HUAWEI Band 7

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
Ultra-Thin Design | Automatic SpO21 | 2-weeks battery life2
HUAWEI Band 7
All-New Bezel-less View
HUAWEI Band 7
အကန့်အသတ်မဲ့စွမ်းအား၊ သေးသွယ်တဲ့တည်ဆောက်ပုံ
HUAWEI Band 7 ရဲ့ လေထဲမှာမျောနေတဲ့ပုံစံ အမိုက်စား AMOLED Display နှင့် လေ၀င်လေထွက်ကောင်းပြီးပျော့ပျောင်းသောလက်ပတ်ကြိုးတို့က သင့်ရဲလက်ကောက်ဝတ်ကို သက်သောင့်သက်သာရှိနေစေမှာဖြစ်ပါတယ်။
HUAWEI Band 7 fullView display 2
မျက်နှာပြင်အရွယ်အစား
1.47 inch
ကိုယ်ထည်အထူ
9.99 mm
ကိုယ်ထည်အလေးချိန်3 (လက်ပတ်ကြိုးမပါ)
16 g
*ဒေတာများကို Huawei ဓာတ်ခွဲခန်းမှရရှိသည်။ HUAWEI Band 6 ထက် ကိုယ်ထည်အထူ 1 mm နှင့် အလေးချိန် 2 g ပိုမိုပေါ့ပါးသည်။
အထာကျနေမယ့်သင့်စတိုင်
အသက်ရှုမှားလောက်တဲ့ Graphite Black, Wilderness Green, Nebula Pink နှင့် Flame Red အရောင်တွေက သင့်ရဲ့လက်ကောက်ဝတ်မှာထင်းနေမှာဖြစ်ပြီး ဘဝရဲ့အလှကို ခံစားနိုင်စေမှာဖြစ်ပါတယ် ။
Wilderness Green
Nebula Pink
Flame Red
Graphite Black
HUAWEI Band 7 colour HUAWEI Band 7 colour HUAWEI Band 7 colour
HUAWEI Band 7 colour HUAWEI Band 7 colour HUAWEI Band 7 colour
HUAWEI Band 7 colour HUAWEI Band 7 colour HUAWEI Band 7 colour
HUAWEI Band 7 colour HUAWEI Band 7 colour HUAWEI Band 7 colour
အမိုက်ဆုံးမျက်နှာပြင် ရှေ့ဆုံးတွင်
အထူးကောင်းမွန်တဲ့ မျက်နှာပြင်အမျိုးအစား ၄၀၀၀ ကျော် ရွေးချယ်နိုင်မည့်အပြင်4 Display ပိတ်ထားချိန်မှာ အဓိကအချက်အလက်တွေကိုပြသပေးနေမယ့် Always On Display (AOD) ကြောင့် ဖြတ်ခနဲ့ကြည့်လိုက်တာနဲ့ မျက်စိပဒါသဖြစ်နေစေမှာပါ။
HUAWEI Band 7 watch face
HUAWEI Band 7 watch face
သာမန်မျက်နှာပြင်
AOD မျက်နှာပြင်
'လ' ကို 'လက်' မှကြည့်ကြမယ်
အသစ်ဖန်တီးထားတဲ့ နာရီရဲ့မျက်နှာပြင်မှာတော့ လပြည့်၊ လကွယ်၊ လဆန်းစတဲ့ လရဲ့ပြောင်းလဲမှုဖြစ်စဥ် ၈ မျိုးအထိကြည့်ရှုနိုင်မှာဖြစ်တာကြောင့် ညရဲ့အလှတရားကို အချိန်တိုင်းသတိပြုမိနေစေမှာဖြစ်ပါတယ်။
HUAWEI Band 7 moon dial
လက်ပေါ်က သင့်အကြိုက်ဆုံးဓာတ်ပုံ
HUAWEI Health App ကို အသုံးပြုပြီး ချစ်ရတဲ့အိမ်မွေးတိရိစ္ဆာန်ပုံ၊ လွမ်းဆွတ်ဖွယ်အမှတ်တရ၊ အကြိုက်ဆုံးပုံရိပ်စတဲ့ သင်တန်ဖိုးထားရတဲ့ဓာတ်ပုံတွေကို လက်ပေါ်မှာအမြဲတမ်းမြင်ရနေစေမှာဖြစ်ပါတယ်။
HUAWEI Band 7 custom dial
အံ့အားသင့်ဖွယ်ဘက်ထရီ
အလုပ်ခရီးအတွက်ဖြစ်ဖြစ် အပန်းဖြေခရီးအတွက်ဖြစ်ဖြစ် လုံလောက်တာထက်ပိုတဲ့ ဘက်ထရီသက်တမ်းပါဝင်ပြီး ပုံမှန်အသုံးပြုလျင်2 ၂ ပတ်၊ အမြဲတမ်းအသုံးပြုလျင်2 ၁၀ ရက်အထိ ကြာရှည်ခံစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အထူးသီးသန့်ထုတ်လုပ်ထားတဲ့ HUAWEI fast-charging ဖြင့် သင်အလျင်လိုနေချိန်တွေမှာ ၅ မိနစ်အားသွင်းရုံဖြင့်5 ၂ ရက်အထိ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
HUAWEI Band 7 2 week battery life 2
Health and Fitness
Tru Series Technologies
HUAWEI Band 7 Tru
HUAWEI Tru Seen™ 4.0 HUAWEI
TruSeen™ 4.0
သင့်နှလုံးသားကို သင်ကိုယ်တိုင်ဂရုစိုက်ပါ
HUAWEI TruSeen™ 4.0 နည်းပညာ၊ Smart Power Saving စနစ်တို့ပါဝင်တဲ့ HUAWEI Band 7 မှာတော့ နေ့စဉ်သွေးတွင်းအောက်စီဂျင်ပမာဏတိုင်းတာခြင်း1 နှင့် သွေးခုန်နှုန်းတိုင်းတာခြင်းတို့ကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့သွေးတွင်းအောက်စီဂျင်ပမာဏနှင့် နှလုံးခုန်နှုန်းတို့က ကျန်းမာတဲ့အနေအထားမှာရှိမနေပါက တုန်ခါပြီးအချက်ပြပေးသွားမှာပါ။
HUAWEI Band 7 truseen HUAWEI Band 7 truseen
HUAWEI Band 7 truseen HUAWEI Band 7 truseen
HUAWEI Tru Sleep™ 2.0 HUAWEI
TruSleep™ 2.0
ညတိုင်းကောင်းမွန်စွာအိပ်စက်ပါ
HUAWEI TruSleep™ 2.0 tracker ကတော့ အိပ်စက်ခြင်းနှင့်ပတ်သက်တဲ့ အဓိကအကြောင်းအရာ ၆ မျိုး၊ သိပ္ပံနည်းကျအကြံပြုချက်ပေါင်း ၂၀၀ ကျော်တို့ဖြင့် သင့်ရဲ့အိပ်စက်ခြင်းကို အထူးဂရုစိုက်ပေးသွားမှာဖြစ်ပါတယ်။ သင့်ရဲ့နေ့ရက်တိုင်းကတော့ အိပ်ရေးဝပြီးလန်းဆန်းနေတော့မှာပါ။
HUAWEI Band 7 trusleep HUAWEI Band 7 trusleep
HUAWEI Band 7 trusleep HUAWEI Band 7 trusleep
HUAWEI TruSport™
ကျန်းမာလှုပ်ရှား နည်းလမ်းများ
HUAWEI TruSport™ fitness system ကတော့ အဆင့်မြင့်တိုင်းတာခြင်းများဖြစ်တဲ့ Running ability index, VO2Max, Recovery time နှင့် Training effect တို့ကို ဒေတာအခြေခံတဲ့ အကြံပြုချက်များနှင့် စိတ်ဝင်စားဖွယ် TriRing check-in tasks6 များဖြင့် ခြေရာခံပေးသွားမှာဖြစ်ပါတယ်
*Outdoor cycle is only supported for phones that support GPS and run EMUI 5.0 / iOS 9.0 or later.
HUAWEI Band 7 96 workout modes HUAWEI Band 7 96 workout modes
HUAWEI Band 7 96 workout modes HUAWEI Band 7 96 workout modes
HUAWEI Band 7 96 workout modes HUAWEI Band 7 96 workout modes
HUAWEI TruRelax™
စိတ်ရဲ့ ငြိမ်းချမ်းမှုကိုရှာဖွေလိုက်ပါ
HUAWEI Band 7 ကတော့ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့အတွက် ဖန်တီးထားတာပါ။ HUAWEI TruRelax™ စိတ်ဖိစီးမှုထိန်းချုပ်ပေးမယ့်စနစ်ကတော့ အသက်ရှူမှန်စေမယ့်လေ့ကျင့်ခန်းများကို ဖော်ပြပေးတာကြောင့် သင့်အတွက်စိတ်သက်သောင့်သက်သာရှိစေမယ့်အခြေအနေကို အမြန်ဆုံးရောက်ရှိစေမှာြဖစ်ပါတယ်။ ဒါ့အပြင် Healthy Living Shamrock7 ကတော့ ရေသောက်ချိန်နှင့် ဆေးသောက်ချိန် သတိပေးချက်များကို အချိန်နှင့်တစ်ပြေးညီဖော်ပြပေးမှာဖြစ်တာကြောင့် သင့်ရဲ့တစ်နေ့တာမှာ လန်းဆန်းတက်ကြွနေဖို့ သေချာစေမှာပါ။
HUAWEI Band 7 trurelax HUAWEI Band 7 trurelax
HUAWEI Band 7 trurelax HUAWEI Band 7 trurelax
HUAWEI Band 7 trurelax HUAWEI Band 7 trurelax
သင့်ရဲ့စွယ်စုံရ Smart Assistant
HUAWEI Band 7 မှာတော့ ဖုန်းအဝင် Call များ၊ မက်ဆေ့ချ်များ၊ မိုးလေဝသခန့်မှန်းချက်များ၊ သီချင်းထိန်းချုပ်ခြင်းများ8 စတဲ့ဖုန်းရဲ့မရှိမဖြစ် Feature များကို အသုံးပြုနိုင်မှာဖြစ်တာကြောင့် သင့်ဘဝတစ်နေ့တာကို ပိုမိုအဆင်ပြေချောမွေ့စေမှာပါ။ ဒါ့အပြင် Band ကိုအသုံးပြုပြီး သင့်ဖုန်းမှာ Snapshot ရိုက်ခြင်း9 ၊ မက်ဆေ့ချ်များကိုအမြန်ပြန်လည်ဖြေကြားခြင်း10 စတာတွေကိုပါ ပြုလုပ်နိုင်ဦးမှာဖြစ်ပါတယ်။
HUAWEI Band 7 nfc2
အခြားအသုံးဝင်ပုံများ
Find My Phone Band မှတစ်ဆင့်အသံမြည်စေတဲ့စနစ်ဖြင့် သင့်ဖုန်းရဲ့တည်နေရာကို အလွယ်တကူသိရှိနိုင်ခြင်း
Tap to wake screen Screen ကို ထိလိုက်ရုံဖြင့် အရေးကြီးတဲ့မက်ဆေ့ချ်များကို မျက်စိတစ်မှိတ်အတွင်းတွေ့မြင်နိုင်ခြင်း
5 ATM-rated water resistance11 ရေအောက်ကြမ်းပြင်အထိငုပ်နိုင်စေရန် ၅၀ မီတာအနက်အထိ ရေစိုဒဏ်ခံနိုင်ခြင်း
  • သွေးတွင်းအောက်စီဂျင်အခြေအနေသည် သွေးထဲတွင်ရှိသော စုစုပေါင်းဟီမိုဂလိုဘင်ထဲမှ အောက်စီဂျင်ပြည့်သော ဟီမိုဂလိုဘင်ကိုဆိုလိုပါသည်။ ဤထုတ်ကုန်သည် ဆေးဘက်ဆိုင်ရာပစ္စည်းမဟုတ်ပါ၊ မည့်သည့်ရောဂါကိုမဆို ကာကွယ်၊ ဖော်ထုတ်၊ ကုသရန် မဟုတ်ပါ။ နေရာဒေသအလိုက်ရရှိနိုင်မှုသည်ကွဲပြားနိုင်သည်။
  • ပုံမှန်အသုံးပြုခြင်းအတွက် ၁၄ ရက်သည် အောက်ပါအခြေအနေများတွင်မူတည်ပြီးဖြစ်သည်။ နှလုံးခုန်နှုန်းတိုင်းတာခြင်းနှင့် အိပ်စက်ခြင်းစောင့်ကြည့်ခြင်းတို့ကိုဖွင့်ထားပြီး screen ကိုအကြိမ် ၂၀၀ အတိုချုပ်ကြည့်ခြင်း၊ စာတို ၅၀၊ ဖုန်း ၆ ကြိမ်နှင့် ၂၄ နာရီအတွင်းနှိုးစက်သတိပေးချက် ၃ ခါ၊ တစ်ပါတ်လျှင် မိနစ် ၃၀ အားကစားပြုလုပ်ခြင်းတို့ပေါ်တွင် မူတည်ပါသည်။ အထက်ပါဒေတာများသည် Huawei ဓာတ်ခွဲခန်းမှရရှိသော အချက်အလက်များဖြစ်ပြီး သင့်အသုံးပြုပုံပေါ်ကိုမူတည်ပြီး အမှန်တကယ်အသုံးပြုနိုင်ချိန်သည်ကွဲပြားနိုင်ပါသည်။ အမြဲတမ်းအသုံးပြုခြင်းအတွက် ၁၀ ရက်သည် အောက်ပါအခြေအနေများတွင်မူတည်ပြီးဖြစ်သည်။ နှလုံးခုန်နှုန်းတိုင်းတာခြင်းနှင့် HUAWEI TruSleep™ ကိုဖွင့်ထားပြီး screen ကိုအကြိမ် ၅၀၀ အတိုချုပ်ကြည့်ခြင်း၊ စာတို ၅၀၊ ဖုန်း ၆ ကြိမ်နှင့် ၂၄ နာရီအတွင်းနှိုးစက်သတိပေးချက် ၃ ခါ၊ တစ်ပါတ်လျှင် မိနစ် ၆၀ အားကစားပြုလုပ်ခြင်းတို့ပေါ်တွင် မူတည်ပါသည်။ အထက်ပါဒေတာများသည် Huawei ဓာတ်ခွဲခန်းမှရရှိသော အချက်အလက်များဖြစ်ပြီး သင့်အသုံးပြုပုံပေါ်ကိုမူတည်ပြီး အမှန်တကယ်အသုံးပြုနိုင်ချိန်သည်ကွဲပြားနိုင်ပါသည်။
  • အပြင်ပန်းပစ္စည်းအသွင်အပြင် နှင့် သတ်မှတ်ချက်များ (ပုံစံ၊ အရောင်၊ အရွယ်အစား) နှင့် အမှန်တကယ်ပါရှိသည့်လက္ခဏာများ (နောက်ခံ၊ UI နှင့် Icon များ) သည် ကွဲပြားနိုင်ပါသည်။
  • နာရီမျက်နှာပြင်များကို HUAWEI Watch Face Store တွင် ဒေါင်းလုပ်ပြုလုပ်နိုင်ပါသည်။ အချို့နာရီမျက်နှာပြင်များသည် ဝယ်ယူရန်လိုအပ်သည်
  • အမြန်အားသွင်းခြင်းနှင့် ဘက်ထရီသက်တမ်းဒေတာများသည် Huawei ဓာတ်ခွဲခန်းမှရရှိခြင်းဖြစ်သည်။ ဤစက်ပစ္စည်းသည် ပုံမှန်အသုံးပြုခြင်းအတွက် ၂ ရက်အထိအသုံးပြုနိုင်သည်။ တကယ့်ဘက်ထရီသက်တမ်းသည် အသုံးပြုပုံအကျင့်နှင့်လိုက်၍ကွဲပြားနိုင်ပါသည်။
  • လေ့ကျင့်ခန်းပြုလုပ်ပုံအကြံပြုချက်များ၊ အထူးသဖြင့် VO2max၊ မောပန်းခြင်းဒဏ်ခံနိုင်သည့်အဆင့်၊ လေ့ကျင့်ခြင်း၏ဖိအားတို့သည် လေ့ကျင့်သည့်ပုံစံကိုလိုက်၍ကွဲပြားနိုင်ပါသည်။
  • ဒီ Feature သည် ဖုန်းများပေါ်တွင်သာ လက်ရှိအသုံးပြုနိုင်မည်ဖြစ်ပြီး Band များပေါ်တွင်မူ OTA Update နှင့်အတူ အနာဂတ်တွင်ရရှိနိုင်မည်ဖြစ်သည်။
  • သီချင်းထိန်းချုပ်ခြင်းများအတွက် Android 6.0 နှင့်အထက် မြှင့်တင်ထားသောဖုန်းများတွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။
  • Band မှ ထိန်းချုပ်ပြီး ဓာတ်ပုံရိုက်ခြင်းအတွက် EMUI 8.1 နှင့်အထက် မြှင့်တင်ထားသောဖုန်းများတွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။
  • မက်ဆေ့ချ်များကို အမြန်ဖြေကြားခြင်းအတွက် Android 7.0 နှင့် အထက်မြှင့်တင်ထားသောဖုန်းများတွင်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ ယခု Feature သည် OTA update ကိုအသုံးပြု၍ ရရှိနိုင်သည်။
  • ဤပစ္စည်းသည် ISO 22810:2010 standard ဖြင့်ပြုလုပ်ထားပြီး 5-ATM-rated 50-meter water resistance ဖြစ်သည်။ ဤပစ္စည်းကို ရေကူးကန်၊ ပင်လယ်ကမ်းခြေစသည့် ရေတိမ်တွင်ပြုလုပ်သည့်လှုပ်ရှားမှုများတွင် အသုံးပြုနိုင်သည်။ ရေပူဖြင့်ရေချိုးခြင်း၊ ရေပူစမ်း၊ ချွေးထုတ်ခန်းတို့နှင့် Scuba Diving ပြုလုပ်ခြင်း၊ Deep Diving ပြုလုပ်ခြင်း၊ Platform Diving နှင့် High-pressure rinsing ပြုလုပ်ခြင်းတို့တွင် မဝတ်ဆင်ထားသင့်ပါ။ ဒါ့အပြင် ရေဖိအားမြင့်မားခြင်း၊ အပူချိန်မြင့်မားခြင်း၊ စိုထိုင်းမှုမြင့်မားခြင်းနှင့် ရေစီးသန်သောနေရာများတွင်လည်း ဝတ်ဆင်မထားသင့်ပါ။ သားရေနှင့် သတ္တုလက်ပတ်များသည် ရေကူးသည့်အချိန်နှင့် ချွေးထွက်သည့်အချိန်တို့အတွက် မသင့်လျော်ပါ။ ထိုအရာတွေပြုလုပ်မည်ဆိုပါက အခြားသောလက်ပတ်အမျိုးအစားများကို ဝတ်ဆင်ရန်အကြံပြုအပ်ပါသည်။ Huawei official website မှာ ရေစိုခံခြင်းနှင့်ပတ်သက်သော အချက်အလက်များကို ပိုမိုသိရှိနိုင်ပါတယ်။ ရေစိုခံခြင်းသည်အမြဲမဟုတ်ပါ။ ဒါ့အပြင် နေ့စဉ်ဝတ်ဆင်ခြင်းနှင့် ထိခိုက်ခြင်းကိုလိုက်၍ ကာကွယ်နိုင်မှုစွမ်းရည်လျော့ကျနိုင်ပါသည်။
  • ဤထုတ်ကုန်သည် ဆေးဘက်ဆိုင်ရာပစ္စည်းမဟုတ်ပါ၊ မည့်သည့်ရောဂါကိုမဆို ကာကွယ်၊ ဖော်ထုတ်၊ ကုသရန် မဟုတ်ပါ။
  • ဤဈေးနှုန်းများသည်ကိုးကားထားခြင်းသာဖြစ်သည်။ ဈေးနှုန်းအမှန်များသည် VMALL product display အပေါ်တွင်မူတည်သည်။
consumer.huawei.com မှ ထွက်ခွာမည်
ယခု Link ကိုနှိပ်ပါက သင့်အနေနဲ့ Third-Party website တစ်ခုသို့ရောက်ရှိသွားမည်ဖြစ်သည်။ ဤ Third Party website သည် Huawei ၏ထိန်းချုပ်မှုအောက်တွင်မရှိသလို သက်ဆိုင်ခြင်းလည်းမရှိပါ။
ထွက်မည် ဆက်ရန်