတ်ကုန် ပျက်စီးသွားခြင်း။

  • ပြင်ဆင်၍ မရသည့် ဆက်စပ်ပစ္စည်းများအတွက် အာမခံတွင်မပါဝင်သော ကျသင့်ငွေပေးရသည့် အစားထိုးမှု (ပြန်လည်ဝယ်ယူမှု) ကို ဆောင်ရွက်ပေးပါမည်။

၂.၄ အာမခံတွင် မပါဝင်သော ထုတ်ကုန်များ

အောက်ပါထုတ်ကုန်များကို အာမခံတွင် ပါဝင်သော ဝန်ဆောင်မှု ပေးမည်မဟုတ်ပါ-

  • (လက်လီဆိုင်များမှ တစ်ဆင့်) အစားထိုးပေး သို့မဟုတ် မိမိအစီစဉ်ဖြင့် ပြုပြင်ရန် ပို့ဆောင်စဉ် ထိခိုက်ပျက်စီးသွားသည့် ထုတ်ကုန်များ။
  • ခွင့်ပြုချက်မရှိဘဲ ပြုပြင်ပြောင်းလဲထားသော၊ အစိတ်အပိုင်းများဖြုတ်ထားသော သို့မဟုတ် ပြင်ဆင်ထားသော ထုတ်ကုန်များ။
  • ရေဝင်ခြင်း/ရေငွေ့ရိုက်ခြင်း၊သံချေးတက် ပစ္စည်းအစိတ်အပိုင်းများ၊ လွတ်ကျ၍ ထိခိုက်ပျက်စီးမှု၊ မသင့်တော်သော ဗို့အားဖြင့် အားသွင်းခြင်း၊ အလွန်အမင်း ဖိခြင်း သို့မဟုတ် မိန်းဘုတ် ပုံပျက်ခြင်းကဲ့သို့ သုံးစွဲသူကြောင့် မတော်တဆ ထိခိုက်မှု ဖြစ်နိုင်ဖွယ်ရှိသော ထုတ်ကုန်များ (ပါဝါ ပလတ်ခေါင်းအတွက် ထိုကဲ့သို့ ထိခိုက်မှုတွင် အက်ကွဲမှုများ၊ ပင်များကျိုးခြင်း၊ ဆိုးဆိုးရွားရွား ပုံပျက်ခြင်း၊ ပါဝါကြိုး ပြတ်ခြင်းနှင့် ဝိုင်ယာကြိုး အတွင်းအူတိုင် ပေါ်နေခြင်းတို့ ပါဝင်သည်)။
  • ပြင်ပအရာဝတ္ထုများ/ပစ္စည်းများ (အရည်များ၊ သံချေးတက်ခြင်း၊ ပိုးမွှားများ စသည်ဖြင့်) ဝင်ရောက်ခြင်းကြောင့် ထိခိုက်မှု ဖြစ်နိုင်ဖွယ်ရှိသော ထုတ်ကုန်များ။
  • ဒေတာကြိုးများနှင့် ပလတ်ခေါင်းများကဲ့သို့ ပြင်ပ အဖွဲ့အစည်း ဟာ့ဒ်ဝဲပစ္စည်းကို အသုံးပြုခြင်း၊ ပြင်ပ အဖွဲ့အစည်း ဆော့ဖ်ဝဲကို ထည့်သွင်းခြင်း၊ မလျော်မကန် စမ်းသပ်ခြင်း သို့မဟုတ် Huawei က ခွင့်ပြုမထားသည့် စက် သို့မဟုတ် ထုတ်ကုန်နှင့် ကိုက်ညီမှု မရှိသော စက်တစ်ခုနှင့် ချိတ်ဆက်ခြင်းကဲ့သို့ မလျော်မကန် ထည့်သွင်း/တပ်ဆင်ခြင်း၊ အသုံးပြုခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း နှင့် သို့မဟုတ် သိမ်းဆည်းခြင်းကြောင့် ထိခိုက်မှု ဖြစ်နိုင်ဖွယ်ရှိသော ထုတ်ကုန်များ။
  • အာမခံ ကဒ်တွင် ဖော်ပြထားသည့် ထုတ်ကုန် အမျိုးအစားနှင့် မတူသော သို့မဟုတ် အာမခံ ကဒ်ကို ပြောင်းလဲထားသည့် ထုတ်ကုန်များ။
  • ထုတ်ကုန် အမည်ဖော်ပြချက်၊ SN ဘားကုဒ် သို့မဟုတ် ပါကင်တိပ်ကို ဖယ်ရှားထားသည့်၊ ထိခိုက်ထားသည့် သို့မဟုတ် ဖတ်မရအောင် လုပ်ထားသည့် ထုတ်ကုန်များ။
  • (မီးဘေး၊ ငလျင်ဘေး၊ ရေဘေး စသည်ဖြင့်) ကြိုတင်မမျှော်မှန်းနိုင်သော ကိစ္စနှင့်စပ်လျဉ်းပြီး ထိခိုက်မှုဖြစ်နိုင်ဖွယ်ရှိသော ထုတ်ကုန်များ။

၃ ပြုပြင်မှု အရည်အသွေး အာမခံ

  • အာမခံတွင် ပါဝင်သော အစားထိုး ထုတ်ကုန်များအတွက် အစားထိုး ထုတ်ကုန်ကို လက်ခံရရှိပြီးသည်နှင့် အာမခံ သက်တမ်းအသစ် စတင်ပါမည်။
  • အာမခံတွင် ပါဝင်သော အစားထိုး အစိတ်အပိုင်းများ/ဆက်စပ်ပစ္စည်းများအတွက် အာမခံ သက်တမ်းမှာ ရက် ၉၀ ကန့်သတ်ကာလ သို့မဟုတ် ထုတ်ကုန်၏ လက်ကျန် အာမခံ သက်တမ်း (ပိုကြာသော အချိန်ကာလ) အထိ ဖြစ်ပါသည်။
  • အာမခံတွင် မပါဝင်သော ပြင်ဆင်မှုများမှ အစားထိုး အစိတ်အပိုင်းများ/ဆက်စပ်ပစ္စည်းများအတွက် ရက် ၉၀ ကန့်သတ်ကာလ အာမခံကို ပေးပါသည်။
  • HUAWEI ခွင့်ပြုချက်ရ ဆားဗစ်စင်တာ (ASC) ဝန်ထမ်းများသည် ဤကန့်သတ် အာမခံ သက်တမ်း၏ အတိုင်းအတာနှင့် စည်းမျဉ်းများကို ကျွမ်းကျင်စွာ ရှင်းပြနိုင်ပါသည်။

၄ အစားထိုးမှု / ပြင်ဆင်မှုဆိုင်ရာ လမ်းညွှန်

အစားထိုးရန်/ပြင်ဆင်ရန်အတွက် မလျှောက်ထားမီ အောက်ပါ အချက်အလက်များကို အတည်ပြုရန် အကြံပြုပါသည်-

ဝန်ဆောင်မှု အမျိုးအစား

အဓိက ထုတ်ကုန်နှင့် ဆက်စပ်ပစ္စည်းများ ပါဝင်မှု

ပါကင်ဘူးသည် မူလအတိုင်း ခြေရာလက်ရာမပျက်ရှိမှု

ငွေတောင်းခံလွှာကို ပြောင်းလဲမထားခြင်း

မေတ္တာလက်ဆောင်ပစ္စည်း၊ တစ်ပေါင်းတည်းပါလာသည့် ပစ္စည်းများ နှင့်/သို့မဟုတ် (သက်ဆိုင်ပါက) လက်ဆောင်များကို ထည့်သွင်းထားကြောင်း

အစားထိုးမှု

ပြင်ဆင်မှု

-

-

  • ထုတ်ကုန်ကို အစားထိုးပေးစေရန် အနီးအနားရှိ Huawei ခွင့်ပြုချက်ရ ဆားဗစ်စင်တာမှ ချို့ယွင်းချက်စစ်ဆေးပြီးကြောင်း အတည်ပြုချက်ကို ရယူပါ။
  • ဟာ့ဒ်ဝဲပိုင်းနှင့်ဆိုင်သော ပြဿနာများအတွက်သာ ချို့ယွင်းချက်စစ်ဆေးပြီးကြောင်းနှင့် အမှန်တကယ် ထုတ်ကုန်ချို့ယွင်းမှုရှိကြောင်း အတည်ပြုချက်ကို ထုတ်ပေးပါသည်။
  • သင်သည် ထုတ်ကုန်ကို အရောင်းဆိုင်တစ်ခုမှ ဝယ်ယူထားခဲ့ခြင်းဖြစ်လျှင် အစားထိုးပေးရန် မလျှောက်ထားမီ Huawei ခွင့်ပြုချက်ရ ဆားဗစ်စင်တာမှ ချို့ယွင်းချက် အရစစ်ဆေးပြီးကြောင်းနှင့် အမှန်တကယ် ထုတ်ကုန်ချို့ယွင်းမှုရှိကြောင်း အတည်ပြုချက်ကို ရယူပါ။
  • စက်ကို အစားမထိုးမီ/မပြင်ဆင်မီ သင့်ကိုယ်ရေး ဒေတာကို ဘက်ခ်အပ်လုပ်၍ ဖျက်ပါ။ သင်က ဒေတာများကို ဘက်ခ်အပ်လုပ်ရန်၊ ဖျက်ပစ်ရန် နှင့်/သို့မဟုတ် ဖယ်ရှားရန် ပျက်ကွက်ခဲ့လျှင် Huawei သည် ၎င်း၏ အာမခံ ဝန်ဆောင်မှုကို ဆောင်ရွက်ပေးမှုကြောင့် ဖြစ်ပေါ်လာသည့် ဒေတာနှင့် ပတ်သက်သော ဆုံးရှုံးမှုမှန်သမျှအတွက် တာဝန်ယူမည်မဟုတ်ပါ။ Huawei သည် မည်သည့်အကြောင်းကြောင့်မျှ သင့်စက်ရှိ ကိုယ်ရေး ဒေတာများကို သိမ်းဆည်းထားမည်မဟုတ်ပါ။
  • ဆားဗစ်စင်တာသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ သတ်မှတ်ထားသော လက်လီအရောင်းဆိုင်များမှတစ်ဆင့်ဖြစ်စေ သင့်စက်ကို ပြုပြင်ရန် ရွေးချယ်နိုင်သည်။
  • ထုတ်ကုန်သည် အာမခံတွင် မပါဝင်ဟု ဆုံးဖြတ်လိုက်ပါက Huawei ခွင့်ပြုချက်ရ ဆားဗစ်စင်တာသည် ချို့ယွင်းချက် ရှာဖွေမှု အစီရင်ခံစာနှင့်အတူ ကျသင့်ငွေပေးရသည့် အာမခံတွင်မပါဝင်သော ပြင်ဆင်မှုကိုသာ လုပ်ဆောင်ပေးနိုင်ပါသည်။

၅ အခြား ထုတ်ပြန်ချက်များ

  • ဤအာမခံ မူဝါဒထဲရှိ အချက်အလက်များသည် မြန်မာနိုင်ငံတွင် ရောင်းချသော Huawei သုံးစွဲသူ စက်များနှင့်သာ သက်ဆိုင်ပါသည်။
  • မြန်မာနိုင်ငံတွင် ဖြန့်ချိသော ထုတ်ကုန် အမျိုးအစားများ (Huawei တရားဝင် ဝက်ဘ်ဆိုဒ်ရှိ အသိပေးချက်အပေါ်မူတည်သည်) သည် ဤစာရွက်စာတမ်းထဲတွင် ဖော်ပြထားသည့် အာမခံ ဝန်ဆောင်မှုများကို ရရှိခံစားခွင့်ရှိသည်။
  • Huawei သည် ၎င်းက အာမခံ ပေးမထားသည့် ပြင်ပ အဖွဲ့အစည်း ကိုယ်စားလှယ် (လက်လီအရောင်းဆိုင်၊ ဖြန့်ချိသူ စသည်ဖြင့်) ၏ အခြား ကတိပြုချက်များ သို့မဟုတ် ကမ်းလှမ်းမှုများအတွက် တာဝန်မယူပါ။

၆ ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်း

  • Huawei ဟော့လိုင်း-

    ၀၉-၆၈၉၀၀၀၉၀၀ မနက် ၉ : ၀၀ နာရီ မှ ည ၆ : ၀၀ နာရီ အထိ တနင်္လာနေ့မှ သောကြာနေ့အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။ အင်္ဂလိပ် ၊ မြန်မာ ဘာသာစကားနှစ်မျိုးဖြင့် ဆက်သွယ် နိုင်ပါသည် |

  • Huawei တရားဝင် ဝက်ဘ်ဆိုဒ်- https://consumer.huawei.com/mm/
  • အာမခံ ဝန်ဆောင်မှုများကို ရယူရန် သင်၏ ထုတ်ကုန်နှင့် ဝယ်ယူမှု သက်သေကို HUAWEI ခွင့်ပြုချက်ရ ဆားဗစ်စင်တာသို့ ယူဆောင်လာရန်လိုအပ်သည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်